သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မႏၲေလး၊ စစ္ကိုင္းနဲ႔ ၿမိဳ႕တခ်ိဳ႕ စစ္အာဏာရွင္ဆန႔္က်င္ေရး ဆႏၵျပမႈ ရွိေနဆဲ


ကေလးၿမိဳ႕မွာျပဳလုပ္တဲ့ ၂၁၀ ရက္ေျမာက္ စစ္အာဏာသိမ္းမႈ ဆန္႔က်င္ ဆႏၵျပပြဲ။ (စက္တင္ဘာ ၅၊ ၂၀၂၁။ ဓာတ္ပုံ - CJ)

(Zawgyi / Unicode)

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းၿပီးကတည္းက ဆႏၵျပပြဲေတြ ဆက္တိုက္ဆိုသလို ျပဳလုပ္ေလ့ရွိတဲ့ ၿမိဳ႕နယ္တခ်ိဳ႕မွာ စက္တင္ဘာ ၅ ရက္ ဒီကေန႔မွာလည္း အာဏာရွင္ဆန႔္က်င္ေရး ဆႏၵျပပြဲေတြ ဆက္လက္ျပဳလုပ္ခဲ့ၾကပါတယ္။ ႏိုင္ငံ ေနရာတခ်ိဳ႕မွာေတာ့ ပစ္ခတ္သတ္ျဖတ္မႈေတြနဲ႔ ေပါက္ကြဲမႈေတြလည္း ျဖစ္ေပၚခဲ့ပါတယ္။

ဒီကေန႔ မႏၲေလးၿမိဳ႕မွာ သံဃသမဂၢ ဆရာေတာ္ေတြ ဦးေဆာင္ၿပီး ခ်ီတက္ ဆႏၵျပခဲ့ၾကပါတယ္။

အလားတူပဲ မႏၲေလး အင္ဂ်င္နီယာ သပိတ္စစ္ေၾကာင္း၊ မႏၲေလး သပိတ္အင္အားစုေတြကလည္း စစ္အာဏာရွင္ဆန႔္က်င္ေရး ခ်ီတက္ဆႏၵျပပြဲေတြ မႏၱေလးၿမိဳ႕တဝန္း ျပဳလုပ္ခဲ့ၾကသလို အမရပူရၿမိဳ႕ခံ လူငယ္ေတြကလည္း “စစ္အာဏာရွင္ မုခ်က်ဆုံးရမည္၊ စစ္မိန႔္ကို ဆန႔္က်င္ၾက” လို႔ ေရးသားထားတဲ့ လႈံ႔ေဆာ္စာေတြ ျဖန႔္ေဝ က်ဲခ်ခဲ့ၾကတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

စစ္ကိုင္းတိုင္း၊ ေရႊဘိုၿမိဳ႕မွာလည္း စစ္အာဏာရွင္ျပဳတ္က်ေရးနဲ႔ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းကို ေထာက္ခံေၾကာင္း ဒီကေန႔မနက္ လမ္းမေတြေပၚထြက္ ဆႏၵေဖာ္ထုတ္ခဲ့ၾကပါတယ္။

စစ္အာဏာရွင္ဆန႔္က်င္ေရး ဆႏၵျပပြဲေတြ ပုံမွန္ျပဳလုပ္ေလ့ရွိတဲ့ ကေလးၿမိဳ႕မွာလည္း လုံၿခဳံေရးေတြ တင္းက်ပ္စြာ ခ်ထားတဲ့ၾကားကပဲ ဒီကေန႔ ခ်ီတက္ဆႏၵျပခဲ့ၾကသလို ဆားလင္းႀကီး၊ ယင္းမာပင္၊ လက္ပံေတာင္းေတာင္နဲ႔ ထားဝယ္ၿမိဳ႕ေတြမွာလည္း စစ္အာဏာသိမ္းမႈ ဆန႔္က်င္တဲ့ ဆႏၵေဖာ္ထုတ္ပြဲေတြ အသီးသီး ျပဳလုပ္ခဲ့ၾကပါတယ္။

စစ္အာဏာရွင္ဆန႔္က်င္ေရး ဆႏၵျပပြဲေတြ တဖက္မွာ ဆက္ရွိေနသလို စစ္ေကာင္စီရဲ႕ အုပ္ခ်ဳပ္ေရးအဖြဲ႔႐ုံးေတြ အပါအဝင္ စစ္ေကာင္စီအတြက္ သတင္းေပးလို႔ စြပ္စြဲခံရသူေတြအေပၚ တိုက္ခိုက္မႈေတြလည္း မၾကာခနဆိုသလို ျဖစ္ေပၚေနတာပါ။

မႏၲေလးတိုင္း၊ အမရပူရၿမိဳ႕နယ္အတြင္းမွာရွိတဲ့ ဦးပိန္တံတား ကန္ပတ္လမ္းမွာ ဒီကေန႔ မြန္းမတည့္ခင္ အခ်ိန္ေလာက္က စစ္ေကာင္စီယာဥ္ ဗုံးခြဲ တိုက္ခိုက္ခံရတဲ့အတြက္ အနည္းဆုံး စစ္သား ၂ ဦး ထိခိုက္ဒဏ္ရာရသြားတယ္လို႔ မ်က္ျမင္သက္ေသေတြက ေျပာပါတယ္။

ခ်င္းျပည္နယ္၊ ဟားခါးၿမိဳ႕မွာရွိတဲ့ အစိုးရအဖြဲ႔႐ုံး အပါအဝင္ ေနရာ ၃ ခု မေန႔ စက္တင္ဘာ ၄ ရက္ေန႔က တိုက္ခိုက္ခံခဲ့ရတဲ့အတြက္ အနည္းဆုံး စစ္ေကာင္စီတပ္ဖြဲ႔ဝင္ ၃ ဦး ေသဆုံးခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

ပဲခူးၿမိဳ႕၊ ေက်ာက္တြင္းကုန္းရပ္ကြက္က စစ္ေကာင္စီသတင္းေပးလို႔ သံသယရွိခံရသူ ရာအိမ္မွဴးတဦး မေန႔ စက္တင္ဘာ ၄ ရက္ေန႔ည ၉ နာရီေလာက္က ပစ္သတ္ခံခဲ့ရေၾကာင္း ေဒသခံေတြက ေျပာပါတယ္။

ေရဦးၿမိဳ႕နယ္၊ ဖန္းကားဇင္ေက်းရြာသား အသက္ ၂၁ ႏွစ္အရြယ္ လူငယ္တဦးကို စစ္ေကာင္စီက ပစ္ခတ္သတ္ျဖတ္လိုက္ေၾကာင္း ေဒသခံေတြက ေျပာၾကားလိုက္ၿပီး သူနဲ႔အတူပါသြားတဲ့ ေနာက္ထပ္ ၃ ဦးလည္း ေပ်ာက္ဆုံးေနတယ္လို႔ ဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------

(Unicode)

မန္တလေး၊ စစ်ကိုင်းနဲ့ မြို့တချို့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှု ရှိနေဆဲ

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးကတည်းက ဆန္ဒပြပွဲတွေ ဆက်တိုက်ဆိုသလို ပြုလုပ်လေ့ရှိတဲ့ မြို့နယ်တချို့မှာ စက်တင်ဘာ ၅ ရက် ဒီကနေ့မှာလည်း အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဆက်လက်ပြုလုပ်ခဲ့ကြပါတယ်။ နိုင်ငံ နေရာတချို့မှာတော့ ပစ်ခတ်သတ်ဖြတ်မှုတွေနဲ့ ပေါက်ကွဲမှုတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။

ဒီကနေ့ မန္တလေးမြို့မှာ သံဃသမဂ္ဂ ဆရာတော်တွေ ဦးဆောင်ပြီး ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

အလားတူပဲ မန္တလေး အင်ဂျင်နီယာ သပိတ်စစ်ကြောင်း၊ မန္တလေး သပိတ်အင်အားစုတွေကလည်း စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြပွဲတွေ မန္တလေးမြို့တဝန်း ပြုလုပ်ခဲ့ကြသလို အမရပူရမြို့ခံ လူငယ်တွေကလည်း “စစ်အာဏာရှင် မုချကျဆုံးရမည်၊ စစ်မိန့်ကို ဆန့်ကျင်ကြ” လို့ ရေးသားထားတဲ့ လှုံ့ဆော်စာတွေ ဖြန့်ဝေ ကျဲချခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှာလည်း စစ်အာဏာရှင်ပြုတ်ကျရေးနဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း ဒီကနေ့မနက် လမ်းမတွေပေါ်ထွက် ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ပုံမှန်ပြုလုပ်လေ့ရှိတဲ့ ကလေးမြို့မှာလည်း လုံခြုံရေးတွေ တင်းကျပ်စွာ ချထားတဲ့ကြားကပဲ ဒီကနေ့ ချီတက်ဆန္ဒပြခဲ့ကြသလို ဆားလင်းကြီး၊ ယင်းမာပင်၊ လက်ပံတောင်းတောင်နဲ့ ထားဝယ်မြို့တွေမှာလည်း စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ ဆန္ဒဖော်ထုတ်ပွဲတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ တဖက်မှာ ဆက်ရှိနေသလို စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးအဖွဲ့ရုံးတွေ အပါအဝင် စစ်ကောင်စီအတွက် သတင်းပေးလို့ စွပ်စွဲခံရသူတွေအပေါ် တိုက်ခိုက်မှုတွေလည်း မကြာခနဆိုသလို ဖြစ်ပေါ်နေတာပါ။

မန္တလေးတိုင်း၊ အမရပူရမြို့နယ်အတွင်းမှာရှိတဲ့ ဦးပိန်တံတား ကန်ပတ်လမ်းမှာ ဒီကနေ့ မွန်းမတည့်ခင် အချိန်လောက်က စစ်ကောင်စီယာဉ် ဗုံးခွဲ တိုက်ခိုက်ခံရတဲ့အတွက် အနည်းဆုံး စစ်သား ၂ ဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

ချင်းပြည်နယ်၊ ဟားခါးမြို့မှာရှိတဲ့ အစိုးရအဖွဲ့ရုံး အပါအဝင် နေရာ ၃ ခု မနေ့ စက်တင်ဘာ ၄ ရက်နေ့က တိုက်ခိုက်ခံခဲ့ရတဲ့အတွက် အနည်းဆုံး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပဲခူးမြို့၊ ကျောက်တွင်းကုန်းရပ်ကွက်က စစ်ကောင်စီသတင်းပေးလို့ သံသယရှိခံရသူ ရာအိမ်မှူးတဦး မနေ့ စက်တင်ဘာ ၄ ရက်နေ့ည ၉ နာရီလောက်က ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံတွေက ပြောပါတယ်။

ရေဦးမြို့နယ်၊ ဖန်းကားဇင်ကျေးရွာသား အသက် ၂၁ နှစ်အရွယ် လူငယ်တဦးကို စစ်ကောင်စီက ပစ်ခတ်သတ်ဖြတ်လိုက်ကြောင်း ဒေသခံတွေက ပြောကြားလိုက်ပြီး သူနဲ့အတူပါသွားတဲ့ နောက်ထပ် ၃ ဦးလည်း ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG