သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ရေးပူးပေါင်းဆောင်ရွက်မှု ခိုင်မာအောင် NATO လုပ်ဆောင်သွားမည်


 NATO အဖွဲ့ကြီးရဲ့ အတွင်းရေးမှူးချုပ် Jens Stoltenberg
NATO အဖွဲ့ကြီးရဲ့ အတွင်းရေးမှူးချုပ် Jens Stoltenberg

(Zawgyi/Unicode)

ဘယ်လ်ဂျီယံ နိုင်ငံ ဘရပ်ဆဲလ် မြို့တော်မှာ တနလာၤနေ့က ကျင်းပ ပြီးစီးခဲ့တဲ့ မြောက်အတ္တလန္တိတ် စာချုပ် အဖွဲ့ NATO အဖွဲ့ဝင် နိုင်ငံ ၃၀ ရဲ့ အစည်းအဝေးမှာ စစ်ရေး ပူးပေါင်းဆောင်ရွက်မှု ခိုင်မာ အားကောင်းစေရေး ထပ်လောင်း အတည်ပြုခဲ့သလို ရုရှား အရေး ပြင်းပြင်းထန်ထန် ဆန့်ကျင် ရှုတ်ချခဲ့ပြီး တရုတ်ကိုလည်း ဆန့်ကျင် ရှုတ်ချခဲ့ကြပါတယ်။ ရုရှားနဲ့ တရုတ် နှစ်နိုင်ငံ စလုံးဟာ စည်းမျဉ်း စည်းကမ်း အခြေခံ နိုင်ငံတကာ ဆက်ဆံရေးမှာ ခြိမ်းခြောက်မှု ဖြစ်နေတယ်လို့ ပြောဆိုထားတာပါ။

"ရုရှားနဲ့ တရုတ်လို အာဏာရှင် အစိုးရတွေက စည်းမျဉ်းစည်းကမ်း အခြေခံ နိုင်ငံတကာ ဆက်ဆံရေးကို ခြိမ်းခြောက်လာတဲ့ အနေအထားမှာ ကျနော်တို့ရဲ့ အကျိုးစီးပွားနဲ့ စံတန်ဖိုးထားမှုတွေကို ကာကွယ်ရေး အတွက် ဥရောပနဲ့ မြောက် အမေရိကကြား NATO အဖွဲ့ကြီးမှာ ခိုင်ခိုင်မာမာ ရပ်တည် ရမယ်ဆိုတာကို ခေါင်းဆောင် အားလုံး သဘောတူခဲ့ကြောင်း" NATO အဖွဲ့ကြီးရဲ့ အတွင်းရေးမှူးချုပ် Jens Stoltenberg က သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။

ရှုပ်ထွေးတဲ့ လုံခြုံရေးဆိုင်ရာ အခင်းအကျင်းနဲ့ ရင်ဆိုင်နေရတဲ့ အမေရိကန်နဲ့ ဥရောပကြား ဆက်ဆံရေး အခန်းကဏ္ဍသစ် တရပ် ဖွင့်လှစ်ဖို့လည်း ခေါင်းဆောင်တွေကြား သဘောတူခဲ့ကြကြောင်း အပြီးသတ် ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ကမ္ဘာတလွှား ယှဉ်ပြိုင်မှု များလာသလို မျှော်မှန်းမထားတဲ့ ခြိမ်းခြောက်မှုတွေကလည်း ပိုများလာတဲ့ အခြေအနေမှာ NATO အဖွဲ့ကြီးကို လမ်းညွှန်နိုင်မယ့် စာတမ်းတရပ် ဖြစ်တဲ့ မဟာဗျူဟာမြောက် အယူအဆ တခု ထပ်ပြီး ပြင်ဆင်နိုင်ရေး အကြံပြု လုပ်ငန်းစဉ် NATO 2030 ကိုလည်း NATO အဖွဲ့ကြီးက အတည်ပြုခဲ့ပါတယ်။

NATO 2030 ထဲမှာတော့ ရုရှားဘက်က ပိုပြီး စိတ်ထင်တိုင်း ဆောင်ရွက်လာမှု၊ ပိုပြီး ရက်စက် ကြမ်းကြုတ်လာတဲ့ အကြမ်းဖက် ဝါဒ၊ လက်ရှိ မတည်ငြိမ်မှုတွေ၊ ဆိုက်ဘာ ခြိမ်းခြောက်မှု တိုးလာမှု၊ နည်းပညာသစ်၊ ကပ်ဘေးရောဂါတွေနဲ့ ရာသီဥတု ပြောင်းလဲမှု အရေးတို့ကိုလည်း ခြိမ်းခြောက်မှုသစ်တွေ အဖြစ် ဖော်ပြထားပါတယ်။ တရုတ်ရဲ့ ကြီးထွားလာမှုက သြဇာ ချိန်ညှိမှု အပြောင်းအလဲ ဖြစ်တယ်လို့လည်း NATO 2030 မှာ ဖော်ပြထားပါတယ်။

ရုရှား အစိုးရဘက်ကတော့ ဘာ အမှားမှ မလုပ်ဘူးလို့ ငြင်းဆိုထားပေမယ့်လည်း အရှေ့ ဥရောပမှာ ရုရှားရဲ့ ရန်လိုမှု၊ ရုရှားမှာ အခြေစိုက်ပြီး အနောက်နိုင်ငံတွေ အပေါ် ဆိုက်ဘာ တိုက်ခိုက်မှုတွေကို ထောက်ပြပြီး NATO မဟာမိတ်တွေကြားမှာတော့ ပိုပြီး စိုးရိမ်နေကြတာပါ။ ရုရှားကို တိုက်ရိုက် ရည်ညွှန်းပြီး နောက်ထပ် ဆောင်ရွက်ချက် အနေနဲ့ ဆိုက်ဘာ ကာကွယ်ရေး မူဝါဒသစ်ကို NATO အဖွဲ့ဝင်တွေ သဘောတူခဲ့ ကြပါတယ်။

စစ်ရေးပူးပေါင်းဆောင်ရွက်မှု ခိုင်မာအောင် NATO လုပ်ဆောင်သွားမည်
please wait

No media source currently available

0:00 0:02:24 0:00
တိုက်ရိုက် လင့်ခ်


..............

(Unicode)






XS
SM
MD
LG