သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်္ဂါဂြိုလ် စူးစမ်းလေ့လာရေးယာဉ်ကို NASA သိပ္ပံ ပညာရှင်တွေ အိမ်ကနေ မောင်းနှင်


Credit: NASA/JPL-Caltech
Credit: NASA/JPL-Caltech

(Zawgyi/Unicode)

COVID-19 ကပ်ရောဂါကြောင့် ကမ္ဘာတလွှား အလုပ်လုပ်နေကြသူ တော်တော်များများ အိမ်ကနေ အလုပ်လုပ်နေကြသလိုပါပဲ အမေရိကန် အာကာသ စူးစမ်းလေ့လာရေး အေဂျင်စီ NASA က ဝန်ထမ်းတွေကလည်း လောလောဆယ် အင်္ဂါဂြိုလ် ပေါ်ကို ရောက်နေတဲ့ Curiosity ဂြိလ်တုကို သူတို့ရဲ့ အိမ်တွေကနေ ထိန်းချုပ် မောင်းနှင်နေကြပါတယ်။

ပုံမှန် ကယ်လီဖိုးနီးယား တောင်ပိုင်းက နာဆာရဲ့ Jet Propulsion စမ်းသပ်စခန်းမှာအလုပ်လုပ်တဲ့ ဒီ သိပ္ပံပညာရှင်အဖွဲ့ဟာ ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်နေ့က စပြီးတော့ အိမ်ကနေအလုပ်လုပ် ခဲ့ရတာပါ။ ဒါကြောင့် Curiosity လို့အမည်ပေးထားတဲ့ အင်္ဂါဂြိုလ် စူးစမ်းလေ့လာရေး ယာဉ်ငယ်ကို သူတို့နေအိမ်အသီးသီးကပဲနေပြီး သီးခြားတာဝန်ခွဲ ထိန်းချုပ်မောင်းနှင်နေကြတာဖြစ်ပါတယ်။ ဒီလို လက်တွေ့မှာ ဒီယာဉ်ကို ကွန်ပြူတာနဲ့ ညွှန်ကြား ထိန်းချုပ်မောင်းနှင်ဖို့လူ ၂၀ တစုတဝေးထဲရှိဖို့ လိုအပ်ပြီး နောက်ထပ် ဒါဇင်နဲ့ချီတဲ့ အဖွဲ့တွေက နောက် တနေရာကနေ ကွပ်ကဲ ညွှန်ကြားရတာပါ။

Curiosity ယာဉ်ငယ်ရဲ့ စူးစမ်းလေ့လာရေး လုပ်ငန်းတွေကို အိမ်တွေကနေ ထိန်းချုပ် လုပ်ကိုင် နိုင်ဖို့အတွက် သိပ္ပံပညာရှင်အဖွဲ့ အနေနဲ့ လိုအပ်တဲ့ ပစ္စည်း ကိရိယာတွေကို ကြိုတင် ပြင်ဆင်ခဲ့ကြရသလို ကြုံလာတဲ့ အခြေအနေပေါ်မူတည် ဆောင်ရွက်ကြရတာလည်း ရှိပါတယ်။ အင်္ဂါဂြိုလ်ပေါ်က ယာဉ်ကို ထိန်းချုပ် မောင်းနှင်ဖို့က အထူးပြုလုပ် ထားတဲ့ သုံးဖက်မြင် ရုပ်ကြွဖန်သားမျက်နှာပြင်ကြီးတွေလိုအပ်တာပါ။

ဒါပေမဲ့ အခုတော့ သိပ္ပံပညာရှင်တွေဟာ အိမ်တွေကနေ အလုပ်လုပ်ကြ ရလို့ 3D ရုပ်ရှင်ရုံတွေကလိုပဲ သာမန် ၃ ဖက်မြင် ရုပ်ပုံတွေကို ကြည့်ပြီး JPL လက်တော့ပ် ကွန်ပြူတာကနေ အဲဒီယာဉ်ကို ထိန်းချုပ်နေရတာပါ။ အဖွဲ့တွင်း ဗွီဒီယိုကတဆင့် အကြိမ်ကြိမ်ဆက်သွယ်စကားပြော၊ ဖုန်းကတဆင့် သတင်းပေးပို့ တာမျိုးတွေ ချိတ်ဆက် ဆက်သွယ်ဆောင်ရွက်ခဲ့ပြီး အချိန် ၂ ရက်အကြာမှာ အင်္ဂါဂြိုလ်ပေါ်ကနေ ကျောက်တုံး နမူနာ ၁ ခုရယူဖို့ ဒီယာဉ်ငယ်ကို ထိန်းချုပ် ညွှန်ကြားနိုင်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်


..............


(Unicode)





XS
SM
MD
LG