သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေးကေ့ကော်အနီးတိုက်ပွဲ စစ်ကောင်စီလေကြောင်းသုံးတိုက်ခိုက်


ထိုင်းမြန်မာနယ်စပ် KNU ထိန်းချုပ်နယ်မြေထဲ ခိုလှုံလာတဲ့ဒုက္ခသည်တွေ ထမင်းစားဖို့တန်းစီနေစဉ်။ (ဒီဇင်ဘာ ၂၅၊ ၂၀၂၁)
ထိုင်းမြန်မာနယ်စပ် KNU ထိန်းချုပ်နယ်မြေထဲ ခိုလှုံလာတဲ့ဒုက္ခသည်တွေ ထမင်းစားဖို့တန်းစီနေစဉ်။ (ဒီဇင်ဘာ ၂၅၊ ၂၀၂၁)

[[Zawgyi/Unicode]]

ကရင်ပြည်နယ် KNU-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၆ ထိန်းချုပ်ရာနယ်မြေဖြစ်တဲ့မြဝတီခရိုင် လေးကေ့ကော်အနီး ဖလူးလေးရွာဘက်မှာ -KNLA ကရင်အမျိုးသားလွတ်မြောက်ရေးတပ်၊ ပြည်သူ့ ကာကွယ်ရေးတပ်စတဲ့ ပူးပေါင်းတပ်ဖွဲ့တွေနဲ့စစ်ကောင်စီတပ်တွေကြား မနေ့ကစပြီးတိုက်ပွဲတွေပြန်ဖြစ်နေပါတယ်။ ဒီကနေ့မှာတော့ စစ်ကောင်စီဘက်က ရဟတ်ယာဉ်တွေနဲ့လေကြောင်းကနေ တိုက်ခိုက်နေတာကြောင့် စစ်ဘေးရှောင်ဒုက္ခသည်တွေလည်း ထပ်ပြီး ထွက်ပြေးလာနေကြပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ် KNU-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၆ ထိန်းချုပ်ရာ နယ်မြေဖြစ်တဲ့ မြဝတီခရိုင် လေးကေ့ကော်အနီး ဖလူးလေးရွာဘက်မှာ -KNLA ကရင်အမျိုးသားလွတ်မြောက်ရေးတပ်၊ ပြည်သူ့ကာကွယ်ရေးတပ်စတဲ့ ပူးပေါင်းတပ်ဖွဲ့တွေနဲ့စစ်ကောင်စီတပ်တွေကြားမှာ ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့ ကစပြီးတိုက်ပွဲတွေပြန်ဖြစ်နေပါတယ်။

ဒီကနေ့ ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့မှာလည်း နှစ်ဘက်တိုက်ပွဲတွေဖြစ်နေကြောင်း၊ စစ်ကောင်စီဘက်က လေကြောင်း တိုက်ခိုက်မှုတွေရှိတယ်လို့ ပြည့်သူကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုစောမွန်က ပြောပြပါတယ်။

“ကျနော်တို့ဘက်က KNLA က တပ်ရင်း ၂၇ PDF တပ်ပါတယ်။ ခလရ ၅၆၀ နဲ့လေးကေ့ကော်မှာတပ်စွဲထားတဲ့တပ်ပဲ။ ဖလူးမှာတိုက်ပွဲဖြစ်နေတယ်။ မနေ့တုန်းက စဖြစ်ပါတယ်။ ဒီကနေ့လည်း တနေကုန် ပစ်နေပါတယ်။ နေ့လယ်က လက်နက်ကြီးတွေနဲ့ပစ်တယ်။ ဖလူးစာသင်ကျောင်းနဲ့ဘုန်းကြီးကျောင်းနားမှာပေါ့နော်။ တိုက်ပွဲတွေအကြီးအကျယ်ဖြစ်နေတယ်။ လေးကေ့ကော် အမြောက်ကုန်းကနေလည်း ဖလူးဘက်ကို လှမ်းပစ်တယ်။ ရမ်းသမ်းပစ်တာပေါ့နော်။ အခုချိန်ထိ ပစ်နေတုန်းပဲ။ ပထမကင်းထောက်တာက လေယာဉ်နဲ့ကင်းထောက်ပြီး ရဟတ်ယာဉ်နဲ့လာပစ်သွားတယ်။”

ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့မှာတော့ ဒုက္ခသည်တွေ ပုန်းခိုနေတဲ့နေရာတွေနား ရဟတ်ယာဉ်နဲ့ ပစ်ခတ်နေတာကြောင့်လည်း သောင်ရင်းမြစ်ကမ်းနားကို ဒုက္ခသည်တွေထပ်တိုးလာနေတယ်လို့ ဒုက္ခသည်တွေကို အစားအသောက်အကူညီပေးနေသူတဦးကလည်းပြောပါတယ်။

“တိုက်ပွဲတွေကဖြစ်နေတုန်းပဲ။ မနက်ကလည်းဖြစ်နေတယ်။ ညနေလည်း ရဟတ်ယာဉ်နဲ့လာပစ်တယ်။ စစ်ဘေးရှောင်က မနေ့ကညနေထိတော့ မယ့်ကိုကင်းတစုလေးမှာပဲ ၁,၆၅၀ လောက်ရှိတယ်။အခုထပ်ပြေးလာတယ်ဆိုတော့ ၂ ထောင်ကျော်သွားမယ်။ အဲဒါက မယ့်ကိုးကင်းကျေးရွာတဝိုက် တစုလေးကိုပဲပြောတာ။ ကျန်တဲ့နေရာတွေမှာရှိသေးတယ်။ ကျောက်ခက်တို့၊ ဝါးလေးဘက်တို့ဘက်မှာလည်းရှိတယ်။”

နှစ်ဘက်တိုက်ပွဲတွေကြောင့်ကော နေ့စဉ် စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့်ပါ စစ်ဘေးရှောင်တွေဟာ သူတို့ကျေးရွာတွေကို အခုထိမပြန်နိုင်ကြသေးဘဲ တဖြည်းဖြည်းနေရာပြောင်းရွှေ့ရင်းနဲ့ သေဘောဘိုးဆိုတဲ့နေရာမှာ အစုအဝေးနဲ့ ရောက်နေကြတယ်လို့လည်း ကိုစောမွန်ကပြောပါတယ်။

“စစ်ဘေးရှောင်တွေလည်း ဒုက္ခရောက်နေတာပေါ့။ အခုစစ်ဘေးရှောင်တွေက သေဘောဘိုးတို့၊ ဆုံဆည်းမြိုင်တို့ဘက်မှာပဲ သွားပြီးစုပြုံနေရတယ်။ ထိုင်းဘက်ကမ်းက ပို့တဲ့ဟာလေးတွေပဲ စားပြီးနေနေရတယ်။”

ကရင်ပြည်နယ် မြဝတီခရိုင် လေးကေ့ကော်မြို့သစ်အတွင်းမှာ ခိုလှုံနေတဲ့ လွှတ်တော်အမတ် ၂ ဦးနဲ့ စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့တက်ကြွလှုပ်ရှားသူတွေ၊ အကြမ်းမဖက် အာဏာဖီဆန် CDM လုပ်ထားတဲ့ ဝန်ထမ်း တွေပါတဲ့ လူ ၂၀ ကျော်ကို စစ်ကောင်စီတပ်တွေက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၄ ရက်မှာ ဝင်ရောက်ဖမ်း ဆီးခဲ့ပါတယ်။ နောက်တရက် ဒီဇင်ဘာလ ၁၅ ရက်နေ့ကစလို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်အပါအဝင် ကရင်အမျိုးသားကာကွယ်ရေးတပ် NUG လက်အောက်ခံ ပြည်သူ့ ကာကွယ်ရေးတပ်စတဲ့ ပူးပေါင်းတပ်ဖွဲတွေနဲ့ စစ်ကောင်စီတပ်တွေဟာ တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

==========

[[Unicode]]











==========

XS
SM
MD
LG