သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမစ္ႀကီးနားစီးပြားေရးဇုံ သက္တမ္းတုိးေရးမွာ ပြင့္လင္းျမင္သာမႈအားနည္းေၾကာင္း အရပ္ဖက္အဖြဲ႔ေတြ ေထာက္ျပ


ျမစ္ႀကီးနားစီးပြားေရးဇုံျပဳလုပ္ေရးအတြက္ေဆးေႏြးစဥ္

(Zawgyi/Unicode)

သက္တမ္းထပ္တိုးဖို႔ရွိတဲ့ ျမစ္ႀကီးနားစီးပြားေရးဇုံ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ေရး သေဘာတူညီမႈအဆင့္ဆင့္မွာ ပြင့္လင္းျမင္သာမႈ အားနည္းေနတယ္လို႔ အရပ္ဘက္အဖြဲ႕ေတြက ေထာက္ျပေနတယ္ဆိုတဲ့ သတင္းကို ကိုေဇာ္ထက္ ေျပာျပမွာပါ။

တ႐ုတ္ ယူနန္ထိန္ခ်ဳံးဟိန္႐ုံကုမၸဏီ ( Yunnan Tengchong Heng Yong Investment Company) နဲ႔ ကခ်င္အစိုးရ ပူးေပါင္းၿပီး ဧက ၄၇၀၀ ရွိတဲ့ ျမစ္ႀကီးနား စီးပြားေရးဇုံ အေကာင္အထည္ေဖာ္ဖို႔ ၂၀၁၉ ဩဂုတ္လ ၈ရက္မွာ နားလည္မႈစာခြၽန္လႊာ ေရးထိုးခဲ့တာ မၾကာခင္သက္တမ္း ကုန္ေတာ့မွာပါ။ သဘာဝပတ္ဝန္းက်င္ ထိခိုက္မႈ၊ ေျမယာဆုံးရႈံးမႈေတြနဲ႔ အျငင္းပြားေနတဲ့ ဒီစီမံကိန္းကို စာခ်ဳပ္သေဘာအရ မၾကာခင္သက္တမ္းထပ္တိုးဖို႔ရွိပါတယ္။ ကခ်င္ျပည္နယ္ စီမံဘ႑ာ ဝန္ႀကီး ဦးေဝလင္းက အခုလိုေျပာပါတယ္။

“ MOU ထဲမွာလည္း ပါတယ္ေပါ့၊ လုပ္ငန္းအေကာင္အထည္မေဖာ္ႏိုင္ေသးခင္ထိ MOU သက္တမ္းကုန္ဆုံးရင္ သက္တမ္းတိုးခြင့္ေပါ့ေနာ္။ ဒါေပမဲ့ ေျမျပင္ အေျခအေနအရေတာ့ process ေတြက အမ်ားႀကီးက်န္ပါေသးတယ္။ ေျမကိစၥရွင္းၿပီးရင္ေတာင္မွ ႏိုင္ငံေတာ္ သမၼတ႐ုံးရဲ႕ ၫႊန္ၾကားခ်က္နဲ႔အညီ က်ေနာ္တို႔ ပြင့္ပြင့္လင္းလင္း ထင္သာျမင္သာနဲ႔ က်ေနာ္တို႔ တင္ဒါေခၚမဲ့ အပိုင္းေတြက်န္တယ္။ ( ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္) MIC ရဲ႕ ခြင့္ျပဳခ်က္ရေအာင္လည္း တင္ျပဖို႔လိုတယ္။ ဆိုေတာ့ အခ်ိန္က လိုပါေသးတယ္ခင္ဗ်။”

အစိုးရ- ပုဂၢလိက ပူးေပါင္းေဆာင္႐ြက္မႈေတြကို ေလ့လာေစာင့္ၾကည့္ေနတဲ့ သႏၶိအဖြဲ႕ Sandhi Governance Institute က ဒီကေန႔ မီဒီယာေတြ႕ဆုံပြဲ တခုလုပ္ၿပီး ဒီစီမံကိန္းနဲ႔ပတ္သက္တဲ့ အစီရင္ခံစာကို ေျပာျပခဲ့ပါတယ္။ တ႐ုတ္ယူနန္ထိန္ခ်ဳံးကုမၸဏီရဲ႕ တိက်တဲ့ စာရင္းဇယားမရွိတာ၊ စီမံကိန္း ေငြေၾကး ဖြဲ႕စည္းပုံမရွိတာ ဒါေတြကို သႏၶိအဖြဲ႕ရဲ႕ အုပ္ခ်ဳပ္မႈဒါ႐ိုက္တာ ဦးခိုင္ဝင္းက ေထာက္ျပခဲ့ပါတယ္။

“ MOU လက္မွတ္ထိုးတာ၊ ေျမျပင္မွာသြားၿပီးေတာ့ စီမံဘ႑ာဝန္ႀကီးနဲ႔ အရင္ဝန္ႀကီးေပါ့ ဦးေက်ာ္ဝင္းနဲ႔ ေတြ႕တဲ့ဟာ၊ ကခ်င္ျပည္နယ္ အစိုးရနဲ႔ေတြ႕တဲ့ ဟာမ်ိဳးေတြေတြ႕ရတယ္။ သူ႔ရဲ႕ website ဘာညာ ေကာင္းေကာင္းကို မေတြ႕ရဘူးျဖစ္ေနတယ္။ သူတို႔မွာ ဘယ္လိုမ်ိဳး အရည္အခ်င္းရွိလဲ၊ developer လုပ္ႏိုင္တဲ့ အရည္အခ်င္းရွိသလားဆိုတာ က်ေနာ္တို႔ စိုးရိမ္ ပူပန္စရာ ရွိေနတယ္။”

အခုတႀကိမ္ သက္တမ္းထပ္တိုးရင္ေတာ့ ကုမၸဏီဘက္က ေသးစိတ္အခ်က္အလက္ေတြကို တင္ျပလာႏိုင္ေျခရွိတယ္လို႔လည္း ခန႔္မွန္းေနတာလည္း ရွိပါတယ္။ ျမန္မာအစိုးရက အဆိုျပဳတဲ့စီမံကိန္းမဟုတ္ဘဲ တ႐ုတ္ကုမၸဏီဘက္က ကမ္းလွမ္းထားတဲ့စီမံကိန္းျဖစ္လို႔ ဒီအေပၚမွာလည္း အစိုးရက ေလ့လာေစာင့္ၾကည့္ဖို႔ အရပ္ဖက္အဖြဲ႕ေတြက အႀကံျပဳၾကပါတယ္။

ေျမယာသိမ္းမႈကိစၥေတြလည္း ျဖစ္လာႏိုင္တဲ့အေပၚမွာလည္း ေဒသခံေတြက ေထာက္ျပၾကပါတယ္။ စီမံကိန္းကျပန္ရမယ့္အက်ိဳးအျမတ္၊ တ႐ုတ္လုပ္သားအမ်ားအျပား တင္သြင္းလာႏိုင္မႈ၊ တရားမဝင္ လုပ္ငန္းေတြ တြင္က်ယ္လာႏိုင္တာေတြကိုလည္း အရပ္ဘက္အဖြဲ႕ေတြက ေထာက္ျပေနပါတယ္။

တိုက္႐ိုက္ လင့္ခ္


............

မြစ်ကြီးနားစီးပွားရေးဇုံ သက်တမ်းတိုးရေးမှာ ပွင့်လင်းမြင်သာမှုအားနည်းကြောင်း အရပ်ဖက်အဖွဲ့တွေ ထောက်ပြ

(Unicode)

သက်တမ်းထပ်တိုးဖို့ရှိတဲ့ မြစ်ကြီးနားစီးပွားရေးဇုံ အကောင်အထည်ဖော်ဆောင်ရွက်ရေး သဘောတူညီမှုအဆင့်ဆင့်မှာ ပွင့်လင်းမြင်သာမှု အားနည်းနေတယ်လို့ အရပ်ဘက်အဖွဲ့တွေက ထောက်ပြနေတယ်ဆိုတဲ့ သတင်းကို ကိုဇော်ထက် ပြောပြမှာပါ။

တရုတ် ယူနန်ထိန်ချုံးဟိန်ရုံကုမ္ပဏီ ( Yunnan Tengchong Heng Yong Investment Company) နဲ့ ကချင်အစိုးရ ပူးပေါင်းပြီး ဧက ၄၇၀၀ ရှိတဲ့ မြစ်ကြီးနား စီးပွားရေးဇုံ အကောင်အထည်ဖော်ဖို့ ၂၀၁၉ ဩဂုတ်လ ၈ရက်မှာ နားလည်မှုစာချွန်လွှာ ရေးထိုးခဲ့တာ မကြာခင်သက်တမ်း ကုန်တော့မှာပါ။ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု၊ မြေယာဆုံးရှုံးမှုတွေနဲ့ အငြင်းပွားနေတဲ့ ဒီစီမံကိန်းကို စာချုပ်သဘောအရ မကြာခင်သက်တမ်းထပ်တိုးဖို့ရှိပါတယ်။ ကချင်ပြည်နယ် စီမံဘဏ္ဍာ ဝန်ကြီး ဦးဝေလင်းက အခုလိုပြောပါတယ်။

“ MOU ထဲမှာလည်း ပါတယ်ပေါ့၊ လုပ်ငန်းအကောင်အထည်မဖော်နိုင်သေးခင်ထိ MOU သက်တမ်းကုန်ဆုံးရင် သက်တမ်းတိုးခွင့်ပေါ့နော်။ ဒါပေမဲ့ မြေပြင် အခြေအနေအရတော့ process တွေက အများကြီးကျန်ပါသေးတယ်။ မြေကိစ္စရှင်းပြီးရင်တောင်မှ နိုင်ငံတော် သမ္မတရုံးရဲ့ ညွှန်ကြားချက်နဲ့အညီ ကျနော်တို့ ပွင့်ပွင့်လင်းလင်း ထင်သာမြင်သာနဲ့ ကျနော်တို့ တင်ဒါခေါ်မဲ့ အပိုင်းတွေကျန်တယ်။ ( ရင်းနှီးမြှုပ်နှံမှုကော်မရှင်) MIC ရဲ့ ခွင့်ပြုချက်ရအောင်လည်း တင်ပြဖို့လိုတယ်။ ဆိုတော့ အချိန်က လိုပါသေးတယ်ခင်ဗျ။”

အစိုးရ- ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုတွေကို လေ့လာစောင့်ကြည့်နေတဲ့ သန္ဓိအဖွဲ့ Sandhi Governance Institute က ဒီကနေ့ မီဒီယာတွေ့ဆုံပွဲ တခုလုပ်ပြီး ဒီစီမံကိန်းနဲ့ပတ်သက်တဲ့ အစီရင်ခံစာကို ပြောပြခဲ့ပါတယ်။ တရုတ်ယူနန်ထိန်ချုံးကုမ္ပဏီရဲ့ တိကျတဲ့ စာရင်းဇယားမရှိတာ၊ စီမံကိန်း ငွေကြေး ဖွဲ့စည်းပုံမရှိတာ ဒါတွေကို သန္ဓိအဖွဲ့ရဲ့ အုပ်ချုပ်မှုဒါရိုက်တာ ဦးခိုင်ဝင်းက ထောက်ပြခဲ့ပါတယ်။

“ MOU လက်မှတ်ထိုးတာ၊ မြေပြင်မှာသွားပြီးတော့ စီမံဘဏ္ဍာဝန်ကြီးနဲ့ အရင်ဝန်ကြီးပေါ့ ဦးကျော်ဝင်းနဲ့ တွေ့တဲ့ဟာ၊ ကချင်ပြည်နယ် အစိုးရနဲ့တွေ့တဲ့ ဟာမျိုးတွေတွေ့ရတယ်။ သူ့ရဲ့ website ဘာညာ ကောင်းကောင်းကို မတွေ့ရဘူးဖြစ်နေတယ်။ သူတို့မှာ ဘယ်လိုမျိုး အရည်အချင်းရှိလဲ၊ developer လုပ်နိုင်တဲ့ အရည်အချင်းရှိသလားဆိုတာ ကျနော်တို့ စိုးရိမ် ပူပန်စရာ ရှိနေတယ်။”

အခုတကြိမ် သက်တမ်းထပ်တိုးရင်တော့ ကုမ္ပဏီဘက်က သေးစိတ်အချက်အလက်တွေကို တင်ပြလာနိုင်ခြေရှိတယ်လို့လည်း ခန့်မှန်းနေတာလည်း ရှိပါတယ်။ မြန်မာအစိုးရက အဆိုပြုတဲ့စီမံကိန်းမဟုတ်ဘဲ တရုတ်ကုမ္ပဏီဘက်က ကမ်းလှမ်းထားတဲ့စီမံကိန်းဖြစ်လို့ ဒီအပေါ်မှာလည်း အစိုးရက လေ့လာစောင့်ကြည့်ဖို့ အရပ်ဖက်အဖွဲ့တွေက အကြံပြုကြပါတယ်။

မြေယာသိမ်းမှုကိစ္စတွေလည်း ဖြစ်လာနိုင်တဲ့အပေါ်မှာလည်း ဒေသခံတွေက ထောက်ပြကြပါတယ်။ စီမံကိန်းကပြန်ရမယ့်အကျိုးအမြတ်၊ တရုတ်လုပ်သားအများအပြား တင်သွင်းလာနိုင်မှု၊ တရားမဝင် လုပ်ငန်းတွေ တွင်ကျယ်လာနိုင်တာတွေကိုလည်း အရပ်ဘက်အဖွဲ့တွေက ထောက်ပြနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG