သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဘုရားသံုးဆူေဒသ ဒုကၡသည္တခ်ဳိ႕ ေနရပ္ျပန္


(Zawgyi/Unicode)

ဘုရားသံုးဆူေဒသမွာ တပ္မေတာ္နဲ႔ မြန္ျပည္သစ္ပါတီၾကား တိုက္ပြဲျဖစ္တာေၾကာင့္ ထုိင္းႏုုိင္ငံဘက္ကို ထြက္ေျပး သြားတဲ့ စစ္ေျပးဒုကၡသည္တခ်ဳိ႕ အိမ္ျပန္ေနၾကၿပီျဖစ္ေပမယ့္ အမ်ားစုကေတာ့ မျပန္ႏုိင္ေသးပါဘူး။ စစ္ေရးအေျခအေန ေအးခ်မ္း သြားၿပီျဖစ္ေပမယ့္ တိုက္ပြဲျဖစ္ခဲ့တဲ့ေနရာမွာ အစိုးရတပ္ေတြ ရွိေနေသးတာေၾကာင့္ မျပန္ႏုိင္ၾကေသးတာပါ။ တပ္မေတာ္က သိမ္း လိုက္တဲ့စခန္းကို မြန္ျပည္သစ္ပါတီက ျပန္ရၿပီျဖစ္ေပမယ့္ ဟသၤာဂိတ္မွာေတာ့ အစိုးရတပ္က တပ္စြဲထားဆဲရွိပါတယ္။ ဒီအေျခ အေနေတြကို ဗီြအိုေအ ထိုင္းအေျခစိုက္သတင္းေထာက္ ႏုိင္ကြန္းအိမ္က သတင္းေပးပို႔ထားပါတယ္။

မြန္ျပည္သစ္ပါတီနဲ႕ျမန္မာစစ္တပ္တို႕ျဖစ္ပြားတဲ့တိုက္ပြဲအတြင္း ထိုင္းနိုင္ငံဖက္ျခမ္း ဘုန္းႀကီးေက်ာင္း ေတြမွာ ခိုလွဳံေနၾကတဲ့ စစ္ေရွာင္ရြာသားေတြ ေနရပ္ရြာကိုစတင္ျပန္ေနၾကျပီလို႕ မီးေသြးဖို စစ္ေရွာင္စခန္း ကိုေရာက္ရွိေနတဲ့ ၾကံေတာေက်းရြာ အုပ္ခ်ဳပ္ေရးမွဴးနိုင္ပန္းညြန္႕က အခုလိုေျပာပါတယ္။

“စစ္ေဘးေရွာင္ေတြကေတာ့ ဂ်ပန္ေရတြင္းက လူေတြ ျပန္ၾကျပီး။ ျပန္သြားတာမနည္းဘုူး (၂၀၀)နီးပါး ေလာက္ ရွိမယ္။ ဒီစခန္းမွာ ေနလာတာတပတ္ေက်ာ္လို႕မေနနိုင္ေတာ့ဘူးလို႕သူတို႕ေျပာတယ္။”

ၾကံေတာေက်းရြာသား အပါ၀င္ စစ္ေရွာင္အမ်ားစုကေတာ့ ျမန္မာစစ္တပ္ေတြ ဂ်ပန္ေရတြင္း၀န္းက်င္မွာ အကုန္တပ္ မရုပ္သိမ္းတာ ေၾကာင့္ အိမ္ျပန္ဖို႕မ၀ံ့ရဲေသးသလို အေျခအေနကိုေစာင့္ၾကည့္ေနတယ္လို႕ စစ္ေရွာင္တဦးကေျပာပါတယ္။

ထိုင္းနိုင္ငံဖက္ျခမ္း မီးေသြးဖို ၊ နမ္းကိတ္ဘုန္းၾကီးေက်ာင္းနဲ႕ စံခလပူရီၿမိဳ႕ဘက္မွာ စစ္ေရွာင္(၅၀၀)ေက်ာ္ရွိေနတာပါ။

ျပီးခဲ့တဲ့ နို၀င္ဘာလ(၂၇)ရက္ေန႕က မြန္ျပည္သစ္တပ္တည္ရာ ဂ်ပန္ေရတြင္းကို ျမန္မာစစ္တပ္ကေန နယ္စပ္စစ္ေဆး ဖို႕ အေၾကာင္းျပခ်က္နဲ႕၀င္ေရာက္လာရာမွာ ႏွစ္ဖက္ ပစ္ခတ္မႈေတြျဖစ္ပြားခဲ့တာပါ။

တိုက္ပြဲျဖစ္ခဲ့ရာမွာ ျမန္မာစစ္တပ္နဲ႕အတူကရင္နယ္ျခားေစာင့္တပ္ BGFတို႕ပူးေပါင္းအင္အားနဲ႕ ထိုးစစ္ဆင္လာတာ ေၾကာင့္ မြန္ျပည္သစ္တပ္ဖြဲ႕၀င္ေတြ ေနာက္ဆုတ္ခဲ့ရျပီး ဂ်ပန္ေရတြင္း မြန္တပ္စခန္း ကို ျမန္မာစစ္တပ္ဘက္က သိမ္းပိုက္ ထားတဲ့အေျခအေနေၾကာင့္ ဂ်ပန္ေရတြင္း ၾကံေတာ တပ္ရင္း(၃)ေက်းရြာက ရြာသား(၅၀၀)ေက်ာ္ ထိုင္းဖက္ျခမ္းက ဘုန္းၾကီးေက်ာင္းမွာ တိမ္းေရွာင္ ေနၾကရတာပါ။

မြန္ျပည္သစ္ပါတီနဲ႕ျမန္မာစစ္တပ္တို႕အၾကားႏွစ္ဖက္ေခါင္းေဆာင္ေတြညိွႏွိဳင္းမႈ အတန္သင့္ေျပလည္သြားလို႕ ေနရပ္ ျပန္လာၾကတာလဲျဖစ္ပါတယ္။

ျပီးခဲ့တဲ့ဒီဇင္ဘာ(၃)ရက္ေန႕က ျမန္မာစစ္တပ္ေခါင္းေဆာင္ေတြနဲ႕ မြန္ျပည္သစ္ေခါင္းေဆာင္တို႕ ဘုရားသုံးဆူျမိဳ႕ မြန္ဆက္ဆံေရးေရးရံုးအတြင္း ညိွႏွိဳင္းမွဳအေျခအေနကိုေတာ့ ဗဟုိဝန္းက်င္ေဒသ ဒုတိယအဖြဲ႔ေခါင္းေဆာင္ ဒုဗိုလ္မွဴး ၾကီးM စိုက္ခ်မ္းကအခုလိုေျပာပါတယ္။

“ေတြ႕ဆုံမႈ ရလဒ္ကေတာ့ ကြ်န္ေတာ္တို႕ရွိတဲ့ တပ္စခန္းေတြကို ကြ်န္ေတာ္တို႕ လူေတြက ျပန္၀င္လိုက္ျပီး။ သူတို႕က် ေတာ့ ကြ်န္ေတာ္တို႕တပ္စခန္းနဲ႕ကိုက္(၃၀၀)အကြာေပါ့။ ဟသၤာဂိတ မွာက်ေတာ့ သူတို႕ကေတာ့ ႏွစ္ဖက္ခြဲျပီးေတာ့ ေနေနတာေပါ့ေနာ္။ အဆက္သြယ္ေလးေတာ့ လုပ္ထားတာေပါ့။ ဒီလိုအေျခအေနက ေနာက္ဆုံးအေျခအေနဘဲဗ်။”

လက္ရွိဂ်ပန္ေရတြင္း တပ္စခန္းကို မြန္ျပည္သစ္ပါတီက ျပန္လည္အေျခခ်ေနေပမဲ့ ယခင္ မြန္ျပည္သစ္ပါတီ ဟသၤာတိုင္ ဂိတ္စခန္းကိုေတာ့ ျမန္မာစစ္တပ္ဖက္ကေနာက္မဆုတ္ဘဲ တပ္ခ်ထားဆဲ ျဖစ္ပါတယ္။

ျမန္မာစစ္တပ္ဘက္က ေနရာယူထားဆဲ ဟသၤာတိုင္ ဂိတ္စခန္း ျပန္လည္ရရွိေရးအတြက္ ဆက္လက္ ညိွႏွိဳင္းသြားရမယ္ လို႕ ဒုဗိုလ္မွဴးႀကီးM စိုက္ခ်မ္းကအခုလိုဆက္ေျပာပါတယ္။

“ဒါေပမယ့္ သူတို႕လူၾကီးေတြေျပာေတာ့ အဲဒီမွာဆုတ္ေပးမယ္လို႕ေတာ့ေျပာတာေပါ့ေနာ္။ အဲဒီေလာက္ဘဲ သူတိုကေျပာ ထား တယ္။ ကြ်န္ေတာ္တို႕ကေတာ့ေစာင့္ၾကည့္ရမယ့္ အပိုင္းေလာက္ဘဲဗ်။ အေျခအေနကိုၾကည့္ျပီးေတာ့ ကြ်န္ေတာ္တို႕ က အဆင္ေျပသလိုေတာ့ အဲတာ လုပ္ငန္းေတြေဖၚေဆာင္ေနတာဘဲ အဲဒီေလာက္ဘဲဗ်။”

ဘုရားသုံးဆူေဒသတိုက္ပြဲျဖစ္စဥ္မွာ တစ္ႏိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးသေဘာတူစာခ်ဳပ္ NCA ကို ခ်ိဳးေဖာက္ တယ္လို႕ မြန္ျပည္သစ္ပါတီကေရာ ျမန္မာစစ္တပ္ကပါ အျပန္လွန္ စြပ္စြဲမွဳေတြ ရွိေနၾကတာပါ။

စတင္ပစ္ခတ္တဲ့ မြန္ျပည္သစ္တပ္ဖြဲ႕၀င္ေတြကို တပ္မေတာ္ကေန ဥပေဒေၾကာင္းရာအရ အမွဳဖြင့္ ထားတယ္လို႕ အေရွ႕ေတာင္တိုင္းစစ္ဌာနခ်ဳပ္ တပ္မေတာ္ေျပာခြင့္ရ ဗိုလ္မွဴးႀကီး ေမာင္ေမာင္လတ္ကဗြီအိုေအကိုေျပာဆိုခဲ့ပါတယ္။

ဒီလိုကာလမွာ စစ္ေရးတင္းမာမႈ ျဖစ္ပြားတာဟာ ျငိမ္းခ်မ္းေရးအတြက္ အက်ိဳးမဲ့ေစတယ္လို႕ မြန္နိုင္ငံေရး အနီးကပ္ ေစာင့္ၾကည့္သူ နိုင္မင္းမင္းႏြယ္ကဆိုပါတယ္။

“ဒီဘက္ေတာင္ပိုင္းေဒသမွာက လက္နက္သံေတြ ဗံုးသံေတြမၾကားရတာ ေတာ္ေတာ္ၾကာျပီ။ ေတာ္ေတာ္ေအးေအးခ်မ္း ခ်မ္းရွိေနျပီး။ ေဒသဖြံ႕ျဖိဳးေရးကိစၥေတြေရာ နိုင္ငံတကာနဲ႕ပါ ပူးေပါင္း ေဆာင္ရြက္ေနတဲ့ ကာလျဖစ္တယ္။ ေနာက္ျပီးေတာ့ NCA စာခ်ဳပ္အရလဲ အေကာင္အထည္ေဖၚမွဳက ဒီဘက္ေဒသမွာ အေကာင္ထည္ေတြ စေဖၚေနတဲ့ကာလမွာ ႏွစ္ဦး သေဘာတူ တပ္တည္ေနရာမွာ အဲဒီလိုမ်ိဳးဘဲ ညိွႏွိဳင္းေဆာင္ရြက္မွဳမရဘဲနဲ႕ ဒီလိုမ်ိဳးထိေတြ႕မွဳျဖစ္တာကေတာ့ မေကာင္း ဘူးေပါ့ဗ်ာ။ ျငိမ္းခ်မ္းေရးအတြက္လည္း မေကာင္းဘူး။ ျပည္သူလူထုအတြက္လဲ ထိတ္လန္႕ စရာေတြျ ဖစ္တာေပါ့ေလ ဒါကမျဖစ္သင့္တဲ့ကိစၥပါ။”

မြန္ျပည္သစ္ပါတီဟာ ၂၀၁၈ခုႏွစ္က NCAအပစ္ရပ္စာခ်ဳပ္လက္မွတ္ေရးထိုးထားသလို နိုင္ငံတကာနဲ႕ခ်ိတ္ဆက္ျပီး ေဒသဖြံ႕ျဖိဳးေရးလုပ္ငန္းအေကာင္အထည္ေဖၚေနဆဲျဖစ္ပါတယ္။

မြန္ျပည္သစ္ပါတီဟာ NCA အပစ္ရပ္လက္မွတ္ေရးထိုးျပီး ျပည္ေထာင္စုအဆင့္ တစ္နိုင္ငံလုံး အပစ္အခတ္ ရပ္စဲေရး ပူးတြဲေစာင့္ၾကည့္ေရးေကာ္မတီ JMC အဖြဲ႕ဝင္ျဖစ္ေပမယ့္ မြန္ျပည္နယ္ ကရင္ျပည္နယ္နဲ႕တနသၤာရီတိုင္းေတြမွာ JMC-S အဖြဲ႕၀င္မျဖစ္ေသးပါဘူး။

မြန္ျပည္သစ္ပါတီဟာ မြန္ျပည္နယ္မွာသာမက ကရင္ျပည္နယ္နဲ႕တနသၤာရီတိုင္းေတြမွာ အေျချပဳ တပ္တည္စခန္းေတြ လွဳပ္ရွားမွဳေတြရွိေနတဲ့အတြက္ ျပည္နယ္နဲ႕တိုင္းအဆင့္ အပစ္အခတ္ရပ္စဲေရး ပူးတြဲေစာင့္ၾကည့္ေရးေကာ္မတီ JMC အဖြဲ႕ဝင္မျဖစ္ေသးတာေၾကာင့္ ျပႆနာျဖစ္ရင္ ေျဖရွင္းတိုင္ၾကားနိုင္ဖို႕အခက္ခဲရွိေနတယ္လို႕မြန္ႏိုင္ငံေရး ေလ့ လာသူေတြက သုံးသပ္ေျပာဆိုပါတယ္။

ဘုရားသံုးဆူေဒသ ဒုကၡသည္တခ်ဳိ႕ ေနရပ္ျပန္
please wait

No media source currently available

0:00 0:04:34 0:00
တိုက္႐ိုက္ လင့္ခ္


.................

ဘုရားသုံးဆူဒေသ ဒုက္ခသည်တချို့ နေရပ်ပြန်

(Unicode)

ဘုရားသုံးဆူဒေသမှာ တပ်မတော်နဲ့ မွန်ပြည်သစ်ပါတီကြား တိုက်ပွဲဖြစ်တာကြောင့် ထိုင်းနိုင်ငံဘက်ကို ထွက်ပြေး သွားတဲ့ စစ်ပြေးဒုက္ခသည်တချို့ အိမ်ပြန်နေကြပြီဖြစ်ပေမယ့် အများစုကတော့ မပြန်နိုင်သေးပါဘူး။ စစ်ရေးအခြေအနေ အေးချမ်း သွားပြီဖြစ်ပေမယ့် တိုက်ပွဲဖြစ်ခဲ့တဲ့နေရာမှာ အစိုးရတပ်တွေ ရှိနေသေးတာကြောင့် မပြန်နိုင်ကြသေးတာပါ။ တပ်မတော်က သိမ်း လိုက်တဲ့စခန်းကို မွန်ပြည်သစ်ပါတီက ပြန်ရပြီဖြစ်ပေမယ့် ဟင်္သာဂိတ်မှာတော့ အစိုးရတပ်က တပ်စွဲထားဆဲရှိပါတယ်။ ဒီအခြေ အနေတွေကို ဗွီအိုအေ ထိုင်းအခြေစိုက်သတင်းထောက် နိုင်ကွန်းအိမ်က သတင်းပေးပို့ထားပါတယ်။

မွန်ပြည်သစ်ပါတီနဲ့မြန်မာစစ်တပ်တို့ဖြစ်ပွားတဲ့တိုက်ပွဲအတွင်း ထိုင်းနိုင်ငံဖက်ခြမ်း ဘုန်းကြီးကျောင်း တွေမှာ ခိုလှုံနေကြတဲ့ စစ်ရှောင်ရွာသားတွေ နေရပ်ရွာကိုစတင်ပြန်နေကြပြီလို့ မီးသွေးဖို စစ်ရှောင်စခန်း ကိုရောက်ရှိနေတဲ့ ကြံတောကျေးရွာ အုပ်ချုပ်ရေးမှူးနိုင်ပန်းညွန့်က အခုလိုပြောပါတယ်။

“စစ်ဘေးရှောင်တွေကတော့ ဂျပန်ရေတွင်းက လူတွေ ပြန်ကြပြီး။ ပြန်သွားတာမနည်းဘုူး (၂၀၀)နီးပါး လောက် ရှိမယ်။ ဒီစခန်းမှာ နေလာတာတပတ်ကျော်လို့မနေနိုင်တော့ဘူးလို့သူတို့ပြောတယ်။”

ကြံတောကျေးရွာသား အပါဝင် စစ်ရှောင်အများစုကတော့ မြန်မာစစ်တပ်တွေ ဂျပန်ရေတွင်းဝန်းကျင်မှာ အကုန်တပ် မရုပ်သိမ်းတာ ကြောင့် အိမ်ပြန်ဖို့မဝံ့ရဲသေးသလို အခြေအနေကိုစောင့်ကြည့်နေတယ်လို့ စစ်ရှောင်တဦးကပြောပါတယ်။

ထိုင်းနိုင်ငံဖက်ခြမ်း မီးသွေးဖို ၊ နမ်းကိတ်ဘုန်းကြီးကျောင်းနဲ့ စံခလပူရီမြို့ဘက်မှာ စစ်ရှောင်(၅၀၀)ကျော်ရှိနေတာပါ။

ပြီးခဲ့တဲ့ နိုဝင်ဘာလ(၂၇)ရက်နေ့က မွန်ပြည်သစ်တပ်တည်ရာ ဂျပန်ရေတွင်းကို မြန်မာစစ်တပ်ကနေ နယ်စပ်စစ်ဆေး ဖို့ အကြောင်းပြချက်နဲ့ဝင်ရောက်လာရာမှာ နှစ်ဖက် ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တာပါ။

တိုက်ပွဲဖြစ်ခဲ့ရာမှာ မြန်မာစစ်တပ်နဲ့အတူကရင်နယ်ခြားစောင့်တပ် BGFတို့ပူးပေါင်းအင်အားနဲ့ ထိုးစစ်ဆင်လာတာ ကြောင့် မွန်ပြည်သစ်တပ်ဖွဲ့ဝင်တွေ နောက်ဆုတ်ခဲ့ရပြီး ဂျပန်ရေတွင်း မွန်တပ်စခန်း ကို မြန်မာစစ်တပ်ဘက်က သိမ်းပိုက် ထားတဲ့အခြေအနေကြောင့် ဂျပန်ရေတွင်း ကြံတော တပ်ရင်း(၃)ကျေးရွာက ရွာသား(၅၀၀)ကျော် ထိုင်းဖက်ခြမ်းက ဘုန်းကြီးကျောင်းမှာ တိမ်းရှောင် နေကြရတာပါ။

မွန်ပြည်သစ်ပါတီနဲ့မြန်မာစစ်တပ်တို့အကြားနှစ်ဖက်ခေါင်းဆောင်တွေညှိနှိုင်းမှု အတန်သင့်ပြေလည်သွားလို့ နေရပ် ပြန်လာကြတာလဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဒီဇင်ဘာ(၃)ရက်နေ့က မြန်မာစစ်တပ်ခေါင်းဆောင်တွေနဲ့ မွန်ပြည်သစ်ခေါင်းဆောင်တို့ ဘုရားသုံးဆူမြို့ မွန်ဆက်ဆံရေးရေးရုံးအတွင်း ညှိနှိုင်းမှုအခြေအနေကိုတော့ ဗဟိုဝန်းကျင်ဒေသ ဒုတိယအဖွဲ့ခေါင်းဆောင် ဒုဗိုလ်မှူး ကြီးM စိုက်ချမ်းကအခုလိုပြောပါတယ်။

“တွေ့ဆုံမှု ရလဒ်ကတော့ ကျွန်တော်တို့ရှိတဲ့ တပ်စခန်းတွေကို ကျွန်တော်တို့ လူတွေက ပြန်ဝင်လိုက်ပြီး။ သူတို့ကျ တော့ ကျွန်တော်တို့တပ်စခန်းနဲ့ကိုက်(၃၀၀)အကွာပေါ့။ ဟင်္သာဂိတ မှာကျတော့ သူတို့ကတော့ နှစ်ဖက်ခွဲပြီးတော့ နေနေတာပေါ့နော်။ အဆက်သွယ်လေးတော့ လုပ်ထားတာပေါ့။ ဒီလိုအခြေအနေက နောက်ဆုံးအခြေအနေဘဲဗျ။”

လက်ရှိဂျပန်ရေတွင်း တပ်စခန်းကို မွန်ပြည်သစ်ပါတီက ပြန်လည်အခြေချနေပေမဲ့ ယခင် မွန်ပြည်သစ်ပါတီ ဟင်္သာတိုင် ဂိတ်စခန်းကိုတော့ မြန်မာစစ်တပ်ဖက်ကနောက်မဆုတ်ဘဲ တပ်ချထားဆဲ ဖြစ်ပါတယ်။

မြန်မာစစ်တပ်ဘက်က နေရာယူထားဆဲ ဟင်္သာတိုင် ဂိတ်စခန်း ပြန်လည်ရရှိရေးအတွက် ဆက်လက် ညှိနှိုင်းသွားရမယ် လို့ ဒုဗိုလ်မှူးကြီးM စိုက်ချမ်းကအခုလိုဆက်ပြောပါတယ်။

“ဒါပေမယ့် သူတို့လူကြီးတွေပြောတော့ အဲဒီမှာဆုတ်ပေးမယ်လို့တော့ပြောတာပေါ့နော်။ အဲဒီလောက်ဘဲ သူတိုကပြော ထား တယ်။ ကျွန်တော်တို့ကတော့စောင့်ကြည့်ရမယ့် အပိုင်းလောက်ဘဲဗျ။ အခြေအနေကိုကြည့်ပြီးတော့ ကျွန်တော်တို့ က အဆင်ပြေသလိုတော့ အဲတာ လုပ်ငန်းတွေဖေါ်ဆောင်နေတာဘဲ အဲဒီလောက်ဘဲဗျ။”

ဘုရားသုံးဆူဒေသတိုက်ပွဲဖြစ်စဉ်မှာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA ကို ချိုးဖောက် တယ်လို့ မွန်ပြည်သစ်ပါတီကရော မြန်မာစစ်တပ်ကပါ အပြန်လှန် စွပ်စွဲမှုတွေ ရှိနေကြတာပါ။

စတင်ပစ်ခတ်တဲ့ မွန်ပြည်သစ်တပ်ဖွဲ့ဝင်တွေကို တပ်မတော်ကနေ ဥပဒေကြောင်းရာအရ အမှုဖွင့် ထားတယ်လို့ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးကြီး မောင်မောင်လတ်ကဗွီအိုအေကိုပြောဆိုခဲ့ပါတယ်။

ဒီလိုကာလမှာ စစ်ရေးတင်းမာမှု ဖြစ်ပွားတာဟာ ငြိမ်းချမ်းရေးအတွက် အကျိုးမဲ့စေတယ်လို့ မွန်နိုင်ငံရေး အနီးကပ် စောင့်ကြည့်သူ နိုင်မင်းမင်းနွယ်ကဆိုပါတယ်။

“ဒီဘက်တောင်ပိုင်းဒေသမှာက လက်နက်သံတွေ ဗုံးသံတွေမကြားရတာ တော်တော်ကြာပြီ။ တော်တော်အေးအေးချမ်း ချမ်းရှိနေပြီး။ ဒေသဖွံ့ဖြိုးရေးကိစ္စတွေရော နိုင်ငံတကာနဲ့ပါ ပူးပေါင်း ဆောင်ရွက်နေတဲ့ ကာလဖြစ်တယ်။ နောက်ပြီးတော့ NCA စာချုပ်အရလဲ အကောင်အထည်ဖေါ်မှုက ဒီဘက်ဒေသမှာ အကောင်ထည်တွေ စဖေါ်နေတဲ့ကာလမှာ နှစ်ဦး သဘောတူ တပ်တည်နေရာမှာ အဲဒီလိုမျိုးဘဲ ညှိနှိုင်းဆောင်ရွက်မှုမရဘဲနဲ့ ဒီလိုမျိုးထိတွေ့မှုဖြစ်တာကတော့ မကောင်း ဘူးပေါ့ဗျာ။ ငြိမ်းချမ်းရေးအတွက်လည်း မကောင်းဘူး။ ပြည်သူလူထုအတွက်လဲ ထိတ်လန့် စရာတွြေ ဖစ်တာပေါ့လေ ဒါကမဖြစ်သင့်တဲ့ကိစ္စပါ။”

မွန်ပြည်သစ်ပါတီဟာ ၂၀၁၈ခုနှစ်က NCAအပစ်ရပ်စာချုပ်လက်မှတ်ရေးထိုးထားသလို နိုင်ငံတကာနဲ့ချိတ်ဆက်ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းအကောင်အထည်ဖေါ်နေဆဲဖြစ်ပါတယ်။

မွန်ပြည်သစ်ပါတီဟာ NCA အပစ်ရပ်လက်မှတ်ရေးထိုးပြီး ပြည်ထောင်စုအဆင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC အဖွဲ့ဝင်ဖြစ်ပေမယ့် မွန်ပြည်နယ် ကရင်ပြည်နယ်နဲ့တနင်္သာရီတိုင်းတွေမှာ JMC-S အဖွဲ့ဝင်မဖြစ်သေးပါဘူး။

မွန်ပြည်သစ်ပါတီဟာ မွန်ပြည်နယ်မှာသာမက ကရင်ပြည်နယ်နဲ့တနင်္သာရီတိုင်းတွေမှာ အခြေပြု တပ်တည်စခန်းတွေ လှုပ်ရှားမှုတွေရှိနေတဲ့အတွက် ပြည်နယ်နဲ့တိုင်းအဆင့် အပစ်အခတ်ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC အဖွဲ့ဝင်မဖြစ်သေးတာကြောင့် ပြဿနာဖြစ်ရင် ဖြေရှင်းတိုင်ကြားနိုင်ဖို့အခက်ခဲရှိနေတယ်လို့မွန်နိုင်ငံရေး လေ့ လာသူတွေက သုံးသပ်ပြောဆိုပါတယ်။

XS
SM
MD
LG