သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အနိမ့်ဆုံးလုပ်ခ တနေ့ ၄၈၀၀ ကျပ် သတ်မှတ်ဖို့ သက်ဆိုင်ရာကော်မတီ အဆိုပြု


 အနည်းဆုံးလုပ်အားခငွေ ၅၆၀၀ ကျပ်တိုးပေးဖို့ ဆန္ဒပြစဉ် (၂၀၁၅ မေလ ၁ ရက်နေ့)
အနည်းဆုံးလုပ်အားခငွေ ၅၆၀၀ ကျပ်တိုးပေးဖို့ ဆန္ဒပြစဉ် (၂၀၁၅ မေလ ၁ ရက်နေ့)

နေပြည်တော် အလုပ်သမားနဲ့ လူဝင်မူကြီးကြပ်ရေးဝန်ကြီးဌာနမှာ
ပြုလုပ်ခဲ့တဲ့ အမျိုးသားအဆင့် ကော်မတီ အစည်းအဝေး မှာ အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေး အမျိုးသားကော်မတီကနေ မြန်မာနိုင်ငံကအလုပ်သမားတွေအတွက်အနိမ့်ဆုံး လုပ်ခလစာ တစ်ရက်ကို လက်ရှိ ၃၆၀၀ကနေ ၄၈၀၀ ကျပ် အဖြစ် ဒီဇင်ဘာလ၂၉ရက်နေ့ညပိုင်းမှာ သတ်မှတ်အဆိုပြုပေးလိုက်ပါတယ်။ ဒါပေမဲ့ ဒီအဆိုပြုချက်ဟာအလုပ်သမားတွေဘက်ကတောင်းဆိုမူတွေနဲ့ ကွာဟမူတချို့ ရှိနေတဲ့အတွက်ကန့်ကွက်မူတွေရှိလာနိုင်တယ်လို့ အလုပ်သမားရေးဆောင်ရွက်သူတွေက ဆိုပါတယ်။ မအေးအေးမာကသတင်းပေးပို့ ထားပါတယ် ။

မြန်မာနိုင်ငံနေပြည်တော်မှာပြုလုပ်ခဲ့တဲ့ အစည်းဝေးမှာတော့ အနည်းဆုံးအခကြေးငွေသတ်မှတ်ရေး အမျိုးသားကော်မတီ ကနေ မြန်မာနိုင်ငံအလုပ်သမားတွေ အတွက် အနှိမ့်ဆုံးလုပ်အားခငွေ တနေ့ကို ကျပ်ငွေ ၃၆၀၀ပေးနေရာ ကနေ ကျပ်ငွေ ၄၈၀၀ အထိပေးဖို့အတွက်အဆိုပြုခဲ့တာပါ။ ဒီအဆိုပြုချက်ဟာ အလုပ်သမားတွေတောင်းဆိုနေတဲ့ အနည်းဆုံးလုပ်အားခငွေ ၅၆၀၀ ကျပ်အထိပေးဖို့ တောင်းဆိုနေမူတွေနဲ့ကွာဟမူတွေရှိတာကြောင့် ကန့်ကွက်မူတွေရှိလာနိုင်တယ်လို့အလုပ်သမားရေးလှုပ်ရှားသူကိုသိန်းအောင်မြင့်ကဆိုပါတယ်။

"အဆင်မပြေနိုင်ဘူး သူတို့တောင်းနေတာ ၅ထောင်ကျော် ၅၆၀၀တောင်းနေတာ အခု ၄၈၀၀ ဆိုတော့ဘယ်လို့ပုံစံမျိုးနဲ့ သဘောတူသလဲပေါ့အလုပ်သမားတွေဘက်ကအသံတွေသေချာမသိရသေးဘူး ဘယ်လိုဖြစ်မလဲမသိဘူး ဒီနေ့မှာထွက်လာတယ်ဆိုတော့ အခုဟာက လုပ်ငန်းခွင်တွေကမတည်ငြိမ်ဘူး ကုန်ဈေးနှုန်းတွေက ပြန်ပြောရင်နေစဉ် နေတိုင်းလိုလိုတက်နေတယ် ဝင်ငွေထွက်ငွေကွာဟမူပေါ်မူတည်ပြီး အလုပ်သမားတွေဘက်ကကျေနပ်နိုင်မယ်လို့မထင်ပဲနဲ့ သူတို့ဘက် တောင်းဆိုမူတွေလုပ်လာနိုင်တယ်လို့ ကျနော်ကတော့ယူဆပါတယ်"

နေပြည်တော်မှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာတော့ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ က ဈေးကွက် စီးပွားရေးနဲ့ လုပ်ငန်း ခွင် တည်ငြိမ်အေးချမ်းရေး ကို အလေးထား စဉ်းစားပြီး မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေနဲ့ သင့်တော်မယ့် နှုန်းတာကိုအတည်ပြုပေးဖို့ အတွက် ပြောဆိုခဲ့တာပါ။ ဒီနောက်မှာတော့ အစည်းအဝေးမှာ အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေး အမျိုးသားကော်မတီကနေ အနည်းဆုံးလုပ်အားခကို ၄၈၀၀ ပေးဖို့ အဆိုပြုခဲ့တာပါ။ ဒီအဆိုပြုပြီး ကန့်ကွက်လိုသူတွေအနေနဲ့ ဥပဒေအရဆိုရင် ရက်ပေါင်း ၆၀အတွင်းကန့်ကွက်နိုင်တာဖြစ်ပါတယ်။

မကြာသေးခင်ကပဲအလုပ်ရှင်တွေဘက် ကပြောဆိုတာက အနည်းဆုံး တနေလုပ်အားခကို ၄၀၀၀ကျပ်အထိသာပေးနိုင်ကြောင်းပြောဆိုခဲ့ပြီး အလုပ်သမားတွေ ဘက်ကပြောတာကတော့ ၅၆၀၀ကျပ်ပေးဖို့ တောင်းဆိုခဲ့တာပါ။

မြန်မာနိုင်ငံမှာ လုပ်အားခလစာနည်းပါးမူ ဝင်ငွေထွက်ငွေ မမျှတမှုတွေကြောင့် အိမ်နီးနာချင်းနိုင်ငံတွေ ကို အလုပ်သွားလုပ်လိုသူတွေကများပါတယ်။ အခုဆိုရင် အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာတော့ အနှိမ့်ဆုံးလုပ်အားခကို လာမယ့် ဇန်နဝါရီလကစပြီး ၅ရာခိုင်နှုန်းတိုးပြီးတနေ့ ဘတ်ငွေ၃၀၀ကနေ ၃၁၅ဘတ် အထိပေးဖို့ အတွက်သတ်မှတ်ထားတာကြောင့် အလုပ်သမားတဦးဟာ တနေ့ကိုကျပ်ငွေနဲ့ဆိုရင် ၁၃၀၀၀ကျော်ကျော်ထိ ရရှိတော့မှာဖြစ်ပါတယ်။

လက်ရှိမှာလည်း အဲဒီဝန်းကျင်လောက်ရရှိနေတာပါ အချိန်ပိုကြေးနဲ့ဆိုရင် အလုပ်သမားတဦးကို တနေ့ကို ကျပ်ငွေ ၂သောင်းလောက်ထိ ရရှိနေတဲ့လုပ်ငန်းခွင်တွေရှိတဲ့အတွက် မြန်မာနိုင်ငံက တနေ့ အနည်းဆုံးလုပ်အာခဟာ နေ့စဉ်တက်နေတဲ့ကုန်ဈေးနှုန်းကြောင့်အလုပ်သမားတွေအနေနဲ့ မလောက်မငတွေဖြစ်လာနိုင်သေးတယ်လို့လည်းအလုပ်သမားရေးဆောင်ရွက်နေသူတွေကသုံးသပ်ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG