(Zawgyi / Unicode)
အာဏာရ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ (NLD) ပါတီက ဗဟိုအလုပ္အမႈေဆာင္တဦးျဖစ္တဲ့ ေဒါက္တာမ်ိဳးညြန္႔ကို ေျပာေရးဆိုခြင့္ရွိသူ အျဖစ္ကေန တနဂၤေႏြေန႔က ႐ုပ္သိမ္းလိုက္ပါတယ္။ ပါတီ ဗဟိုအလုပ္အမႈေဆာင္ အစည္းအေ၀းက အခုလို ဆံုးျဖတ္လိုက္တာလို႔ ေဒါက္တာမ်ိဳးညြန္႔က သတင္းေထာက္ေတြကို ေျပာဆိုသြားပါတယ္။
“ဒီေန႔ က်ေနာ္က ဆရာ ေဇာ္ျမင့္ေအာင္ ကိုယ္စား ေၾကညာခ်က္ထုတ္တာ။ ဒါ ဘာလဲဆုိေတာ့ က်ေနာ္တုိ႔ အဖြဲ႔ခ်ဳပ္ရဲ႕ ေျပာေရးဆုိခြင့္ရွိသူအျဖစ္ ေဒါက္တာေဇာ္ျမင့္ေမာင္ တေယာက္ပဲ လုပ္ေတာ့မယ္။ အဲဒီေတာ့ ေနာက္ပုိင္း ေျပာဖို႔ဆုိဖုိ႔ဆုိရင္ ေဒါက္တာေဇာ္ျမင့္ေမာင္ကပဲ ေျပာပါ့မယ္။ ဒီေန႔ကေတာ့ ဆရာ့က်န္းမာေရးအရ က်ေနာ္ ဒီသတင္းစကားကုိ ေျပာတာပါ။ ဒီတခုပဲ ေျပာစရာရွိပါတယ္။”
ပါတီေျပာခြင့္ရအျဖစ္ အရင္က ေဒါက္တာမ်ိဳးညြန္႔နဲ႔ မႏၱေလးတိုင္း ၀န္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္တို႔ ၂ ဦးက တာ၀န္ယူခဲ့တာပါ။ ဒါေပမယ့္ တနဂၤေႏြေန႔ အစည္းအေ၀း ဆံုးျဖတ္ခ်က္ကိုေတာ့ ေဒါက္တာေဇာ္ျမင့္ေမာင္ရဲ႕ က်န္းမာေရး အေျခအေနေၾကာင့္ ကိုယ္စားေျပာတာသာ ျဖစ္ေၾကာင္း ေဒါက္တာမ်ိဳးညြန္႔က ေျပာဆိုသြားပါတယ္။
ေရြးေကာက္ပြဲနီးလာခ်ိန္မွာ NLD ပါတီရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ေလွ်ာ့ခ်လိုက္တဲ့ အေၾကာင္းရင္းကိုေတာ့ ပါတီဘက္က မေျပာပါဘူး။
တနဂၤေႏြေန႔က ေဒါက္တာမ်ိဳးညြန္႔ကို သတင္းေထာက္ေတြက ေမးျမန္းၾကတာမွာလည္း သူ႔အေနနဲ႔ ေျပာခြင့္မရွိဘူးလို႔သာ ေျဖၾကားသြားပါတယ္။
------------------------------
(Unicode)
ဒေါက်တာမျိုးညွန့်ကို NLD ပြောခွင့်ရတာဝန်မှ ရပ်ဆိုင်း
အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ဗဟိုအလုပ်အမှုဆောင်တဦးဖြစ်တဲ့ ဒေါက်တာမျိုးညွန့်ကို ပြောရေးဆိုခွင့်ရှိသူ အဖြစ်ကနေ တနင်္ဂနွေနေ့က ရုပ်သိမ်းလိုက်ပါတယ်။ ပါတီ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးက အခုလို ဆုံးဖြတ်လိုက်တာလို့ ဒေါက်တာမျိုးညွန့်က သတင်းထောက်တွေကို ပြောဆိုသွားပါတယ်။
“ဒီနေ့ ကျနော်က ဆရာ ဇော်မြင့်အောင် ကိုယ်စား ကြေညာချက်ထုတ်တာ။ ဒါ ဘာလဲဆိုတော့ ကျနော်တို့ အဖွဲ့ချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ် ဒေါက်တာဇော်မြင့်မောင် တယောက်ပဲ လုပ်တော့မယ်။ အဲဒီတော့ နောက်ပိုင်း ပြောဖို့ဆိုဖို့ဆိုရင် ဒေါက်တာဇော်မြင့်မောင်ကပဲ ပြောပါ့မယ်။ ဒီနေ့ကတော့ ဆရာ့ကျန်းမာရေးအရ ကျနော် ဒီသတင်းစကားကို ပြောတာပါ။ ဒီတခုပဲ ပြောစရာရှိပါတယ်။”
ပါတီပြောခွင့်ရအဖြစ် အရင်က ဒေါက်တာမျိုးညွန့်နဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်တို့ ၂ ဦးက တာဝန်ယူခဲ့တာပါ။ ဒါပေမယ့် တနင်္ဂနွေနေ့ အစည်းအဝေး ဆုံးဖြတ်ချက်ကိုတော့ ဒေါက်တာဇော်မြင့်မောင်ရဲ့ ကျန်းမာရေး အခြေအနေကြောင့် ကိုယ်စားပြောတာသာ ဖြစ်ကြောင်း ဒေါက်တာမျိုးညွန့်က ပြောဆိုသွားပါတယ်။
ရွေးကောက်ပွဲနီးလာချိန်မှာ NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ လျှော့ချလိုက်တဲ့ အကြောင်းရင်းကိုတော့ ပါတီဘက်က မပြောပါဘူး။
တနင်္ဂနွေနေ့က ဒေါက်တာမျိုးညွန့်ကို သတင်းထောက်တွေက မေးမြန်းကြတာမှာလည်း သူ့အနေနဲ့ ပြောခွင့်မရှိဘူးလို့သာ ဖြေကြားသွားပါတယ်။