သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာႏိုင္ငံတြင္း ေျမျမွဳပ္မိုင္းေတြေၾကာင့္ ေဒသခံထိခိုက္ဒဏ္ရာရမႈတိုးလာ


Landmine (Reuters/Karen News)

[[Zawgyi/Unicode]]

ျမန္မာႏိုင္ငံတြင္း စစ္ေရးပဋိပကၡေတြရွိေနတဲ့ေဒသေတြမွာ ေျမျမွဳပ္မိုင္းအသုံးျပဳမႈမ်ားလာသလို ေျမျမွဳပ္မိုင္းေၾကာင့္ ထိခိုက္ေသဆုံးမႈေတြလည္း တိုးလာေနပါတယ္။ ၂၀၂၂ ခုႏွစ္ရဲ႕ ႏွစ္လအတြင္းမွာပဲ ေျမျမွဳပ္မိုင္းေၾကာင့္ ထိခိုက္ဒဏ္ရာရသူဟာ ၂၀၂၀ ခုႏွစ္တႏွစ္လုံးရဲ႕ ၁၉ ရာခိုင္ႏႈန္းအထိျဖစ္ခဲ့တယ္လို႔ UNICEF ကုလ ကေလးမ်ားရံပုံေငြအဖြဲ႔က ထုတ္ျပန္ပါတယ္။ ရန္ကုန္က ေပးပို႔လာတဲ့သတင္းကို ကိုၿငိမ္းခ်မ္းက တင္ျပေပးထားပါတယ္။

ျမန္မာႏိုင္ငံတြင္း စစ္အာဏာသိမ္းၿပီးေနာက္ စစ္ေကာင္စီတပ္ေတြနဲ႔ ေဒသခံကာကြယ္ေရးအဖြဲ႔ေတြၾကား ႏိုင္ငံေနရာတခ်ဳိ႕မွာ ျပင္းျပင္းထန္ထန္တိုက္ပြဲေတြရွိေနၿပီး ႏွစ္ဘက္စလုံးက ေျမျမွဳပ္မိုင္းေတြအသုံးျပဳေနၾကတာပါ။

စစ္ေရးပဋိပကၡေတြျပင္းထန္ေနတဲ့ ကယားျပည္နယ္၊ ဒီးေမာ့ဆိုၿမိဳ႕နယ္တဝိုက္မွာဆိုရင္ ေျမျမႇဳပ္မိုင္းေတြကို ကရင္နီေတာ္လွန္ေရးတပ္ေပါင္းစုနဲ႔ ဒီးေမာ့ဆို PDF ေတြ ပူးေပါင္းရွင္းလင္းေနရၿပီး ေန႔တိုင္းလိုလို မိုင္းေတြေတြ႕ေနရတယ္လို႔ ဒီးေမာ့ဆို PDF ရဲ႕ တာဝန္ခံက ဗြီအိုေအကို ေျပာပါတယ္။ ဒီေျမျမွဳပ္မိုင္း အမ်ားစုကို စစ္ေကာင္စီတပ္ေတြက ေထာင္ထားတာျဖစ္တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ လမ္းၾကား၊ ေနအိမ္ၾကား၊ စိုက္ခင္းေတြၾကားထဲမွာ ေျမျမႇဳပ္မိုင္းေတြကို ေထာင္ထားတဲ့အတြက္ အရပ္သားေတြကပဲ အမ်ားဆုံး ထိခိုက္ၾကတယ္လို႔ သူကေျပာပါတယ္။

"ဟိုေန႔က (ဒီးေမာ့ဆိုမွာ) က်ေနာ္တို႔ နယ္ေျမစိုးမိုးေရး ျပန္လႈပ္ရွားတဲ့အခါမွာ တရက္တည္းကို ၁၀ လုံး၊ ၉ လုံး အဲလို ရက္တိုင္း၊ ရက္တိုင္း တူးေဖာ္ရရွိတယ္။ ေနာက္ဆုံး က်ေနာ္တို႔ ျပည္သူေတြကလည္း မျပန္ရဲေတာ့ဘူး။ နဂိုကတည္းက သိပ္မလုံၿခဳံေတာ့ အခုသူတို႔စိုက္ထားတဲ့ အသီးအႏွံေတြေပါ့ေနာ္ ျပန္ခူးၿပီးေတာ့ စားသုံးဖို႔ေတာင္ အဆင္မေျပေတာ့ဘူး။"

ကယားျပည္နယ္၊ ဒီးေမာ့ဆိုၿမိဳ႕နယ္နားမွာ ေျမျမႇဳပ္မိုင္းကို အမ်ားဆုံးေတြ႔ရၿပီး ေဒသကိုင္လက္နက္ကိုင္အဖြဲ႕ေတြ နယ္ေျမစိုးမိုးထားႏိုင္တဲ့ က်န္တဲ့ၿမိဳ႕နယ္ေတြမွာေတာ့ ေျမျမႇဳပ္မိုင္းကို သိပ္စိုးရိမ္စရာမရွိဘူးလို႔ သူကေျပာပါတယ္။ စက္ကိရိယာ အကူအညီမပါဘဲ လူအားနဲ႔ပဲ ဒီမိုင္းေတြကို ရွင္းလင္းေနရတာပါ။ တခါတေလ မိုင္းရွင္းတဲ့အဖြဲ႕ေတြဆီ စားစရာလာပို႔တဲ့ သူေတြကိုယ္တိုင္ မိုင္းနင္းမိတာေတြ ရွိေနပါတယ္လို႔ သူကဆက္ေျပာပါတယ္။

"မိုင္းကေတာ့ အမ်ိဳးအစား အမ်ားႀကီးပဲ။ ၁၄ မိုင္းရွိတယ္၊ ၁၆ မိုင္းရွိတယ္၊ ၁၈ မိုင္းရွိတယ္။ ေနာက္ၿပီး တိုက္မိုင္းေတြရွိတယ္။ အဲလို အမ်ိဳးအစား ေလးငါးမ်ိဳးေလာက္ က်ေနာ္တို႔ တူးေဖာ္ရရွိတယ္။ ပထမဦးစားေပးတာက ဒီမိုင္းရွင္းလင္းေရးေပါ့ေနာ္ ဒါၿပီးသြားရင္ က်န္တဲ့က႑ပိုင္း ဆက္လုပ္ဖို႔ရွိပါတယ္။"

UNICEF က ထုတ္ျပန္တဲ့ အခ်က္အလက္ေတြအရဆိုရင္ ၂၀၂၁ ခုႏွစ္တႏွစ္လုံးမွာ ေျမျမႇဳပ္မိုင္းေၾကာင့္ လူေပါင္း ၂၈၄ ေယာက္ ထိခိုက္ခဲ့ၿပီး ၂၀၂၀ ကအေရအတြက္ထက္ ပိုလာပါတယ္။ ရွမ္းျပည္နယ္က ၃၈ ရာခိုင္ႏႈန္းနဲ႔ ထိခိုက္မႈအေရအတြက္ အမ်ားဆုံးျဖစ္ၿပီး ကခ်င္၊ ရခိုင္၊ ပဲခူး၊ ခ်င္း၊ ကယား၊ ကရင္၊ မြန္၊ မေကြး၊ စစ္ကိုင္းနဲ႔ တနသၤာရီ ေဒသေတြက အစဥ္အတိုင္း အမ်ားဆုံးရွိေနပါတယ္။ ေျမျမႇဳပ္မိုင္းေၾကာင့္ ထိခိုက္ခဲ့ရသူေတြထဲမွာ ကေလးသူငယ္က အေရအတြက္က ၂၇ ရာခိုင္ႏႈန္းရွိၿပီး ရခိုင္ျပည္နယ္က ကေလးေတြက အမ်ားဆုံး ထိခိုက္နစ္နာခဲ့တာပါ။ စစ္ေရးပဋိပကၡေတြႀကဳံခဲ့ေပမယ့္ လတ္တေလာတိုက္ပြဲေတြမရွိတဲ့ ရခိုင္ေဒသမ်ိဳးမွာလည္း လက္က်န္ေျမျမဳပ္မိုင္းေတြေၾကာင့္ ေဒသခံေတြ ထိခိုက္ေနရတုန္းပါ။

ေျမျမွဳပ္မိုင္းေတြကို ျမန္မာစစ္တပ္က သုံးစြဲသလိုပဲ ေဒသခံလက္နက္ကိုင္အဖြဲ႔ေတြ၊ တိုင္းရင္းသားလက္နက္ကိုင္ေတြကလည္ သုံးစြဲခဲ့ၾကတာပါ။ မိုင္းေထာင္ၿပီး တဘက္ရန္သူကို ရည္႐ြယ္တိုက္ခိုက္ၾကေပမယ့္ မိုင္းအႂကြင္းအက်န္ေတြကေတာ့ ေဒသခံေတြကို ဆက္ၿပီးၿခိမ္းေျခာက္ေနတယ္လို႔ ခ်င္းျပည္နယ္ အရပ္ဘက္အဖြဲ႕အစည္းတခုမွာ ဦးေဆာင္ပါဝင္သူတဦးက ေျပာပါတယ္။ လက္နက္ကိုင္ အဖြဲ႔အစည္းေတြကေတာ့ ေျမျမႇဳပ္မိုင္းကို ေရွာင္ကြင္းသြားလာႏိုင္ၾကလို႔ ေဒသခံေတြကပဲ အမ်ားဆုံး ထိခိုက္နစ္နာရတယ္လို႔ သူကေျပာပါတယ္။

"တဘက္နဲ႔တဘက္ စစ္ပြဲေတြ ျဖစ္ပြားလာတဲ့အခါမွာ အားသာခ်က္ကို ယူခ်င္ေသာအားျဖင့္ေပါ့ေလ။ ႏွစ္ဘက္စလုံးက တဘက္ရန္သူ သြားလာႏိုင္တဲ့ ေနရာမ်ိဳးမွာ ေျမျမႇဳပ္မိုင္းေတြကို ေထာင္ထားေလ့ရွိတယ္ ေပါ့ေလ။ အေျချပဳၿပီး ေျပာခ်င္တာက က်ေနာ္တို႔ခ်င္းျပည္နယ္မွာ အာဏာသိမ္းၿပီးေနာက္ပိုင္း ျဖစ္ေပၚလာတဲ့ အခင္းအက်င္းမွာေပါ့ေလ ေျမျမႇဳပ္မိုင္းရဲ႕ ဆိုးက်ိဳးက တဘက္ရန္သူတင္မကဘဲနဲ႔ စားဝတ္ေနေရးအတြက္ ေတာင္ယာသြား၊ ဥယ်ာဥ္ၿခံလုပ္ေနသူေတြအတြက္ပါ ေတာ္ေတာ္ေလး ထိခိုက္နစ္နာမႈ ရွိပါတယ္ေပါ့ေလ။ ေတာ္ေတာ္မ်ားမ်ား အျပစ္မဲ့တဲ့ျပည္သူေတြဟာ ေျမျမႇဳပ္မိုင္းဒဏ္ေၾကာင့္ အသက္ေပးသြားၾကတာ ေတာ္ေတာ္ေလး က်ေနာ္တို႔ ေတြ႕ရပါတယ္။"

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ကြတ္ခိုင္ၿမိဳ႕က ဦးဟုတ္ေပါင္းက လြန္ခဲ့တဲ့ငါးႏွစ္က ေတာင္ယာသြားရင္း မိုင္းနင္းမိလို႔ ေျခေထာက္တဖက္ ျဖတ္ပစ္လိုက္ရတဲ့ အျဖစ္အပ်က္ကို ျပန္ေျပာျပပါတယ္။

"(ေျခေထာက္) ျဖတ္ပစ္လိုက္ရတာက ငါးႏွစ္ေလာက္ရွိၿပီ။ ျမက္သြားရိတ္တာ မိုင္းနင္းမိတာ။ အလုပ္က မလုပ္ေတာ့ဘူး၊ မလုပ္ခ်င္ေတာ့ဘူး။ အသက္လည္း ၆၂ ဝင္သြားၿပီ။"

ငါးႏွစ္ေလာက္ဝတ္လာတဲ့ ေျခေထာက္အတုက အခုသုံးလို႔မရေတာ့တဲ့အတြက္ အသစ္တခုရဖို႔ ေစာင့္ဆိုင္းေနတယ္လို႔ သူက ဗြီအိုေအကိုေျပာပါတယ္။

မိုင္းတားဆီးေရးစာခ်ဳပ္ကို ၂၀၂၁ ႏိုဝင္ဘာ ၁ ရက္အထိ ႏိုင္ငံေပါင္း ၁၆၄ ႏိုင္ငံ ( ကမာၻ႔ႏိုင္ငံေတြရဲ႕ ၈၀ ရာခိုင္ႏႈန္း) က အတည္ျပဳ လက္ခံခဲ့ပါတယ္။ ဒါေပမယ့္ ျမန္မာႏိုင္ငံကေတာ့ လူသားေတြကို ပစ္မွတ္ထား တိုက္ခိုက္ေနတဲ့ ဒီေျမျမႇဳပ္မိုင္းကိစၥမွာ ပူးေပါင္းပါဝင္တာ မရွိေသးဘူလို႔ ေျမျမႇဳပ္မိုင္း ေစာင့္ၾကည့္ေလ့လာေရးအဖြဲ႕ ( Landmine & Cluster Munition Monitor ) က ၿပီးခဲ့တဲ့ ႏိုဝင္ဘာလ အစီရင္ခံစာမွာ ေရးသားထားပါတယ္။

အခု ၂၀၂၂ ခုႏွစ္ ဇန္နဝါရီနဲ႔ ေဖေဖာ္ဝါရီ ၂ လေပါင္း စာရင္းအရဆိုရင္ေတာ့ တႏိုင္ငံလုံးမွာ ေျမျမႇဳပ္မိုင္းေၾကာင့္ လူေပါင္း ၅၃ ေယာက္ ထိခိုက္နစ္နာ ခဲ့တယ္လို႔ UNICEF က ထုတ္ျပန္ထားပါတယ္။ ဒီအခ်က္အလက္ထဲမွာ ေဒသဆိုင္ရာအုပ္ခ်ဳပ္ေရး တပ္ဖြဲ႕ဝင္ေတြကို ပစ္မွတ္ထားတဲ့ ေပါက္ကြဲမႈေတြေၾကာင့္ ထိခိုက္ခံခဲ့သူေတြရဲ႕ စာရင္းကိုေတာ့ ထည့္သြင္းမထားဘူးလို႔ UNICEF က ထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

=============

[[Unicode]]

မြန်မာနိုင်ငံတွင်း မြေမြှုပ်မိုင်းတွေကြောင့် ဒေသခံထိခိုက်ဒဏ်ရာရမှုတိုးလာ


မြန်မာနိုင်ငံတွင်း စစ်ရေးပဋိပက္ခတွေရှိနေတဲ့ဒေသတွေမှာ မြေမြှုပ်မိုင်းအသုံးပြုမှုများလာသလို မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှုတွေလည်း တိုးလာနေပါတယ်။ ၂၀၂၂ ခုနှစ်ရဲ့ နှစ်လအတွင်းမှာပဲ မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရသူဟာ ၂၀၂၀ ခုနှစ်တနှစ်လုံးရဲ့ ၁၉ ရာခိုင်နှုန်းအထိဖြစ်ခဲ့တယ်လို့ UNICEF ကုလ ကလေးများရံပုံငွေအဖွဲ့က ထုတ်ပြန်ပါတယ်။ ရန်ကုန်က ပေးပို့လာတဲ့သတင်းကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံတွင်း စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေကြား နိုင်ငံနေရာတချို့မှာ ပြင်းပြင်းထန်ထန်တိုက်ပွဲတွေရှိနေပြီး နှစ်ဘက်စလုံးက မြေမြှုပ်မိုင်းတွေအသုံးပြုနေကြတာပါ။

စစ်ရေးပဋိပက္ခတွေပြင်းထန်နေတဲ့ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တဝိုက်မှာဆိုရင် မြေမြှုပ်မိုင်းတွေကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစုနဲ့ ဒီးမော့ဆို PDF တွေ ပူးပေါင်းရှင်းလင်းနေရပြီး နေ့တိုင်းလိုလို မိုင်းတွေတွေ့နေရတယ်လို့ ဒီးမော့ဆို PDF ရဲ့ တာဝန်ခံက ဗွီအိုအေကို ပြောပါတယ်။ ဒီမြေမြှုပ်မိုင်း အများစုကို စစ်ကောင်စီတပ်တွေက ထောင်ထားတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ လမ်းကြား၊ နေအိမ်ကြား၊ စိုက်ခင်းတွေကြားထဲမှာ မြေမြှုပ်မိုင်းတွေကို ထောင်ထားတဲ့အတွက် အရပ်သားတွေကပဲ အများဆုံး ထိခိုက်ကြတယ်လို့ သူကပြောပါတယ်။

"ဟိုနေ့က (ဒီးမော့ဆိုမှာ) ကျနော်တို့ နယ်မြေစိုးမိုးရေး ပြန်လှုပ်ရှားတဲ့အခါမှာ တရက်တည်းကို ၁၀ လုံး၊ ၉ လုံး အဲလို ရက်တိုင်း၊ ရက်တိုင်း တူးဖော်ရရှိတယ်။ နောက်ဆုံး ကျနော်တို့ ပြည်သူတွေကလည်း မပြန်ရဲတော့ဘူး။ နဂိုကတည်းက သိပ်မလုံခြုံတော့ အခုသူတို့စိုက်ထားတဲ့ အသီးအနှံတွေပေါ့နော် ပြန်ခူးပြီးတော့ စားသုံးဖို့တောင် အဆင်မပြေတော့ဘူး။"

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်နားမှာ မြေမြှုပ်မိုင်းကို အများဆုံးတွေ့ရပြီး ဒေသကိုင်လက်နက်ကိုင်အဖွဲ့တွေ နယ်မြေစိုးမိုးထားနိုင်တဲ့ ကျန်တဲ့မြို့နယ်တွေမှာတော့ မြေမြှုပ်မိုင်းကို သိပ်စိုးရိမ်စရာမရှိဘူးလို့ သူကပြောပါတယ်။ စက်ကိရိယာ အကူအညီမပါဘဲ လူအားနဲ့ပဲ ဒီမိုင်းတွေကို ရှင်းလင်းနေရတာပါ။ တခါတလေ မိုင်းရှင်းတဲ့အဖွဲ့တွေဆီ စားစရာလာပို့တဲ့ သူတွေကိုယ်တိုင် မိုင်းနင်းမိတာတွေ ရှိနေပါတယ်လို့ သူကဆက်ပြောပါတယ်။

"မိုင်းကတော့ အမျိုးအစား အများကြီးပဲ။ ၁၄ မိုင်းရှိတယ်၊ ၁၆ မိုင်းရှိတယ်၊ ၁၈ မိုင်းရှိတယ်။ နောက်ပြီး တိုက်မိုင်းတွေရှိတယ်။ အဲလို အမျိုးအစား လေးငါးမျိုးလောက် ကျနော်တို့ တူးဖော်ရရှိတယ်။ ပထမဦးစားပေးတာက ဒီမိုင်းရှင်းလင်းရေးပေါ့နော် ဒါပြီးသွားရင် ကျန်တဲ့ကဏ္ဍပိုင်း ဆက်လုပ်ဖို့ရှိပါတယ်။"

UNICEF က ထုတ်ပြန်တဲ့ အချက်အလက်တွေအရဆိုရင် ၂၀၂၁ ခုနှစ်တနှစ်လုံးမှာ မြေမြှုပ်မိုင်းကြောင့် လူပေါင်း ၂၈၄ ယောက် ထိခိုက်ခဲ့ပြီး ၂၀၂၀ ကအရေအတွက်ထက် ပိုလာပါတယ်။ ရှမ်းပြည်နယ်က ၃၈ ရာခိုင်နှုန်းနဲ့ ထိခိုက်မှုအရေအတွက် အများဆုံးဖြစ်ပြီး ကချင်၊ ရခိုင်၊ ပဲခူး၊ ချင်း၊ ကယား၊ ကရင်၊ မွန်၊ မကွေး၊ စစ်ကိုင်းနဲ့ တနင်္သာရီ ဒေသတွေက အစဉ်အတိုင်း အများဆုံးရှိနေပါတယ်။ မြေမြှုပ်မိုင်းကြောင့် ထိခိုက်ခဲ့ရသူတွေထဲမှာ ကလေးသူငယ်က အရေအတွက်က ၂၇ ရာခိုင်နှုန်းရှိပြီး ရခိုင်ပြည်နယ်က ကလေးတွေက အများဆုံး ထိခိုက်နစ်နာခဲ့တာပါ။ စစ်ရေးပဋိပက္ခတွေကြုံခဲ့ပေမယ့် လတ်တလောတိုက်ပွဲတွေမရှိတဲ့ ရခိုင်ဒေသမျိုးမှာလည်း လက်ကျန်မြေမြုပ်မိုင်းတွေကြောင့် ဒေသခံတွေ ထိခိုက်နေရတုန်းပါ။

မြေမြှုပ်မိုင်းတွေကို မြန်မာစစ်တပ်က သုံးစွဲသလိုပဲ ဒေသခံလက်နက်ကိုင်အဖွဲ့တွေ၊ တိုင်းရင်းသားလက်နက်ကိုင်တွေကလည် သုံးစွဲခဲ့ကြတာပါ။ မိုင်းထောင်ပြီး တဘက်ရန်သူကို ရည်ရွယ်တိုက်ခိုက်ကြပေမယ့် မိုင်းအကြွင်းအကျန်တွေကတော့ ဒေသခံတွေကို ဆက်ပြီးခြိမ်းခြောက်နေတယ်လို့ ချင်းပြည်နယ် အရပ်ဘက်အဖွဲ့အစည်းတခုမှာ ဦးဆောင်ပါဝင်သူတဦးက ပြောပါတယ်။ လက်နက်ကိုင် အဖွဲ့အစည်းတွေကတော့ မြေမြှုပ်မိုင်းကို ရှောင်ကွင်းသွားလာနိုင်ကြလို့ ဒေသခံတွေကပဲ အများဆုံး ထိခိုက်နစ်နာရတယ်လို့ သူကပြောပါတယ်။

"တဘက်နဲ့တဘက် စစ်ပွဲတွေ ဖြစ်ပွားလာတဲ့အခါမှာ အားသာချက်ကို ယူချင်သောအားဖြင့်ပေါ့လေ။ နှစ်ဘက်စလုံးက တဘက်ရန်သူ သွားလာနိုင်တဲ့ နေရာမျိုးမှာ မြေမြှုပ်မိုင်းတွေကို ထောင်ထားလေ့ရှိတယ် ပေါ့လေ။ အခြေပြုပြီး ပြောချင်တာက ကျနော်တို့ချင်းပြည်နယ်မှာ အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ အခင်းအကျင်းမှာပေါ့လေ မြေမြှုပ်မိုင်းရဲ့ ဆိုးကျိုးက တဘက်ရန်သူတင်မကဘဲနဲ့ စားဝတ်နေရေးအတွက် တောင်ယာသွား၊ ဥယျာဉ်ခြံလုပ်နေသူတွေအတွက်ပါ တော်တော်လေး ထိခိုက်နစ်နာမှု ရှိပါတယ်ပေါ့လေ။ တော်တော်များများ အပြစ်မဲ့တဲ့ပြည်သူတွေဟာ မြေမြှုပ်မိုင်းဒဏ်ကြောင့် အသက်ပေးသွားကြတာ တော်တော်လေး ကျနော်တို့ တွေ့ရပါတယ်။"

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့က ဦးဟုတ်ပေါင်းက လွန်ခဲ့တဲ့ငါးနှစ်က တောင်ယာသွားရင်း မိုင်းနင်းမိလို့ ခြေထောက်တဖက် ဖြတ်ပစ်လိုက်ရတဲ့ အဖြစ်အပျက်ကို ပြန်ပြောပြပါတယ်။

"(ခြေထောက်) ဖြတ်ပစ်လိုက်ရတာက ငါးနှစ်လောက်ရှိပြီ။ မြက်သွားရိတ်တာ မိုင်းနင်းမိတာ။ အလုပ်က မလုပ်တော့ဘူး၊ မလုပ်ချင်တော့ဘူး။ အသက်လည်း ၆၂ ဝင်သွားပြီ။"

ငါးနှစ်လောက်ဝတ်လာတဲ့ ခြေထောက်အတုက အခုသုံးလို့မရတော့တဲ့အတွက် အသစ်တခုရဖို့ စောင့်ဆိုင်းနေတယ်လို့ သူက ဗွီအိုအေကိုပြောပါတယ်။

မိုင်းတားဆီးရေးစာချုပ်ကို ၂၀၂၁ နိုဝင်ဘာ ၁ ရက်အထိ နိုင်ငံပေါင်း ၁၆၄ နိုင်ငံ ( ကမ္ဘာ့နိုင်ငံတွေရဲ့ ၈၀ ရာခိုင်နှုန်း) က အတည်ပြု လက်ခံခဲ့ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံကတော့ လူသားတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတဲ့ ဒီမြေမြှုပ်မိုင်းကိစ္စမှာ ပူးပေါင်းပါဝင်တာ မရှိသေးဘူလို့ မြေမြှုပ်မိုင်း စောင့်ကြည့်လေ့လာရေးအဖွဲ့ ( Landmine & Cluster Munition Monitor ) က ပြီးခဲ့တဲ့ နိုဝင်ဘာလ အစီရင်ခံစာမှာ ရေးသားထားပါတယ်။

အခု ၂၀၂၂ ခုနှစ် ဇန်နဝါရီနဲ့ ဖေဖော်ဝါရီ ၂ လပေါင်း စာရင်းအရဆိုရင်တော့ တနိုင်ငံလုံးမှာ မြေမြှုပ်မိုင်းကြောင့် လူပေါင်း ၅၃ ယောက် ထိခိုက်နစ်နာ ခဲ့တယ်လို့ UNICEF က ထုတ်ပြန်ထားပါတယ်။ ဒီအချက်အလက်ထဲမှာ ဒေသဆိုင်ရာအုပ်ချုပ်ရေး တပ်ဖွဲ့ဝင်တွေကို ပစ်မှတ်ထားတဲ့ ပေါက်ကွဲမှုတွေကြောင့် ထိခိုက်ခံခဲ့သူတွေရဲ့ စာရင်းကိုတော့ ထည့်သွင်းမထားဘူးလို့ UNICEF က ထုတ်ပြန်ထားပါတယ်။
=============

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG