သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာကိုဗစ္ ဓာတ္ခဲြအတည္ျပဳ စုစုေပါင္း ၅၂,၇၀၆ ဦး၊ ေသဆံုး ၁,၂၃၇ ဦး


ရန္ကုန္ၿမိဳ႕ ကြာရမ္တင္းစင္တာတခုမွာ COVID-19 စစ္ေဆးဖုိ႔ Swab နမူနာယူေနတဲ့ျမင္ကြင္း။ (ေအာက္တိုဘာ ၁၆၊ ၂၀၂၀)

(Zawgyi / Unicode)

ျမန္မာႏိုင္ငံမွာ COVID-19 ေရာဂါကူးစက္သူ ၁,၂၁၀ ဦး ထပ္တိုးၿပီး ေသဆုံးသူ ၁၈ ဦး ထပ္တိုးတဲ့အေၾကာင္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဒီကေန႔ည ၈ နာရီ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ၿပီးခဲ့တဲ့ ၂၄ နာရီအတြင္း စစ္ေဆးခဲ့တဲ့ ဓာတ္ခြဲနမူနာေပါင္း ၁၂,၁၇၀ ခုထဲမွာ အခုလို ေနာက္ထပ္ ပိုးကူးစက္သူေတြ ေတြ႔ရတာျဖစ္ၿပီး လက္ရွိအခ်ိန္ထိ စစ္ေဆးၿပီးသမွ် ဓာတ္ခြဲနမူနာေပါင္း ၆၈၈,၁၅၉ ခုထဲမွာ ဗိုင္းရပ္စ္ပိုးကူးစက္သူ စုစုေပါင္း ၅၂,၇၀၆ ဦးရွိတယ္ဆိုတာ အတည္ျပဳ ထုတ္ျပန္ထားပါတယ္။ ေသဆုံးသူကေတာ့ စုစုေပါင္း ၁,၂၃၇ ဦးရွိပါၿပီ။

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ေအာက္တိုဘာ ၃၁ ရက္ ည ၈ နာရီ ထုတ္ျပန္ခ်က္။ (ဓာတ္ပုံ - MOHS)
က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ေအာက္တိုဘာ ၃၁ ရက္ ည ၈ နာရီ ထုတ္ျပန္ခ်က္။ (ဓာတ္ပုံ - MOHS)

ဒီကေန႔ညထုတ္ျပန္တဲ့ ေသဆုံးသူေတြထဲမွာ ၁၃ ဦးဟာ ေရာဂါအခံရွိသူေတြျဖစ္တယ္လို႔ က်န္းမာေရးဌာန ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ေဆး႐ုံဆင္းခြင့္ရရွိသူက ၁,၄၄၄ ဦး ထပ္တိုးတာေၾကာင့္ ေဆး႐ုံက ဆင္းသြားသူေပါင္း ၃၂,၇၇၄ ဦး ရွိသြားပါၿပီ။ ေဆး႐ုံက ဆင္းသြားသူ အေရအတြက္ထက္ ပိုးေတြ႔သူအေရအတြက္က အခုရက္ပိုင္းေတြအတြင္း ဆက္တိုက္လို ပိုေလ်ာ့လာေနတာ ေတြ႔ရပါတယ္။

ဒီကေန႔ထုတ္ျပန္တဲ့ ေဆး႐ုံက ဆင္းသြားသူေတြထဲမွာ ရန္ကုန္ COVID-19 ေရာဂါ ကုသေရးဌာနေတြကေန ဆင္းသြားသူက ၁,၁၅၃ ဦး ပါပါတယ္။

ဒီကေန႔ အေရအတြက္ထဲမွာ ပိုးေတြ႔ႏႈန္း ၉.၉၄ ရာခုိင္ႏႈန္း၊ ျပန္ေကာင္းသြားတဲ့ႏႈန္း ၆၂.၂ ရာခုိင္ႏႈန္းနဲ႔ ေသဆုံးႏႈန္းက ၂.၃၅ ရာခုိင္ႏႈန္း ရွိတယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန၊ သတင္းထုတ္ျပန္ေရးအဖြဲ႔ဝင္ ဗဟိုကူးစက္ေရာဂါ တိုက္ဖ်က္ေရးဌာနခြဲ ၫႊန္ၾကားေရးမွဴး ေဒါက္တာခင္ခင္ႀကီးက သူ႔ရဲ႕ ေဖ့စ္ဘုတ္မွာ မၾကာေသးခင္ အခ်ိန္ပိုင္းအတြင္းက ေရးထားပါတယ္။

ဒီအခ်က္အလက္ေတြအရဆိုရင္ မေန႔ကထက္ ဒီေန႔မွာ ပိုးေတြ႔ႏႈန္း ပိုမ်ားသလို ျပန္ေကာင္းတဲ့ႏႈန္းကလည္း ပိုမ်ားၿပီးေတာ့ ေသဆံုးႏႈန္းက အနည္းငယ္ ေလ်ာ့က်သြားတာ ေတြ႔ရပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------

(Unicode)

မြန်မာကိုဗစ် ဓာတ်ခွဲအတည်ပြု စုစုပေါင်း ၅၂,၇၀၆ ဦး၊ သေဆုံး ၁,၂၃၇ ဦး

မြန်မာနိုင်ငံမှာ COVID-19 ရောဂါကူးစက်သူ ၁,၂၁၀ ဦး ထပ်တိုးပြီး သေဆုံးသူ ၁၈ ဦး ထပ်တိုးတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲနမူနာပေါင်း ၁၂,၁၇၀ ခုထဲမှာ အခုလို နောက်ထပ် ပိုးကူးစက်သူတွေ တွေ့ရတာဖြစ်ပြီး လက်ရှိအချိန်ထိ စစ်ဆေးပြီးသမျှ ဓာတ်ခွဲနမူနာပေါင်း ၆၈၈,၁၅၉ ခုထဲမှာ ဗိုင်းရပ်စ်ပိုးကူးစက်သူ စုစုပေါင်း ၅၂,၇၀၆ ဦးရှိတယ်ဆိုတာ အတည်ပြု ထုတ်ပြန်ထားပါတယ်။ သေဆုံးသူကတော့ စုစုပေါင်း ၁,၂၃၇ ဦးရှိပါပြီ။

ဒီကနေ့ညထုတ်ပြန်တဲ့ သေဆုံးသူတွေထဲမှာ ၁၃ ဦးဟာ ရောဂါအခံရှိသူတွေဖြစ်တယ်လို့ ကျန်းမာရေးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဆေးရုံဆင်းခွင့်ရရှိသူက ၁,၄၄၄ ဦး ထပ်တိုးတာကြောင့် ဆေးရုံက ဆင်းသွားသူပေါင်း ၃၂,၇၇၄ ဦး ရှိသွားပါပြီ။ ဆေးရုံက ဆင်းသွားသူ အရေအတွက်ထက် ပိုးတွေ့သူအရေအတွက်က အခုရက်ပိုင်းတွေအတွင်း ဆက်တိုက်လို ပိုလျော့လာနေတာ တွေ့ရပါတယ်။

ဒီကနေ့ထုတ်ပြန်တဲ့ ဆေးရုံက ဆင်းသွားသူတွေထဲမှာ ရန်ကုန် COVID-19 ရောဂါ ကုသရေးဌာနတွေကနေ ဆင်းသွားသူက ၁,၁၅၃ ဦး ပါပါတယ်။

ဒီကနေ့ အရေအတွက်ထဲမှာ ပိုးတွေ့နှုန်း ၉.၉၄ ရာခိုင်နှုန်း၊ ပြန်ကောင်းသွားတဲ့နှုန်း ၆၂.၂ ရာခိုင်နှုန်းနဲ့ သေဆုံးနှုန်းက ၂.၃၅ ရာခိုင်နှုန်း ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ သတင်းထုတ်ပြန်ရေးအဖွဲ့ဝင် ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက သူ့ရဲ့ ဖေ့စ်ဘုတ်မှာ မကြာသေးခင် အချိန်ပိုင်းအတွင်းက ရေးထားပါတယ်။

ဒီအချက်အလက်တွေအရဆိုရင် မနေ့ကထက် ဒီနေ့မှာ ပိုးတွေ့နှုန်း ပိုများသလို ပြန်ကောင်းတဲ့နှုန်းကလည်း ပိုများပြီးတော့ သေဆုံးနှုန်းက အနည်းငယ် လျော့ကျသွားတာ တွေ့ရပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG