သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

NUG ရဲ႕ ဒီမိုကေရစီေရး ရပ္တည္ခ်က္ကို ၿဗိတိန္၀န္ႀကီး ႀကိဳဆို


ၿဗိတိန္ႏိုင္ငံ အာရွေဒသဆိုင္ရာ၀န္ႀကီး Nigel Adams

(Zawgyi/Unicode)

CRPH ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီ ရဲ႕အေရးႀကီးတဲ့ အခန္းက႑နဲ႔ ၾကားကာလ NUG အမ်ဳိးသာညီညြတ္ေရး အစိုးရ ရဲ႕ ဒီမိုကေရစီေရး ရပ္တည္ခ်က္ကို ၿဗိတိန္ႏိုင္ငံ အာရွေဒသဆိုင္ရာ၀န္ႀကီး Nigel Adams က ႀကိဳဆိုလိုက္ေၾကာင္း ဗုဒၶဟူးေန႔က ထုတ္ျပန္တဲ့ ရန္ကုန္ ၿဗိတိန္သံရံုးရဲ႕ ေၾကညာခ်က္မွာ ေဖၚျပထားပါတယ္။

ဒါအျပင္ ၀န္ႀကီး Adams ဟာ NUG အမ်ဳိးသားညီညြတ္ေရးအစိုးရရဲ႕ အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္ရြက္ေရး၀န္ႀကီး ေဒါက္တာဆာဆာနဲ႔ အြန္လိုင္းကေန ေဆြးေႏြးခဲ့ေၾကာင္းလည္း ေၾကညာခ်က္မွာ ေဖၚျပထားပါတယ္။ NUG အစိုးရမွာ မတူကဲြျပားတဲ့ တိုင္းရင္းသားေပါင္းစံုပါ၀င္ေနတဲ့အခ်က္ကိုလည္း အားရမိေၾကာင္း ၀န္ႀကီး Adams က ေဒါက္တာဆာဆာနဲ႔ ေဆြးေႏြးရာမွာ ေျပာဆိုခဲ့တယ္လို႔လည္း ဆိုပါတယ္။

ၿဗိတိန္အစိုးရကေန လက္ရွိ ျမန္မာစစ္ေခါင္းေဆာင္ေတြနဲ႔ သူတို႔ရဲ႕ စီးပြားေရးလုပ္ငန္းေတြကို ပိတ္ဆို႔အေရးယူထားတဲ့ကိစၥကို ၀န္ႀကီး Adams က အြန္လိုင္းေဆြးေႏြးပဲြမွာ ထုတ္ေဖၚေျပာဆိုခဲ့သလို၊ ျမန္မာႏိုင္ငံမွာ ႏိုင္ငံတကာဥပေဒကို ခ်ဳိးေဖာက္တဲ့ ရာဇ၀တ္က်ဴးလြန္မႈအတြက္ တာ၀န္ရွိသူေတြကို အေရးယူႏိုင္ေရး ကုလသမဂၢရဲ႕ လုပ္ငန္းစဥ္ေတြမွာ ၿဗိတိန္အစိုးရက ေထာက္ပံ့ကူညီေပးေနတယ္လို႔ လည္း ေျပာၾကားခဲ့ပါတယ္။

ေဖေဖၚ၀ါရီလ (၁)ရက္ေန႔ စစ္အာဏာသိမ္းမႈကို ဆန္႔က်င္တဲ့လႈပ္ရွားမႈေတြကုိ အၾကမ္းဖက္ ဖိႏွိပ္ေနတဲ့ၾကားက ၿငိမ္းခ်မ္းစြာဆႏၵျပေနသူေတြရဲ႕ ရဲစြမ္းသတၱိကို ၀န္ႀကီး Adams က ဂုဏ္ျပဳခ်ီးက်ဴးခဲ့ေၾကာင္းလည္း ၿဗိတိန္သံရံုးရဲ႕ ေၾကညာခ်က္မွာ ေဖၚျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

NUG ရဲ့ ဒီမိုကရေစီရေး ရပ်တည်ချက်ကို ဗြိတိန်ဝန်ကြီး ကြိုဆို
(Unicode)

CRPH ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ရဲ့အရေးကြီးတဲ့ အခန်းကဏ္ဍနဲ့ ကြားကာလ NUG အမျိုးသာညီညွတ်ရေး အစိုးရ ရဲ့ ဒီမိုကရေစီရေး ရပ်တည်ချက်ကို ဗြိတိန်နိုင်ငံ အာရှဒေသဆိုင်ရာဝန်ကြီး Nigel Adams က ကြိုဆိုလိုက်ကြောင်း ဗုဒ္ဓဟူးနေ့က ထုတ်ပြန်တဲ့ ရန်ကုန် ဗြိတိန်သံရုံးရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ဒါအပြင် ဝန်ကြီး Adams ဟာ NUG အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာနဲ့ အွန်လိုင်းကနေ ဆွေးနွေးခဲ့ကြောင်းလည်း ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ NUG အစိုးရမှာ မတူကွဲပြားတဲ့ တိုင်းရင်းသားပေါင်းစုံပါဝင်နေတဲ့အချက်ကိုလည်း အားရမိကြောင်း ဝန်ကြီး Adams က ဒေါက်တာဆာဆာနဲ့ ဆွေးနွေးရာမှာ ပြောဆိုခဲ့တယ်လို့လည်း ဆိုပါတယ်။

ဗြိတိန်အစိုးရကနေ လက်ရှိ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေကို ပိတ်ဆို့အရေးယူထားတဲ့ကိစ္စကို ဝန်ကြီး Adams က အွန်လိုင်းဆွေးနွေးပွဲမှာ ထုတ်ဖေါ်ပြောဆိုခဲ့သလို၊ မြန်မာနိုင်ငံမှာ နိုင်ငံတကာဥပဒေကို ချိုးဖောက်တဲ့ ရာဇဝတ်ကျူးလွန်မှုအတွက် တာဝန်ရှိသူတွေကို အရေးယူနိုင်ရေး ကုလသမဂ္ဂရဲ့ လုပ်ငန်းစဉ်တွေမှာ ဗြိတိန်အစိုးရက ထောက်ပံ့ကူညီပေးနေတယ်လို့ လည်း ပြောကြားခဲ့ပါတယ်။

ဖေဖေါ်ဝါရီလ (၁)ရက်နေ့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့လှုပ်ရှားမှုတွေကို အကြမ်းဖက် ဖိနှိပ်နေတဲ့ကြားက ငြိမ်းချမ်းစွာဆန္ဒပြနေသူတွေရဲ့ ရဲစွမ်းသတ္တိကို ဝန်ကြီး Adams က ဂုဏ်ပြုချီးကျူးခဲ့ကြောင်းလည်း ဗြိတိန်သံရုံးရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG