ဒီတပတ် မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ ပြည်ပရောက် ဒီမိုကရေစီရေးလှုပ်ရှားသူတွေအနေနဲ့ မြန်မာနိုင်ငံကို ပြန်လည်သွားရောက်လုပ်ကိုင်ဖို့ အလားအလာကောင်းတွေရှိနေပြီလို့ ယခင် အဝေးရောက်ပြည်ထောင်စု မြန်မာနိုင်ငံညွန့်ပေါင်းအစိုးရရဲ့ကုလသမဂ္ဂရေးရာတာဝန်ခံ ဒေါက်တာသောင်းထွန်းက ပြောကြားလိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စုကို ပြန်လည်ရောက်ရှိနေတဲ့ ဒေါက်တာသောင်းထွန်း က ဗွီအိုအေနဲ့ တွေ့ဆုံခန်းမှာ ပြောသွားပါတယ်။ ဒေါက်တာသောင်းထွန်းနဲ့ ဦးကျော်ဇံသာ တွေ့ဆုံမေးမြန်းဆွေးနွေးထားတာကို တင်ဆက်လိုက်ပါတယ်။
ဦးကျော်ဇံသာ။ ။ဒေါက်တာသောင်းထွန်း ခင်ဗျာ။ အခု ဗမာပြည်ကို ပြန်သွားတာဟာ တစ်ယောက်တည်းသဘောနှင့် သွားကြတာလား။ ဒီလိုအဖွဲ့အစည်းဖွဲ့ပြီးတော့ ညှိနှိုင်းပြီးသွားကြတာလား။
ဒေါက်တာသောင်းထွန်း။ ။ ကျနော်တို့ သွားတာတော့ တစ်ဦးချင်း ဖိတ်ခေါ်ခံရမှုအပေါ်မှာပေါ့။ ကျနော်တို့ ဦးအောင်မင်းတို့၊ ဦးစိုးသိန်းတို့ ဦးဆောင်နေတဲ့ Peace Committee ပေါ့။ ငြိမ်းချမ်းရေးကော်မတီကနေပြီးတော့ ကျနော်တို့ ပြည်ပမှာ ဒီမိုကရေစီရေး လှုပ်ရှားသူတွေထဲကနေပြီးတော့ တစ်ဦးချင်းကို ဖိတ်ခေါ်တာပါ။ ဗမာပြည်မှာ ကနေ့ဖြစ်နေတဲ့ နိုင်ငံရေး၊စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ လေ့လာဖို့နှင့် ငြိမ်းချမ်းရေးကော်မတီအဖွဲ့ဝင်တွေနှင့် ဆွေးနွေးဖို့ပေါ့။ အဲဒီတော့ တစ်ဦးချင်းအခြေခံပေါ်မှာ သွားကြတာပေါ့။ သို့သော်လည်း တစ်ချိန်တည်းသွားသည့် အတွက်ကြောင့်မို့ ကြည့်လိုက်လို့ရှိရင် ဒါပြည်ပက ကိုယ်စားလှယ်တစ်ခုလာတဲ့ ပုံသဏ္ဍာန်တော့ ပေါက်သွားတာပေါ့။
ဦးကျော်ဇံသာ။ ။ ဆိုတော့ မြန်မာပြည်မှာတွေ့ခဲ့တာ၊ဆွေးနွေးခဲ့တာ မြန်မာပြည်ရဲ့ အခြေအနေ လေ့လာသုံးသပ်တာ တစ်ဦးချင်း အမြင်တွေ၊တစ်ဦးချင်း သဘောထားတွေပေါ့။ အဖွဲ့လိုက်ညှိနှိုင်းပြီး ဆွေးနွေးတာတွေ။
ဒေါက်တာသောင်းထွန်း။ ။ ဟုတ်ကဲ့ - တစ်ဦးချင်းအမြင်၊တစ်ဦးချင်းသဘောထားပါ။ ဒါပေမဲ့ ကျနော်တို့ကြားထဲမှာ သိပ်တော့ကွာဟမှုတော့ သိပ်မတွေ့ရဘူးပေါ့။ ဆိုတော့ အားလုံးက ဒီလက်ရ နိုင်ငံရေးပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်မှာ ကိုယ်တက်နိုင်သလောက်ပေါ့ ပါဝင်ပြီးတော့ ဆောင်ရွက်ချင်တယ်။ ကိုယ့်တိုင်းပြည်ရဲ့ ဒီမိုကရေစီရေး ပြောင်းလဲမှုနှင့် လူထုဘဝဖွံ့ဖြိုးတိုးတက်ရေးမှာ လုပ်ဆောင်ပေးချင်တယ်ပေါ့။ ရှေ့ဆက်ဘာလုပ်ကြမလဲဆိုတာ တစ်ဦးချင်း ဆုံးဖြတ်ချက်ပေါ့။ တချို့အနေနှင့်ကတော့ နိုင်ငံရေးအားသန်ပြီးတော့ ပါတီနိုင်ငံရေးမှာ တိုက်ရိုက်လုပ်ဖို့ ဆုံးဖြတ်တဲ့လူတွေ ရှိကောင်းရှိမယ်။ တချို့ကတော့ ဒီ ပေါ်လစီ ပိုင်းဆိုင်ရာတွေမှာ ကျနော်တို့ အကြံပြုမှုတွေပိုင်းကို အားသန်တာတွေရှိမယ်။ တချို့က ဒီလူထုဖ့ွံဖြိုးရေးလုပ်ငန်းတွေမှာ လူ့အဖွဲ့စည်းတွေအနေနှင့် ဆောင်ရွက်ချင်တဲ့ လူတွေရှိမယ်။ ဒါတော့ တစ်ဦးချင်း ဆုံးဖြတ်ချက်တွေ ဖြစ်မှာပေါ့။
ဦးကျော်ဇံသာ။ ။ဟုတ်ကဲ့ - အဲဒီတော့ ပထမဦးဆုံး ဒေါက်တာသောင်းထွန်းအနေနှင့်ပေါ့ တစ်ဦးချင်းအနေနှင့် မြန်မာပြည်ကိုပြန်ရောက်သွားတော့ အားတက်စရာ အကောင်းဆုံးအချက်က ဘာတွေ့ရပါသလဲ။
ဒေါက်တာသောင်းထွန်း။ ။ အားတက်စရာအကောင်းဆုံးက ပြည်သူလူထုက ပြောရဲဆိုရဲတဲ့ သတ္တိတွေရှိလာတာ။ ကျနော်က အဲဒါ အားတက်စရာ အကောင်းဆုံးပဲ။ ကျနော် ရန်ကုန်မှာရှိနေတုန်းကလည်း ကားမောင်းတဲ့ Taxi Driver က အစပေါ့လေ စကားပြောဖြစ်တော့။ အရင် နိုင်ငံရေး မပြောဖြစ်ခဲ့တာ နိုင်ငံရေး ပြောရဲဆိုရဲလာတယ်ပေါ့။ အဲလိုမျိုးပဲ ကျနော့် မွေးရပ်ဇာတိ ကျောင်းကုန်း၊ ဧရာဝတီတိုင်းကို ရောက်ပြီးတော့ ကျနော် ရွာတွေအထိ ကျနော် ဆင်းဖြစ်ခဲ့ပါတယ်။ အမျိုးတွေရှိတာလည်း တစ်ပိုင်းပေါ့။ နောက်တစ်ခုကတော့ ဧရာဝတီတိုင်းမှာ ရေကြီးပြီးတော့ လယ်ယာတွေပျက်စီးတဲ့ ကိစ္စတွေနှင့် ပတ်သက်လို့ပေါ့။ ဒါကိုလည်း ကျနော်သွားလေ့လာတဲ့ အပိုင်းပါ။ အဲမှာလည်း လယ်သမားတွေဖက်က သူတို့ရဲ့ ခံစားချက်တွေနှင့် သူတို့ရဲ့ နစ်နာချက်တွေကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောရဲလာတဲ့ အပိုင်းတွေ တွေ့တယ်။ တအား အားရစရာကောင်းတယ်။
ဦးကျော်ဇံသာ။ ။ ဟုတ်ကဲ့ - စိတ်ပျက်စရာ အကောင်းဆုံးကို မမေးခင်မှာ အဲဒီ ဒေါက်တာသောင်းထွန်း တွေ့ခဲ့တဲ့လူတွေကကော တိုင်းပြည်က ပြောင်းလဲနေပြီဆိုတာ တကယ်ပဲ သူတို့ ယုံယုံကြည်ကြည် ဖြစ်နေကြပါသလား။
ဒေါက်တာသောင်းထွန်း။ ။ ကျနော်တို့ မယုံမရဲလေးတွေတော့ ရှိတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဖိနှိပ်မှုအောက်မှာ နှစ်ပေါင်းများစွာ နေခဲ့ကြရတဲ့အပိုင်းပေါ့။ သို့သော်လည်းပဲ မျှော်လင့်ချက်တွေကတော့ တော်တော်ကြီးမားတာတော့ တွေ့ရတယ်။ မျှော်လင့်ချက်တွေ ကြီးမားပြီးတော့။ ကျနော်တို့ မြို့နယ်မှာဆိုရင် ကျနော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက် အပေါင်းအသင်း သူငယ်ချင်းတွေပေါ့။ နိုင်ငံရေးဖက်ကဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်ရုံးရှိမယ်။ ကျေးလက်အထိ ရှိမယ်။ သူတို့ ရပ်ကျေး အစည်းအဝေးတွေ လုပ်ဖို့လုပ်နေကြတယ်။ နောက် ရှစ်လေးလုံးအရေးတော်ပုံကြီးမှာ ပါခဲ့တဲ့ သူငယ်ချင်းတွေ ရှိကြတယ်။ ဆိုတော့ သူတို့အားလုံးက ကျနော့်ကို ပြန်လာပြီးတော့ လုပ်စေချင်တယ်။ ဒီအပြောင်းအလဲကြီးကို တကယ်အောင်မြင်အောင်ပါ တတက်တအားပေါ့ ကိုယ်တက်နိုင်သလောက်ပေါ့။ ဆိုတော့ အဲလိုမျိုး ဖိတ်ခေါ်မှုတွေ ကျနော်တို့ တွေ့ရတယ်။ ဝမ်းလည်းသာကြတယ်ပေါ့လေ။ ၂၄ နှစ်လောက် ကွဲကွာပြီးတော့ အခုလို ပြန်တွေ့ကြရတာ။
ဦးကျော်ဇံသာ။ ။ ဆိုတော့ လူထုက ဒီမိုကရေစီနိုင်ငံတွေ ဒီမိုကရေစီ လူ့အဖွဲ့အစည်းတွေမှာ အစိုးရကိုကြီး အားမကိုးဘဲနှင့် လူထုက ကိုယ်ထူကိုယ်ထနှင့် ငါတို့ လုပ်ရမယ်။ ဒါ NGO လုပ်ကြတယ်။ ဒါ အစိုးရအာဏာပိုင် အာဏာစက်နှင့်ကြီးပဲ လုပ်တာမဟုတ်ပဲနှင့်။ အဲဒီလို လုပ်ဆောင်ချက်တွေက အရေးကြီးတယ်လို့ ပြောကြပါတယ်။ ဆိုတော့ ဒေါက်တာသောင်းထွန်း တွေ့ခဲ့တဲ့ ဗမာပြည်က ပြည်သူတွေကကော ကိုယ့်အားကိုယ်ကိုးတဲ့ စိတ်ဓာတ်တွေ ကိုယ်တိုင်လုပ်ရမယ်ဆိုတဲ့ အသိတွေ အာဏာပိုင်ကခိုင်းမှ လုပ်မယ်ဆိုတဲ့ စိတ်ဓာတ်မျိုးတွေ ကွယ်ပျောက်ပြီးတော့ အဲဒီ ကိုယ်အားကိုယ်ကိုးတဲ့ စိတ်ဓာတ်မျိုးတွေ ပေါ်လာကြပြီလို့ ထင်ပါလား။
ဒေါက်တာသောင်းထွန်း။ ။ ကျနော့်မြို့နယ်မှာပေါ့။ ကျောင်းကုန်းမြို့နယ်မှာ ရေကြီးတယ်ဆိုတာက ကျေးရွာအုပ်စု ၆၀ ကျော် ရှိရာမှာ ၄၀ ကျော်လောက် ရေကြီးခဲ့တာ။ အဲဒီနေရာမှာ ကိုယ်ထူကိုယ်ထ ဆောင်ရွက်မှုတွေပေါ့နော် ကျနော်တို့ တွေ့ရတယ်။ တွေ့တယ်ဆိုတာ ကျောင်းကုန်းမြို့နယ်တင် မဟုတ်ဘူး။ ရန်ကုန်က ဒီလူထုလူ့အဖွဲ့အစည်းတွေ၊ တချို့လည်း NLD မြို့နယ်အဖွဲ့အစည်းတွေ၊ နောက် ဧရာဝတီတိုင်းအတွင်းမှာ မအူပင်က လူတွေ ကျနော်ရှိနေတဲ့ ကာလအတွင်းမှာကို နေ့စဉ်ကားတွေနှင့် လာပြီးတော့ ရေဘေးကယ်ဆယ်ရေးပေါ့။ ဆန်ဝေတာတို့၊ နောက် အိုးခွက်ပန်းကန်အဆောင်တွေ ဝေတာတို့ လုပ်တာတွေ ဒါမျိုးတွေ ကျနော် တွေ့ရတယ်။ အဲလိုပဲ ဒေသတွင်းမှာလည်း ကျောင်းထိုင်ဆရာတော် သုံးပါးကနေ ဦးစီးပြီးတော့ လူငယ်တွေနှင့် ရေဘေးကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်တာ တွေ့ရတယ်။ အစိုးရအပိုင်းကလည်း လုပ်တာရှိတယ်ပေါ့။ အစိုးရပိုင်းကလည်း လုပ်တာရှိတယ်။ တပ်ဖက်ကလည်း ရေဘေးကယ်ဆယ်ရေးလုပ်ငန်းတွေမှာ လာလုပ်တယ်။ လုပ်တဲ့အခါမှာ ဒီလူထုလူ့အဖွဲ့အစည်းတွေနှင့် နားလည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတွေအပိုင်းနှင့်လည်း တွေ့ရတယ်။ အဲလိုမျိုးပဲ ခေတ်ဟောင်းရဲ့ စရိုက်လေးတွေလည်း မကုန်သေးတာတွေ့ရတယ်။ ဥပမာဆိုရင် ရန်ကုန်ကလာပြီးတော့ ရေဘေးကယ်တဲ့ ကားတွေကို နံပါတ်လိုက်မှတ်တာတို့၊ လိုက်ကြည့်တာတို့၊ ဒါမျိုးလေးတွေပေါ့လေ။ ဒါမျိုးလေးတွေလည်း ရှိနေသေးတာတော့ တွေ့ရတယ်။
ဦးကျော်ဇံသာ။ ။ ဆိုတော့ ဘာပဲပြောပြော ဒီဟာက လူထုအတွက် အားတက်စရာအပိုင်းလေးပေါ့။ စိတ်ပျက်စရာတွေ ဘာတွေများ တွေ့ခဲ့ရသလဲ။ ပထမဦးဆုံး အင်မတန် စိတ်ပျက်စရာ ကောင်းပါတယ်ဆိုတဲ့အချက် ဘာများတွေ့ရပါသလဲ။
ဒေါက်တာသောင်းထွန်း။ ။ စိတ်ပျက်စရာကောင်းတဲ့ အပိုင်းတွေကတော့ ကျနော်တို့ လမ်းပန်းဆက်သွယ်ရေးတွေမှာ လမ်းတွေ။ ကျနော်တို့ ဧရာဝတီတိုင်းမှာ အရင်ထက်တော့ လမ်းပန်းဆက်သွယ်ရေး ကောင်းလာတယ်ပေါ့။ ကျနော်တို့ မြို့ကို အရင်တုန်းကဆိုရင် ရေလမ်းကနေပဲ တစ်နေ့လောက် သွားရတဲ့ဟာကို အခုက သုံးနာရီလောက်ခရီးနှင့် ရောက်တယ်ပေါ့။ သို့သော်လည်းပဲ လမ်းတွေမှာ လမ်းတွေရဲ့ ပျက်စီးမှုတွေ၊ လမ်းတွေရဲ့ အရည်အသွေးတွေကတော့ ပြုပြင်စရာကောင်းတဲ့ အနေအထားတွေ ကျနော်တို့ တွေ့ရတယ်။ နောက်တစ်ခုက ကျေးလက်ရဲ့ ဆင်းရဲမှုပေါ့။ မြို့ပြတွေမှာတော့ အပြောင်းအလဲ တစ်စုံတစ်ရာတွေ တွေ့ရတယ်။ ဒီဖွံ့ဖြိုးမှုရဲ့ နှစ်ဆယ့်တစ်ရာစုရဲ့ လက္ခဏာပေါ့လေ။ မိုးမြင့်တိုက်တွေတို့၊ Traffic Jam တွေ ရန်ကုန်မှာ ရှိလာတာတို့။ ဒါ ခေတ်မီမှုရဲ့ လက္ခဏာတွေ။ သို့သော် ကျေးလက်တွေမှာ မပြောင်းဘူး။ သိပ်မပြောင်းဘူး ခင်ဗျာ။ ကျေးလက်မှာ ကနေ့အထိ လျှပ်စစ်မီး မရှိဘူး။ ကျေးလက်နှင့်မြို့ပြ ဆက်သွယ်ရေးလမ်းတွေက ကျနော်တို့ မြေလမ်းတွေအဆင့်ကနေ မတက်ဘူး။ နောက် ကျေးလက်လူထုရဲ့ ဝင်ငွေ။ နှစ်နှစ်လောက် စပါးဈေး။ ကျနော်တို့ ဒေသမှာဆိုရင် စပါးဈေးနှင့် ပဲဈေးက နှစ်နှစ်ဆက်တိုက် ကျနေတဲ့အခါကြတော့ ဆင်းရဲမှုအပိုင်းကိုကတော့ စိတ်လည်းမကောင်းဘူးပေါ့ တွေ့ရတာ။
ဦးကျော်ဇံသာ။ ။ အုပ်ချုပ်ရေး။ နိုင်ငံရေးပိုင်းကိုတော့ ထားလိုက်ပါတော့။ နိုင်ငံရေးကတော့ သူတို့ညှိနှိုင်းပြီးတော့ အာဏာပိုင်တွေက ပြောင်းလဲဖို့ ကြိုးပမ်းတာရှိတယ်။ ဒီ အုပ်ချုပ်ရေး ယန္တရားအဆင့်ဆင့်ရဲ့ ဆက်ဆံပုံတွေကကော ပြောင်းလဲပါပြီလား။ အရင် ပုံစံမျိုးဘဲလား။
ဒေါက်တာသောင်းထွန်း။ ။ ကျနော်တို့အပိုင်းကြတော့ သိပ်ပြီး ပြသနာတော့မတွေ့ဘူးပေါ့လေ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့အပေါ်မှာ မီဒီယာ အာရုံစိုက်မှု ရှိတယ်။ နောက် နိုင်ငံတော်သမ္မတက ဖိတ်ထားတယ်ပေါ့။ သို့သော် ကျနော်တို့ အောက်ခြေမှာ ပြည်သူလူထုရဲ့ အသံကို နားထောင်ကြည့်ရတဲ့အခါကြတော့ ဒီအာဏာပိုင် အဆင့်ဆင့်အပိုင်းတွေမှာ လူထုပြဿနာတွေကို ထဲထဲဝင်ဝင် ဖြေရှင်းပေးမှုတွေ အားနည်းနေသေးတယ်။ ဥပမာ ကျနော်တို့ဖက်မှာဆိုလို့ရှိရင် ဒီရေကြီးတဲ့ ပြဿနာတွေက အဓိကက ဒီကျနော်တို့ အင်းချောင်းတွေကို လုပ်တဲ့သူတွေကနေပြီးတော့ ဒီရေစီးရေလာတွေကို ပိတ်စို့တာတွေ။ အဓိကတော့ သူတို့ဖက်ကတော့ ငါးထုတ်လုပ်မှု တိုးတက်ဖို့ပေါ့။ အဲဒီဟာ ဘာတွေဖြစ်သွားလဲဆို တစ်ဖက်မှာ အဲလို ပိတ်စို့တဲ့အတွက်ကြောင့်မို့လို့ လယ်သမားတွေဖက်ကကြတော့ နစ်နာတယ်။ ဆိုတော့ ဒီပြဿနာတွေကို ဖြေရှင်းမှုတွေက တော်တော်နှောင့်နှေးတဲ့အပိုင်းတွေ ရှိပြီးတော့ အခုလိုမျိုး အင်းချောင်းတွေပိတ်စို့မှု ဟိုတုန်းက အင်းဂရမ်အဖြစ်နှင့် မပေးခဲ့တဲ့ ချောင်းငယ်၊မြောင်းငယ် ရေစီးရေလွှာသွားတဲ့ဟာတွေ အကုန်လုံးကို အင်းဂရမ်အနေနှင့် ပေးမှုတွေဟာ၊ ဒါတွေက ကျနော်တို့ ဒီမြို့နယ်အဆင့် အာဏာပိုင်တွေနှင့် တချို့ ဒီအင်းသူကြီးတွေက ပူးပေါင်းပြီးလုပ်တဲ့ဟာတွေ။
ဦးကျော်ဇံသာ။ ။ နောက်တခုက ဒါက အောက်ခြေပိုင်းပေါ့လေ။ နိုင်ငံရေးပိုင်းကို နည်းနည်းကြည့်ရအောင်ပါ။ နိုင်ငံရေးအားဖြင့်ရကော ဒေါက်တာသောင်းထွန်းတို့အနေနှင့် ၈၈ မျိုးဆက် ပြည်ပကိုရောက်လာပြီး ပြန်သွားတဲ့ ပုဂ္ဂိုလ်က မြန်မာပြည်နိုင်ငံရေးမှာ ဝင်ရောက်လှုပ်ရှားဖို့ နေရာတွေ့ပါသလား။ ဝင်ရောက်လှုပ်ရှားနိုင်တဲ့ အနေအထား ဖြစ်ပြီလို့ထင်ပါသလား။
ဒေါက်တာသောင်းထွန်း။ ။ နိုင်ငံရေးအဖွဲ့အစည်းတွေကတော့ ကျနော်တို့ အတိုင်းအတာတစ်ခုအထိ ရှင်သန်နေတာတော့ ကျနော်တို့ တွေ့ရတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာလည်းပဲ နေ့စဉ် ပါတီဝင်တွေ လာပြီးတော့ လာပြီးလုပ်ဆောင်နေတာတွေ ကျနော်တို့ တွေ့ရတယ်။ နောက်လူငယ်တွေကို သင်တန်းတွေပေးနေတာတွေ တွေ့ရတယ်။ အဲလိုမျိုးဘဲ ရှစ်လေးလုံးရုံးမှာ ဆိုလို့ရှိရင်လည်းပဲ လူထုလူတန်းစားအလွှာအသီးသီးက သူတို့ရဲ့ နစ်နာချက်တွေကို လာရောက်တိုင်ကြားပြီးတော့ အမြဲတမ်းရှုပ်ရှက်ခတ်နေတာ တွေ့ရတယ်။ ဆိုတော့ နိုင်ငံရေးအပိုင်းရဲ့ ရှင်သန်မှုအနေအထားကတော့ ကျနော်တို့ တွေ့ရပါတယ်။ ဒါပေမဲ့ ကျနော်တို့ ပြည်ပက သွားနေတဲ့ လူတွေအတွက်ကတော့ ကျနော်တို့အတွက်က ပြည်တွင်းနိုင်ငံရေး အခင်းအကျင်းတွေက ကွင်းတော့စိမ်းနေသေးတယ်။ ကွင်းစိမ်းနေတဲ့အခါမှာ ကျနော်တို့ အချိန်ယူပြီးတော့ လေ့လာပြီးတော့ ကိုယ့်ရဲ့အနေအထားက ဘယ်နေရာမှာ ပိုပြီးတော့ အသင့်တော်ဆုံးဖြစ်မလဲဆိုတာတော့ ကျနော်တို့ အချိန်ယူ ဆုံးဖြတ်ဖို့တော့ လိုသေးတယ်လို့ ကျနော် မြင်တယ်။
ဦးကျော်ဇံသာ။ ။ တစ်ဦးချင်းစီ ဆုံးဖြတ်ရမှာပေါ့။
ဒေါက်တာသောင်းထွန်း။ ။ ဟုတ်ကဲ့။ တစ်ဦးချင်းစီ ဆုံးဖြတ်ရမှာ။ ကျနော်တို့အနေနှင့်ကတော့ ပြည်ပမှာရှိတဲ့ အဖွဲ့အစည်းတွေက သယ်သွားပြီးတော့ ဒီပြည်တွင်းမှာ Brand Name နှင့် တည်ဆောက်ဖို့ဆိုတာ လက်တွေ့လည်း သိပ်မကျဘူးခင်ဗျာ။ ဆိုတော့ ကျနော်တို့အနေနှင့် ဒီပြည်တွင်းမှာရှိတဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေ အင်အားစုတွေမှာ ဘယ်အင်အားစု၊ ဘယ်အဖွဲ့အစည်းကတော့ ကိုယ့်အပေါ်မှာ လက်ကမ်းကြိုဆိုမှုပေါ့ တစ်ခု။ နံပါတ်နှစ်ကတော့ ကိုယ့်ရဲ့ ယုံကြည်မှု၊ ပေါ်လစီ ပိုင်းဆိုင်ရာတွေမှာ ကိုယ့်ရဲ့ ယုံကြည်မှု ဒီအခြေခံတွေပေါ်မှာဘဲ ကျနော်တို့ ဆုံးဖြတ်ရမှာပေါ့။
ဦးကျော်ဇံသာ။ ။ ပြည်သူလူထုက လက်ခံမှုကပေါ့။ ပြည်သူလူထုရဲ့ လက်ခံမှုက။
ဒေါက်တာသောင်းထွန်း။ ။ ပြည်သူလူထုက ကျနော်မြင်တာတော့ အားကိုးမှု၊ ကျနော်တို့ မျှော်လင့်မှုတွေ ရှိပါတယ်။ အထူးသဖြင့်ကတော့ ကျနော်တို့ ပြည်သူလူထုကတော့ အားလုံးပူးပေါင်းပြီးတော့ ဆောင်ရွက်စေချင်တယ်။ ပြည်ပက ဒီမိုကရေစီလှုပ်ရှားမှုမှာ ဆောင်ရွက်တဲ့သူတွေကိုလည်းပဲ နာမည်အားဖြင့်တော့ သိတာပေါ့။ လူချင်းတွေကတော့ အခုမှ မြင်ဖူးကြတာပေါ့။ ဆိုတော့ အားလုံးအိမ်ပြန်ပြီးတော့ လုပ်ကြကိုင်ကြတယ်။ ပူးပေါင်းဆောင်ရွက်ကြတာတော့ မြင်ချင်တာပေါ့။
ဦးကျော်ဇံသာ။ ။ ပြည်ပမှာနေတုန်း အကွဲအပျက် ဖြစ်ပြီးတော့ သတ်တဲ့ဖြတ်တဲ့ အထိပေါ့လေ။ အကြမ်းဖတ်တဲ့အထိ ဖြစ်ခဲ့ကြတာတွေ ရှိပါတယ်။ ဆိုတော့ အဲဒီ ကိစ္စကိုကော ဗမာပြည်ထဲကို ပြန်ရောက်သွားတော့ ဗမာပြည်သူတွေ ဘယ်လို မြင်ပါသလဲ။
ဒေါက်တာသောင်းထွန်း။ ။ အဲဒီဟာကတော့ ကျနော်တို့ကို ရိုက်ခက်မှု တော်တော်ရှိတာ ကျနော်တို့ တွေ့ရတယ်။ ခံစားခဲ့ရတဲ့ ကာယကံရှင်တွေ အပိုင်းကလည်း ခံစားမှုရှိမှာပဲ။ ဆိုတယ့်အခါကြတော့ ကျနော်တို့ ဒီလိုမျိုး လူ့အခွင့်အရေး ချိုးဖောက်တဲ့ကိစ္စတွေနှင့် ပတ်သက်ပြီးလို့ကတော့ အမှန်တရား ဖော်ထုတ်ရေးကတော့ ကျနော်တို့ လုပ်ကြရမှာပါ။ စနစ်တကျ လုပ်ကြရမှာပါ။ ကျနော်တို့ ဒီတရားဥပဒေအကြောင်းအရ လုပ်ကြရမယ်။ အမှန်တရား ဖော်ထုတ်ရမယ်။ နစ်နာတဲ့လူတွေကို ကျနော်တို့ ဘယ်လိုမျိုး နစ်နာမှုတွေအတွက် ကုစားပေးမလဲ ဆိုတာတွေ ကျနော်တို့ နည်းလမ်းရှာရမယ်။ တစ်ချိန်တည်းမှာလည်းပဲ ကျနော်တို့က ရှေ့မှာ တိုင်းပြည်တည်ဆောက်ရေးအတွက် လုပ်စရာတာဝန်တွေ အများကြီးရှိတယ်။ ကျနော်တို့ ရှေ့ကိုလည်း မျှော်ကြည့်ရမယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် ပတ်သက်လာရင်တော့ နှစ်ဆယ့်လေးနှစ်ပိုင်းမှာပေါ့။ ဒီ အုပ်ချုပ်တဲ့သူတွေဖက်က ချိုးဖောက်ခဲ့တာရှိသလို၊ အတိုက်အခံဖက်ကလည်း ရှိတာပါဘဲ။ ဒါတွေကို ကျနော်တို့ ဘယ်လို ချဉ်းကပ်ပြီးတော့ ဖြေရှင်းကြမလဲဆိုတာတော့ ဆုံးဖြတ်ရမှပေါ့။
ဦးကျော်ဇံသာ။ ။နောက်ဆုံး မေးချင်တာတစ်ခုကတော့ အဲဒီပြန်သွားတဲ့ ပုဂ္ဂိုလ်တွေနှင့် ပြည်တွင်းက နိုင်ငံရေးလှုပ်ရှားနေတဲ့ သူတွေကြားမှာကော ညီညွတ်မှုရှိပါသလား။ နည်းနည်းစိတ်ဝမ်းကွဲမှု ရှိပါသလား။ သဘောထား ကွဲလွဲမှုရှိပါသလား။
ဒေါက်တာသောင်းထွန်း။ ။ ကျနော်တို့ အနေနှင့်က ရည်မှန်းချက်ချင်းတွေ တူပါတယ်။ သို့သော် ပုဂ္ဂိုလ်ရေးအားဖြင့်ဆိုတာတော့ ကျနော်တို့ ရှစ်လေးလုံး ဖြတ်သန်းမှုဆိုတာ ကာလလေး တစ်ခုပဲလေ။ လေးငါးခြောက်လပဲ ဖြတ်သန်းခဲ့ရတယ်ဆိုတဲ့ အခါကြတော့ တစ်ယောက်နှင့်တစ်ယောက် ပုဂ္ဂိုလ်ရေးအရ သိရှိမှုအပိုင်းကြတော့ ကျနော်တို့ နည်းသေးတယ်။ ဒါတွေကို ကျနော်တို့ ဒီပုဂ္ဂိုလ်ရေးအရ သိရှိဖို့နှင့် ပူးပေါင်းဆောင်ရွက်မှုပိုင်းတွေကို ကာလတစ်ခု ကျနော်တို့ ဖြတ်သန်းပြီးတော့ ကျနော်တို့ လုပ်ကြရမယ်။ နောက်လက်တွေ့ကြတဲ့ မျှော်လင့်ချက်တွေ ကျနော်တို့ဖက်ကလည်း ရှိသလို သူတို့ဖက်ကလည်း လက်တွေ့ကြတဲ့ မျှော်လင့်ချက်မျိုးနှင့် ဒီအပေါ်မှာ အခြေခံပြီး ဆောင်ရွက်မယ်ဆို့ရင်တော့ ဒီကောင်းတဲ့ အလားအလာတွေ ရှိပါတယ်။