သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေနာက္ငါးႏွစ္အတြင္း မိုင္းကင္းစင္ကမာၻျဖစ္ေအာင္လုပ္ဖို႔ ၁၆၄ ႏုိင္ငံ သေဘာတူ


(Zawgyi/Unicode)

၂၀၂၅ ခုႏွစ္မွာ မိုင္းကင္းစင္တဲ့ကမာၻျဖစ္ဖို႔ဆိုတဲ့ ရည္မွန္းခ်က္ကိုျပည့္မီေရး အရွိန္ျမႇင့္လုပ္ေဆာင္ၾကဖို႔ မိုင္း ပိတ္ပင္တားဆီးေရး သေဘာတူစာခ်ဳပ္ (MBT) ကို လက္မွတ္ေရးထိုးထားတဲ့ ၁၆၄ ႏုိင္ငံ ေသာၾကာေန႔ သေဘာတူလိုက္ၾကၿပီလို႔ ေနာ္ေဝး ႏုိင္ငံျခား ေရးဌာနက ေျပာပါတယ္။

“ေနာက္ငါးႏွစ္အတြင္း မိုင္းရွင္းလင္းေရးကို အရွိန္ျမႇင့္လုပ္ေဆာင္ဖို႔ လိုတယ္ဆိုတာ အခု ႏုိင္ငံေတြ သေဘာတူလိုက္ၾကပါၿပီ” လို႔ ေအာ္စလိုၿမိဳ႕ေတာ္မွာလုပ္တဲ့ အစည္းအေဝးအၿပီး ထုတ္ျပန္ခ်က္ထဲမွာ ေနာ္ေဝးႏုိင္ငံျခားေရးဝန္ႀကီး Ine Eriksen Soreide က ေျပာထားပါတယ္။

ေသာၾကာေန႔ကခ်မွတ္တဲ့ “Oslo Action Plan” ဆိုတဲ့ လုပ္ငန္းစီမံကိန္းထဲမွာ ႏုိင္ငံေတြအေနနဲ႔ မ္ိုင္းရွိတဲ့ေဒသေတြကို သတ္မွတ္ ေဖာ္ထုတ္ၿပီး မိုင္းရွင္းလင္းေရးဆိုင္ရာ ႏုိင္ငံေတာ္စီမံကိန္းကို ခ်မွတ္ရမွာျဖစ္ပါတယ္။

၂၀၂၅ ခုႏွစ္မတိုင္ခင္ ေနာက္ဆံုးအဆင့္မွာ တိုးတက္မႈကို တိုင္းတာမယ္လုိ႔လည္း ႏုိင္ငံေတြက ကတိျပဳၾကတဲ့အေၾကာင္း ေနာ္ေဝး ႏုိင္ငံျခားေရးဌာန ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ ဒီရည္မွန္းခ်က္ဟာ ၁၉၉၇ ခုႏွစ္က ခ်ဳပ္ဆိုတဲ့ မိုင္း ပိတ္ပင္တားဆီးေရး သေဘာတူစာခ်ဳပ္ ဒါမွမဟုတ္ Ottawa သေဘာတူစာခ်ဳပ္မွာ ခ်မွတ္ထားတဲ့ ရည္မွန္းခ်က္ပါ။

၂၀၁၈ ခုႏွစ္အတြင္း မိုင္းအမ်ဳိးမ်ဳိးေၾကာင့္ လူေပါင္း ၇,၀၀၀ နီးပါး ေသဆံုးခဲ့ရတယ္လုိ႔ ေျမျမႇဳပ္မိုင္း ေစာင့္ၾကည့္ေလ့လာေရးအဖြဲ႔ရဲ႕ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။ ႏုိင္ငံေျခာက္ႏုိင္ငံထက္မနည္းမွာ အစိုးရမဟုတ္တဲ့ လက္နက္ကိုင္အဖြဲ႔ေတြဟာ ေျမျမႇဳပ္မိုင္း ကို အသံုးျပဳခဲ့ၾကတယ္လုိ႔ ဒီအဖြဲ႔ကဆုိပါတယ္။ အဲဒီေျခာက္ႏုိင္ငံကေတာ့ အာဖဂန္နစၥတန္၊ အိႏၵိယ၊ ျမန္မာ၊ ႏုိင္ဂ်ီးရီးယား၊ ပါကစၥတန္နဲ႔ ယီမင္ႏုိင္ငံေတြျဖစ္ပါတယ္။ ဒါ့အျပင္ ျမန္မာ့တပ္မေတာ္ဟာ ကမာၻေပၚက အစိုးရစစ္တပ္ေတြအားလံုးထဲမွာ ေျမျမႇဳပ္ မိုင္းအသံုးျပဳတဲ့ တခုတည္းေသာစစ္တပ္ ျဖစ္တယ္လုိ႔လည္း ဒီအဖြဲ႔ကေျပာပါတယ္။

ႏုိဝင္ဘာလ ၂၆ ရက္ေန႔ကပဲ ရွမ္းျပည္ေျမာက္ပိုင္း၊ သီေပါၿမိဳ႕ျပင္ဘက္မွာ ဂ်ာမနီႏုိင္ငံသား ကမာၻလွည့္ခရီးသည္တဦး ေျမျမႇဳပ္မိုင္း ေၾကာင့္ ေသဆံုးခဲ့ပါေသးတယ္။ အဲဒီဘက္မွာ တိုက္ပြဲေတြျဖစ္ထားဖူးၿပီး လက္နက္ကိုင္အဖြဲ႔ အေတာ္မ်ားမ်ား လႈပ္ရွားတဲ့ နယ္ေျမ ျဖစ္တာေၾကာင့္ ဘယ္အဖြဲ႔ကေထာင္ထားတဲ့ ေျမျမႇဳပ္မိုင္းဆုိတာကိုေတာ့ ရွင္းရွင္းလင္းလင္း မသိရပါဘူး။

တိုက္႐ိုက္ လင့္ခ္


..............
နောက်ငါးနှစ်အတွင်း မိုင်းကင်းစင်ကမ္ဘာဖြစ်အောင်လုပ်ဖို့ ၁၆၄ နိုင်ငံ သဘောတူ
(Unicode)

၂၀၂၅ ခုနှစ်မှာ မိုင်းကင်းစင်တဲ့ကမ္ဘာဖြစ်ဖို့ဆိုတဲ့ ရည်မှန်းချက်ကိုပြည့်မီရေး အရှိန်မြှင့်လုပ်ဆောင်ကြဖို့ မိုင်း ပိတ်ပင်တားဆီးရေး သဘောတူစာချုပ် (MBT) ကို လက်မှတ်ရေးထိုးထားတဲ့ ၁၆၄ နိုင်ငံ သောကြာနေ့ သဘောတူလိုက်ကြပြီလို့ နော်ဝေး နိုင်ငံခြား ရေးဌာနက ပြောပါတယ်။

“နောက်ငါးနှစ်အတွင်း မိုင်းရှင်းလင်းရေးကို အရှိန်မြှင့်လုပ်ဆောင်ဖို့ လိုတယ်ဆိုတာ အခု နိုင်ငံတွေ သဘောတူလိုက်ကြပါပြီ” လို့ အော်စလိုမြို့တော်မှာလုပ်တဲ့ အစည်းအဝေးအပြီး ထုတ်ပြန်ချက်ထဲမှာ နော်ဝေးနိုင်ငံခြားရေးဝန်ကြီး Ine Eriksen Soreide က ပြောထားပါတယ်။

သောကြာနေ့ကချမှတ်တဲ့ “Oslo Action Plan” ဆိုတဲ့ လုပ်ငန်းစီမံကိန်းထဲမှာ နိုင်ငံတွေအနေနဲ့ မိုင်းရှိတဲ့ဒေသတွေကို သတ်မှတ် ဖော်ထုတ်ပြီး မိုင်းရှင်းလင်းရေးဆိုင်ရာ နိုင်ငံတော်စီမံကိန်းကို ချမှတ်ရမှာဖြစ်ပါတယ်။

၂၀၂၅ ခုနှစ်မတိုင်ခင် နောက်ဆုံးအဆင့်မှာ တိုးတက်မှုကို တိုင်းတာမယ်လို့လည်း နိုင်ငံတွေက ကတိပြုကြတဲ့အကြောင်း နော်ဝေး နိုင်ငံခြားရေးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒီရည်မှန်းချက်ဟာ ၁၉၉၇ ခုနှစ်က ချုပ်ဆိုတဲ့ မိုင်း ပိတ်ပင်တားဆီးရေး သဘောတူစာချုပ် ဒါမှမဟုတ် Ottawa သဘောတူစာချုပ်မှာ ချမှတ်ထားတဲ့ ရည်မှန်းချက်ပါ။

၂၀၁၈ ခုနှစ်အတွင်း မိုင်းအမျိုးမျိုးကြောင့် လူပေါင်း ၇,၀၀၀ နီးပါး သေဆုံးခဲ့ရတယ်လို့ မြေမြှုပ်မိုင်း စောင့်ကြည့်လေ့လာရေးအဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ နိုင်ငံခြောက်နိုင်ငံထက်မနည်းမှာ အစိုးရမဟုတ်တဲ့ လက်နက်ကိုင်အဖွဲ့တွေဟာ မြေမြှုပ်မိုင်း ကို အသုံးပြုခဲ့ကြတယ်လို့ ဒီအဖွဲ့ကဆိုပါတယ်။ အဲဒီခြောက်နိုင်ငံကတော့ အာဖဂန်နစ္စတန်၊ အိန္ဒိယ၊ မြန်မာ၊ နိုင်ဂျီးရီးယား၊ ပါကစ္စတန်နဲ့ ယီမင်နိုင်ငံတွေဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာ့တပ်မတော်ဟာ ကမ္ဘာပေါ်က အစိုးရစစ်တပ်တွေအားလုံးထဲမှာ မြေမြှုပ် မိုင်းအသုံးပြုတဲ့ တခုတည်းသောစစ်တပ် ဖြစ်တယ်လို့လည်း ဒီအဖွဲ့ကပြောပါတယ်။

နိုဝင်ဘာလ ၂၆ ရက်နေ့ကပဲ ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့ပြင်ဘက်မှာ ဂျာမနီနိုင်ငံသား ကမ္ဘာလှည့်ခရီးသည်တဦး မြေမြှုပ်မိုင်း ကြောင့် သေဆုံးခဲ့ပါသေးတယ်။ အဲဒီဘက်မှာ တိုက်ပွဲတွေဖြစ်ထားဖူးပြီး လက်နက်ကိုင်အဖွဲ့ အတော်များများ လှုပ်ရှားတဲ့ နယ်မြေ ဖြစ်တာကြောင့် ဘယ်အဖွဲ့ကထောင်ထားတဲ့ မြေမြှုပ်မိုင်းဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

XS
SM
MD
LG