သုံးရလွယ်ကူစေသည့် Link များ

စစ်အာဏာသိမ်းကာလ မြန်မာသတင်းသမားတွေ ကြုံရတဲ့ မီဒီယာလွတ်လပ်ခွင့်စိန်ခေါ်မှု


စစ်အာဏာသိမ်းပြီးနောက် (၃) နှစ်ကျော်အတွင်းက မြန်မာ့ သတင်း မီဒီယာလွလ်လပ်ခွင့်ကို ဆန်းစစ်ခြင်း"သုတေသနစာတမ်း ထုတ်ပြန်တဲ့အခမ်းအနား။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က နိုင်ငံခြားသတင်းထောက်များကလပ်။
စစ်အာဏာသိမ်းပြီးနောက် (၃) နှစ်ကျော်အတွင်းက မြန်မာ့ သတင်း မီဒီယာလွလ်လပ်ခွင့်ကို ဆန်းစစ်ခြင်း"သုတေသနစာတမ်း ထုတ်ပြန်တဲ့အခမ်းအနား။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က နိုင်ငံခြားသတင်းထောက်များကလပ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း (၃) နှစ်ကျော်ကာလအတွင်းက မြန်မာနိုင်ငံက သတင်းဌာနတွေ သတင်းသမားတွေ ပြည်တွင်းမှာရော ပြည်ပမှာပါ ရင်ဆိုင် ကြုံတွေ့နေကြရတဲ့ စိန်ခေါ်မှု အခက်အခဲတွေကို မြန်မာ့သတင်း မီဒီယာလွတ်လပ်ခွင့်ကို ဆန်းစစ်ခြင်းဆိုတဲ့ သုတေသနစာတမ်းကနေ ထုတ်ဖော်ပြောကြားလိုက်ကြပါတယ်။ "စစ်အာဏာသိမ်းပြီးနောက် (၃) နှစ်ကျော်အတွင်းက မြန်မာ့ သတင်း မီဒီယာ လွလ်လပ်ခွင့်ကို ဆန်းစစ်ခြင်း"သုတေသနစာတမ်း ထုတ်ပြန်တဲ့ အခမ်းအနား တရပ်ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့က နိုင်ငံခြားသတင်းထောက်များကလပ်မှာ အောက်တိုဘာလ ၂၃ ရက်နေ့က ကျင်းပပြီး သတင်းဌာနတွေ သတင်းမီဒီယာသမားတွေ ဆွေးနွေးခဲ့ကြတာပါ။ ဘန်ကောက်ကနေ မညိုညိုလွင် သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ဖေဖေါ်ဝါရီလ (၁) ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးတဲ့နောက်၊ စစ်တပ်ကို ဆန့်ကျင်ကန့်ကွက် လှုပ်ရှားသူတွေအားလုံးကို ဖမ်းဆီး အကျဉ်းချ ကြီးမားတဲ့ အပြစ်ဒဏ် ပေးခံရသူတွေထဲမှာ သတင်းသမားတွေလည်း ပါခဲ့ရပြီး၊ သတင်းရယူမှု ၊ သတင်း ထုတ်ပြန်မှု၊ စတဲ့ သတင်းလုပ်ငန်းနဲ့ ပတ်သက်မှုတွေလည်း ပိတ်ပင်ခံခဲ့ရတဲ့ အကြောင်းတွေနဲ့ သတင်းသမားတွေ ပြည်တွင်းမှာရော ပြည်ပမှာပါ ကြုံတွေ့နေကြရတဲ့ အခက်အခဲတွေအကြောင်း စာတမ်းထုတ်ပြန်ပြုစုခဲ့တဲ့အခြေအနေတွေကို ပြောဆိုဆွေးနွေးခဲ့ကြပါတယ်။

စစ်အာဏာသိမ်းပြီး (၃) နှစ်ကျာ်ကြာလာပြီး အခုချိန်ထိ သတင်းလုပ်ငန်းခွင် အတွင်းမှာ အသတ်ခံ ရပြီး သေဆုံးခဲ့ရတဲ့ သတင်းသမား (၇) ဦးရှိတဲ့ အကြောင်း၊ သတင်းသမားနဲ့ သတင်းလုပ်ငန်း လုပ်ကိုင်နေသူ (၅၂) ဦးလောက်ဟာလည်း ခုချိန်ထိ ဖမ်းဆီးခံထားရတဲ့ အကြောင်း၊ ဒါ့အပြင် သတင်းမီဒီယာဌာန (၁၅) ခုရဲ့ လိုင်စင်တွေကိုလည်း စစ်ကောင်စီက ပိတ်သိမ်းခဲ့တဲ့ အကြောင်းတွေကို အချက်အလက် အညွှန်းကိန်းဂဏန်းတွေနဲ့ တင်ပြပြောဆိုခဲ့ကြပါတယ်။

ဒါ့အပြင် သတင်းသမားတွေ သတင်းအချက် အလက်တွေ ရယူလို့မရအောင်နဲ့ သတင်းထုတ်လွှင့်ပြောဆို ပြသမှုတွေကိုပြည်သူတွေ ကြည့်ရှုနားဆင်လို့မရအောင် သတင်းအမှောင်ချ ဘို့အတွက် အင်တာနက် ဖြတ်တောက်တာတွေကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့တာတွေကိုလည်း ပြောဆိုခဲ့ကြပါတယ်၊ အထူး သဖြင့် စစ်ပွဲတွေဖြစ်နေတဲ့ တိုင်းရင်းသား ဒေသတွေမှာသတင်းစီးဆင်းမှုတွေက ပိုပြီး ခက်ခဲတဲ့အကြောင်းတွေကို လည်း တင်ပြဆွေးနွေးခဲ့ကြတာပါ၊

ဒါ့အပြင် ပြည်ပကိုတိမ်းရှောင်လာပြီး အိမ်နီးခြင်းနိုင်ငံတွေမှာနေထိုင် နေကြရတဲ့ သတင်းသမားတွေနဲ့ သတင်းဌာနတွေရဲ့ လုံခြုံမှုနဲ့ ဘဏ္ဏာရေးဆိုင်ရာ အခက်အခဲတွေနဲ့ လွတ်မြောက်နယ်မြေတွေအတွင်း သတင်းလုပ်ငန်း လုပ်ကိုင်ကြရမှုအပေါ် ခက်ခဲတဲ့ စိန်ခေါ်မှုတွေအကြောင်းကိုလည်း တင်ပြခဲ့ကြ ပါတယ်။

"စစ်အာဏာသိမ်းပြီးနောက် (၃) နှစ်ကျော်အတွင်းက မြန်မာ့ သတင်း မီဒီယာ လွတ်လပ်ခွင့်ကို ဆန်းစစ်ခြင်း"ဆိုတဲ့သုတေသနစာတမ်း ထုတ်ပြန်တဲ့ အခမ်းအနားကို BNI လို့ခေါ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ သတင်းဌာနကြီး ၁၅ ခု အဖွဲ့ဝင်အဖြစ်ပါဝင်တဲ့ Burma News International အဖွဲ့က ကြီးမှူးကျင်းပတာဖြစ်ပြီး BNI ရဲ့ ဦးဆောင်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ညို၊ ကရင်သတင်းဌာန KIC ရဲ့ အယ်ဒီတာချုပ် နန်းဖော့ဂေ၊ ကချင်သတင်းဌာန KNG ရဲ့ အယ်ဒီတာချုပ် ဆမ်နော် နဲ့ ရှမ်းသတင်းဌာန Shan Herald Agency for News ရဲ့ဦးဆောင်ညွှန်ကြားရေးမှူး စိုင်းခမ်းဖူး တို့က ဦးဆောင်ဆွေးနွေးခဲ့ကြပါတယ်။

Forum

XS
SM
MD
LG