သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တုိင္းရင္းသားေဒသေတြက လူ႔အခြင့္အေရးခ်ဴိးေဖာက္မႈ စုံစမ္းဖုိ႔ ျမန္မာပ်က္ကြက္ေၾကာင္း HRW ေျပာ


(Zawgyi / Unicode)

ရွမ္း၊ ကခ်င္၊ ကရင္နဲ႔ ရခိုင္ျပည္နယ္က လူနည္းစု တိုင္းရင္းသားေတြအေပၚ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြကို စံုစမ္းစစ္ေဆးဖို႔ ႏိုင္ငံတကာက ေတာင္းဆိုတာကို ျမန္မာအစိုးရဟာ ၂၀၁၉ မွာ ဆက္ၿပီး အန္တုခဲ့တယ္လို႔ လူ႔အခြင့္အေရး ေစာင့္ၾကည့္ေလ့လာေရးအဖြဲ႔ HRW က ေျပာပါတယ္။

ဇန္န၀ါရီလ ၁၄ ရက္ေန႔ အဂၤါေန႔က ထုတ္ျပန္တဲ့ လူ႔အခြင့္အေရးအေျခအေန ကမာၻလံုးဆိုင္ရာအစီရင္ခံစာ ၂၀၂၀ ထဲမွာ HRW က အဲလိုေျပာထားတာပါ။ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြအတြက္ တာ၀န္ခံမႈရွိဖို႔ ကုလသမဂၢ စံုစမ္းစစ္ေဆးသူေတြ ႀကိဳးစားေနတဲ့ အေပၚမွာ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္တဲ့ အရပ္သားအစိုးရဟာ အဓိပၸါယ္ရွိရွိ ပူးေပါင္းေဆာင္ရြက္ဖို႔ အႀကိမ္ႀကိမ္ ျငင္းဆန္ခဲ့တယ္လုိ႔ HRW အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။

ျမန္မာႏိုင္ငံ လူ႔အခြင့္အေရးအေျခအေနဆိုင္ရာ ကုလသမဂၢ အထူးစံုစမ္းစစ္ေဆးေရးမွဴး ပါေမာကၡ ယန္ဟီးလီနဲ႔ UNFFM အဖြဲ႔၀င္ေတြအပါအ၀င္ လြတ္လပ္တဲ့ကုလသမဂၢ စံုစမ္းစစ္ေဆးသူေတြကို အစိုးရက ျပည္၀င္ခြင့္ဗီဇာ မေပးတာကိုလည္း HRW က ေထာက္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

.......................

တိုင်းရင်းသားဒေသတွေက လူ့အခွင့်အရေးချိူးဖောက်မှု စုံစမ်းဖို့ မြန်မာပျက်ကွက်ကြောင်း HRW ပြော

(Unicode)

ရှမ်း၊ ကချင်၊ ကရင်နဲ့ ရခိုင်ပြည်နယ်က လူနည်းစု တိုင်းရင်းသားတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးဖို့ နိုင်ငံတကာက တောင်းဆိုတာကို မြန်မာအစိုးရဟာ ၂၀၁၉ မှာ ဆက်ပြီး အန်တုခဲ့တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ HRW က ပြောပါတယ်။

ဇန်နဝါရီလ ၁၄ ရက်နေ့ အင်္ဂါနေ့က ထုတ်ပြန်တဲ့ လူ့အခွင့်အရေးအခြေအနေ ကမ္ဘာလုံးဆိုင်ရာအစီရင်ခံစာ ၂၀၂၀ ထဲမှာ HRW က အဲလိုပြောထားတာပါ။ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် တာဝန်ခံမှုရှိဖို့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူတွေ ကြိုးစားနေတဲ့ အပေါ်မှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရဟာ အဓိပ္ပါယ်ရှိရှိ ပူးပေါင်းဆောင်ရွက်ဖို့ အကြိမ်ကြိမ် ငြင်းဆန်ခဲ့တယ်လို့ HRW အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာကုလသမဂ္ဂ အထူးစုံစမ်းစစ်ဆေးရေးမှူး ပါမောက္ခ ယန်ဟီးလီနဲ့ UNFFM အဖွဲ့ဝင်တွေအပါအဝင် လွတ်လပ်တဲ့ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူတွေကို အစိုးရက ပြည်ဝင်ခွင့်ဗီဇာ မပေးတာကိုလည်း HRW က ထောက်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG