(Zawgyi/Unicode)
သတင္းစာဆရာႀကီး ဟံသာဝတီဦးဝင္းတင္ ကြယ္လြန္တာ ၇ ႏွစ္ျပည့့္ႏွစ္ပတ္လည္ေန႔ျဖစ္တဲ့ ဧၿပီလ ၂၁ ရက္ေန႔မွာ Blue Shirt Strike လို႔ေခၚတဲ့ အျပာေရာင္ ရွပ္အက်ႌဝတ္ဆင္ၿပီး ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သမၼတ ဦးဝင္းျမင့္အပါအဝင္ စစ္ေကာင္စီက ဖမ္းဆီးထားတဲ့ ႏိုင္ငံေရးအက်ဥ္းသားေတြအားလုံး ျပန္လႊတ္ေပးဖို႔ ဆႏၵျပသမားေတြ ႏိုင္ငံအႏွံ႔မွာ ေတာင္းဆိုခဲ့ၾကပါတယ္။
ဒီကေန႔ လမ္းေပၚထြက္ဆႏၵျပပြဲေတြကို အာဏာပိုင္ေတြဘက္က ၿဖိဳခြင္း၊ ဖမ္းဆီးထားတာလည္း ဆက္ရွိေနပါတယ္။
ဆႏၵျပပြဲေတြအတြင္းက်ဆံုးသြားၾကသူေတြကို အမွတ္ရ ဂုဏ္ျပဳေသာအားျဖင့္ ျမန္မာႏိုင္ငံ အေရွ ့ေတာင္ဘက္ပိုင္းမွာ ဆႏၵျပသူေတြဟာ ဖေယာင္းတိုင္မီးေတြကို ထြန္းၫွိၿပီးအဂၤါေန ့ညက အာဏာရွင္ေတြကို ဆႏၵျပမႈေတြ ျပဳလုပ္ခဲ့ပါတယ္။
ႏိုင္ငံေရးအက်ဥ္းသားမ်ားကူညီေစာင့္ေရွာက္ေရး အသင္း ကေတာ့ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီ ၁ ရက္ အာဏာသိမ္းၿပီးကတည္းက ဆႏၵျပသူ ၇၃၈ ဦး အသတ္ခံခဲ့ရၿပီး ဖမ္းဆီးထိန္းသိမ္းထားသူ ၃၃၀၀ ေက်ာ္ရွိတယ္လို ့ေျပာဆိုထားပါတယ္။
ျမန္မာစစ္တပ္ရဲ႕ ေျပာေရးဆိုခြင့္ရွိသူတဦးကေတာ့ အာဏာသိမ္းေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ဟာ ဒီသီတင္းပတ္ဆံုးမွာ ျပဳလုပ္မယ့္ အေရွ႕ေတာင္အာရွ ထိပ္သီးအစီးအေ၀းကို တက္ေရာက္လိမ့္မယ္လို ့ ေျပာဆိုတဲ့အေၾကာင္း Nikkei Asia သတင္းတရပ္က ေဖာ္ျပပါတယ္။
...............
နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး ဦးဝင်းတင်အထိမ်းအမှတ် ရှပ်ပြာဝတ် ဆန္ဒပြ
(Unicode)
သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် ကွယ်လွန်တာ ၇ နှစ်ပြည့်နှစ်ပတ်လည်နေ့ဖြစ်တဲ့ ဧပြီလ ၂၁ ရက်နေ့မှာ Blue Shirt Strike လို့ခေါ်တဲ့ အပြာရောင် ရှပ်အင်္ကျီဝတ်ဆင်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်အပါအဝင် စစ်ကောင်စီက ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး ပြန်လွှတ်ပေးဖို့ ဆန္ဒပြသမားတွေ နိုင်ငံအနှံ့မှာ တောင်းဆိုခဲ့ကြပါတယ်။
ဒီကနေ့ လမ်းပေါ်ထွက်ဆန္ဒပြပွဲတွေကို အာဏာပိုင်တွေဘက်က ဖြိုခွင်း၊ ဖမ်းဆီးထားတာလည်း ဆက်ရှိနေပါတယ်။
ဆန္ဒပြပွဲတွေအတွင်းကျဆုံးသွားကြသူတွေကို အမှတ်ရ ဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံ အရှေ့တောင်ဘက်ပိုင်းမှာ ဆန္ဒပြသူတွေဟာ ဖယောင်းတိုင်မီးတွေကို ထွန်းညှိပြီးအင်္ဂါနေ့ညက အာဏာရှင်တွေကို ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေး အသင်း ကတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးကတည်းက ဆန္ဒပြသူ ၇၃၈ ဦး အသတ်ခံခဲ့ရပြီး ဖမ်းဆီးထိန်းသိမ်းထားသူ ၃၃၀၀ ကျော်ရှိတယ်လို့ပြောဆိုထားပါတယ်။
မြန်မာစစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးကတော့ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဒီသီတင်းပတ်ဆုံးမှာ ပြုလုပ်မယ့် အရှေ့တောင်အာရှ ထိပ်သီးအစီးအဝေးကို တက်ရောက်လိမ့်မယ်လို့ ပြောဆိုတဲ့အကြောင်း Nikkei Asia သတင်းတရပ်က ဖော်ပြပါတယ်။