အေမရိကန္ အမ်ိဳးသမီးအာကာသယာဥ္မွဴး ၂ ဦးဟာ ISS အျပည္ျပည္ဆုိင္ရာ အာကာသစခန္း အျပင္ဘက္က ပ်က္ေနတဲ့ ဓါတ္အားထိန္းခ်ဳပ္တဲ့ စနစ္ကို အစားထိုးဖို႔ အာကာသထဲ လမ္းေလွ်ာက္ထြက္ခဲ့ပါတယ္။ ဒါဟာ အာကာသထဲမွာ ပထမဆံုး အႀကိမ္အျဖစ္ အမ်ိဳးသမီး အာကာသယာဥ္မွဴးေတြရဲ့ လမ္းေလွ်ာက္မႈ အျဖစ္ သမိုင္းဝင္မွတ္တမ္းတင္ႏုိင္ခဲ့တာပါ။
NASA အာကာသယာဥ္မွဴးေတြ ျဖစ္တဲ့ Christina Koch နဲ႔ Jessica Meir တို႔ဟာ အာကာသထဲ ထြက္ၿပီး စက္ျပင္တဲ့ေနရာကို လမ္းေလွ်ာက္မသြားခင္မွာ ဝတ္စံုနဲ႔ ဆက္သြယ္ေရးႀကိဳးေတြ ခိုင္ခန္႔ စိတ္ခ်ရမႈ ရွိမရွိ စစ္ေဆးခဲ့ၾကပါတယ္။
အာကာသထဲ အမ်ိဳးသမီးအာကာသယာဥ္မွဴး လမ္းထြက္ေလွ်ာက္ဖုိ႔ မတ္လတုန္းက စီစဥ္ခဲ့ေပမယ့္ အာကာသဝတ္စံုဟာ က်ား- မ ဝတ္တဲ့ အလတ္စား တစံုပဲ ရွိၿပီး သူဝတ္ဖို႔ အဆင္မေျပတဲ့ အတြက္ ေရႊ႕ဆိုင္းခဲ့ရပါတယ္။
အခု အာကာသထဲ ထြက္ၿပီး လမ္းေလွ်ာက္ခဲ့သူ လွ်ပ္စစ္အင္ဂ်င္နီယာတဦးျဖစ္တဲ့ Koch နဲ႔ သူ႔အေဖာ္ Meir တို႔ဟာ သူတို႔နဲ႔ အဆင္ေျပတဲ့ ဝတ္စံု ျဖစ္ေအာင္ ဆင္ဖို႔ လအေတာ္ၾကာ ႀကိဳးစားခဲ့ၾကတာျဖစ္ပါတယ္။
NASA က ၂၀၂၄ မွာ လကမာၻကေန အဂၤါၿဂိဳဟ္အထိ သြားေရာက္ႏုိင္မယ့္ Artemis အစီအစဥ္ အတြက္ ပထမဆံုး အမ်ိဳးသမီးတဦးကို ေစလႊတ္ဖို႔ လုပ္ေဆာင္ေနမႈအတြက္ ဒါဟာ ေအာင္ျမင္မႈ တခုလို႔ NASA က ေျပာပါတယ္။
Koch ဟာ အာကာသထဲ ပ်ံသန္းရက္ စုစုေပါင္း ၃၂၈ ရက္ေလာက္ ရွိတဲ့ စံခ်ိန္ကို တင္ထားသူလည္း ျဖစ္ပါတယ္။
...................
အာကာသထဲ အမျိုးသမီးယာဉ်မှူးတွေ ပထမဆုံး လမ်းလျှောက်
အမေရိကန် အမျိုးသမီးအာကာသယာဉ်မှူး ၂ ဦးဟာ ISS အပြည်ပြည်ဆိုင်ရာ အာကာသစခန်း အပြင်ဘက်က ပျက်နေတဲ့ ဓါတ်အားထိန်းချုပ်တဲ့ စနစ်ကို အစားထိုးဖို့ အာကာသထဲ လမ်းလျှောက်ထွက်ခဲ့ပါတယ်။ ဒါဟာ အာကာသထဲမှာ ပထမဆုံး အကြိမ်အဖြစ် အမျိုးသမီး အာကာသယာဉ်မှူးတွေရဲ့ လမ်းလျှောက်မှု အဖြစ် သမိုင်းဝင်မှတ်တမ်းတင်နိုင်ခဲ့တာပါ။
NASA အာကာသယာဉ်မှူးတွေ ဖြစ်တဲ့ Christina Koch နဲ့ Jessica Meir တို့ဟာ အာကာသထဲ ထွက်ပြီး စက်ပြင်တဲ့နေရာကို လမ်းလျှောက်မသွားခင်မှာ ဝတ်စုံနဲ့ ဆက်သွယ်ရေးကြိုးတွေ ခိုင်ခန့် စိတ်ချရမှု ရှိမရှိ စစ်ဆေးခဲ့ကြပါတယ်။
အာကာသထဲ အမျိုးသမီးအာကာသယာဉ်မှူး လမ်းထွက်လျှောက်ဖို့ မတ်လတုန်းက စီစဉ်ခဲ့ပေမယ့် အာကာသဝတ်စုံဟာ ကျား- မ ဝတ်တဲ့ အလတ်စား တစုံပဲ ရှိပြီး သူဝတ်ဖို့ အဆင်မပြေတဲ့ အတွက် ရွှေ့ဆိုင်းခဲ့ရပါတယ်။
အခု အာကာသထဲ ထွက်ပြီး လမ်းလျှောက်ခဲ့သူ လျှပ်စစ်အင်ဂျင်နီယာတဦးဖြစ်တဲ့ Koch နဲ့ သူ့အဖော် Meir တို့ဟာ သူတို့နဲ့ အဆင်ပြေတဲ့ ဝတ်စုံ ဖြစ်အောင် ဆင်ဖို့ လအတော်ကြာ ကြိုးစားခဲ့ကြတာဖြစ်ပါတယ်။
NASA က ၂၀၂၄ မှာ လကမ္ဘာကနေ အင်္ဂါဂြိုဟ်အထိ သွားရောက်နိုင်မယ့် Artemis အစီအစဉ် အတွက် ပထမဆုံး အမျိုးသမီးတဦးကို စေလွှတ်ဖို့ လုပ်ဆောင်နေမှုအတွက် ဒါဟာ အောင်မြင်မှု တခုလို့ NASA က ပြောပါတယ်။
Koch ဟာ အာကာသထဲ ပျံသန်းရက် စုစုပေါင်း ၃၂၈ ရက်လောက် ရှိတဲ့ စံချိန်ကို တင်ထားသူလည်း ဖြစ်ပါတယ်။