သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရုိဟင္ဂ်ာေတြ ေနရပ္ျပန္ေရး ျမန္မာကုိ ဘဂၤလားေဒ့ရွ္ ဖိအားေပးလုိ႔မရ (အတုိင္ပင္ခံရုံး၀န္ႀကီး)


ႏိုင္ငံေတာ္အတိုင္ပင္ခံ႐ုံး ဝန္ႀကီး ဦးေက်ာ္တင့္ေဆြ (UNTV)

(Zawgyi/Unicode)

႐ိုဟင္ဂ်ာဒုကၡသည္ေတြ ေနရပ္ျပန္ေရးကိစၥ ဘဂၤလားေဒ့ရွ္အေနနဲ႔ ျမန္မာကို ဖိအားေပးလို႔ မရဘူးလို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံ႐ုံးဝန္ႀကီး ဦးေက်ာ္တင့္ေဆြက ကုလသမဂၢမွာ အဂၤါေန႔က ေျပာၾကားခဲ့ပါတယ္။ ဒါအျပင္ အာဆာနဲ႔ ေအေအ ရခိုင္လက္နက္ကိုင္အဖြဲ႕ေတြဟာ ဘဂၤလားေဒ့ရွ္ပိုင္နက္ကို ႏွစ္ေပါင္းမ်ားစြာကတည္းက ေျခကုပ္ယူအသုံးခ်ေနတယ္လို႔လည္း စြပ္စြဲသြားပါတယ္။

နယူးေရာက္ ကုလသမဂၢဌာနခ်ဳပ္မွာျပဳလုပ္ေနတဲ့ ၇၅ ႀကိမ္ေျမာက္ ကုလသမဂၢအေထြေထြညီလာခံမွာ ျမန္မာႏိုင္ငံကိုယ္စား ႏိုင္ငံေတာ္အတိုင္ပင္ခံ႐ုံး ဝန္ႀကီး ဦးေက်ာ္တင့္ေဆြက စက္တင္ဘာလ ၂၉ရက္ေန႔ကဗြီဒီယိုမိန႔္ခြန္းေျပာၾကားခဲ့ပါတယ္။

မအင္ၾကင္းႏိုင္က တင္ျပမွာပါ။

ရခိုင္ျပည္နယ္ပဋိပကၡမွာ ျမန္မာစစ္တပ္ရဲ႕ ျပင္းထန္လွတဲ့ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြကို အေရးယူေရး ကုလသမဂၢရဲ႕ ဖိအားေပးမႈကို ခံေနရတဲ့ ျမန္မာအစိုးရဟာ ကုလသမဂၢရဲ႕ ရပ္တည္ခ်က္နဲ႔ ပတ္သက္လို႔ ၇၅ ႀကိမ္ေျမာက္ အေထြေထြညီလာခံမွာ ေဝဖန္ေထာက္ျပသြားပါတယ္။ ပဋိပကၡေတြ ရင္ဆိုင္ေနရတဲ့ ျမန္မာႏိုင္ငံလို အဖြဲ႕ဝင္ႏိုင္ငံေတြအတြက္ ကုလသမဂၢအေနနဲ႔ ျပႆနာေတြကို ပိုမိုရႈပ္ေထြးေစတာထက္ ေလ်ာ့ပါးသြားေအာင္ ပူေပါင္းေဆာင္႐ြက္သင့္ေၾကာင္း ႏိုင္ငံေတာ္အတိုင္ပင္ခံ႐ုံး ဝန္ႀကီး ဦးေက်ာ္တင့္ေဆြက ဗြီဒီယိုကတဆင့္ မိန႔္ခြန္းေျပာၾကားခ်က္မွာ ထည့္သြင္းေျပာဆိုသြားပါတယ္။ အထူးသျဖင့္ ကုလသမဂၢက လုပ္ပိုင္ခြင့္ေပးထားတဲ့ အထူးကိုယ္စားလွယ္ေတြရဲ႕ ရပ္တည္ခ်က္ နဲ႔ ပတ္သက္လို႔လည္း ဦးေက်ာ္တင့္ေဆြက အခုလို ေဝဖန္သြားပါတယ္။

"လူ႔အခြင့္အေရး ျမႇင့္တင္ေရးနဲ႔ ကာကြယ္ေရး အခန္းက႑မွာ ကုလသမဂၢက လုပ္ပိုင္ခြင့္ေပးအပ္ထားသူေတြအေနနဲ႔ သူတို႔ တာဝန္ေတြကိုထမ္းေဆာင္တဲ့အခါ လြတ္လြတ္လပ္လပ္ ဘက္လိုက္မႈမရွိ သမာသမတ္က်က် စည္းမ်ဥ္းစည္းကမ္းေတြကို တင္းတင္းၾကပ္ၾကပ္လိုက္နာရဲ႕လားဆိုတာ ေသခ်ာေအာင္ လုပ္သင့္ပါတယ္။ အထူးသျဖင့္ ကုလသမဂၢအေနနဲ႔ကိုလိုနီစနစ္လက္ေအာက္ခံ အက်ိဳးဆက္ေတြေၾကာင့္ ဝန္ထုပ္ဝန္ပိုးေတြပိေနတဲ့ အဖြဲ႕ဝင္ ႏိုင္ငံေတြအေပၚမွာ ဘက္မလိုက္ပဲ မွန္မွန္ကန္ကန္ရပ္တည္သင့္ပါတယ္။"

၂၀၁၇ခုႏွစ္က ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွာ ျမန္မာစစ္တပ္ရဲ႕ နယ္ေျမရွင္းလင္းေရးအတြင္း အင္အားအလြန္အကြၽံအသုံးျပဳခဲ့တာေၾကာင့္ အိမ္နီးခ်င္း ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္ အစုလိုက္အၿပဳံလိုက္ ထြက္ေျပးခဲ့ရတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ေတြ ေနရပ္ျပန္ေရးကိစၥမွာ လက္ရွိဘဂၤလားေဒ့ရွ္က ျမန္မာကို ဖိအားေပးေနတဲ့ ပုံစံကို လက္သင့္မခံေၾကာင္း ဝန္ႀကီး ဦးေက်ာ္တင့္ေဆြက ျပတ္ျပတ္သားသား တုန႔္ျပန္ေျပာၾကားခဲ့ပါတယ္။

" ႏွစ္ႏိုင္ငံပူးေပါင္းေဆာင္႐ြက္မႈနည္းလမ္းသည္သာ ျမန္မာနဲ႔ ဘဂၤလားေဒ့ရွ္ၾကား ဒုကၡသည္ေတြ ေနရပ္ျပန္ပို႔ေရးကိစၥ ထိထိေရာက္ေျဖရွင္းႏိုင္မွာျဖစ္ပါတယ္။ က်ေနာ္ေျပာခ်င္တာက ဘဂၤလားေဒ့ရွ္ဟာ လိုလိုလားလားနဲ႔ ျမန္မာကို မိတ္ဖက္ႏိုင္ငံအျဖစ္ ႏွစ္ႏိုင္ငံပူးေပါင္းေဆာင္႐ြက္ဖို႔ သႏၷိ႒ာန္ ခ်ထားပါသလား။ ဖိအားေပးတဲ့ နည္းဗ်ဴဟာက အခ်ည္းအႏွီးပဲျဖစ္ပါတယ္။ ျမန္မာအေနနဲ႔ ဖိအားေပးမႈကို လုံးဝလက္မခံပါဘူး။"

ဝန္ႀကီးဦးေက်ာ္တင့္ေဆြရဲ႕ ဗြီဒီယိုမိန႔္ခြန္းမွာ ႐ိုဟင္ဂ်ာဆိုတဲ့ အသုံးအႏႈန္းကို ေခၚေဝၚသုံးစြဲျခင္းမရွိခဲ့ပါဘူး။

ဒါအျပင္ အာဆာ လက္နက္ကိုင္အဖြဲ႕ေရာ၊ AA ရခိုင္လက္နက္ကိုင္အဖြဲ႕ ႏွစ္ခုလုံးဟာ ဘဂၤလားေဒ့ရွ္ပိုင္နက္ထဲ ရာစုႏွစ္နဲ႔ခ်ီေျခကုပ္အျဖစ္ အသုံးျပဳခဲ့ေၾကာင္း စြပ္စြဲေျပာဆိုသြားပါတယ္။ အာဆာအၾကမ္းဖက္အဖြဲ႕ဝင္ေတြ၊ ေကာ့ဇ္ဘဇား စခန္းမွာရွိေနတဲ့ အဖြဲ႕ကို ေထာက္ခံသူေတြကို တားဆီးႏိုင္ေရး ဘဂၤလားေဒ့ရွ္နဲ႔ ျမန္မာႏွစ္ႏိုင္ငံပူးေပါင္းေဆာင္႐ြက္မႈကို အရွိန္ျမႇင့္ဖို႔ လိုေၾကာင္းလည္း ဝန္ႀကီးဦးေက်ာ္တင့္ေဆြကေျပာပါတယ္။ ေနာက္ၿပီး ဒီလႈပ္ရွားမႈေတြဟာ ႏွစ္ႏိုင္ငံလုံးအတြက္ အႏၲရာယ္ႀကီးတယ္လို႔လည္းဆိုပါတယ္။

လက္ရွိ ကုလသမဂၢအျမင့္ဆုံးတရား႐ုံး ICJ မွာ လူမ်ိဳးတုန္းသတ္ျဖတ္မႈ ဆိုင္ရာစြပ္စြဲခ်က္နဲ႔ ဂမ္ဘီယာႏိုင္ငံက ျမန္မာကို အမႈဖြင့္ထားတဲ့ ကိစၥနဲ႔ ပတ္သက္လို႔လည္း ႏိုင္ငံတြင္းမွာ သက္ဆိုင္ရာ ခုံ႐ုံးေတြဖြဲ႕စည္းၿပီး ျဖစ္ႏိုင္ေခ်ရွိတဲ့ က်ယ္ျပန္လွတဲ့ ခ်ိဳးေဖာက္မႈေတြကို အေရးယူႏိုင္ေရး ေဆာင္႐ြက္ေနေၾကာင္း ဝန္ႀကီးဦးေက်ာ္တင့္ေဆြကေျပာၾကားခဲ့ပါတယ္။

"ဒါဟာ က်ေနာ္တို႔ရဲ႕ အခြင့္အေရး၊ တာဝန္ဝတၱရား၊ ကတိကဝတ္ျပဳမႈျဖစ္ပါတယ္။ ဒါအျပင္ ဒီလို ႏိုင္ငံတြင္း ဥပေဒနဲ႔ အေရးယူေရးကိစၥဟာ ျမန္မာႏိုင္ငံ ဖြဲ႕စည္းပုံအေျခခံဥပေဒ ျပဳျပင္ေျပာင္းလဲေရး၊ ၿငိမ္းခ်မ္းေရး စတာေတြနဲ႔ဆက္စပ္ေနတဲ့ အလြန္အေရးႀကီးတဲ့ ျပည္တြင္းလုပ္ငန္းစဥ္ေတြျဖစ္ပါတယ္။"

ကုလသမဂၢအေထြေထြညီလာခံမွာ ဝန္ႀကီးဦးေက်ာ္တင့္ေဆြ ေျပာၾကားခ်က္ေတြနဲ႔ ပတ္သက္လို႔ နယူးေရာက္အေျခစိုက္ HRW လူ႔အခြင့္အေရး ေစာင့္ၾကည့္ေရးအဖြဲ႕ႀကီးရဲ႕ အာရွေရးရာတာဝန္ခံ Brad Adams က သူ႔ရဲ႕အျမင္ကို အခုလို ဗြီအိုေအကိုေျပာပါတယ္။

”ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သူရဲ႕ အစိုးရဟာ ကမာၻတလႊားက အာဏာရွင္ အစိုးရေတြ အသုံးျပဳေနတဲ့ စကားလုံးအသုံးအႏႈန္းေတြအတိုင္း ေျပာဆိုသြားတာကိုေတြ႕ရတာ အလြန္စိတ္ပ်က္ဖို႔ေကာင္းပါတယ္။ ကုလသမဂၢက အထူးတာဝန္ေပးထားသူေတြက ဘက္လိုက္မႈရွိတယ္ ဒီမွာတမ်ိဳး၊ ဟိုမွာတမ်ိဳးလုပ္တယ္ဆိုတဲ့ စြပ္စြဲခ်က္က မွားပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ သိပါတယ္။ သူ အတိုက္အခံဘဝမွာတုန္းက ျမန္မာျပည္သူေတြ လြတ္ေျမာက္ေရး အတူရပ္တည္ေပးဖို႔ ကုလသမဂၢနဲ႔ ႏိုင္ငံတကာအသိုင္းအဝိုင္းကို ေတာင္းဆိုခဲ့တာပါ။ အဲဒီအခ်ိန္က ကုလသမဂၢကို မ်က္ႏွာလိုက္တယ္၊ ဟိုတမ်ိဳး၊ ဒီတမ်ိဳးလုပ္တယ္ဆိုတာမ်ိဳး ေဒၚေအာင္ဆန္းစုၾကည္ မေျပာခဲ့ပါဘူး။ အဲဒီလိုမ်ိဳးလည္း သူ႔မွာ အျမင္မရွိခဲ့ပါဘူး။ ကုလသမဂၢဟာ ကမာၻလုံးဆိုင္ရာ စံႏႈန္းနဲ႔ အလုပ္လုပ္တယ္ဆိုတာ သူသိပါတယ္။ ဒါေပမဲ့ အခုျပသနာက သူကိုယ္တိုင္ ဒီစံႏႈန္းေတြကို မလိုက္နာတာျဖစ္ပါတယ္။ အထူးသျဖင့္ ျမန္မာစစ္တပ္လည္း ပါပါတယ္။”

ဒါအျပင္ ဘဂၤလားေဒ့ရွ္နဲ႔ ပတ္သက္လို႔ ျမန္မာအစိုးရရဲ႕ တုန႔္ျပန္ခ်က္ဟာ တာဝန္မဲ့ရာေရာက္တယ္လို႔ Brad Adams က ဆိုပါတယ္။

”ဘဂၤလားေဒ့ရွ္နဲ႔ ပတ္သက္လို႔ေျပာသြားတဲ့အပိုင္းကို ၾကားရတာ တကယ္အံၾသမိပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဘဂၤလားေဒ့ရွ္က သူ႔အေပၚေရာက္လာတဲ့ ဒုကၡအက်ပ္အတည္းႀကီးကို ရင္ဆိုင္ေနရတာပါ။ အခုဆိုရင္ အရင္က သူတို႔ပိုင္နက္မွာ မရွိခဲ့တဲ့ လူဦးေရ ရွစ္သိန္းထဲမနည္း ဒုကၡသည္ေတြကို လက္ခံထားရတာပါ။ ဒါအျပင္ ဒုကၡသည္ေတြ ငတ္မြတ္ေခါင္းပါးၿပီး ေသဆုံးမႈမရွိေအာင္ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ အကူအညီေပးေရးအဖြဲ႕ေတြကို ခြင့္ျပဳၿပီး အျပဳသေဘာေဆာင္ တုန႔္ျပန္ဖို႔ ဘဂၤလားေဒ့ရွ္ႀကိဳးစားခဲ့ပါတယ္။ တ႐ုတ္ရဲ႕ ဖိအားေပးမႈေအာက္မွာ ေနရပ္ျပန္ပို႔ေရး ႏွစ္ဖက္သေဘာတူစာခ်ဳပ္ကို လက္မွတ္ေရးထိုးခဲ့တဲ့ ဘဂၤလားေဒ့ရွ္က ႏိုင္ငံဥပေဒကို ခ်ိဳးေဖာက္ၿပီး ဒုကၡသည္ေတြကို အတင္းအက်ပ္ေနရပ္ျပန္ေရးလုပ္မွာမဟုတ္ဘူးဆိုတာကိုျပသခဲ့ပါတယ္။ ဒါေပမဲ့ ေဒၚေအာင္ဆန္းစုၾကည္အစိုးရ ႀကိဳးစားၿပီး ပုံေဖၚေနတာက ဘဂၤလားေဒ့ရွ္က ဒုကၡသည္ေတြကို မျပန္ေအာင္ တားဆီးေနတာမ်ိဳးျဖစ္ေနပါတယ္။ ဒါေပမဲ့ အမွန္မွာ ျမန္မာစစ္တပ္ရဲ႕ လူသားထုအေပၚ ရာဇဝတ္က်ဴးလြန္မႈ၊ လူမ်ိဳးစုအလိုက္ရွင္းလင္းဖယ္ရွားမႈ၊ လူမ်ိဳးတုန္းသတ္ျဖတ္မႈေတြေၾကာင့္ ထြက္ေျပးတိမ္းေရွာင္လာတဲ့ ဒုကၡသည္ေတြဟာ သူတို႔ေနရပ္မွာ လုံၿခဳံမႈမရွိပဲ ျပန္မသြားခ်င္ၾကတာေၾကာင့္ျဖစ္ပါတယ္။”

ကုလသမဂၢအေထြေထြညီလာခံမွာ ေျပာၾကားခဲ့တဲ့ ၀န္ႀကီးဦးေက်ာ္တင့္ေဆြရဲ႕ မိန္႔ခြန္းမွာေတာ့ေရရွည္တည္တံ့တဲ့ ၿငိမ္းခ်မ္းေရး၊ အမ်ိဳးသားျပန္လည္ရင္ၾကားေစ့ေရး၊ စစ္မွန္ေသာဒီမိုကေရစီေရးနဲ႔ အားလုံးပါ ၀ င္တဲ့ ဖြံ႕ၿဖိဳးတိုးတက္မႈရရွိေရးအတြက္ ျမန္မာအစိုးရရဲ႕ ႀကိဳးပမ္းမႈေတြကို ႏိုင္ငံတကာအသိုင္းအဝိုင္းအေနနဲ႔ ဆက္လက္ေထာက္ခံ အားေပးဖို႔တိုက္တြန္းသြားပါတယ္။

တိုက္႐ိုက္ လင့္ခ္


................

ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး မြန်မာကို ဘင်္ဂလားဒေ့ရှ် ဖိအားပေးလို့မရ (အတိုင်ပင်ခံရုံးဝန်ကြီး)

(Unicode)

ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေးကိစ္စ ဘင်္ဂလားဒေ့ရှ်အနေနဲ့ မြန်မာကို ဖိအားပေးလို့ မရဘူးလို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေက ကုလသမဂ္ဂမှာ အင်္ဂါနေ့က ပြောကြားခဲ့ပါတယ်။ ဒါအပြင် အာဆာနဲ့ အေအေ ရခိုင်လက်နက်ကိုင်အဖွဲ့တွေဟာ ဘင်္ဂလားဒေ့ရှ်ပိုင်နက်ကို နှစ်ပေါင်းများစွာကတည်းက ခြေကုပ်ယူအသုံးချနေတယ်လို့လည်း စွပ်စွဲသွားပါတယ်။

နယူးရောက် ကုလသမဂ္ဂဌာနချုပ်မှာပြုလုပ်နေတဲ့ ၇၅ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာနိုင်ငံကိုယ်စား နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီး ဦးကျော်တင့်ဆွေက စက်တင်ဘာလ ၂၉ရက်နေ့ကဗွီဒီယိုမိန့်ခွန်းပြောကြားခဲ့ပါတယ်။

မအင်ကြင်းနိုင်က တင်ပြမှာပါ။

ရခိုင်ပြည်နယ်ပဋိပက္ခမှာ မြန်မာစစ်တပ်ရဲ့ ပြင်းထန်လှတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အရေးယူရေး ကုလသမဂ္ဂရဲ့ ဖိအားပေးမှုကို ခံနေရတဲ့ မြန်မာအစိုးရဟာ ကုလသမဂ္ဂရဲ့ ရပ်တည်ချက်နဲ့ ပတ်သက်လို့ ၇၅ ကြိမ်မြောက် အထွေထွေညီလာခံမှာ ဝေဖန်ထောက်ပြသွားပါတယ်။ ပဋိပက္ခတွေ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံလို အဖွဲ့ဝင်နိုင်ငံတွေအတွက် ကုလသမဂ္ဂအနေနဲ့ ပြဿနာတွေကို ပိုမိုရှုပ်ထွေးစေတာထက် လျော့ပါးသွားအောင် ပူပေါင်းဆောင်ရွက်သင့်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီး ဦးကျော်တင့်ဆွေက ဗွီဒီယိုကတဆင့် မိန့်ခွန်းပြောကြားချက်မှာ ထည့်သွင်းပြောဆိုသွားပါတယ်။ အထူးသဖြင့် ကုလသမဂ္ဂက လုပ်ပိုင်ခွင့်ပေးထားတဲ့ အထူးကိုယ်စားလှယ်တွေရဲ့ ရပ်တည်ချက် နဲ့ ပတ်သက်လို့လည်း ဦးကျော်တင့်ဆွေက အခုလို ဝေဖန်သွားပါတယ်။

"လူ့အခွင့်အရေး မြှင့်တင်ရေးနဲ့ ကာကွယ်ရေး အခန်းကဏ္ဍမှာ ကုလသမဂ္ဂက လုပ်ပိုင်ခွင့်ပေးအပ်ထားသူတွေအနေနဲ့ သူတို့ တာဝန်တွေကိုထမ်းဆောင်တဲ့အခါ လွတ်လွတ်လပ်လပ် ဘက်လိုက်မှုမရှိ သမာသမတ်ကျကျ စည်းမျဉ်းစည်းကမ်းတွေကို တင်းတင်းကြပ်ကြပ်လိုက်နာရဲ့လားဆိုတာ သေချာအောင် လုပ်သင့်ပါတယ်။ အထူးသဖြင့် ကုလသမဂ္ဂအနေနဲ့ကိုလိုနီစနစ်လက်အောက်ခံ အကျိုးဆက်တွေကြောင့် ဝန်ထုပ်ဝန်ပိုးတွေပိနေတဲ့ အဖွဲ့ဝင် နိုင်ငံတွေအပေါ်မှာ ဘက်မလိုက်ပဲ မှန်မှန်ကန်ကန်ရပ်တည်သင့်ပါတယ်။"

၂၀၁၇ခုနှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးအတွင်း အင်အားအလွန်အကျွံအသုံးပြုခဲ့တာကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် အစုလိုက်အပြုံလိုက် ထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေးကိစ္စမှာ လက်ရှိဘင်္ဂလားဒေ့ရှ်က မြန်မာကို ဖိအားပေးနေတဲ့ ပုံစံကို လက်သင့်မခံကြောင်း ဝန်ကြီး ဦးကျော်တင့်ဆွေက ပြတ်ပြတ်သားသား တုန့်ပြန်ပြောကြားခဲ့ပါတယ်။

" နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုနည်းလမ်းသည်သာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ကြား ဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေးကိစ္စ ထိထိရောက်ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။ ကျနော်ပြောချင်တာက ဘင်္ဂလားဒေ့ရှ်ဟာ လိုလိုလားလားနဲ့ မြန်မာကို မိတ်ဖက်နိုင်ငံအဖြစ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ဖို့ သန္နိဋ္ဌာန် ချထားပါသလား။ ဖိအားပေးတဲ့ နည်းဗျူဟာက အချည်းအနှီးပဲဖြစ်ပါတယ်။ မြန်မာအနေနဲ့ ဖိအားပေးမှုကို လုံးဝလက်မခံပါဘူး။"

ဝန်ကြီးဦးကျော်တင့်ဆွေရဲ့ ဗွီဒီယိုမိန့်ခွန်းမှာ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို ခေါ်ဝေါ်သုံးစွဲခြင်းမရှိခဲ့ပါဘူး။

ဒါအပြင် အာဆာ လက်နက်ကိုင်အဖွဲ့ရော၊ AA ရခိုင်လက်နက်ကိုင်အဖွဲ့ နှစ်ခုလုံးဟာ ဘင်္ဂလားဒေ့ရှ်ပိုင်နက်ထဲ ရာစုနှစ်နဲ့ချီခြေကုပ်အဖြစ် အသုံးပြုခဲ့ကြောင်း စွပ်စွဲပြောဆိုသွားပါတယ်။ အာဆာအကြမ်းဖက်အဖွဲ့ဝင်တွေ၊ ကော့ဇ်ဘဇား စခန်းမှာရှိနေတဲ့ အဖွဲ့ကို ထောက်ခံသူတွေကို တားဆီးနိုင်ရေး ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့်ဖို့ လိုကြောင်းလည်း ဝန်ကြီးဦးကျော်တင့်ဆွေကပြောပါတယ်။ နောက်ပြီး ဒီလှုပ်ရှားမှုတွေဟာ နှစ်နိုင်ငံလုံးအတွက် အန္တရာယ်ကြီးတယ်လို့လည်းဆိုပါတယ်။

လက်ရှိ ကုလသမဂ္ဂအမြင့်ဆုံးတရားရုံး ICJ မှာ လူမျိုးတုန်းသတ်ဖြတ်မှု ဆိုင်ရာစွပ်စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက မြန်မာကို အမှုဖွင့်ထားတဲ့ ကိစ္စနဲ့ ပတ်သက်လို့လည်း နိုင်ငံတွင်းမှာ သက်ဆိုင်ရာ ခုံရုံးတွေဖွဲ့စည်းပြီး ဖြစ်နိုင်ချေရှိတဲ့ ကျယ်ပြန်လှတဲ့ ချိုးဖောက်မှုတွေကို အရေးယူနိုင်ရေး ဆောင်ရွက်နေကြောင်း ဝန်ကြီးဦးကျော်တင့်ဆွေကပြောကြားခဲ့ပါတယ်။

"ဒါဟာ ကျနော်တို့ရဲ့ အခွင့်အရေး၊ တာဝန်ဝတ္တရား၊ ကတိကဝတ်ပြုမှုဖြစ်ပါတယ်။ ဒါအပြင် ဒီလို နိုင်ငံတွင်း ဥပဒေနဲ့ အရေးယူရေးကိစ္စဟာ မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး၊ ငြိမ်းချမ်းရေး စတာတွေနဲ့ဆက်စပ်နေတဲ့ အလွန်အရေးကြီးတဲ့ ပြည်တွင်းလုပ်ငန်းစဉ်တွေဖြစ်ပါတယ်။"

ကုလသမဂ္ဂအထွေထွေညီလာခံမှာ ဝန်ကြီးဦးကျော်တင့်ဆွေ ပြောကြားချက်တွေနဲ့ ပတ်သက်လို့ နယူးရောက်အခြေစိုက် HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကြီးရဲ့ အာရှရေးရာတာဝန်ခံ Brad Adams က သူ့ရဲ့အမြင်ကို အခုလို ဗွီအိုအေကိုပြောပါတယ်။

”ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရဲ့ အစိုးရဟာ ကမ္ဘာတလွှားက အာဏာရှင် အစိုးရတွေ အသုံးပြုနေတဲ့ စကားလုံးအသုံးအနှုန်းတွေအတိုင်း ပြောဆိုသွားတာကိုတွေ့ရတာ အလွန်စိတ်ပျက်ဖို့ကောင်းပါတယ်။ ကုလသမဂ္ဂက အထူးတာဝန်ပေးထားသူတွေက ဘက်လိုက်မှုရှိတယ် ဒီမှာတမျိုး၊ ဟိုမှာတမျိုးလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်က မှားပါတယ်။ ဒေါ်အောင်ဆန်းစုကြည် သိပါတယ်။ သူ အတိုက်အခံဘဝမှာတုန်းက မြန်မာပြည်သူတွေ လွတ်မြောက်ရေး အတူရပ်တည်ပေးဖို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို တောင်းဆိုခဲ့တာပါ။ အဲဒီအချိန်က ကုလသမဂ္ဂကို မျက်နှာလိုက်တယ်၊ ဟိုတမျိုး၊ ဒီတမျိုးလုပ်တယ်ဆိုတာမျိုး ဒေါ်အောင်ဆန်းစုကြည် မပြောခဲ့ပါဘူး။ အဲဒီလိုမျိုးလည်း သူ့မှာ အမြင်မရှိခဲ့ပါဘူး။ ကုလသမဂ္ဂဟာ ကမ္ဘာလုံးဆိုင်ရာ စံနှုန်းနဲ့ အလုပ်လုပ်တယ်ဆိုတာ သူသိပါတယ်။ ဒါပေမဲ့ အခုပြသနာက သူကိုယ်တိုင် ဒီစံနှုန်းတွေကို မလိုက်နာတာဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာစစ်တပ်လည်း ပါပါတယ်။”

ဒါအပြင် ဘင်္ဂလားဒေ့ရှ်နဲ့ ပတ်သက်လို့ မြန်မာအစိုးရရဲ့ တုန့်ပြန်ချက်ဟာ တာဝန်မဲ့ရာရောက်တယ်လို့ Brad Adams က ဆိုပါတယ်။

”ဘင်္ဂလားဒေ့ရှ်နဲ့ ပတ်သက်လို့ပြောသွားတဲ့အပိုင်းကို ကြားရတာ တကယ်အံသြမိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘင်္ဂလားဒေ့ရှ်က သူ့အပေါ်ရောက်လာတဲ့ ဒုက္ခအကျပ်အတည်းကြီးကို ရင်ဆိုင်နေရတာပါ။ အခုဆိုရင် အရင်က သူတို့ပိုင်နက်မှာ မရှိခဲ့တဲ့ လူဦးရေ ရှစ်သိန်းထဲမနည်း ဒုက္ခသည်တွေကို လက်ခံထားရတာပါ။ ဒါအပြင် ဒုက္ခသည်တွေ ငတ်မွတ်ခေါင်းပါးပြီး သေဆုံးမှုမရှိအောင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့တွေကို ခွင့်ပြုပြီး အပြုသဘောဆောင် တုန့်ပြန်ဖို့ ဘင်္ဂလားဒေ့ရှ်ကြိုးစားခဲ့ပါတယ်။ တရုတ်ရဲ့ ဖိအားပေးမှုအောက်မှာ နေရပ်ပြန်ပို့ရေး နှစ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်က နိုင်ငံဥပဒေကို ချိုးဖောက်ပြီး ဒုက္ခသည်တွေကို အတင်းအကျပ်နေရပ်ပြန်ရေးလုပ်မှာမဟုတ်ဘူးဆိုတာကိုပြသခဲ့ပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်အစိုးရ ကြိုးစားပြီး ပုံဖေါ်နေတာက ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်တွေကို မပြန်အောင် တားဆီးနေတာမျိုးဖြစ်နေပါတယ်။ ဒါပေမဲ့ အမှန်မှာ မြန်မာစစ်တပ်ရဲ့ လူသားထုအပေါ် ရာဇဝတ်ကျူးလွန်မှု၊ လူမျိုးစုအလိုက်ရှင်းလင်းဖယ်ရှားမှု၊ လူမျိုးတုန်းသတ်ဖြတ်မှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့ ဒုက္ခသည်တွေဟာ သူတို့နေရပ်မှာ လုံခြုံမှုမရှိပဲ ပြန်မသွားချင်ကြတာကြောင့်ဖြစ်ပါတယ်။”

ကုလသမဂ္ဂအထွေထွေညီလာခံမှာ ပြောကြားခဲ့တဲ့ ဝန်ကြီးဦးကျော်တင့်ဆွေရဲ့ မိန့်ခွန်းမှာတော့ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ စစ်မှန်သောဒီမိုကရေစီရေးနဲ့ အားလုံးပါ ၀ င်တဲ့ ဖွံ့ဖြိုးတိုးတက်မှုရရှိရေးအတွက် မြန်မာအစိုးရရဲ့ ကြိုးပမ်းမှုတွေကို နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ဆက်လက်ထောက်ခံ အားပေးဖို့တိုက်တွန်းသွားပါတယ်။

XS
SM
MD
LG