သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျိုင်းတံတားရေလျှံလို့ ထိုင်း-မြန်မာကုန်သွယ်မှု ထိခိုက်


 ထိုင်းဘက်ကမြန်မာဘက်ကို ကုန်ပစ္စည်းပို့နေတဲ့ကားများ
ထိုင်းဘက်ကမြန်မာဘက်ကို ကုန်ပစ္စည်းပို့နေတဲ့ကားများ

ထိုင်း-မြန်မာ အဓိက ကုန်သွယ်မူလုပ်နေတဲ့ တာ့ခရိုင်မဲဆောက်က ကုန်ပစ္စည်းတွေ အများဆုံးသယ်ဆောင်ရာလမ်းကြောင်းဖြစ်တဲ့ ကရင်ပြည်နယ်ထဲက ဂျိုင်းတံတား ပျက်စီးနေတာကြောင့် ထိုင်း-မြန်မာကုန်တင်ကား အစီး ၁၀၀၀လောက်က သွားလာမရဖြစ်နေပါတယ်။ မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

ထိုင်း-မြန်မာနယ်စပ်မှာတော့ ရှိနေပြီးသား ကုန်ပစ္စည်းတွေဟာ မဲဆောက်-မြဝတီ ချစ်ကြည်ရေး တံတားပေါ်က ဖြတ်သန်းသွားလာနေပေမဲ့ မြန်မာဘက်က ဂျိုင်းတံတားပျက်စီးနေတာကြောင့် နှစ်နိုင်ငံကုန်ပစ္စည်းတင်တဲ့ကားတွေ တဖက်အစီး၅၀၀လောက်က သွားလာမရ ဖြစ်နေတယ်လို့ မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ပြောပြပါတယ်။

“ Export import (နေစဉ်ကုန်သွယ်မူ) ကသွားလို့ရတယ်။ တခုရှိတယ် ဂျိုင်းမှာရှိတာတော့ ဟိုဘက်ကလည်း ဒီဘက်ကို ကူးမရဘူး ဒီဘက်ကလည်းကူးလို့ မရဘူး။ အခုက တဖက်စီကို ကုန်ကား ၅၀ ဝလောက်ဆီရှိတယ်လို့ ခန့်မှန်းထားတယ်။လောလောဆယ်တော့ အဓိက ဂျိူင်းတံတားပေါ့ ပိတ်ထားတာ ၂ရက်ရှိပြီ။ ဂျိုင်းတံတားရေက နောက်ထပ် ၂ပေလောက် ၊ ၃ပေလောက်ကျမှ ဖြစ်မှာ။ ရေများတော့ ကူးလို့မရဘူး အဆင်မပြေဘူး။ အတက်အဆင်း မရသေးဘူးအမ ။ ရေကအနည်းဆုံး ၂ပေလောက်ကျမှ ရမှာ”

လက်ရှိမှာ ချစ်ကြည်ရေးတံတား ပိတ်လိုက်ရတဲ့ အခြေအတွေတော့ မရှိပေမဲ့ ဂိုဒေါင်တွေမှာ ရှိပြီး သား ကုန်စည်စီးဆင်းမူတွေ ကတော့ ရပ်မသွားဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် အရင်လို ကုန်ကားတွေ အသွားအလာတွေ များပြီး ချစ်ကြည်ရေး တံတားနဲ့ နှစ်နိုင်ငံက အာရှလမ်းမတလျောက် ပိတ်ဆို့ နေတာတွေတော့ မဖြစ်တော့ဘူးလို့ ဆိုပါတယ်။

“မြဝတီကျတော့ ကုန်သွယ်ရေးဇုံမှာတော့ ကားရှင်းနေတယ်၊ လမ်းမှာရော ကားတွေရှင်းနေတယ်။ လက်ရှိက အတက်အဆင်းက မျှနေတယ်။ ကားကြီးတွေဘက်က အတက် ၂၀၀- ၂၅၀လောက်ရှိတယ် အဆင်း ၂၀၀- ၂၅၀ရှိတယ် ။ ကျနော်တို့က ပြောင်းတင်ပို့က ရှိနေတယ်။ တနေ့ အစီးက ၅၀၀လောက် ဆိုတော့ traffic ကတော့ အတော်ရှင်းရတယ်။ အခု လောလောဆည်က ၂ဖက်လုံးက ရပ်နေတာပေါ့။ ဒီမှာရှိပြီးသားဟာတွေကတော့ သွားတာရှိတယ်။ ဂိုဒေါင်မှာရှိပြီးသားပေါ့ ဂိုဒေါင်မှာလည်း ရှိပြီးသား ဟိုဘက်သွားဖို့ စာရွက်စာတမ်းလုပ်ပြီးသားဆိုရင်တော့ သွားလို့ရတာပေါ့ ပြောချင်တာကတော့ အရင်လို့တော့ ကားကမကျပ်ဘူး။ ဂျိုင်းတံတားမှာကပိတ်နေတော့ ဒီဘက်မှာ ကားမများဘူး။”

မြန်မာဘက်ကတော့ ပြောင်းတွေ အများဆုံးပို့ပြီး ထိုင်းဘက်ကတော့ အိမ်ဆောက်ပစ္စည်းတွေ လျှပ်စစ်ပစ္စည်းတွေ အများဆုံးတင်ပို့နေတာဖြစ်ပါတယ်။ အခုလ ဂျိုင်းတံတားပျက်စီးပြီး၂ရက်ပိတ်ဆို့မူတွေ ဖြစ်နေတဲ့အတွက် မြန်မာဘက်က ဆုံးရှုံး နစ်နာမူတွေကို တွက်ချက်လို့ မရသေးဘူးလို့ ဆိုပါတယ်။

ထိုင်းဘက်ကတော့ တနေ့ကို ဘတ်သန်း၂ထောင်ဖိုးလောက် နစ်နာမူတွေရှိတာကြောင့် ၂ရက်ပိတ်ဆို့နေတဲ့ အတွက်ပျမ်းမျှအားဖြစ် ဘတ်သန်း ၄၀၀၀ လောက်နစ်နာမူတွေရှိတယ်လို့ ဆိုပါတယ် ။ လောလောဆည်မှာတော့ ထိုင်း- မြန်မာနယ်စပ်နဲ့ အနီးဆုံး ကရင်ပြည်နယ်၊ မွန်ပြည်မှာတော့ ရေကြီးမူ၊ မြေပြိုမူတွေ လမ်းတံတားပျက်စီးမူတွေနဲ့ လူသေဆုံးမူ ပျောက်ဆုံးတွေလည်း ရှိနေသလို ခရီးသွားလာရေးအတွက် အခက်အခဲတွေလည်းကြုံနေရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG