သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သတ္မွတ္တန္ခ်ိန္ျပည့္လုိ႔ အရန္ဆန္၀ယ္ယူမႈ ယာယီရပ္ဆုိင္း


(Zawgyi/Unicode)

အစိုးရရဲ႕ အေရးေပၚ ရိကၡာဆန္ ဝယ္ယူတဲ့အစီအစဥ္မွာ သတ္မွတ္ထားတဲ့ဆန္တန္ခ်ိန္ ပမာဏျပည့္သြားၿပီျဖစ္လို႔ အရန္ဆန္ဝယ္ယူတာ ယာယီရပ္ဆိုင္းလိုက္တဲ့အေၾကာင္းကို ဗြီအိုေအျမန္မာပိုင္း သတင္းေထာက္စုစုက ေျပာျပေပးပါမယ္။

ကိုဗစ္ကပ္ေရာဂါကာလ ျပည္တြင္းမွာ အေရးေပၚရိကၡာ ဖူလုံမႈရွိေစဖို႔ အရန္ဆန္ဝယ္ယူတာ ဧၿပီလကုန္ပိုင္းေလာက္ကစတင္ခဲ့ၿပီး တန္ခ်ိန္ ၅၀,၀၀၀ ျပည့္သြားၿပီျဖစ္လို႔ အရန္ဆန္ဝယ္ယူတာကို ယာယီရပ္ဆိုင္းလိုက္ၿပီလို႔ စီးပြားေရးနဲ႔ ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာန လက္ေထာက္အတြင္းဝန္ ဦးခင္ေမာင္လြင္က ေျပာပါတယ္။

“အေရးေပၚရိကၡာဆန္ဆိုတာ တႏိုင္ငံလုံးအတိုင္းအတာနဲ႔ တပတ္ - ၁ဝရက္စာကို ရည္မွန္းၿပီးေတာ့ အရန္ဆန္တန္ခ်ိန္ ၅၀,၀၀၀ ကို အေရးေပၚရိကၡာ အေနနဲ႔ဝယ္ယူဖို႔ စီစဥ္ခဲ့တာေပါ့။ တကယ္လို႔သာ ကိုဗစ္ေၾကာင့္ ေရာဂါျပန႔္ပြားမႈေတြ ျမင့္လာမယ္ဆိုရင္ ဒီစားနပ္ရိကၡာအေပၚ ခြဲတမ္းစနစ္နဲ႔ ေဆာင္႐ြက္ႏိုင္ဖို႔အတြက္ အေရးေပၚရိကၡာဆန္တန္ခ်ိန္ ၅၀,၀၀၀ ကေတာ့ ဝယ္ယူလက္ခံၿပီးသြားၿပီေပါ့။ လက္ရွိမွာ အရန္ဆန္ေပးသြင္းတဲ့ကိစၥကို လာမယ့္အပတ္ထဲမွာ ဘယ္လိုေပးသြင္းသြားမယ္ဆိုတဲ့ဟာမ်ိဳး ဆက္ေဆြးေႏြး သြားဖို႔ရွိတယ္။”

ဆန္ျပည္ပတင္ပို႔မႈ ပမာဏရဲ႕ ၁၀ရာခိုင္ႏႈန္းကို ႏိုင္ငံေတာ္ရိကၡာဆန္အတြက္ ဧၿပီလကစၿပီး ကုန္သည္ေတြဆီကဝယ္ယူေနတာကို ဒီလထဲမွာပဲ ၅ ရာခိုင္ႏႈန္း ေလွ်ာ့ခ်ဝယ္ယူခဲ့ၿပီး အခုေနာက္ဆုံး အဝယ္ေတြကို ရပ္လိုက္တာပါ။ အခုလို ျပည္ပေရာင္းခ်မယ့္ ဆန္ေတြထဲက သတ္မွတ္ေဈးနဲ႔ ဝယ္ယူေနတာေတြကို ရပ္ဆိုင္းလိုက္တဲ့အတြက္ ကုန္သည္ေတြအတြက္ေတာ့ ပိုအဆင္ေျပသြားတယ္လို႔ မူဆယ္ဆန္ကုန္စည္ဒိုင္ ဥကၠဌ ဦးမင္းသိန္းက ဆိုပါတယ္။

“မူဆယ္ကေန ရွမ္းေျမာက္ဆိုၿပီးေတာ့ က်ေနာ္တို႔က အမ်ားပိုင္ကုမၸဏီရွိတယ္။ အမ်ားပိုင္ကုမၸဏီကေန တ႐ုတ္ကိုဆန္ပို႔ေတာ့ အရန္ဆန္သြင္းရတယ္။ အရင္တုန္းက ၁ဝရာခိုင္ႏႈန္း၊ အခု ၅ရာခိုင္ႏႈန္း။ အခုေတာ့သြင္းစရာ မလိုေတာ့ဘူး။ မသြင္းဘဲနဲ႔ ပါမစ္ထုတ္ေပးမယ္တဲ့။ ဒါပိုၿပီးအဆင္ေျပသြားတာေပါ့- အရန္ဆန္မသြင္းရဘူးဆိုေတာ့။ အရင္တုန္းက ၅ရာခိုင္ႏႈန္း အရႈံးခံၿပီးသြင္းေပးေနရတာ ႏိုင္ငံေတာ္ကို။”

စီးပြားေရးနဲ႔ ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာနက ႏိုင္ငံအေရးေပၚ ရိကၡာအတြက္ ဧည့္မထဆန္ တန္ခ်ိန္ ၅၀,၀၀၀ နဲ႔ စားအုံးဆီတန္ခ်ိန္ ၁၂,၀၀၀ တို႔ကို အရန္ဝယ္ယူခဲ့တာပါ။ အဲဒီအတြက္ သမၼတရဲ႕အေရးေပၚ ရန္ပုံေငြကေန က်ပ္ ၃၈ ဘီလီယံ ထုတ္ယူသုံးစြဲခြင့္ရခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

သတ်မှတ်တန်ချိန်ပြည့်လို့ အရန်ဆန်ဝယ်ယူမှု ယာယီရပ်ဆိုင်း

(Unicode)

အစိုးရရဲ့ အရေးပေါ် ရိက္ခာဆန် ဝယ်ယူတဲ့အစီအစဉ်မှာ သတ်မှတ်ထားတဲ့ဆန်တန်ချိန် ပမာဏပြည့်သွားပြီဖြစ်လို့ အရန်ဆန်ဝယ်ယူတာ ယာယီရပ်ဆိုင်းလိုက်တဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက်စုစုက ပြောပြပေးပါမယ်။

ကိုဗစ်ကပ်ရောဂါကာလ ပြည်တွင်းမှာ အရေးပေါ်ရိက္ခာ ဖူလုံမှုရှိစေဖို့ အရန်ဆန်ဝယ်ယူတာ ဧပြီလကုန်ပိုင်းလောက်ကစတင်ခဲ့ပြီး တန်ချိန် ၅၀,၀၀၀ ပြည့်သွားပြီဖြစ်လို့ အရန်ဆန်ဝယ်ယူတာကို ယာယီရပ်ဆိုင်းလိုက်ပြီလို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောပါတယ်။

“အရေးပေါ်ရိက္ခာဆန်ဆိုတာ တနိုင်ငံလုံးအတိုင်းအတာနဲ့ တပတ် - ၁ဝရက်စာကို ရည်မှန်းပြီးတော့ အရန်ဆန်တန်ချိန် ၅၀,၀၀၀ ကို အရေးပေါ်ရိက္ခာ အနေနဲ့ဝယ်ယူဖို့ စီစဉ်ခဲ့တာပေါ့။ တကယ်လို့သာ ကိုဗစ်ကြောင့် ရောဂါပြန့်ပွားမှုတွေ မြင့်လာမယ်ဆိုရင် ဒီစားနပ်ရိက္ခာအပေါ် ခွဲတမ်းစနစ်နဲ့ ဆောင်ရွက်နိုင်ဖို့အတွက် အရေးပေါ်ရိက္ခာဆန်တန်ချိန် ၅၀,၀၀၀ ကတော့ ဝယ်ယူလက်ခံပြီးသွားပြီပေါ့။ လက်ရှိမှာ အရန်ဆန်ပေးသွင်းတဲ့ကိစ္စကို လာမယ့်အပတ်ထဲမှာ ဘယ်လိုပေးသွင်းသွားမယ်ဆိုတဲ့ဟာမျိုး ဆက်ဆွေးနွေး သွားဖို့ရှိတယ်။”

ဆန်ပြည်ပတင်ပို့မှု ပမာဏရဲ့ ၁၀ရာခိုင်နှုန်းကို နိုင်ငံတော်ရိက္ခာဆန်အတွက် ဧပြီလကစပြီး ကုန်သည်တွေဆီကဝယ်ယူနေတာကို ဒီလထဲမှာပဲ ၅ ရာခိုင်နှုန်း လျှော့ချဝယ်ယူခဲ့ပြီး အခုနောက်ဆုံး အဝယ်တွေကို ရပ်လိုက်တာပါ။ အခုလို ပြည်ပရောင်းချမယ့် ဆန်တွေထဲက သတ်မှတ်ဈေးနဲ့ ဝယ်ယူနေတာတွေကို ရပ်ဆိုင်းလိုက်တဲ့အတွက် ကုန်သည်တွေအတွက်တော့ ပိုအဆင်ပြေသွားတယ်လို့ မူဆယ်ဆန်ကုန်စည်ဒိုင် ဥက္ကဌ ဦးမင်းသိန်းက ဆိုပါတယ်။

“မူဆယ်ကနေ ရှမ်းမြောက်ဆိုပြီးတော့ ကျနော်တို့က အများပိုင်ကုမ္ပဏီရှိတယ်။ အများပိုင်ကုမ္ပဏီကနေ တရုတ်ကိုဆန်ပို့တော့ အရန်ဆန်သွင်းရတယ်။ အရင်တုန်းက ၁ဝရာခိုင်နှုန်း၊ အခု ၅ရာခိုင်နှုန်း။ အခုတော့သွင်းစရာ မလိုတော့ဘူး။ မသွင်းဘဲနဲ့ ပါမစ်ထုတ်ပေးမယ်တဲ့။ ဒါပိုပြီးအဆင်ပြေသွားတာပေါ့- အရန်ဆန်မသွင်းရဘူးဆိုတော့။ အရင်တုန်းက ၅ရာခိုင်နှုန်း အရှုံးခံပြီးသွင်းပေးနေရတာ နိုင်ငံတော်ကို။”

စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက နိုင်ငံအရေးပေါ် ရိက္ခာအတွက် ဧည့်မထဆန် တန်ချိန် ၅၀,၀၀၀ နဲ့ စားအုံးဆီတန်ချိန် ၁၂,၀၀၀ တို့ကို အရန်ဝယ်ယူခဲ့တာပါ။ အဲဒီအတွက် သမ္မတရဲ့အရေးပေါ် ရန်ပုံငွေကနေ ကျပ် ၃၈ ဘီလီယံ ထုတ်ယူသုံးစွဲခွင့်ရခဲ့ပါတယ်။

XS
SM
MD
LG