သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာကိုဗစ္ဓာတ္ခဲြ အတည္ျပဳ စုစုေပါင္း ၁၃၉,၈၆၄ ဦး၊ ေသဆံုး ၃,၁၂၅ဦး


ရန္ကုန္တိုင္းေဒသႀကီး၊ ကိုဗစ္-၁၉ ေရာဂါကုသေရးဌာန (သုဝဏၰ)/ (ဧရာကိုဗစ္စင္တာ-ရန္ကုန္) အထူးၾကပ္မတ္ကုသေဆာင္မွာ ေရာဂါျပင္းထန္စြာခံစားေနရသူကို ကုသေပးေနတဲ့ က်န္းမာေရးဝန္ထမ္းမ်ား။ (ဓာတ္ပုံ -Ministry of Health and Sports, Myanmar - ဇန္နဝါရီ ၂၁၊ ၂၀၂၁)

(Zawgyi / Unicode)

ျမန္မာႏိုင္ငံမွာ ၿပီးခဲ့တဲ့ ၂၄ နာရီအတြင္း COVID-19 ေရာဂါကူးစက္သူ ၃၄၉ ေယာက္ ထပ္တိုးၿပီး ေသဆုံးသူ ၁၀ ဦး ထပ္တိုးတဲ့အေၾကာင္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဒီကေန႔ည ၈ နာရီ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ဒီေန႔ထုတ္ျပန္ခ်က္မွာပါတဲ့ ေသဆုံးသူေတြထဲမွာ ၉ ေယာက္က ေရာဂါအခံရွိသူေတြ ျဖစ္တယ္လို႔ က်န္းမာေရးဌာနက ေျပာပါတယ္။

ဓာတ္ခြဲနမူနာေပါင္း ၁၆,၃၂၅ ခုကို စစ္ေဆးခဲ့တဲ့ထဲက အခုလို ေနာက္ထပ္ ေရာဂါပိုး ကူးစက္ထားသူေတြ ေတြ႔ရတာျဖစ္ၿပီး ဒီကေန႔အထိဆိုရင္ စစ္ေဆးခဲ့တဲ့ ဓာတ္ခြဲနမူနာေပါင္း ၂,၃၇၄,၀၆၈ ခု ရွိသြားၿပီျဖစ္ပါတယ္။

ေသဆုံးသူအေရအတြက္က ၃,၁၂၅ ေယာက္ရွိၿပီျဖစ္ၿပီး ေရာဂါပိုး ကူးစက္သူေပါင္းကေတာ့ ၁၃၉,၈၆၄ ယာက္ ရွိသြားပါၿပီ။

ဒီကေန႔ည ထုတ္ျပန္ခ်က္မွာ ေဆး႐ုံဆင္းခြင့္ရရွိသူ အေရအတြက္ ၃၇၇ ေယာက္ ရွိတာေၾကာင့္ ေရာဂါေပ်ာက္ကင္းသူ စုစုေပါင္း ၁၂၄,၄၄၁ ေယာက္ ရွိသြားပါၿပီ။

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန၊ သတင္းထုတ္ျပန္ေရးအဖြဲ႔ဝင္၊ ဗဟိုကူးစက္ေရာဂါ တိုက္ဖ်က္ေရးဌာနခြဲ ၫႊန္ၾကားေရးမွဴး ေဒါက္တာခင္ခင္ႀကီးက သူ႔ရဲ႕ေဖ့စ္ဘုတ္မွာ မၾကာေသးခင္ အခ်ိန္ပိုင္းအတြင္းက ေရးထားတာအရဆိုရင္ ဒီကေန႔ ဓာတ္ခြဲစစ္ေဆးတဲ့ နမူနာအေရအတြက္ စုစုေပါင္းထဲမွာ ပိုးေတြ႔သူ ၂.၁၄% ရွိၿပီး ျပန္ေကာင္းလာသူ ၈၉% ၊ ေသဆုံးႏႈန္းက ၂.၂၃% ရွိပါတယ္။

ေသဆုံးသူေတြထဲမွာ ၉၀% က ေနာက္ခံေရာဂါရွိသူေတြပါ။

ဇန္နဝါရီလ ၂၁ ရက္ေန႔ကေန ၃၀ ရက္ေန႔အတြင္း ပ်မ္းမွ်ပိုးေတြ႕ႏႈန္း ၂.၂၇ ရာခုိင္ႏႈန္းျဖစ္ၿပီး အဲဒီ ၁၀ ရက္အတြင္း ဇန္နဝါရီလ ၂၉ ရက္ေန႔ကေတာ့ ပိုးေတြ႔ႏႈန္း ၁.၉၉ ရာခုိင္ႏႈန္းနဲ႔ အနိမ့္ဆုံးရွိခဲ့တယ္လို႔ ေဒါက္တာခင္ခင္ႀကီးက ေရးထားပါတယ္။

---------------------------

(Unicode)

မြန်မာကိုဗစ်ဓါတ်ခွဲ အတည်ပြု စုစုပေါင်း ၁၃၉,၈၆၄ ဦး၊ သေဆုံး ၃,၁၂၅ဦး

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါကူးစက်သူ ၃၄၉ ယောက် ထပ်တိုးပြီး သေဆုံးသူ ၁၀ ဦး ထပ်တိုးတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီနေ့ထုတ်ပြန်ချက်မှာပါတဲ့ သေဆုံးသူတွေထဲမှာ ၉ ယောက်က ရောဂါအခံရှိသူတွေ ဖြစ်တယ်လို့ ကျန်းမာရေးဌာနက ပြောပါတယ်။

ဓာတ်ခွဲနမူနာပေါင်း ၁၆,၃၂၅ ခုကို စစ်ဆေးခဲ့တဲ့ထဲက အခုလို နောက်ထပ် ရောဂါပိုး ကူးစက်ထားသူတွေ တွေ့ရတာဖြစ်ပြီး ဒီကနေ့အထိဆိုရင် စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲနမူနာပေါင်း ၂,၃၇၄,၀၆၈ ခု ရှိသွားပြီဖြစ်ပါတယ်။

သေဆုံးသူအရေအတွက်က ၃,၁၂၅ ယောက်ရှိပြီဖြစ်ပြီး ရောဂါပိုး ကူးစက်သူပေါင်းကတော့ ၁၃၉,၈၆၄ ယာက် ရှိသွားပါပြီ။

ဒီကနေ့ည ထုတ်ပြန်ချက်မှာ ဆေးရုံဆင်းခွင့်ရရှိသူ အရေအတွက် ၃၇၇ ယောက် ရှိတာကြောင့် ရောဂါပျောက်ကင်းသူ စုစုပေါင်း ၁၂၄,၄၄၁ ယောက် ရှိသွားပါပြီ။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ သတင်းထုတ်ပြန်ရေးအဖွဲ့ဝင်၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက သူ့ရဲ့ဖေ့စ်ဘုတ်မှာ မကြာသေးခင် အချိန်ပိုင်းအတွင်းက ရေးထားတာအရဆိုရင် ဒီကနေ့ ဓာတ်ခွဲစစ်ဆေးတဲ့ နမူနာအရေအတွက် စုစုပေါင်းထဲမှာ ပိုးတွေ့သူ ၂.၁၄% ရှိပြီး ပြန်ကောင်းလာသူ ၈၉% ၊ သေဆုံးနှုန်းက ၂.၂၃% ရှိပါတယ်။ သေဆုံးသူတွေထဲမှာ ၉၀% က နောက်ခံရောဂါရှိသူတွေပါ။

ဇန်နဝါရီလ ၂၁ ရက်နေ့ကနေ ၃၀ ရက်နေ့အတွင်း ပျမ်းမျှပိုးတွေ့နှုန်း ၂.၂၇ ရာခိုင်နှုန်းဖြစ်ပြီး အဲဒီ ၁၀ ရက်အတွင်း ဇန်နဝါရီလ ၂၉ ရက်နေ့ကတော့ ပိုးတွေ့နှုန်း ၁.၉၉ ရာခိုင်နှုန်းနဲ့ အနိမ့်ဆုံးရှိခဲ့တယ်လို့ ဒေါက်တာခင်ခင်ကြီးက ရေးထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG