(Zawgyi/Unicode)
ျမန္မာႏိုင္ငံမွာ ဆႏၵျပပဲြ ေတြကို ဆက္တိုက္ဆိုသလို အၾကမ္းဖက္ၿဖိဳခဲြ ေနေပမယ့္ ၊ စစ္အာဏာသိမ္းမႈ အဆုံးသတ္ သြားေစဖို႔အတြက္ ျဖစ္ႏိုင္သမွ် နည္းလမ္းေပါင္းစုံကုိ သုံးၿပီး ဆက္လက္ လႈပ္ရွားသြားမယ္လို႔ မႏၱေလးၿမဳိ႕က ထင္ရွားတဲ့ သပိတ္ေခါင္းေဆာင္ျဖစ္တဲ့ ကိုေတဇာဆန္းက ေျပာပါတယ္။ ၅၀၅-က နဲ႔ ဖမ္းဝရမ္း ထုတ္ခံထားရတဲ့ ကိုေတဇာဆန္းကို ဒီရက္ပိုင္းအတြင္း ဆုေၾကးေငြထုတ္ၿပီး စစ္တပ္က လိုက္လံ ရွာေဖြေ ဖမ္းဆီးေနတာပါ။ ကိုေတဇာဆန္းကို ကိုဉာဏ္ဝင္းေအာင္က ဆက္သြယ္ ေမးျမန္းထားပါတယ္။
ကိုဉာဏ္ဝင္းေအာင္။ ။ ကိုေတဇာဆန္းကို လိုက္လံရွာေဖြေနတဲ့ အေျခအေနရွိတယ္ဆိုတာ သိရပါတယ္။ အဲဒီအေျခအေနကို ေျပာျပေပးပါဦး။
ကိုေတဇာဆန္း။ ။ ဟုတ္ကဲ့ခင္ဗ် ဒီဆုေၾကးေပ့ါ သိန္း ၁၀၀ ထုတ္ထားတယ္ဆိုတဲ့ စာရြက္ေတြကေတာ့ ၿမိဳ႕ထဲမွာ လိုက္ကပ္တယ္ဆိုတာေတာ့ ၾကားသိရတာေပါ့ေနာ္။ က်ေနာ့္ကို ရွာေဖြတာကေတာ့ က်ေနာ္အရင္ ေနခဲ့ဖူးတဲ့ တိုက္ခန္းေလးေပ့ါေနာ္ ေျပာရရင္ေတာ့ ဒီတိုက္ခန္းရဲ႕ လိပ္စာက သူတို႔ဆီမွာ ရွိေနတာၾကာပါၿပီ။ က်ေနာ္တို႔ ေဖေဖာ္၀ါရီ လလည္ေလာက္က ၾကားသိရတယ္ေပါ့ေနာ္။ က်ေနာ့္အိမ္လိပ္စာပါတဲ့ စာရြက္နဲ႕ သူတို႔ဆီမွာ အတိအက်ရွိတယ္ဆိုတာ ၾကားသိခဲ့ရတာၾကာပါၿပီ။ မေန႔ ေန႔ပိုင္းကေပါ့ေနာ္ သူတုိ႔ အဲဒီ တိုက္ခန္းေလးကို လာၿပီးေတာ့ လာသြားတယ္။ တကယ္တမ္း အဲဒီမွာ လူမေနတာ ၾကာလွပါၿပီ။ သူတို႔ တိုက္ခန္းတံခါးကို ရိုက္ဖြင့္တယ္ ၊ ၿပီးေတာ့ ပစၥည္းေတြ အကုန္လံုးေပါ့ေနာ္ ယူသြားတယ္လို႔ သိရပါတယ္။ ၃ ႀကိမ္ေပါ့ေနာ္ ကားေတြနဲ႔ အကုန္သယ္သြားတယ္။ အဓိကေတာ့ စာအုပ္ေတြေပါ့ေနာ္ က်ေနာ့္အိမ္မွာရွိတဲ့ ပစၥည္းေတြအကုန္လံုးကို ကားေတြနဲ႔ သယ္သြားၾကတယ္ဆိုတာ သိရပါတယ္။
ကိုဉာဏ္ဝင္းေအာင္။ ။ ဆိုေတာ့ အခုလိုမ်ိဳး အၾကမ္းဖက္မႈေတြနဲ႔ လိုက္လံရွာေဖြ ဖမ္းဆီးတာေတြ ကိုေတဇာဆန္းတေယာက္တည္းတင္မဟုတ္ပါဘူး။ အျခားလႈပ္ရွားတဲ့သူေတြကိုလည္း ဒီလိုပံုစံနဲ႔ လုပ္တာေတ႔ြရေတာ့ စိတ္ထဲမွာေရာ စိုးရိမ္ထိတ္လန္႔မႈေတြ ျဖစ္မိပါသလား။
ကိုေတဇာဆန္း။ ။ အဲဒါအကိုေရ ေျပာရရင္ေတာ့ အခု က်ေနာ္တုိ႔ ႏိုင္ငံထဲမွာ ဖမ္း၀ရမ္း ထုတ္ခံရတဲ့လူေရာ အထုတ္မခံရတဲ့ လူေရာ ၊ တရားစြဲခံရတဲ့လူေရာ မစြဲခံရတဲ့ လူေရာ အားလံုးက ဘယ္သူမွ လံုၿခံဳမႈဆိုတာေတာ့ မရွိပါဘူး။ က်ေနာ္တို႔ လမ္းမထက္တက္ၿပီးေတာ့ ဆႏၵျပတဲ့လူေတြေရာ ကိုယ့္အိမ္ထဲမွာ ေနတဲ့လူေတြေရာ အခ်ိန္မေရြးလည္း အဖမ္းခံရႏိုင္တယ္၊ အခ်ိန္မေရြးလည္း ေသနတ္က်ည္မွန္ႏိုင္ပါတယ္။ ဒါေၾကာင့္ က်ေနာ္တို႔အေနနဲ႔ကေတာ့ ဒီအေရးေတာ္ပံုႀကီးကို ေဆာင္ရြက္ၿပီဆိုတာနဲ႔ ဒါေတြက ႀကိဳတင္ေမွ်ာ္လင့္ျပင္ဆင္ထားၿပီးသား ျဖစ္ပါတယ္။ အဲဒီေတာ့ သူတို႔ အာဏာရွင္ေတြဘက္ကေတာ့ သူတို႔ လုပ္တတ္တာ ဒီတခုပဲရွိတယ္။ က်ေနာ္တို႔ လူထုကို ႏွိတ္စက္မယ္ ၊ ဖမ္းဆီးမယ္၊ သတ္မယ္၊ ျဖတ္မယ္ ဆုိၿပီးေတာ ့လူထုၾကားထဲမွာ အေၾကာက္တရား ၀င္သြားေအာင္လုပ္မယ္ေပါ့။ ဒါဆိုရင္ ဒီအေရးေတာ္ပံုႀကီးရပ္သြားမယ္ဆိုၿပီးေတာ့ ထင္ေနပံုရပါတယ္။ က်ေနာ္တို႔ ျပည္သူအေနနဲ႔ကလည္း က်ေနာ္တို႔ လုပ္စရာရွိတာ က်ေနာ္တို႔တာ၀န္ျဖစ္တဲ့ အာဏာရွင္ဆန္႔က်င္ေရး လူထုသပိတ္လႈပ္ရွားမႈေတြ၊ CDM ေတြကို ဆက္ၿပီးေတာ့ ေဆာင္ရြက္ေနဖို႔ျဖစ္ပါတယ္။ ဒါေၾကာင့္ က်ေနာ့္အေနနဲ႔လည္း ေန႔စဥ္မပ်က္ အာဏာရွင္ဆန္႔က်င္ေရး လႈပ္ရွားမႈေတြကို ဆက္လက္ၿပီးေတာ့ ေဆာင္ရြက္ေနတာပဲျဖစ္ပါတယ္။
ကိုဉာဏ္ဝင္းေအာင္။ ။ ဟုတ္ကဲ့ အခုဆိုရင္ေပါ့ေနာ္ ၊ လႈပ္ရွားမႈေတြကို အရမ္းကို ဖိႏွိပ္ ၿဖိဳခြဲလာေတာ့ ကိုေတဇာဆန္းတို႔ လႈပ္ရွားမႈေတြက ေရွ႕ဆက္လုပ္ႏုိင္ပါဦးမလားခင္ဗ်။
ကိုေတဇာဆန္း။ ။ လုပ္ႏိုင္မွာပါခင္ဗ် ဘာျဖစ္လို႔လဲဆိုေတာ့ က်ေနာ္တို႔မွ က်ေနာ္တို႔ ဆြဲကိုင္စရာ၊ သံုးစရာ နည္းလမ္းေတြ အစံုရွိပါတယ္။ ဆိုၾကပါေတာ့ က်ေနာ္တို႔ မႏၱေလးမွာ ဆိုရင္လည္း ေန႔စဥ္ ေျပာက္က်ားသပိတ္ ၊ လူမဲ့သပိတ္ ၊ အာရုဏ္ဦးသပိတ္ ၊ ေန႔လည္သပိတ္၊ ဆိုင္ကယ္သပိတ္ စသျဖင့္ က်ေနာ္တို႔က အာဏာရွင္ကို အာဏာသိမ္းမႈကို လက္မခံဘူးဆိုတဲ့ သတင္းစကားကို ကမာၻကိုေရာ ျမန္မာကိုေရာ ေပးဖုိ႔ နည္းလမ္းေတြ က်ေနာ္တို႔မွာ အစံုရွိပါတယ္။ ဒါေၾကာင့္ ဒီေန႔အခ်ိန္အထိ ရက္ေပါင္း ၈၀ နီးပါးရွိၿပီ တႏိုင္ငံလံုးက အာဏာရွင္ကို လက္မခံဘူး၊ အံတုေနတယ္ဆိုတဲ့ လႈပ္ရွားမႈေတြကေတာ့ ဆက္ၿပီးေတာ့ ေသခ်ာေပါက္ရွိေနမွာပဲျဖစ္ပါတယ္ခင္ဗ်။
ကိုဉာဏ္ဝင္းေအာင္။ ။ အခုဆိုရင္ အမ်ားကေနၿပီးေတာ့ ေမွ်ာ္လင့္ထားတဲ့ NUG အမ်ိဳးသားညီညြတ္ေရးအစိုးရ တရပ္ေပၚေပါက္လာတာေပါ့ေလ။ ေပၚေပါက္လာတယ္ဆိုေပမယ့္ လူငယ္ေတြ လိုလားတဲ့ ဒီမိုကေရစီ အေျပာင္းအလဲတခု ျဖစ္လာဖို႔ေပါ့ေနာ္ ဘယ္ေလာက္အထိ အခ်ိန္ယူရဦးမွာပါလဲ၊ ဘယ္လိုအခက္အခဲေတြကို ေက်ာ္လႊားရဦးမလဲ ခင္ဗ်။
ကိုေတဇာဆန္း။ ။ က်ေနာ္တုိ႔ လူထုအေနနဲ႔ကေတာ့ ဒီအေရးေတာ္ပံုကို စကတည္းက ဒါသည္ ေရတိုခရီးမဟုတ္ဘူးဆိုတာ နားလည္ၿပီးသားပါ။ က်ေနာ္တို႔အတြက္ကေတာ့ ဒါသည္ တာလတ္ခရီးလည္းျဖစ္ႏိုင္တယ္။ တာရွည္ခရီးလည္းျဖစ္ႏိုင္တယ္။ အဲဒီေတာ့ ေသခ်ာေပါက္ေျပာႏိုင္တာကေတာ့ က်ေနာ္တို႔ ျပည္သူလူထုအေနနဲ႔ကေတာ့ က်ေန္ာတို႔ မူလရပိုင္ခြင့္ အခြင့္အေရးေတြ စစ္မွန္တဲ့ ဖယ္ဒရယ္ ဒီမိုကေရစီ ျပည္ေထာင္စု တည္ေဆာက္ေရးေတြဆိုတဲ့ ပန္းတိုင္ကို ေရာက္ဖို႔အတြက္ က်ေနာ္တို႔ ဘက္ကေတာ့ ဘယ္အရာကို ေပးဆပ္ဖို႔၊ ဘယ္လိုပံုစံနဲ႔မဆို ပါ၀င္ဖို႔ က်ေနာ္တို႔ ဘက္ကေတာ့အသင့္အေနအထားမွာ ရွိေနပါတယ္။ ခရီးပန္းတိုင္လမ္းဆံုးအထိ က်ေနာ္တို႔ကေတာ့ မလြဲမေသြ ဆက္ၿပီးေတာ့ သြားမွာျဖစ္ပါတယ္။ အဲဒီေတာ့ က်ေနာ္တို႔အေနနဲ႔ အေကာင္းဆံုးကိုလည္း ေမွ်ာ္လင့္ထားပါတယ္။ တၿပိဳင္တည္းမွာလည္း အဆိုးဆံုးအေျခအေနအတြက္လည္း အားလံုးကို ႀကိဳတင္ျပင္ဆင္ထားပါတယ္။
ကိုဉာဏ္ဝင္းေအာင္။ ။ ဆိုေတာ့ ဘယ္လိုအေျခအေန အခင္းအက်င္းမ်ိဳးေရာက္မွ တကယ့္အေျပာင္းအလဲေတြက ေပၚလာမလဲ။
ကိုေတဇာဆန္း။ ။ အဲဒီေတာ့ ခုနက က်ေနာ္တို႔ ေျပာခဲ့သလိုပဲ က်ေနာ္တုိ႔ လူထုအေနနဲ႔ လူငယ္ေတြအေနနဲ႔ကေတာ့ အာဏာရွင္ကိုတြန္းလွန္ဖို႔အတြက္ နည္းလမ္းေပါင္းစံု အကုန္က်ေနာ္တုိ႔ ေဆာင္ရြက္ေနၾကျခင္းျဖစ္တယ္။ အဲဒီအတြက္ က်ေနာ္တို႔ လူထုရဲ႕ ခုိင္မာတဲ့ စိတ္ဓါတ္ေတြ ရွိေနသေရြ႕ လက္နက္စြဲကိုင္တဲ့ ေတာ္လွန္ေရးဆိုတာကလည္း မျဖစ္ႏိုင္စရာအေၾကာင္းမရွိဘူးလို႔ နားလည္လက္ခံပါတယ္။ အခုဆိုရင္ က်ေနာ္တို႔ရဲ႕ NUG အမ်ိဳးသားညီညြတ္ေရးအစိုးရကလည္း ျပည္သူ႔ကာကြယ္ေရး အစီအမံေတြ စတင္ေဆာင္ရြက္ေနတယ္လို႔ က်ေနာ္တို႔ ၾကားသိထားရပါတယ္။ ဒီအတြက္ က်ေနာ္တို႔ ျပည္တြင္းက ျပည္သူလူထုေတြရဲ႕ ေသြးစည္းမႈ ညီညြတ္မႈ ခိုင္မာတဲ့ စိတ္ဓါတ္ေတြ NUG နဲ႔ တိုင္းရင္းသားေတာ္လွန္ေရး လက္နက္ကိုင္အဖြဲ႔အစည္းေတြ စသျဖင့္ ဒီအင္အားစုေတြရဲ႕ ဦးေဆာင္မႈနဲ႔ဆိုရင္ က်ေနာ္တုိ႔ အေျခအေနတခု ေရာက္လာတဲ့အခါမွာ အၾကမ္းဖက္ စစ္အုပ္စုကို လက္နက္စြဲကိုင္တဲ့ ေတာ္လွန္ေရးဆိုတာကလည္း က်ေနာ့္အေနနဲ႔ မျဖစ္လာႏိုင္စရာမရွိဘူးလို႔ပဲ က်ေန္ာ နားလည္လက္ခံပါတယ္။ ေျပာခ်င္တာကေတာ့ က်ေနာ္တုိ႔ လူထုအေနနဲ႔ကေတာ့ အာဏာရွင္ကို ဆန္႔က်င္ဖို႔အတြက္ နည္းလမ္းအစံု စဥ္းစားျပင္ဆင္ ေဆာင္ရြက္ေနပါတယ္လို႔ ေျပာခ်င္ပါတယ္။
ကိုဉာဏ္ဝင္းေအာင္။ ။ ဆိုေတာ့ ကိုေတဇာဆန္း သိတဲ့အတိုင္းပဲ တဖက္မွာလည္း တပ္မေတာ္ဆိုတာက ႏွစ္ေပါင္း ဆယ္စုႏွစ္နဲ႔ ခ်ီၿပီးေတာ့ စစ္ေရးစစ္ရာကၽြမ္းက်င္၊ တိုက္ရည္ခိုက္ရည္ရွိေနတဲ့ တပ္မေတာ္ျဖစ္ေနတဲ့အခါက်ေတာ့ တပ္မေတာ္ကို အႏိုင္ယူဖို႔ဆိုတာက ျဖစ္ႏိုင္ပါ့မလားခင္ဗ်။
ကိုေတဇာဆန္း။ ။ အဲဒီေတာ့ ေျပာရရင္ က်ေနာ္တို႔ ရက္ ၈၀ နီးပါး ၿငိမ္းခ်မ္းစြာ ဆႏၵျပေနတယ္၊ ၿငိမ္းခ်မ္းစြာ သပိတ္ေတြ ေမွာက္ေနတယ္၊ CDM လႈပ္ရွားမႈေတြ ဒါေတြကလည္း အာဏာရွင္ေတာ္လွန္ေရးမွာ အင္မတန္မွ ထိေရာက္တဲ့ နည္းလမ္းေတြအျဖစ္ က်ေနာ္ရႈျမင္နားလည္ပါတယ္။ ေနာက္တခု စစ္နဲ႔ ပတ္သက္ရင္ေတာ့ က်ေန္ာတို႔ ငယ္ငယ္ကတည္းက ၾကားဖူးတဲ့ ကဗ်ာစာတန္းေလးတခုေပါ့ က်ေနာ္တို႔ ဘယ္ေလာက္ပဲ စစ္နည္းဗ်ဴဟာေတြ သာပါေစ၊ ဘယ္ေလာက္ပဲ လက္နက္အင္အားေတြ ၾကီးေနပါေစ၊ ျပည္သူလူထုရဲ႕ ေထာက္ခံမႈ မရရွိဘူး၊ ျပည္သူလူထုရဲ႕ ႏွလံုးသားကို မစြဲကိုင္ႏိုင္ဘူးဆိုရင္ေတာ့ အခ်ိန္တခုေရာက္သြားတဲ့အခါမွာ က်ရႈံးရမယ္ဆိုတဲ့ ဆိုရိုးစကားေတြလည္း ရွိပါတယ္။ ေျပာခ်င္တာက က်ေနာ္တို႔အခု ျပည္သူလူထုတရပ္လံုးကေတာ့ ဒီ အာဏာရွင္ကို ဒီ အာဏာသိမ္း စစ္ေကာင္စီကို လံုး၀လက္မခံဘူး၊ ခါးခါးသီးသီးကို ဆန္႔က်င္ေနတာျဖစ္တယ္။ ဒါေၾကာင့္ ျပည္သူ႔ ေတာ္လွန္ေရးက မလြဲမေသြ မုခ်ေအာင္ကို ေအာင္ရမယ္လို႔ က်ေနာ္က ရႈျမင္ပါတယ္။ ဒီလိုေအာင္ျမင္ဖို႔ က်ေနာ္တုိ႔က နည္းလမ္းတခုပဲ ဆုပ္ကိုင္ထားမွာ မဟုတ္ဘူး က်ေနာ္တို႔ ျပည္သူေတြမွာ နည္းလမ္းေပါင္း ၊ နည္းနာေပါင္း အစံု မ်ားစြာရွိတယ္လို႔ က်ေနာ္ေျပာခ်င္ပါတယ္။
............
အကြမ်းဖက်နှိပ်ကွပ်မှုကြားက စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး ဆက်နွှဲမည် (တေဇာဆန်း)
(Unicode)
မြန်မာနိုင်ငံမှာ ဆန္ဒပြပွဲ တွေကို ဆက်တိုက်ဆိုသလို အကြမ်းဖက်ဖြိုခွဲ နေပေမယ့် ၊ စစ်အာဏာသိမ်းမှု အဆုံးသတ် သွားစေဖို့အတွက် ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံကို သုံးပြီး ဆက်လက် လှုပ်ရှားသွားမယ်လို့ မန္တလေးမြို့က ထင်ရှားတဲ့ သပိတ်ခေါင်းဆောင်ဖြစ်တဲ့ ကိုတေဇာဆန်းက ပြောပါတယ်။ ၅၀၅-က နဲ့ ဖမ်းဝရမ်း ထုတ်ခံထားရတဲ့ ကိုတေဇာဆန်းကို ဒီရက်ပိုင်းအတွင်း ဆုကြေးငွေထုတ်ပြီး စစ်တပ်က လိုက်လံ ရှာဖွေေ ဖမ်းဆီးနေတာပါ။ ကိုတေဇာဆန်းကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထားပါတယ်။
ကိုဉာဏ်ဝင်းအောင်။ ။ ကိုတေဇာဆန်းကို လိုက်လံရှာဖွေနေတဲ့ အခြေအနေရှိတယ်ဆိုတာ သိရပါတယ်။ အဲဒီအခြေအနေကို ပြောပြပေးပါဦး။
ကိုတေဇာဆန်း။ ။ ဟုတ်ကဲ့ခင်ဗျ ဒီဆုကြေးပေ့ါ သိန်း ၁၀၀ ထုတ်ထားတယ်ဆိုတဲ့ စာရွက်တွေကတော့ မြို့ထဲမှာ လိုက်ကပ်တယ်ဆိုတာတော့ ကြားသိရတာပေါ့နော်။ ကျနော့်ကို ရှာဖွေတာကတော့ ကျနော်အရင် နေခဲ့ဖူးတဲ့ တိုက်ခန်းလေးပေ့ါနော် ပြောရရင်တော့ ဒီတိုက်ခန်းရဲ့ လိပ်စာက သူတို့ဆီမှာ ရှိနေတာကြာပါပြီ။ ကျနော်တို့ ဖေဖော်ဝါရီ လလည်လောက်က ကြားသိရတယ်ပေါ့နော်။ ကျနော့်အိမ်လိပ်စာပါတဲ့ စာရွက်နဲ့ သူတို့ဆီမှာ အတိအကျရှိတယ်ဆိုတာ ကြားသိခဲ့ရတာကြာပါပြီ။ မနေ့ နေ့ပိုင်းကပေါ့နော် သူတို့ အဲဒီ တိုက်ခန်းလေးကို လာပြီးတော့ လာသွားတယ်။ တကယ်တမ်း အဲဒီမှာ လူမနေတာ ကြာလှပါပြီ။ သူတို့ တိုက်ခန်းတံခါးကို ရိုက်ဖွင့်တယ် ၊ ပြီးတော့ ပစ္စည်းတွေ အကုန်လုံးပေါ့နော် ယူသွားတယ်လို့ သိရပါတယ်။ ၃ ကြိမ်ပေါ့နော် ကားတွေနဲ့ အကုန်သယ်သွားတယ်။ အဓိကတော့ စာအုပ်တွေပေါ့နော် ကျနော့်အိမ်မှာရှိတဲ့ ပစ္စည်းတွေအကုန်လုံးကို ကားတွေနဲ့ သယ်သွားကြတယ်ဆိုတာ သိရပါတယ်။
ကိုဉာဏ်ဝင်းအောင်။ ။ ဆိုတော့ အခုလိုမျိုး အကြမ်းဖက်မှုတွေနဲ့ လိုက်လံရှာဖွေ ဖမ်းဆီးတာတွေ ကိုတေဇာဆန်းတယောက်တည်းတင်မဟုတ်ပါဘူး။ အခြားလှုပ်ရှားတဲ့သူတွေကိုလည်း ဒီလိုပုံစံနဲ့ လုပ်တာတေ့ွရတော့ စိတ်ထဲမှာရော စိုးရိမ်ထိတ်လန့်မှုတွေ ဖြစ်မိပါသလား။
ကိုတေဇာဆန်း။ ။ အဲဒါအကိုရေ ပြောရရင်တော့ အခု ကျနော်တို့ နိုင်ငံထဲမှာ ဖမ်းဝရမ်း ထုတ်ခံရတဲ့လူရော အထုတ်မခံရတဲ့ လူရော ၊ တရားစွဲခံရတဲ့လူရော မစွဲခံရတဲ့ လူရော အားလုံးက ဘယ်သူမှ လုံခြုံမှုဆိုတာတော့ မရှိပါဘူး။ ကျနော်တို့ လမ်းမထက်တက်ပြီးတော့ ဆန္ဒပြတဲ့လူတွေရော ကိုယ့်အိမ်ထဲမှာ နေတဲ့လူတွေရော အချိန်မရွေးလည်း အဖမ်းခံရနိုင်တယ်၊ အချိန်မရွေးလည်း သေနတ်ကျည်မှန်နိုင်ပါတယ်။ ဒါကြောင့် ကျနော်တို့အနေနဲ့ကတော့ ဒီအရေးတော်ပုံကြီးကို ဆောင်ရွက်ပြီဆိုတာနဲ့ ဒါတွေက ကြိုတင်မျှော်လင့်ပြင်ဆင်ထားပြီးသား ဖြစ်ပါတယ်။ အဲဒီတော့ သူတို့ အာဏာရှင်တွေဘက်ကတော့ သူတို့ လုပ်တတ်တာ ဒီတခုပဲရှိတယ်။ ကျနော်တို့ လူထုကို နှိတ်စက်မယ် ၊ ဖမ်းဆီးမယ်၊ သတ်မယ်၊ ဖြတ်မယ် ဆိုပြီးတော့လူထုကြားထဲမှာ အကြောက်တရား ဝင်သွားအောင်လုပ်မယ်ပေါ့။ ဒါဆိုရင် ဒီအရေးတော်ပုံကြီးရပ်သွားမယ်ဆိုပြီးတော့ ထင်နေပုံရပါတယ်။ ကျနော်တို့ ပြည်သူအနေနဲ့ကလည်း ကျနော်တို့ လုပ်စရာရှိတာ ကျနော်တို့တာဝန်ဖြစ်တဲ့ အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုတွေ၊ CDM တွေကို ဆက်ပြီးတော့ ဆောင်ရွက်နေဖို့ဖြစ်ပါတယ်။ ဒါကြောင့် ကျနော့်အနေနဲ့လည်း နေ့စဉ်မပျက် အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ဆက်လက်ပြီးတော့ ဆောင်ရွက်နေတာပဲဖြစ်ပါတယ်။
ကိုဉာဏ်ဝင်းအောင်။ ။ ဟုတ်ကဲ့ အခုဆိုရင်ပေါ့နော် ၊ လှုပ်ရှားမှုတွေကို အရမ်းကို ဖိနှိပ် ဖြိုခွဲလာတော့ ကိုတေဇာဆန်းတို့ လှုပ်ရှားမှုတွေက ရှေ့ဆက်လုပ်နိုင်ပါဦးမလားခင်ဗျ။
ကိုတေဇာဆန်း။ ။ လုပ်နိုင်မှာပါခင်ဗျ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့မှ ကျနော်တို့ ဆွဲကိုင်စရာ၊ သုံးစရာ နည်းလမ်းတွေ အစုံရှိပါတယ်။ ဆိုကြပါတော့ ကျနော်တို့ မန္တလေးမှာ ဆိုရင်လည်း နေ့စဉ် ပြောက်ကျားသပိတ် ၊ လူမဲ့သပိတ် ၊ အာရုဏ်ဦးသပိတ် ၊ နေ့လည်သပိတ်၊ ဆိုင်ကယ်သပိတ် စသဖြင့် ကျနော်တို့က အာဏာရှင်ကို အာဏာသိမ်းမှုကို လက်မခံဘူးဆိုတဲ့ သတင်းစကားကို ကမ္ဘာကိုရော မြန်မာကိုရော ပေးဖို့ နည်းလမ်းတွေ ကျနော်တို့မှာ အစုံရှိပါတယ်။ ဒါကြောင့် ဒီနေ့အချိန်အထိ ရက်ပေါင်း ၈၀ နီးပါးရှိပြီ တနိုင်ငံလုံးက အာဏာရှင်ကို လက်မခံဘူး၊ အံတုနေတယ်ဆိုတဲ့ လှုပ်ရှားမှုတွေကတော့ ဆက်ပြီးတော့ သေချာပေါက်ရှိနေမှာပဲဖြစ်ပါတယ်ခင်ဗျ။
ကိုဉာဏ်ဝင်းအောင်။ ။ အခုဆိုရင် အများကနေပြီးတော့ မျှော်လင့်ထားတဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးရ တရပ်ပေါ်ပေါက်လာတာပေါ့လေ။ ပေါ်ပေါက်လာတယ်ဆိုပေမယ့် လူငယ်တွေ လိုလားတဲ့ ဒီမိုကရေစီ အပြောင်းအလဲတခု ဖြစ်လာဖို့ပေါ့နော် ဘယ်လောက်အထိ အချိန်ယူရဦးမှာပါလဲ၊ ဘယ်လိုအခက်အခဲတွေကို ကျော်လွှားရဦးမလဲ ခင်ဗျ။
ကိုတေဇာဆန်း။ ။ ကျနော်တို့ လူထုအနေနဲ့ကတော့ ဒီအရေးတော်ပုံကို စကတည်းက ဒါသည် ရေတိုခရီးမဟုတ်ဘူးဆိုတာ နားလည်ပြီးသားပါ။ ကျနော်တို့အတွက်ကတော့ ဒါသည် တာလတ်ခရီးလည်းဖြစ်နိုင်တယ်။ တာရှည်ခရီးလည်းဖြစ်နိုင်တယ်။ အဲဒီတော့ သေချာပေါက်ပြောနိုင်တာကတော့ ကျနော်တို့ ပြည်သူလူထုအနေနဲ့ကတော့ ကျနေ်ာတို့ မူလရပိုင်ခွင့် အခွင့်အရေးတွေ စစ်မှန်တဲ့ ဖယ်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးတွေဆိုတဲ့ ပန်းတိုင်ကို ရောက်ဖို့အတွက် ကျနော်တို့ ဘက်ကတော့ ဘယ်အရာကို ပေးဆပ်ဖို့၊ ဘယ်လိုပုံစံနဲ့မဆို ပါဝင်ဖို့ ကျနော်တို့ ဘက်ကတော့အသင့်အနေအထားမှာ ရှိနေပါတယ်။ ခရီးပန်းတိုင်လမ်းဆုံးအထိ ကျနော်တို့ကတော့ မလွဲမသွေ ဆက်ပြီးတော့ သွားမှာဖြစ်ပါတယ်။ အဲဒီတော့ ကျနော်တို့အနေနဲ့ အကောင်းဆုံးကိုလည်း မျှော်လင့်ထားပါတယ်။ တပြိုင်တည်းမှာလည်း အဆိုးဆုံးအခြေအနေအတွက်လည်း အားလုံးကို ကြိုတင်ပြင်ဆင်ထားပါတယ်။
ကိုဉာဏ်ဝင်းအောင်။ ။ ဆိုတော့ ဘယ်လိုအခြေအနေ အခင်းအကျင်းမျိုးရောက်မှ တကယ့်အပြောင်းအလဲတွေက ပေါ်လာမလဲ။
ကိုတေဇာဆန်း။ ။ အဲဒီတော့ ခုနက ကျနော်တို့ ပြောခဲ့သလိုပဲ ကျနော်တို့ လူထုအနေနဲ့ လူငယ်တွေအနေနဲ့ကတော့ အာဏာရှင်ကိုတွန်းလှန်ဖို့အတွက် နည်းလမ်းပေါင်းစုံ အကုန်ကျနော်တို့ ဆောင်ရွက်နေကြခြင်းဖြစ်တယ်။ အဲဒီအတွက် ကျနော်တို့ လူထုရဲ့ ခိုင်မာတဲ့ စိတ်ဓါတ်တွေ ရှိနေသရွေ့ လက်နက်စွဲကိုင်တဲ့ တော်လှန်ရေးဆိုတာကလည်း မဖြစ်နိုင်စရာအကြောင်းမရှိဘူးလို့ နားလည်လက်ခံပါတယ်။ အခုဆိုရင် ကျနော်တို့ရဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးရကလည်း ပြည်သူ့ကာကွယ်ရေး အစီအမံတွေ စတင်ဆောင်ရွက်နေတယ်လို့ ကျနော်တို့ ကြားသိထားရပါတယ်။ ဒီအတွက် ကျနော်တို့ ပြည်တွင်းက ပြည်သူလူထုတွေရဲ့ သွေးစည်းမှု ညီညွတ်မှု ခိုင်မာတဲ့ စိတ်ဓါတ်တွေ NUG နဲ့ တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းတွေ စသဖြင့် ဒီအင်အားစုတွေရဲ့ ဦးဆောင်မှုနဲ့ဆိုရင် ကျနော်တို့ အခြေအနေတခု ရောက်လာတဲ့အခါမှာ အကြမ်းဖက် စစ်အုပ်စုကို လက်နက်စွဲကိုင်တဲ့ တော်လှန်ရေးဆိုတာကလည်း ကျနော့်အနေနဲ့ မဖြစ်လာနိုင်စရာမရှိဘူးလို့ပဲ ကျနေ်ာ နားလည်လက်ခံပါတယ်။ ပြောချင်တာကတော့ ကျနော်တို့ လူထုအနေနဲ့ကတော့ အာဏာရှင်ကို ဆန့်ကျင်ဖို့အတွက် နည်းလမ်းအစုံ စဉ်းစားပြင်ဆင် ဆောင်ရွက်နေပါတယ်လို့ ပြောချင်ပါတယ်။
ကိုဉာဏ်ဝင်းအောင်။ ။ ဆိုတော့ ကိုတေဇာဆန်း သိတဲ့အတိုင်းပဲ တဖက်မှာလည်း တပ်မတော်ဆိုတာက နှစ်ပေါင်း ဆယ်စုနှစ်နဲ့ ချီပြီးတော့ စစ်ရေးစစ်ရာကျွမ်းကျင်၊ တိုက်ရည်ခိုက်ရည်ရှိနေတဲ့ တပ်မတော်ဖြစ်နေတဲ့အခါကျတော့ တပ်မတော်ကို အနိုင်ယူဖို့ဆိုတာက ဖြစ်နိုင်ပါ့မလားခင်ဗျ။
ကိုတေဇာဆန်း။ ။ အဲဒီတော့ ပြောရရင် ကျနော်တို့ ရက် ၈၀ နီးပါး ငြိမ်းချမ်းစွာ ဆန္ဒပြနေတယ်၊ ငြိမ်းချမ်းစွာ သပိတ်တွေ မှောက်နေတယ်၊ CDM လှုပ်ရှားမှုတွေ ဒါတွေကလည်း အာဏာရှင်တော်လှန်ရေးမှာ အင်မတန်မှ ထိရောက်တဲ့ နည်းလမ်းတွေအဖြစ် ကျနော်ရှုမြင်နားလည်ပါတယ်။ နောက်တခု စစ်နဲ့ ပတ်သက်ရင်တော့ ကျနေ်ာတို့ ငယ်ငယ်ကတည်းက ကြားဖူးတဲ့ ကဗျာစာတန်းလေးတခုပေါ့ ကျနော်တို့ ဘယ်လောက်ပဲ စစ်နည်းဗျူဟာတွေ သာပါစေ၊ ဘယ်လောက်ပဲ လက်နက်အင်အားတွေ ကြီးနေပါစေ၊ ပြည်သူလူထုရဲ့ ထောက်ခံမှု မရရှိဘူး၊ ပြည်သူလူထုရဲ့ နှလုံးသားကို မစွဲကိုင်နိုင်ဘူးဆိုရင်တော့ အချိန်တခုရောက်သွားတဲ့အခါမှာ ကျရှုံးရမယ်ဆိုတဲ့ ဆိုရိုးစကားတွေလည်း ရှိပါတယ်။ ပြောချင်တာက ကျနော်တို့အခု ပြည်သူလူထုတရပ်လုံးကတော့ ဒီ အာဏာရှင်ကို ဒီ အာဏာသိမ်း စစ်ကောင်စီကို လုံးဝလက်မခံဘူး၊ ခါးခါးသီးသီးကို ဆန့်ကျင်နေတာဖြစ်တယ်။ ဒါကြောင့် ပြည်သူ့ တော်လှန်ရေးက မလွဲမသွေ မုချအောင်ကို အောင်ရမယ်လို့ ကျနော်က ရှုမြင်ပါတယ်။ ဒီလိုအောင်မြင်ဖို့ ကျနော်တို့က နည်းလမ်းတခုပဲ ဆုပ်ကိုင်ထားမှာ မဟုတ်ဘူး ကျနော်တို့ ပြည်သူတွေမှာ နည်းလမ်းပေါင်း ၊ နည်းနာပေါင်း အစုံ များစွာရှိတယ်လို့ ကျနော်ပြောချင်ပါတယ်။