သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ပူတာအိုတိုက္ပြဲ စစ္ေကာင္စီေလေၾကာင္းသုံးတိုက္ခိုက္


Puta-O (Credit to MIMU)


[[Zawgyi/Unicode]]

ကခ်င္ျပည္နယ္ ပူတာအိုၿမိဳ႕နယ္အတြင္းမွာ စစ္ေကာင္စီတပ္နဲ႔ KIA အၾကား ဒီေန႔ ၂ ေနရာမွာ တိုက္ပြဲ ျဖစ္ပြားခဲ့ပါတယ္။ ဆြမ္ပီယန္ရြာနားမွာျဖစ္တဲ့ တိုက္ပြဲမွာေတာ့ စစ္ေကာင္စီတပ္က ဂ်က္တိုက္ေလယာဥ္နဲ႔ ဗုံးႀကဲတိုက္ခိုက္ခဲ့တယ္လို႔ KIA ဘက္ကေျပာပါတယ္။ လုံရွာယန္ရြာဘက္ကတိုက္ပြဲမွာလည္း ေလေၾကာင္းရန္ကို စိုးရိမ္ၿပီး ေထာင္နဲ႔ခ်ီတဲ့ စစ္ေျပးဒုကၡသည္ေတြ ေတာေတာင္လွ်ိဳေျမာင္ေတြဘက္ကို ထပ္မံ ထြက္ေျပးေနၾကပါတယ္။ ပူတာအိုဘက္က တိုက္ပြဲအေျခအေနနဲ႔ပတ္သက္လို႔ ရန္ကုန္ကလာတဲ့သတင္း ကိုသားၫြန႔္ဦးက တင္ျပေပးထားပါတယ္။

ျမစ္ႀကီးနား- ပူတာအို ကားလမ္းမႀကီးေပၚက ပူတာအိုၿမိဳ႕နဲ႔ မေဝးတဲ့ လုံရွာယန္ေက်း႐ြာနဲ႔ ဆြမ္ပီယန္ေက်း႐ြာအနီးက ရွိန္ဂတ္ဘြန္တပ္စခန္းေနရာေတြမွာ ဒီေန႔ ေဖေဖာ္ဝါရီ ၂၂ ရက္မွာ တိုက္ပြဲေတြျဖစ္ခဲ့ပါတယ္။ ဆြမ္ပီယန္ရြာအနီးတိုက္ ပြဲအတြင္း စစ္ေကာင္စီတပ္ဘက္က ဂ်က္တိုက္ေလယာဥ္နဲ႔ လာေရာက္ ဗုံးႀကဲတိုက္ခိုက္တာေတြ ရွိခဲ့ေၾကာင္း ကခ်င္တိုင္းရင္းသားလက္နက္ကိုင္ KIA ရဲ႕ ျပန္ၾကားေရးတာဝန္ခံ ဗိုလ္မႉးႀကီး ေနာ္ဘူက VOA ကို ေျပာပါတယ္။

“ဒီမနက္ေပါ့ေနာ္။ လုံရွာယန္နဲ႔ တန္ဂ်ာ႐ြာ၊ အဲဒီၾကားထဲမွာလည္း ထိေတြ႕ရင္ဆိုင္တိုက္ပြဲ တခါျဖစ္တယ္ဆိုတာ သတင္းပို႔လာတာ ရွိပါတယ္။ ေနာက္ ေန႔လယ္ ၁၁ နာရီ ဝန္းက်င္ေလာက္က်မွာပါ။ ရွိန္ဂတ္ဘြမ္မွာလည္း ေလေၾကာင္းကေန လာၿပီးေတာ့ တိုက္ခိုက္တယ္၊ ဗုံးႀကဲတယ္ဆိုတာ ၾကားပါတယ္။ က်ေနာ္ စုံစမ္းရတာကေတာ့ တႀကိမ္ပဲျဖစ္ပါတယ္။ ဒါေပမယ့္ ဂ်က္ေလယာဥ္ကေတာ့ ႏွစ္စီးလို႔ ၾကားရပါတယ္။ ”

ထိခိုက္မႈအေျခအေနကိုေလာေလာဆယ္ မသိရေသးဘူးလို႔ ဗိုလ္မႉးႀကီး ေနာ္ဘူက ေျပာပါတယ္။

စစ္တပ္က ေလေၾကာင္းက တိုက္ခိုက္ခဲ့တဲ့ ဆြမ္ပီယန္ေက်း႐ြာအနီး၊ ရွိန္ဂတ္ဘြန္စခန္းမွာ တိုက္ပြဲျဖစ္ေနတာ ဒီေန႔ အဂၤါေန႔မွာဆို ၅ ရက္ရွိၿပီျဖစ္ပါတယ္။ စစ္တပ္နဲ႔ KIA တပ္ေတြ ေနာက္ထပ္တိုက္ပြဲျဖစ္ခဲ့တာကေတာ့ လုံရွာယန္အနီးမွာျဖစ္ပါတယ္။ တိုက္ပြဲဟာ မနက္ ၅ နာရီဝန္းက်င္ေလာက္က စတင္ၿပီး ၁ နာရီနီးပါးေလာက္ ၾကာျမင့္ခဲ့တာပါ။ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ကတည္းက လုံရွာယန္ရြာအနီးမွာ တိုက္ပြဲျဖစ္ပြားေနတာေၾကာင့္ ႐ြာသူ၊ ႐ြာသားအမ်ားစုဟာ ေတာေတာင္ေတြ ဘက္ကို ထြက္ေျပးပုန္းခိုေနၾကရပါတယ္။

ဒီေန႔ တိုက္ပြဲျဖစ္ပြားခ်ိန္မွာ ပိုၿပီး ေဘးကင္းႏိုင္မယ့္ ေတာေတာင္လွ်ဳိေျမာင္ေတြဘက္ကို ထပ္မံတိမ္းေရွာင္ေနၾက ရေၾကာင္း ေဒသခံအမ်ိဳးသမီးတဦးက ဗီြအိုေအကို ေျပာျပပါတယ္။

“ဒီမနက္ ၅ နာရီေလာက္က ဟုတ္တယ္ဆရာ။ တနာရီေလာက္ရွိမလား ခနေလးပဲ။ လုံရွာယန္နဲ႔ တမိုင္ေက်ာ္ေက်ာ္ေလာက္ ေဝးတယ္။ ႐ြာကေနေပါ့။ ဒါေပမယ့္ အဲဒီမွာလည္း ႐ြာေတာ့ ရွိတယ္။ အခုက ေတာမွာ ေတာင္တက္ေနတာ။ အဲဒါ ေလယာဥ္ေတြ ဗုံးေတြ အဲလိုမ်ိဳးေၾကာက္လို႔ ေလ။ ဟိုတေခါက္႐ြာမွာ ႐ြာလယ္မွာ အဲလို လက္နက္ႀကီးေတြ ပစ္လို႔ေလ ေနာ။ အခုက ေတာင္ႀကိဳေတာင္ၾကား တက္ေနတယ္။”

အခုလို ပူတာအိုၿမိဳ႕မွာ တိုက္ပြဲေတြ ျပင္းထန္ေနတာေၾကာင့္ KIA က ျမစ္ႀကီးနား- ပူတာအိုလမ္းကို လကုန္အထိ ပိတ္ထားလိုက္တယ္လို႔ ေဒသခံတေယာက္က ေျပာပါတယ္။

ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ကစတင္ၿပီး KIA ၊ PDF ပူးေပါင္းတပ္ေတြက ပူတာအိုၿမိဳ႕နယ္အတြင္းရွိ စစ္ေကာင္စီတပ္စခန္း ၃ ေနရာကို တိုက္ခိုက္ခဲ့ပါတယ္။ ၃ ရက္ေန႔မွာေတာ့ ဆြမ္ပီယန္ေက်း႐ြာကို စစ္ေကာင္စီဘက္က ေလေၾကာင္းကေန တိုက္ခိုက္ခဲ့တဲ့ေနာက္ လုံရွာယန္နဲ႔ ဆြမ္ပီယန္ေက်း႐ြာဘက္က ေဒသခံ အနည္းဆုံး ၇,၀၀၀ ေက်ာ္ဟာ ေတာေတာင္ေတြအတြင္းမွာ ပုန္းေရွာင္ေနၾကရပါတယ္။ စစ္ေကာင္စီတပ္ဘက္က စစ္အင္အားတိုးျမႇင့္ေနတာေၾကာင့္ လာမယ့္ရက္ပိုင္းေတြအတြင္း တိုက္ပြဲေတြဆက္ျဖစ္လာႏိုင္တယ္လို႔ KIA ဘက္ကသုံးသပ္ထားပါတယ္။

ဒီသတင္းနဲ႔ပတ္သက္ၿပီးေမးျမန္းႏိုင္ဖို႔ စစ္ေကာင္စီေျပာေရးဆိုခြင့္ရွိသူကို ဆက္သြယ္ခဲ့ေပမဲ့ ဆက္သြယ္လို႔ မရေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္

===================


[[Unicode]]

ပူတာအိုတိုက်ပွဲ စစ်ကောင်စီလေကြောင်းသုံးတိုက်ခိုက်

ကချင်ပြည်နယ် ပူတာအိုမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ KIA အကြား ဒီနေ့ ၂ နေရာမှာ တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။ ဆွမ်ပီယန်ရွာနားမှာဖြစ်တဲ့ တိုက်ပွဲမှာတော့ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ KIA ဘက်ကပြောပါတယ်။ လုံရှာယန်ရွာဘက်ကတိုက်ပွဲမှာလည်း လေကြောင်းရန်ကို စိုးရိမ်ပြီး ထောင်နဲ့ချီတဲ့ စစ်ပြေးဒုက္ခသည်တွေ တောတောင်လျှိုမြောင်တွေဘက်ကို ထပ်မံ ထွက်ပြေးနေကြပါတယ်။ ပူတာအိုဘက်က တိုက်ပွဲအခြေအနေနဲ့ပတ်သက်လို့ ရန်ကုန်ကလာတဲ့သတင်း ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

မြစ်ကြီးနား- ပူတာအို ကားလမ်းမကြီးပေါ်က ပူတာအိုမြို့နဲ့ မဝေးတဲ့ လုံရှာယန်ကျေးရွာနဲ့ ဆွမ်ပီယန်ကျေးရွာအနီးက ရှိန်ဂတ်ဘွန်တပ်စခန်းနေရာတွေမှာ ဒီနေ့ ဖေဖော်ဝါရီ ၂၂ ရက်မှာ တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။ ဆွမ်ပီယန်ရွာအနီးတိုက် ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ဂျက်တိုက်လေယာဉ်နဲ့ လာရောက် ဗုံးကြဲတိုက်ခိုက်တာတွေ ရှိခဲ့ကြောင်း ကချင်တိုင်းရင်းသားလက်နက်ကိုင် KIA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက VOA ကို ပြောပါတယ်။

“ဒီမနက်ပေါ့နော်။ လုံရှာယန်နဲ့ တန်ဂျာရွာ၊ အဲဒီကြားထဲမှာလည်း ထိတွေ့ရင်ဆိုင်တိုက်ပွဲ တခါဖြစ်တယ်ဆိုတာ သတင်းပို့လာတာ ရှိပါတယ်။ နောက် နေ့လယ် ၁၁ နာရီ ဝန်းကျင်လောက်ကျမှာပါ။ ရှိန်ဂတ်ဘွမ်မှာလည်း လေကြောင်းကနေ လာပြီးတော့ တိုက်ခိုက်တယ်၊ ဗုံးကြဲတယ်ဆိုတာ ကြားပါတယ်။ ကျနော် စုံစမ်းရတာကတော့ တကြိမ်ပဲဖြစ်ပါတယ်။ ဒါပေမယ့် ဂျက်လေယာဉ်ကတော့ နှစ်စီးလို့ ကြားရပါတယ်။ ”

ထိခိုက်မှုအခြေအနေကိုလောလောဆယ် မသိရသေးဘူးလို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

စစ်တပ်က လေကြောင်းက တိုက်ခိုက်ခဲ့တဲ့ ဆွမ်ပီယန်ကျေးရွာအနီး၊ ရှိန်ဂတ်ဘွန်စခန်းမှာ တိုက်ပွဲဖြစ်နေတာ ဒီနေ့ အင်္ဂါနေ့မှာဆို ၅ ရက်ရှိပြီဖြစ်ပါတယ်။ စစ်တပ်နဲ့ KIA တပ်တွေ နောက်ထပ်တိုက်ပွဲဖြစ်ခဲ့တာကတော့ လုံရှာယန်အနီးမှာဖြစ်ပါတယ်။ တိုက်ပွဲဟာ မနက် ၅ နာရီဝန်းကျင်လောက်က စတင်ပြီး ၁ နာရီနီးပါးလောက် ကြာမြင့်ခဲ့တာပါ။ ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက လုံရှာယန်ရွာအနီးမှာ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ရွာသူ၊ ရွာသားအများစုဟာ တောတောင်တွေ ဘက်ကို ထွက်ပြေးပုန်းခိုနေကြရပါတယ်။

ဒီနေ့ တိုက်ပွဲဖြစ်ပွားချိန်မှာ ပိုပြီး ဘေးကင်းနိုင်မယ့် တောတောင်လျှိုမြောင်တွေဘက်ကို ထပ်မံတိမ်းရှောင်နေကြ ရကြောင်း ဒေသခံအမျိုးသမီးတဦးက ဗွီအိုအေကို ပြောပြပါတယ်။

“ဒီမနက် ၅ နာရီလောက်က ဟုတ်တယ်ဆရာ။ တနာရီလောက်ရှိမလား ခနလေးပဲ။ လုံရှာယန်နဲ့ တမိုင်ကျော်ကျော်လောက် ဝေးတယ်။ ရွာကနေပေါ့။ ဒါပေမယ့် အဲဒီမှာလည်း ရွာတော့ ရှိတယ်။ အခုက တောမှာ တောင်တက်နေတာ။ အဲဒါ လေယာဉ်တွေ ဗုံးတွေ အဲလိုမျိုးကြောက်လို့ လေ။ ဟိုတခေါက်ရွာမှာ ရွာလယ်မှာ အဲလို လက်နက်ကြီးတွေ ပစ်လို့လေ နော။ အခုက တောင်ကြိုတောင်ကြား တက်နေတယ်။”

အခုလို ပူတာအိုမြို့မှာ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် KIA က မြစ်ကြီးနား- ပူတာအိုလမ်းကို လကုန်အထိ ပိတ်ထားလိုက်တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ကစတင်ပြီး KIA ၊ PDF ပူးပေါင်းတပ်တွေက ပူတာအိုမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်း ၃ နေရာကို တိုက်ခိုက်ခဲ့ပါတယ်။ ၃ ရက်နေ့မှာတော့ ဆွမ်ပီယန်ကျေးရွာကို စစ်ကောင်စီဘက်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့နောက် လုံရှာယန်နဲ့ ဆွမ်ပီယန်ကျေးရွာဘက်က ဒေသခံ အနည်းဆုံး ၇,၀၀၀ ကျော်ဟာ တောတောင်တွေအတွင်းမှာ ပုန်းရှောင်နေကြရပါတယ်။ စစ်ကောင်စီတပ်ဘက်က စစ်အင်အားတိုးမြှင့်နေတာကြောင့် လာမယ့်ရက်ပိုင်းတွေအတွင်း တိုက်ပွဲတွေဆက်ဖြစ်လာနိုင်တယ်လို့ KIA ဘက်ကသုံးသပ်ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီးမေးမြန်းနိုင်ဖို့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရသေးပါဘူး။
===================

XS
SM
MD
LG