သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

႐ုပ္သိမ္းသြားတဲ့ဂ်ပန္ဘီယာလုပ္ငန္းဟာ အစားထိုးလြယ္တဲ့လုပ္ငန္းလို႔ စစ္ေကာင္စီတုံ႔ျပန္


Kirin ဂ်ပန္ဘီယာ။

[[Zawgyi/Unicode]]

ဂ်ပန္ ဘီယာကုမၸဏီ Kirin က စစ္တပ္ရဲ႕ဦးပိုင္ကုမၸဏီလိမိတက္နဲ႔ ဖက္စပ္လုပ္ငန္းကေရာ ျမန္မာႏိုင္ငံကပါ ထြက္သြားတာဟာ အစားထိုးရလြယ္တဲ့လုပ္ငန္းျဖစ္ပါတယ္လို႔ စစ္ေကာင္စီက ဆိုပါတယ္။ ရင္းႏွီးျမႇဳပ္ႏွံမႈနဲ႔ ႏိုင္ငံျခား စီးပြါးဆက္သြယ္ေရးဝန္ႀကီးဌာနရဲ႕ သတင္းထုတ္ျပန္ခ်က္မွာ ခုလို ေျပာထားတာပါ။

ကီရင္ရဲ႕အစုရွယ္ယာ “မည္မွ်ကို ေရာင္းခ်မည္၊ မည္သူက အစုရွယ္ယာလႊဲေျပာင္းရယူမည္ စသည့္ အခ်က္အလက္မ်ား အပါအဝင္ အစုရွယ္ယာ လႊဲေျပာင္းေရာင္းခ်ရန္ တရားဝင္ တင္ျပေလွ်ာက္ထားလာျခင္း မရွိေသးပါ” လို႔ ဝန္ႀကီးဌာနရဲ႕ သတင္းထုတ္ျပန္ခ်က္မွာ ေျပာပါတယ္။

ကီရင္ရဲ႕အစုရွယ္ယာ ၅၁ ရာႏႈန္းကို ေရာင္းခ်ဖို႔ရွာေဖြေနေၾကာင္း ကီရင္က ေျပာပါတယ္။ ခုလို ျမန္မာႏိုင္ငံမွာ ရွိေနတဲ့ ရင္းႏွီးျမႇဳပ္ႏွံမႈကို ႐ုပ္သိမ္းလိုက္ရတဲ့အတြက္ ေဒၚလာသန္းေပါင္း ၄၀၄.၃၇ သန္း ဆုံးရႈံးတယ္လို႔ ကီရင္ က ဆိုပါတယ္။

အာဏာမသိမ္းမီကႏွစ္နဲ႔ ႏႈိင္းယွဥ္လိုက္တဲ့အခါ ၂၀၂၁ ဘီယာ အေရာင္းဝင္ေငြက ၃၉ % က်ဆင္းသြားခဲ့တာ ကို Kirin ရဲ႕ စာရင္းဇယားေတြက ျပသေနပါတယ္။

ျမန္မာဘီယာကို သပိတ္ေမွာက္ရာမွာ သန္းေပါင္းမ်ားစြာေသာ ျပည္သူေတြပါဝင္ခဲ့ၿပီး ဒါဟာ အစုအေပါင္း အင္အားကို ျပသတာျဖစ္တယ္လို႔ Justice for Myanmar အဖြဲ႕က ေၾကညာခ်က္မွာ ေျပာထားပါတယ္။ စစ္ေကာင္စီရဲ႕ ရင္းႏွီးျမႇဳပ္ႏွံမႈဝန္ႀကီးဌာနကေတာ့ “ေျပာရမယ္ဆိုရင္ ဘီယာ ေသာက္သုံးမႈကိုေတာင္ discourage ျဖစ္သြားတဲ့အတြက္ ေလ်ာ့က်ေစႏိုင္ပါတယ္။” လို႔ ဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္

==========

[[Unicode]]

ရုပ်သိမ်းသွားတဲ့ဂျပန်ဘီယာလုပ်ငန်းဟာ အစားထိုးလွယ်တဲ့လုပ်ငန်းလို့ စစ်ကောင်စီတုံ့ပြန်

ဂျပန် ဘီယာကုမ္ပဏီ Kirin က စစ်တပ်ရဲ့ဦးပိုင်ကုမ္ပဏီလိမိတက်နဲ့ ဖက်စပ်လုပ်ငန်းကရော မြန်မာနိုင်ငံကပါ ထွက်သွားတာဟာ အစားထိုးရလွယ်တဲ့လုပ်ငန်းဖြစ်ပါတယ်လို့ စစ်ကောင်စီက ဆိုပါတယ်။ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြား စီးပွါးဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာ ခုလို ပြောထားတာပါ။

ကီရင်ရဲ့အစုရှယ်ယာ “မည်မျှကို ရောင်းချမည်၊ မည်သူက အစုရှယ်ယာလွှဲပြောင်းရယူမည် စသည့် အချက်အလက်များ အပါအဝင် အစုရှယ်ယာ လွှဲပြောင်းရောင်းချရန် တရားဝင် တင်ပြလျှောက်ထားလာခြင်း မရှိသေးပါ” လို့ ဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာ ပြောပါတယ်။

ကီရင်ရဲ့အစုရှယ်ယာ ၅၁ ရာနှုန်းကို ရောင်းချဖို့ရှာဖွေနေကြောင်း ကီရင်က ပြောပါတယ်။ ခုလို မြန်မာနိုင်ငံမှာ ရှိနေတဲ့ ရင်းနှီးမြှုပ်နှံမှုကို ရုပ်သိမ်းလိုက်ရတဲ့အတွက် ဒေါ်လာသန်းပေါင်း ၄၀၄.၃၇ သန်း ဆုံးရှုံးတယ်လို့ ကီရင် က ဆိုပါတယ်။

အာဏာမသိမ်းမီကနှစ်နဲ့ နှိုင်းယှဉ်လိုက်တဲ့အခါ ၂၀၂၁ ဘီယာ အရောင်းဝင်ငွေက ၃၉ % ကျဆင်းသွားခဲ့တာ ကို Kirin ရဲ့ စာရင်းဇယားတွေက ပြသနေပါတယ်။

မြန်မာဘီယာကို သပိတ်မှောက်ရာမှာ သန်းပေါင်းများစွာသော ပြည်သူတွေပါဝင်ခဲ့ပြီး ဒါဟာ အစုအပေါင်း အင်အားကို ပြသတာဖြစ်တယ်လို့ Justice for Myanmar အဖွဲ့က ကြေညာချက်မှာ ပြောထားပါတယ်။ စစ်ကောင်စီရဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနကတော့ “ပြောရမယ်ဆိုရင် ဘီယာ သောက်သုံးမှုကိုတောင် discourage ဖြစ်သွားတဲ့အတွက် လျော့ကျစေနိုင်ပါတယ်။” လို့ ဆိုပါတယ်။
==========

XS
SM
MD
LG