သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ႏိုင္ငံျခားသား ျပည္ဝင္ခြင့္ဗီဇာယူခြင့္ျပဳေပမယ့္ ခရီးသြားလုပ္ငန္းေမွ်ာ္လင့္ခ်က္နည္း


Myanmar Tourism


[[Zawgyi/Unicode]]

ႏိုင္ငံျခားသားဧည့္သည္ေတြ ျမန္မာႏိုင္ငံထဲ အပန္းေျဖခရီးသြားလာႏိုင္ဖို႔ ျပည္ဝင္ခြင့္ Tourist Visa ကို ဧၿပီလထဲေလွ်ာက္ထားႏိုင္ၿပီလို႔ လူဝင္မႈႀကီးၾကပ္ေရးနဲ႔ ျပည္သူ႔ အင္အားဝန္ႀကီးဌာနက ထုတ္ျပန္ေၾကညာထားပါတယ္။ လတ္တေလာျပည္တြင္းမွာ ျဖစ္ေနတဲ့ လက္နက္ကိုင္ပဋိပကၡေတြေၾကာင့္ ႏိုင္ငံျခားသား ခရီးသြား ဝင္ေရာက္ႏိုင္ဖို႔ကေတာ့ ေမွ်ာ္လင့္ခ်က္သိပ္မရွိဘူးလို႔ ခရီးသြားလုပ္ငန္းလုပ္ကိုင္သူေတြက သုံးသပ္ေနၾကပါတယ္။ ဒီအေၾကာင္း ရန္ကုန္က သတင္းေပးပို႔ထားပါတယ္။

ႏိုင္ငံျခားသား ရင္းႏွီးျမႇဳပ္ႏွံသူေတြ၊ လုပ္ငန္းရွင္ေတြ အဆင္ေျပေစဖို႔ ၂ ႏွစ္ေက်ာ္ၾကာ ရပ္ဆိုင္းထားခဲ့တဲ့ ႏိုင္ငံျခားသားခရီးသြား ဧည့္သည္ဝင္ေရာက္မႈအတြက္ Tourist Visa ကို ဧၿပီလ ၁၅ ရက္၊ လာမယ့္ တနဂၤေႏြေန႔ကစၿပီး အြန္လိုင္းကေနတဆင့္ ေလွ်ာက္ထားႏိုင္ၿပီလို႔ လူဝင္မႈႀကီးၾကပ္ေရးနဲ႔ ျပည္သူ႔အင္အားဝန္ႀကီးဌာနက အသိေပးထားပါတယ္။ ဒါဟာ ကပ္ေရာဂါေၾကာင့္ ၿပီးခဲ့တဲ့ ၂၀၂၀ ခုႏွစ္ မတ္လအေစာပိုင္းေလာက္ ကစၿပီး ရပ္နားထားခဲ့တဲ့ ခရီးသြားဗီဇာေလွ်ာက္ထားခြင့္ကို ျပန္လည္ခြင့္ျပဳေပးလိုက္ တာ ျဖစ္ပါတယ္။ ဒါေပမဲ့လည္း ႏိုင္ငံတြင္းမွာ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ျဖစ္ေပၚေနတဲ့ လက္နက္ကိုင္ပဋိပကၡေတြေၾကာင့္ ျပည္ပခရီးသြားေတြ ျပန္လည္ဝင္ေရာက္ လာဖို႔က အခက္အခဲေတြရွိေနတုန္းပါ။ ဒါေၾကာင့္လည္းပဲ ႏိုင္ငံျခာသားခရီးသြားေတြပုံမွန္ဝင္ေရာက္ႏိုင္ဖို႔ အခ်ိန္ေတာ့ယူရဦးမယ္လို႔ ျမန္မာႏိုင္ငံ ခရီးသြားလုပ္ငန္းရွင္မ်ား အသင္းဥကၠ႒ ဦးေနာင္းေနာင္းဟန္က ေျပာပါတယ္။

"ခရီးသြားက က်ေနာ္တို႔ ဒီအပန္းေျဖခရီးသြားေပါ့ေနာ္- အဲ့အတြက္ကေတာ့ ခ်က္ခ်င္းႀကီးလာဖို႔ မလြယ္ေသးပါဘူးခင္ဗ်။ က်ေနာ္တို႔ဆီမွာရွိေနတဲ့ လက္ရွိအေျခအေနအရေပါ့ေနာ္ အခ်ိန္ယူရဦးမယ္။ ေစ်းကြက္ေတြ ႀကိဳတင္ၿပီးေတာ့ လုပ္ရဦးမယ္ေပါ့ေနာ္။ အခု ႏိုင္ငံတကာမွာ သြားေနတာလည္း Backpacker သူတို႔ေတြသည္ သြားေတာ့သြားေနၾကတယ္။ ဒါေပမယ့္ ျမန္မာႏိုင္ငံကိုလာဖို႔ နည္းနည္းခက္ေနေသးတယ္။ မ်ားေသာအားျဖင့္က ဒီ Organized tours ေတြ၊ Package tours ေတြ ဒါေတြနဲ႔ပဲ လာဖို႔ေလာက္ရွိေတာ့ အဲဒီဟာကလည္း အခ်ိန္ယူရဦးမယ္။ ဒါေၾကာင့္မို႔ Leisure tour ကေတာ့ အခုဖြင့္ၿပီးၿပီးခ်င္း ခ်က္ခ်င္းလာဖို႔က နည္းနည္းခက္ေနေသးတယ္။"

ေဒသတြင္း အေျခအေနေတြေၾကာင့္ ျမန္မာႏိုင္ငံထဲ အပန္းေျဖခရီးလာေရာက္ လည္ပတ္ဖို႔က အခ်ိန္ယူရဦးမယ္လို႔ ေျပာပါတယ္။ အခုလို Tourist Visa ေလွ်ာက္ထားႏိုင္ဖို႔ ခြင့္ျပဳလိုက္တာက လာေရာက္လည္ပတ္ခ်င္သူေတြအတြက္ေတာ့ အခ်ိန္ယူျပင္ဆင္ႏိုင္လိမ့္မယ္လို႔ ဦးေနာင္းေနာင္းဟန္က ေျပာပါတယ္။

"ဒါေပမယ့္ ဒီလိုမ်ိဳး Tourist Visa ဖြင့္ေပးလိုက္ၿပီဆိုတဲ့ Information ရမွ သူတို႔ေတြသည္ ဒီ ၆ လေလာက္အတြင္းမွာ ျပင္ဆင္ၾကၿပီးေတာ့ လာဖို႔ရွိပါတယ္။ ဒီ ၁ လ - ၂ လ အတြင္းမွာေတာ့ ခရီးသည္အနည္းအက်ဥ္းေတာ့ ရမယ္။ ေနာက္တခါ Visit Travelers ေတြ ပိုၿပီးေတာ့ လာဖို႔ရွိပါတယ္။ အခုလာေနတဲ့ ခရီးသည္ေတာ္ေတာ္မ်ားမ်ားက Visit Travelers ေတြပဲ မ်ားပါတယ္ဗ်။"

ကပ္ေရာဂါေဘးေၾကာင့္ တေနရာနဲ႔ တေနရာသြားလာခြင့္ေတြ ကန႔္သတ္ခံခဲ့ရာကေန ျပည္တြင္းခရီးသြားလုပ္ငန္းေတြလည္း လုံးဝရပ္နားထားခဲ့ရတဲ့ အေျခအေနရွိခဲ့ပါတယ္။ ျပည္တြင္းမွာ ကပ္ေရာဂါစည္းမ်ဥ္းေတြ တေျဖးေျဖးေျဖေလွ်ာ့ရာကေန ျပည္တြင္းခရီးသြားလာမႈ ျပန္အစျပဳႏိုင္ဖို႔ ႐ုန္းကန္ေနခ်ိန္မွာပဲ အာဏာသိမ္းေနာက္ဆက္တြဲ လက္နက္ကိုင္တိုက္ခိုက္မႈေတြေၾကာင့္ အခုခ်ိန္ထိ နာလန္ထႏိုင္ဖို႔ ခက္ခဲေနပါတယ္။ ဒီလိုအခ်ိန္မွာ ျပည္ပခရီးသြားေတြ ျမန္မာႏိုင္ငံထဲ အပန္းေျဖခရီးလာေရာက္ဖို႔က ေမွ်ာ္လင့္စရာသိပ္မရွိဘူးလို႔ မႏၲေလးအေျခစိုက္ ခရီးသြားလုပ္ငန္းရွင္တဦးက ေျပာပါတယ္။

"ႏိုင္ငံတကာခရီးသည္ လာဖို႔ဆိုတာက ယုံၾကည္မႈက အင္မတန္အေရးႀကီးတယ္။ ယုံၾကည္မႈဆိုတာက အဲဒီႏိုင္ငံရဲ႕ ခရီးစဥ္ေဒသတခုကို လာဖို႔အတြက္ သူတို႔အတြက္ လုံၿခဳံမႈေတြ၊ သူတို႔လိုခ်င္တဲ့ ဝန္ေဆာင္မႈေတြ၊ လုံၿခဳံမႈဆိုတဲ့ေနရာမွာ ဒီက်န္းမာေရးကအစ က်န္တာေတြအကုန္ ပါတာေပါ့ေနာ္။ ဆိုေတာ့ အဲဒီအေပၚမွာ သူတို႔ဘယ္ေလာက္အထိ ယုံၾကည္ၿပီလဲ။ အဲေတာ့ ေျပာရရင္ေတာ့ အခုေျပာတဲ့ Visa ဆိုတဲ့ေနရာမွာ Leisure Travels ေတြကို Tourist Visa ကိုအဓိကဦးတည္ၿပီး ေျပာတာျဖစ္တဲ့အတြက္ Tourist ဆိုတဲ့ေခါင္းစဥ္နဲ႔ လာဖို႔အတြက္ကေတာ့ က်ေနာ့္အေနနဲ႔ သိပ္ေမွ်ာ္လင့္စရာမရွိဘူးလို႔ ထင္တယ္။"

ျပည္ပခရီးသည္ဝင္ေရာက္မႈ လုံးဝမရွိခ်ိန္မွာ ျပည္တြင္းခရီးသြားလာမႈက တခ်ိဳ႕ေနရာ ေတြမွာ ျပန္အစျပဳႏိုင္ဖို႔ ႐ုန္းကန္ေနရပါတယ္။ အခု ၂၀၂၂ ခုႏွစ္ ဧၿပီလပိုင္းမွာေတာ့ ျပည္တြင္းခရီးသြားေတြ လည္ပတ္တာရွိေပမယ့္ ကပ္ေရာဂါကာလ မတိုင္ခင္ ၂၀၁၉ ခုႏွစ္ ဧၿပီလနဲ႔ ႏႈိင္းယွဥ္ရင္ေတာ့ ၁၀ ရာခိုင္ႏႈန္းေလာက္ပဲရွိတယ္လို႔ ခရီးသြားလုပ္ငန္းရွင္ေတြရဲ႕ စာရင္းအရ သိရပါတယ္။ ျမန္မာႏိုင္ငံမွာ ကိုဗစ္ကပ္ေရာဂါေဘးနဲ႔ ႏိုင္ငံေရးမတည္ၿငိမ္မႈ အက်ပ္အတည္းေတြရဲ႕ ေပါင္းစပ္မႈေၾကာင့္ ၿမိဳ႕ျပလူဦးေရရဲ႕ ဆင္းရဲမြဲေတမႈအေရအတြက္ဟာ ၃ ဆေလာက္ တိုးလာမယ္လို႔ ကုလသမဂၢဖြံ႕ၿဖိဳးမႈ အစီအစဥ္ UNDP ရဲ႕ စစ္တမ္းကလည္း ေဖာ္ျပထားပါတယ္။ ဒီထဲမွာ ထိခိုက္ရတဲ့လုပ္ငန္းေတြထဲ ခရီးသြားလုပ္ငန္းလည္း တခုအပါအဝင္ျဖစ္ပါတယ္။

#MyanmarTourism #MyanmarBusiness #MyanmarVisa #VOABurmese

=============
[[Unicode]]

နိုင်ငံခြားသား ပြည်ဝင်ခွင့်ဗီဇာယူခွင့်ပြုပေမယ့် ခရီးသွားလုပ်ငန်းမျှော်လင့်ချက်နည်း

နိုင်ငံခြားသားဧည့်သည်တွေ မြန်မာနိုင်ငံထဲ အပန်းဖြေခရီးသွားလာနိုင်ဖို့ ပြည်ဝင်ခွင့် Tourist Visa ကို ဧပြီလထဲလျှောက်ထားနိုင်ပြီလို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားပါတယ်။ လတ်တလောပြည်တွင်းမှာ ဖြစ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နိုင်ငံခြားသား ခရီးသွား ဝင်ရောက်နိုင်ဖို့ကတော့ မျှော်လင့်ချက်သိပ်မရှိဘူးလို့ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတွေက သုံးသပ်နေကြပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူတွေ၊ လုပ်ငန်းရှင်တွေ အဆင်ပြေစေဖို့ ၂ နှစ်ကျော်ကြာ ရပ်ဆိုင်းထားခဲ့တဲ့ နိုင်ငံခြားသားခရီးသွား ဧည့်သည်ဝင်ရောက်မှုအတွက် Tourist Visa ကို ဧပြီလ ၁၅ ရက်၊ လာမယ့် တနင်္ဂနွေနေ့ကစပြီး အွန်လိုင်းကနေတဆင့် လျှောက်ထားနိုင်ပြီလို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက အသိပေးထားပါတယ်။ ဒါဟာ ကပ်ရောဂါကြောင့် ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် မတ်လအစောပိုင်းလောက် ကစပြီး ရပ်နားထားခဲ့တဲ့ ခရီးသွားဗီဇာလျှောက်ထားခွင့်ကို ပြန်လည်ခွင့်ပြုပေးလိုက် တာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း နိုင်ငံတွင်းမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ပြည်ပခရီးသွားတွေ ပြန်လည်ဝင်ရောက် လာဖို့က အခက်အခဲတွေရှိနေတုန်းပါ။ ဒါကြောင့်လည်းပဲ နိုင်ငံခြာသားခရီးသွားတွေပုံမှန်ဝင်ရောက်နိုင်ဖို့ အချိန်တော့ယူရဦးမယ်လို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောပါတယ်။

"ခရီးသွားက ကျနော်တို့ ဒီအပန်းဖြေခရီးသွားပေါ့နော်- အဲ့အတွက်ကတော့ ချက်ချင်းကြီးလာဖို့ မလွယ်သေးပါဘူးခင်ဗျ။ ကျနော်တို့ဆီမှာရှိနေတဲ့ လက်ရှိအခြေအနေအရပေါ့နော် အချိန်ယူရဦးမယ်။ ဈေးကွက်တွေ ကြိုတင်ပြီးတော့ လုပ်ရဦးမယ်ပေါ့နော်။ အခု နိုင်ငံတကာမှာ သွားနေတာလည်း Backpacker သူတို့တွေသည် သွားတော့သွားနေကြတယ်။ ဒါပေမယ့် မြန်မာနိုင်ငံကိုလာဖို့ နည်းနည်းခက်နေသေးတယ်။ များသောအားဖြင့်က ဒီ Organized tours တွေ၊ Package tours တွေ ဒါတွေနဲ့ပဲ လာဖို့လောက်ရှိတော့ အဲဒီဟာကလည်း အချိန်ယူရဦးမယ်။ ဒါကြောင့်မို့ Leisure tour ကတော့ အခုဖွင့်ပြီးပြီးချင်း ချက်ချင်းလာဖို့က နည်းနည်းခက်နေသေးတယ်။"

ဒေသတွင်း အခြေအနေတွေကြောင့် မြန်မာနိုင်ငံထဲ အပန်းဖြေခရီးလာရောက် လည်ပတ်ဖို့က အချိန်ယူရဦးမယ်လို့ ပြောပါတယ်။ အခုလို Tourist Visa လျှောက်ထားနိုင်ဖို့ ခွင့်ပြုလိုက်တာက လာရောက်လည်ပတ်ချင်သူတွေအတွက်တော့ အချိန်ယူပြင်ဆင်နိုင်လိမ့်မယ်လို့ ဦးနောင်းနောင်းဟန်က ပြောပါတယ်။

"ဒါပေမယ့် ဒီလိုမျိုး Tourist Visa ဖွင့်ပေးလိုက်ပြီဆိုတဲ့ Information ရမှ သူတို့တွေသည် ဒီ ၆ လလောက်အတွင်းမှာ ပြင်ဆင်ကြပြီးတော့ လာဖို့ရှိပါတယ်။ ဒီ ၁ လ - ၂ လ အတွင်းမှာတော့ ခရီးသည်အနည်းအကျဉ်းတော့ ရမယ်။ နောက်တခါ Visit Travelers တွေ ပိုပြီးတော့ လာဖို့ရှိပါတယ်။ အခုလာနေတဲ့ ခရီးသည်တော်တော်များများက Visit Travelers တွေပဲ များပါတယ်ဗျ။"

ကပ်ရောဂါဘေးကြောင့် တနေရာနဲ့ တနေရာသွားလာခွင့်တွေ ကန့်သတ်ခံခဲ့ရာကနေ ပြည်တွင်းခရီးသွားလုပ်ငန်းတွေလည်း လုံးဝရပ်နားထားခဲ့ရတဲ့ အခြေအနေရှိခဲ့ပါတယ်။ ပြည်တွင်းမှာ ကပ်ရောဂါစည်းမျဉ်းတွေ တဖြေးဖြေးဖြေလျှော့ရာကနေ ပြည်တွင်းခရီးသွားလာမှု ပြန်အစပြုနိုင်ဖို့ ရုန်းကန်နေချိန်မှာပဲ အာဏာသိမ်းနောက်ဆက်တွဲ လက်နက်ကိုင်တိုက်ခိုက်မှုတွေကြောင့် အခုချိန်ထိ နာလန်ထနိုင်ဖို့ ခက်ခဲနေပါတယ်။ ဒီလိုအချိန်မှာ ပြည်ပခရီးသွားတွေ မြန်မာနိုင်ငံထဲ အပန်းဖြေခရီးလာရောက်ဖို့က မျှော်လင့်စရာသိပ်မရှိဘူးလို့ မန္တလေးအခြေစိုက် ခရီးသွားလုပ်ငန်းရှင်တဦးက ပြောပါတယ်။

"နိုင်ငံတကာခရီးသည် လာဖို့ဆိုတာက ယုံကြည်မှုက အင်မတန်အရေးကြီးတယ်။ ယုံကြည်မှုဆိုတာက အဲဒီနိုင်ငံရဲ့ ခရီးစဉ်ဒေသတခုကို လာဖို့အတွက် သူတို့အတွက် လုံခြုံမှုတွေ၊ သူတို့လိုချင်တဲ့ ဝန်ဆောင်မှုတွေ၊ လုံခြုံမှုဆိုတဲ့နေရာမှာ ဒီကျန်းမာရေးကအစ ကျန်တာတွေအကုန် ပါတာပေါ့နော်။ ဆိုတော့ အဲဒီအပေါ်မှာ သူတို့ဘယ်လောက်အထိ ယုံကြည်ပြီလဲ။ အဲတော့ ပြောရရင်တော့ အခုပြောတဲ့ Visa ဆိုတဲ့နေရာမှာ Leisure Travels တွေကို Tourist Visa ကိုအဓိကဦးတည်ပြီး ပြောတာဖြစ်တဲ့အတွက် Tourist ဆိုတဲ့ခေါင်းစဉ်နဲ့ လာဖို့အတွက်ကတော့ ကျနော့်အနေနဲ့ သိပ်မျှော်လင့်စရာမရှိဘူးလို့ ထင်တယ်။"

ပြည်ပခရီးသည်ဝင်ရောက်မှု လုံးဝမရှိချိန်မှာ ပြည်တွင်းခရီးသွားလာမှုက တချို့နေရာ တွေမှာ ပြန်အစပြုနိုင်ဖို့ ရုန်းကန်နေရပါတယ်။ အခု ၂၀၂၂ ခုနှစ် ဧပြီလပိုင်းမှာတော့ ပြည်တွင်းခရီးသွားတွေ လည်ပတ်တာရှိပေမယ့် ကပ်ရောဂါကာလ မတိုင်ခင် ၂၀၁၉ ခုနှစ် ဧပြီလနဲ့ နှိုင်းယှဉ်ရင်တော့ ၁၀ ရာခိုင်နှုန်းလောက်ပဲရှိတယ်လို့ ခရီးသွားလုပ်ငန်းရှင်တွေရဲ့ စာရင်းအရ သိရပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါဘေးနဲ့ နိုင်ငံရေးမတည်ငြိမ်မှု အကျပ်အတည်းတွေရဲ့ ပေါင်းစပ်မှုကြောင့် မြို့ပြလူဦးရေရဲ့ ဆင်းရဲမွဲတေမှုအရေအတွက်ဟာ ၃ ဆလောက် တိုးလာမယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် UNDP ရဲ့ စစ်တမ်းကလည်း ဖော်ပြထားပါတယ်။ ဒီထဲမှာ ထိခိုက်ရတဲ့လုပ်ငန်းတွေထဲ ခရီးသွားလုပ်ငန်းလည်း တခုအပါအဝင်ဖြစ်ပါတယ်။

#MyanmarTourism #MyanmarBusiness #MyanmarVisa #VOABurmese

=============

XS
SM
MD
LG