သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

NCA ၅ ႏွစ္ျပည္႔ ထုတ္ျပန္ခ်က္မ်ား


မွတ္တမ္းဓါတ္ပံု- ၂၀၁၉ ေအာက္တိုဘာတုန္းက NCA ၄ ႏွစ္ျပည္႔ အခမ္းအနားဓါတ္ပံု

(Zawgyi/Unicode)

NCA အပစ္ရပ္စာခ်ဳပ္ လက္မွတ္ေရးထုိးတဲ့ ၅ႏွစ္ျပည့္ ႏွစ္ပတ္လည္ေန႔မွာ အစုိးရ၊ တပ္မေတာ္နဲ႔ တုိင္းရင္းသား လက္နက္ကိုင္အဖဲြ႔ေတြက သ၀ဏ္လႊာနဲ႔ ေၾကညာခ်က္ေတြ ထုတ္ျပန္ထားတဲ့အေပၚ ဘယ္လုိ ထူးျခားခ်က္ ပါ၀င္သလဲဆုိတာကို တင္ျပသြားပါမယ္။ ဒီသတင္းကို ဗြီအိုေအျမန္မာပိုင္း သတင္းေထာက္ ကိုမုိးေဇာ္ က တင္ဆက္ေပးမွာပါ။

ဒီကေန႔က်ေရာက္တဲ့ တစ္ႏိုင္ငံလံုးပစ္ခတ္တိုက္ခုိက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္ NCA ခ်ဳပ္ဆုိတဲ့ ၅ႏွစ္ျပည့္ အထိမ္းအမွတ္ေန႔မွာ COVID-19 ကပ္ေရာဂါေၾကာင့္ ခါတိုင္းႏွစ္ေတြလို အခမ္းအနား မက်င္းပႏိုင္တာမရိွဘဲ ေၾကညာခ်က္ ထုတ္ျပန္တာေတြပဲ ရိွခဲ့တာပါ။

၅ႏွစ္ျပည့္ အထိမ္းအမွတ္အေနနဲ႔ ထုတ္ျပန္တဲ့ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးနဲ႔ ၿငိမ္းခ်မ္းေရးဗဟိုဌာန ဥကၠဌ၊ ႏိုင္ငံေတာ္ အတိုင္ပင္ခံ ပုဂိၢဳလ္ ေဒၚေအာင္ဆန္းစုၾကည္ရဲ့ သ၀ဏ္လႊာဟာ အစိုးရရဲ့ သေဘာထားကို ေဖာ္ျပေနၿပီး ၂၀၂၀ အလြန္မွာ ေဆာင္ရြက္မယ့္ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ ၃ရပ္ကို အေလးထား ေဖာ္ျပထားတယ္လို႔ ႏိုင္ငံေရးေလ့လာသံုးသပ္သူ ဦးေမာင္ေမာင္စိုးက သံုးသပ္ ပါတယ္။

“ အစိုးရအေနနဲ႔ ထုတ္ျပန္တာကေတာ့ဗ်ာ။ NCA ထိုးမထားသူေတြကိုလည္း ႏိုင္ငံေရးေဆြးေႏြးပဲြကို ေရာက္ေအာင္လုပ္မယ္။ NCA ထိုးထားတဲ့သူေတြနဲ႔လည္း အပစ္အခတ္ရပ္စဲေရး၊ ႏိုင္ငံေရးေဆြးေႏြးပဲြကို ဆက္လုပ္မယ္။ အပိုင္း၂ကေတာ့ ျပည္နယ္ဖဲြ႔စည္းအုပ္ခ်ဳပ္ပံုအေျခခံဥပေဒ ေရးဆဲြေရးေတြ ဆက္တိုးခ်ဲ႔ လုပ္သြားမယ္။ အပိုင္း၃ကေတာ့ ဖဲြ႔စည္းပံုအေျခခံဥပေဒျပင္ဆင္မယ္ေပါ့။ ၂၀၂၀ အလြန္လမ္းေၾကာင္းကိုပါ ထည့္ေျပာသြားတာ ေတြ႔ရတယ္။”

တပ္မေတာ္ရဲ့ သ၀ဏ္လႊာကို တပ္မေတာ္ ကာကြယ္ေရးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႈးၾကီး မင္းေအာင္လိႈင္က ေပးပို႔ထားၿပီး NCA လက္မွတ္ေရးထိုးထားတဲ့ တုိင္းရင္းသားလက္နက္ကိုင္အဖဲြ႔ ၁၀ဖဲြ႔ကေတာ့ ေၾကညာခ်က္ ထုတ္ျပန္ခဲ့ တာပါ။

တပ္မေတာ္ရဲ့ သ၀ဏ္လႊာနဲ႔ EAO ေခၚ တုိင္းရင္းသားလက္နက္ကိုင္အဖဲြ႔ေတြရဲ့ ေၾကညာခ်က္အေပၚမွာေတာ့ ဦးေမာင္ေမာင္စိုးက အခုလို ဆက္ေျပာပါတယ္။

“ ကာကြယ္ေရးဦးစီးခ်ဳပ္ရဲ့ ေၾကညာခ်က္မွာေတာ့ ဒီ NCA လမ္းေၾကာင္းကိုပဲ ေလွ်ာက္ဖို႔ ဆုိတာကိုပဲ ေဇာင္းေပးေျပာသြားၿပီးေတာ့ က်န္တာကေတာ့ ထပ္ၿပီး အထူးျပဳတဲ့အခ်က္ေတာ့ မေတြ႔ရဘူးဗ်။ EAO က ထုတ္ျပန္တဲ့အခ်က္မွာကေတာ့ လက္မွတ္ မထုိးထားေသးတဲ့အဖဲြ႔ေတြပါ ပါၿပီးေတာ့ အားလံုးပါ၀င္ေရး လုိအပ္တယ္ဆုိတာ လက္ညိွဳးညႊန္ျပပါတယ္။ ဒုတိယ တစ္ခ်က္အေနနဲ႔ကေတာ့ ရခုိင္ျပည္မွာျဖစ္ေနတဲ့ စစ္ေရး တင္းမာမႈေတြနဲ႔႔ပတ္သက္ၿပီးေတာ့ ႏိုင္ငံေရးအရ ေဆြးေႏြးအေျဖရွာဖို႔ ဆိုတာကို ေဇာင္းေပးတင္ျပပါတယ္။ ဒီအခ်က္ကေတာ့ ၃ဖဲြ႔လံုးထဲမွာ မပါတဲ့အခ်က္ေပါ့။ EAO က တင္ျပတဲ့အခ်က္က။ ”

အဖဲြ႔အစည္းအသီးသီးရဲ့ ထုတ္ျပန္ခ်က္ေတြဟာ ၿငိမ္းခ်မ္းေရးနဲ႔ တုိင္းရင္းသားအေရးေတြကို ေျဖရွင္းရာမွာ NCA လမ္းေၾကာင္းအတိုင္း ေဆာင္ရြက္ေနတာကို အေလးထားေၾကာင္း ေဖာ္ျပေနတယ္လုိ႔လည္း ဦးေမာင္ေမာင္စိုးက သံုးသပ္ပါတယ္။

NCA စာခ်ဳပ္ခ်ဳပ္ဆုိၿပီးတဲ့ေနာက္မွာေတာ့ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ ၅ၾကိမ္က်င္းပၿပီး ျပည္ေထာင္စု သေဘာတူညီခ်က္ အစိတ္အပိုင္း ၃ အထိ ရရိွထားတာပါ။

ၿပီးခဲ့တဲ့ ၾသဂုတ္လမွာ က်င္းပတဲ့ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ- ၂၁ရာစုပင္လံု စတုတၱ အစည္းအေ၀း မွာေတာ့ ဒီမုိကေရစီ ဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ႏိုင္ေရးအတြက္ အေျခခံမူအခ်ိဳ႔ကို ခ်မွတ္ထားၿပီး ျဖစ္ပါတယ္။

ဒီညီလာခံကာလမွာ အလြတ္သေဘာေဆြးေႏြးပဲြေတြကို စက္တင္ဘာလကုန္၊ ဒါမွမဟုတ္ ေအာက္တုိဘာလဆန္းမွာ ျပန္လည္ ေဆာင္ရြက္ဖုိ႔လည္း ညိွႏိႈင္းခဲ့ၾကေပမဲ႔ လက္ရိွျဖစ္ပြားေနတဲ့ COVID-19 ကပ္ေရာဂါေၾကာင့္ ရပ္တန္႔ေနခဲ့ရပါတယ္။

ျပည္ေထာင္စုၿငိမ္းခ်မ္းေရးေကာ္မရွင္ရဲ့ အၾကံေပးအဖဲြ႔၀င္ ဦးလွေမာင္ေရႊက ကပ္ေရာဂါျဖစ္ပြားမႈ ၿငိမ္သက္လာရင္ ဒီေဆြးေႏြးပဲြေတြ ျပန္လည္စတင္ႏိုင္မယ္လုိ႔ ေမွ်ာ္လင့္ေၾကာင္း အခုလို ေျပာပါတယ္။

“ က်ေနာ္တို႔ ၿပီးခဲ့တဲ့ ညီလာခံမွာက Post 2020 ကိုပဲ အဓိက ေျပာခဲ့တာကိုး။ အဲေတာ့ က်ေနာ္တုိ႔က Post 2020 လုပ္တာလည္း နည္းလမ္းတစ္ခု၊ အဲဒီမတိုင္ခင္မွာလည္း က်ေနာ္တို႔ရဲ့ ယံုၾကည္မႈလုပ္ငန္းစဥ္နဲ႔ အရွိန္ရေနၿပီျဖစ္တဲ့ ေဆြးေႏြးပဲြေတြကိုလည္း က်ေနာ္တုိ႔ ဆက္လက္ထိန္းသိမ္းၿပီးလုပ္ဖုိ႔ ဆုိတာကိုေတာ့ အဲဒီတံုးက ေဆြးေႏြးပဲြက လူေတြ အားလံုးက သေဘာတူတယ္။ ဒါေပမဲ့ အခုက COVID ေၾကာင့္ ျပန္ၿပီး တံု႔ဆိုင္းသြားတဲ့သေဘာျဖစ္ေတာ့ COVID အေျခအေန ျပန္ၿပီးေတာ့ ေလ်ာ့ပါးသြားရင္ေတာ့ ဒါေတြက ျပန္စႏိုင္မယ္လို႔ က်ေနာေတာ့ ထင္တယ္။”

တစ္ႏိုင္ငံလံုးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးသေဘာတူစာခ်ဳပ္ NCA ကို ၂၀၁၅ ခုႏွစ္ သမၼတ ဦးသိန္းစိန္ အစိုးရလက္ထက္မွာ တိုင္းရင္းသားလက္နက္ကိုင္အဖဲြ႔ ၈ဖဲြ႔နဲ႔ စတင္လက္မွတ္ထိုးခဲ့ၿပီး ၂၀၁၈ခုႏွစ္မွာ ႏွစ္ဖဲြ႔ ထပ္မံလက္မွတ္ေရးထုိးခဲ့တာျဖစ္ပါတယ္။

ေလာေလာဆည္မွာေတာ့ ၀၊ မုိင္းလား၊ ကခ်င္၊ ကုိးကန္႔၊ တအန္း(ပေလာင္)၊ ရခုိင္၊ ကရင္နီ၊ နာဂနဲ႔ ရွမ္း (SSA ေျမာက္ပိုင္း) စတဲ့အဖဲြ႔ေတြ NCA မွာ ပါ၀င္လာတာမရိွေသးသလို ရွမ္းျပည္နယ္ေျမာက္ပိုင္းမွာ ကခ်င္၊ ကိုးကန္႔၊ တအန္း(ပေလာင္)နဲ႔ တုိက္ပဲြေတြ ၾကိဳးၾကားျဖစ္ေနၿပီး ရခုိင္ဘက္မွာေတာ့ တုိက္ပဲြေတြ ျပင္းျပင္းထန္ထန္ ျဖစ္ပြား ေနပါတယ္။

NCA ၅ ႏွစ္ျပည္႔ ထုတ္ျပန္ခ်က္မ်ား
please wait

No media source currently available

0:00 0:04:16 0:00
တိုက္႐ိုက္ လင့္ခ္


...........

NCA ၅ နှစ်ပြည့် ထုတ်ပြန်ချက်များ

(Unicode)

NCA အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးတဲ့ ၅နှစ်ပြည့် နှစ်ပတ်လည်နေ့မှာ အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက သဝဏ်လွှာနဲ့ ကြေညာချက်တွေ ထုတ်ပြန်ထားတဲ့အပေါ် ဘယ်လို ထူးခြားချက် ပါဝင်သလဲဆိုတာကို တင်ပြသွားပါမယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုမိုးဇော် က တင်ဆက်ပေးမှာပါ။

ဒီကနေ့ကျရောက်တဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ချုပ်ဆိုတဲ့ ၅နှစ်ပြည့် အထိမ်းအမှတ်နေ့မှာ COVID-19 ကပ်ရောဂါကြောင့် ခါတိုင်းနှစ်တွေလို အခမ်းအနား မကျင်းပနိုင်တာမရှိဘဲ ကြေညာချက် ထုတ်ပြန်တာတွေပဲ ရှိခဲ့တာပါ။

၅နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ထုတ်ပြန်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဌ၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဝဏ်လွှာဟာ အစိုးရရဲ့ သဘောထားကို ဖော်ပြနေပြီး ၂၀၂၀ အလွန်မှာ ဆောင်ရွက်မယ့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ၃ရပ်ကို အလေးထား ဖော်ပြထားတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက သုံးသပ် ပါတယ်။

“ အစိုးရအနေနဲ့ ထုတ်ပြန်တာကတော့ဗျာ။ NCA ထိုးမထားသူတွေကိုလည်း နိုင်ငံရေးဆွေးနွေးပွဲကို ရောက်အောင်လုပ်မယ်။ NCA ထိုးထားတဲ့သူတွေနဲ့လည်း အပစ်အခတ်ရပ်စဲရေး၊ နိုင်ငံရေးဆွေးနွေးပွဲကို ဆက်လုပ်မယ်။ အပိုင်း၂ကတော့ ပြည်နယ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ရေးဆွဲရေးတွေ ဆက်တိုးချဲ့ လုပ်သွားမယ်။ အပိုင်း၃ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်မယ်ပေါ့။ ၂၀၂၀ အလွန်လမ်းကြောင်းကိုပါ ထည့်ပြောသွားတာ တွေ့ရတယ်။”

တပ်မတော်ရဲ့ သဝဏ်လွှာကို တပ်မတော် ကာကွယ်ရေးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က ပေးပို့ထားပြီး NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ဖွဲ့ကတော့ ကြေညာချက် ထုတ်ပြန်ခဲ့ တာပါ။

တပ်မတော်ရဲ့ သဝဏ်လွှာနဲ့ EAO ခေါ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ကြေညာချက်အပေါ်မှာတော့ ဦးမောင်မောင်စိုးက အခုလို ဆက်ပြောပါတယ်။

“ ကာကွယ်ရေးဦးစီးချုပ်ရဲ့ ကြေညာချက်မှာတော့ ဒီ NCA လမ်းကြောင်းကိုပဲ လျှောက်ဖို့ ဆိုတာကိုပဲ ဇောင်းပေးပြောသွားပြီးတော့ ကျန်တာကတော့ ထပ်ပြီး အထူးပြုတဲ့အချက်တော့ မတွေ့ရဘူးဗျ။ EAO က ထုတ်ပြန်တဲ့အချက်မှာကတော့ လက်မှတ် မထိုးထားသေးတဲ့အဖွဲ့တွေပါ ပါပြီးတော့ အားလုံးပါဝင်ရေး လိုအပ်တယ်ဆိုတာ လက်ညှိုးညွှန်ပြပါတယ်။ ဒုတိယ တစ်ချက်အနေနဲ့ကတော့ ရခိုင်ပြည်မှာဖြစ်နေတဲ့ စစ်ရေး တင်းမာမှုတွေနဲ့ပတ်သက်ပြီးတော့ နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာဖို့ ဆိုတာကို ဇောင်းပေးတင်ပြပါတယ်။ ဒီအချက်ကတော့ ၃ဖွဲ့လုံးထဲမှာ မပါတဲ့အချက်ပေါ့။ EAO က တင်ပြတဲ့အချက်က။ ”

အဖွဲ့အစည်းအသီးသီးရဲ့ ထုတ်ပြန်ချက်တွေဟာ ငြိမ်းချမ်းရေးနဲ့ တိုင်းရင်းသားအရေးတွေကို ဖြေရှင်းရာမှာ NCA လမ်းကြောင်းအတိုင်း ဆောင်ရွက်နေတာကို အလေးထားကြောင်း ဖော်ပြနေတယ်လို့လည်း ဦးမောင်မောင်စိုးက သုံးသပ်ပါတယ်။

NCA စာချုပ်ချုပ်ဆိုပြီးတဲ့နောက်မှာတော့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၅ကြိမ်ကျင်းပပြီး ပြည်ထောင်စု သဘောတူညီချက် အစိတ်အပိုင်း ၃ အထိ ရရှိထားတာပါ။

ပြီးခဲ့တဲ့ သြဂုတ်လမှာ ကျင်းပတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံ စတုတ္တ အစည်းအဝေး မှာတော့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် အခြေခံမူအချို့ကို ချမှတ်ထားပြီး ဖြစ်ပါတယ်။

ဒီညီလာခံကာလမှာ အလွတ်သဘောဆွေးနွေးပွဲတွေကို စက်တင်ဘာလကုန်၊ ဒါမှမဟုတ် အောက်တိုဘာလဆန်းမှာ ပြန်လည် ဆောင်ရွက်ဖို့လည်း ညှိနှိုင်းခဲ့ကြပေမဲ့ လက်ရှိဖြစ်ပွားနေတဲ့ COVID-19 ကပ်ရောဂါကြောင့် ရပ်တန့်နေခဲ့ရပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင်ရဲ့ အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေက ကပ်ရောဂါဖြစ်ပွားမှု ငြိမ်သက်လာရင် ဒီဆွေးနွေးပွဲတွေ ပြန်လည်စတင်နိုင်မယ်လို့ မျှော်လင့်ကြောင်း အခုလို ပြောပါတယ်။

“ ကျနော်တို့ ပြီးခဲ့တဲ့ ညီလာခံမှာက Post 2020 ကိုပဲ အဓိက ပြောခဲ့တာကိုး။ အဲတော့ ကျနော်တို့က Post 2020 လုပ်တာလည်း နည်းလမ်းတစ်ခု၊ အဲဒီမတိုင်ခင်မှာလည်း ကျနော်တို့ရဲ့ ယုံကြည်မှုလုပ်ငန်းစဉ်နဲ့ အရှိန်ရနေပြီဖြစ်တဲ့ ဆွေးနွေးပွဲတွေကိုလည်း ကျနော်တို့ ဆက်လက်ထိန်းသိမ်းပြီးလုပ်ဖို့ ဆိုတာကိုတော့ အဲဒီတုံးက ဆွေးနွေးပွဲက လူတွေ အားလုံးက သဘောတူတယ်။ ဒါပေမဲ့ အခုက COVID ကြောင့် ပြန်ပြီး တုံ့ဆိုင်းသွားတဲ့သဘောဖြစ်တော့ COVID အခြေအနေ ပြန်ပြီးတော့ လျော့ပါးသွားရင်တော့ ဒါတွေက ပြန်စနိုင်မယ်လို့ ကျနောတော့ ထင်တယ်။”

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ကို ၂၀၁၅ ခုနှစ် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ဖွဲ့နဲ့ စတင်လက်မှတ်ထိုးခဲ့ပြီး ၂၀၁၈ခုနှစ်မှာ နှစ်ဖွဲ့ ထပ်မံလက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။

လောလောဆည်မှာတော့ ဝ၊ မိုင်းလား၊ ကချင်၊ ကိုးကန့်၊ တအန်း(ပလောင်)၊ ရခိုင်၊ ကရင်နီ၊ နာဂနဲ့ ရှမ်း (SSA မြောက်ပိုင်း) စတဲ့အဖွဲ့တွေ NCA မှာ ပါဝင်လာတာမရှိသေးသလို ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ကချင်၊ ကိုးကန့်၊ တအန်း(ပလောင်)နဲ့ တိုက်ပွဲတွေ ကြိုးကြားဖြစ်နေပြီး ရခိုင်ဘက်မှာတော့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွား နေပါတယ်။

XS
SM
MD
LG