သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုအမှုပြင်ဆင်ချက် နေပြည်တော်တရားရုံး ဒီကနေ့ကြားနာ


ယခင်မှတ်တမ်းရုပ်ပုံ | တရုတ်သမ္မတရှီကျင့်ဖျင် လာရောက်စဉ်က နေပြည်တော်ရှိ သမ္မတအိမ်တော် ကြိုဆိုရေးအခမ်းအနားမှာတွေ့ရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (စက်တင်ဘာ ၁၃၊ ၂၀၂၁)
ယခင်မှတ်တမ်းရုပ်ပုံ | တရုတ်သမ္မတရှီကျင့်ဖျင် လာရောက်စဉ်က နေပြည်တော်ရှိ သမ္မတအိမ်တော် ကြိုဆိုရေးအခမ်းအနားမှာတွေ့ရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (စက်တင်ဘာ ၁၃၊ ၂၀၂၁)

ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ်စွဲဆိုထားတဲ့ အမှုတွေထဲက ၂ မှုနဲ့ ပတ်သက်ပြီး ပြည်‌ထောင်စုအဆင့် အထက်တရားရုံးမှာ ပြင်ဆင်ချက် ပြန်လည်လျှောက်ထားတာကို ဒီကနေ့ နေပြည်တော် အထူးတရားရုံးမှာ ကြားနာပါတယ်။

ပြင်ဆင်ချက် လျှောက်ထားတာနဲ့ ပတ်သက်လို့ တရားရုံးဘက်က လက်ခံ၊ လက်မခံ လာမယ့်စက်တင်ဘာလမှာ ဆုံးဖြတ်သွားမှာဖြစ်တယ်လို့ တရားရုံးဘက်က ပြောပါတယ်။ မနှစ်က စက်တင်ဘာလမှာ ထောင်ဒဏ် ၃ နှစ်စီ အပြစ်ဒဏ်ချခဲ့တဲ့ ရွေးကောက်ပွဲ မဲမသမာမှုနဲ့ နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေချိုးဖေါက်မှုအတွက် ဒီနေ့ ကြားနာတာပါ။ အမှုတွေနဲ့ ပတ်သက်လို့ ပြင်ဆင်ချက်ကို တရားရုံးက လက်ခံမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အမှုတွေက ကွင်းလုံးကျွတ် လွတ်မြောက်နိုင်တယ်လို့ ရှေ့နေတွေဘက်က မျှော်လင့်ထားပေမဲ့ ကနဦး အယူခံဝင်တာ အားလုံးကို ပယ်ချခံထားရပြီး ဖြစ်ပါတယ်။

အမှုပေါင်း ၁၉ မှုနဲ့ တရားစွဲခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လူထုနဲ့ဆက်သွယ်ပြောကြားခွင့်မရသလို သူမရဲ့ ရှေ့နေတွေဟာလည်း ၂၀၂၁ နှစ်ကုန်ပိုင်းလောက်ကစပြီး သတင်းဌာနတွေကို ပြောကြားခွင့်လည်း ပိတ်ပင်ခံထားရပါတယ်။ ထောင်ဒဏ် ၇ နှစ် ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ ရဟတ်ယာဉ်ဝယ်ယူမှု အပါအဝင် အဂတိလိုက်စားမှု စွဲချက် ၅ ခု ကိုတော့ ဇူလိုင်လ ၁၂ ရက် ဗုဒ္ဓဟူးနေ့မှာ ကြားနာဖို့ သတ်မှတ်ထားပါတယ်။ စကားပြောစက်လက်ဝယ်ထားရှိမှုနဲ့ ကိုရိုနာဗိုင်းရပ်စ် ကန့်သတ်ချက်တွေ ချိုးဖေါက်မှု အပါအဝင် ဥပဒေချိုးဖေါက်မှုနဲ့ စွဲချက်တင်ထားတာတွေအတွက်လည်း လာမယ့် ဇူလိုင်လ ၁၈ ရက်နေ့မှာ ကြားနာဖို့ ရက်သတ်မှတ် ထားပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG