သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အုပ်ချုပ်သူတွေ ကိုယ်ကျိုးအတွက် အာဏာကို အသုံးမချသင့် (အလှမယ်ဟန်လေး)


အလှမယ် ဟန်လေး
အလှမယ် ဟန်လေး

(Zawgyi/Unicode)

ထိုင်းနိုင်ငံမှာ ကျင်းပခဲ့တဲ့ Miss Grand International 2020 အလှမယ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားသွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဟန်လေးက နိုင်ငံရေးအကြောင်းနားမလည်ပေမယ့် ပြည်သူတွေဘယ်လောက်တောင်ထိခိုက်ခံစားနေရသလဲဆိုတာကိုတော့ နားလည်ပါတယ်လို့ ဗုဒ္ဓဟူးနေ့မှာပြောပါတယ်။

“ ဒါဟာ လူတွေကို စာနာစိတ်နဲ့ ပေးအပ်တဲ့အကူအညီမျိုးဖြစ်သင့်ပါတယ်။ နိုင်ငံရေးအတွက်လည်းမဟုတ်သလို လူတွေကြောင့်လည်းမဟုတ်ပါဘူး။ လူသားချင်းကိုယ်ချင်းစာစိတ်နဲ့ ခံစားနားလည်ပေးတာဖြစ်ပါတယ်” လို့ ဟန်လေးက သတင်းထောက်တွေကို ပြောဆိုသွားတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်နဲ့ရဲတပ်ဖွဲ့ရဲ့ ဆန္ဒပြပြည်သူတွေအပေါ် အကြမ်းဖက်နှိမ်နှင်းနေတဲ့ လတ်တလောဖြစ်ရပ်တွေအကြောင်း စုစည်းထားတဲ့ ဗွီဒီယိုကိုပြသရင်း နိုင်ငံတကာက ဒီဖြစ်ရပ်တွေကို ဝိုင်းဝန်းတားဆီးပေးဖို့ အလှမယ် ဟန်လေးက မတ်လ ၂၇ ရက်နေ့မှာကျင်းပတဲ့ ပြိုင်ပွဲ စင်မြင့်ပေါ်ကနေ မေတ္တာရပ်ခံခဲ့တာပါ။

စစ်အုပ်ချုပ်ရေးကောင်စီရဲ့တပ်တွေ နှိမ်နှင်းနေတဲ့ကြားက ပြေးလွှားနေကြရတဲ့ ဆန္ဒပြ ပြည်သူတွေက သူတို့ကိုယ်စား မြန်မာ နိုင်ငံကိုကိုယ်စားပြုပေးနိုင်မယ်ဆိုတဲ့ယုံကြည်ချက်နဲ့ သူ့ကို ဆန္ဒမဲပေးခဲ့ကြတယ်လို့လည်း အလှမယ်ဟန်လေးက ဘန်ကောက်မြို့သတင်းစာရှင်းလင်းပွဲမှာပြောဆိုသွားပါတယ်။

ဘယ်နိုင်ငံမှာမဆို ပြည်သူတွေဟာ သူတို့ တိုင်းပြည်ကို ငြိမ်းချမ်းစွာနဲ့ သာယာဝပြော ချမ်းသာစေချင်ကြပေမယ့် တိုင်းပြည်ရဲ့အာဏာပိုင်တွေက သူတို့အတ္တအတွက် အာဏာကို အသုံးပြုနေခြင်းဟာ မသင့်တော်ဘူးလို့ အလှမယ် ဟန်လေးက ထောက်ပြ ပြောဆိုသွားပါတယ်။

တိုက်ရိုက် လင့်ခ်


...........


(Unicode)






XS
SM
MD
LG