သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လကမၻာေပၚ ပထမဆံုး ဆယ္လူလာဆက္သြယ္ေရးကြန္ရက္ တည္ေဆာက္မည္


(Zawgyi/Unicode)

Finland အေျခစိုက္ Nokia ကုမၸဏီကို လကမာၻေပၚမွာ ပထမဆံုး cellular network ဆက္သြယ္ေရး ကြန္ယက္ တည္ေဆာက္ဖို႔ အေမရိကန္အာကာသစူးစမ္း ေလ့လာေရးအဖြဲ႔ NASA နာဆာက ေရြးခ်ယ္ခဲ့တယ္လုိ႔ Nokia က တနလၤာေန႔မွာ ေျပာပါတယ္။

နာဆာရဲ့ Artemis အစီအစဥ္ အရ လကမာၻေပၚကို ၂၀၂၄ မွာ လူသားေတြ ျပန္သြားႏိုင္ေရးနဲ႔ လေပၚမွာ ေရရွည္ အေျခခ် ေနထိုင္ဖုိ႔ တည္ေဆာက္ေရးေတြ လုပ္ေဆာင္ရာမွာ ဒီဆက္သြယ္ေရး ကြန္ယက္ ထူေထာင္ဖုိ႔လည္း ပါဝင္ပါတယ္။

လူသားေတြ လေပၚျပန္မသြားခင္ အာကာသထဲမွာ ပထမဆံုး ႀကိဳးမဲ့ broadband ဆက္သြယ္ေရးစနစ္ တပ္ဆင္ႏုိင္ဖုိ႔ ၂၀၂၂ မွာ လမ်က္ႏွာျပင္ေပၚမွာ တည္ေဆာက္မွာ ျဖစ္ေၾကာင္း Nokia က ေျပာပါတယ္။

Nokia ဟာ အေမရိကန္ႏိုင္ငံ Texas အေျခစိုက္ အာကာသယာဥ္တည္ေဆာက္တဲ့ Intuitive Machines ပုဂၢလိက ကုမၸဏီ နဲ႔ လက္တြဲလုပ္ေဆာင္မွာ ျဖစ္ၿပီး သူတို႔ရဲ့ လဆင္းယာဥ္နဲ႔ ဆက္သြယ္ေရးကြန္ယက္ အတြက္ တပ္ဆင္မယ့္ ပစၥည္းကရိယာေတြကို ပို႔မွာ ျဖစ္ေၾကာင္း ေျပာပါတယ္။

လေပၚေရာက္သြားတဲ့ ပစၥည္းေတြက ဒီကြန္ယက္အျဖစ္ အလိုအေလွ်ာက္ တပ္ဆင္ၾကမွာ ျဖစ္သလို LTE (Long-Term Evolution) လို႔ေခၚတဲ့ လေပၚက ပထမဆံုး ဆက္သြယ္ေရးစနစ္ကို ထူေထာင္ေပးမွာ ျဖစ္ေၾကာင္းလည္း Nokia ကေျပာပါတယ္။

ဒီဆက္သြယ္ေရး ကြန္ယက္ကေန အသံနဲ႔ အမိန္႔ေပးထိန္းခ်ဳပ္တာ၊ လေပၚသြားယာဥ္ေတြကို အေဝးက ထိန္းခ်ဳပ္တာ၊ လမ္းညႊန္တာနဲ႔ HD ဗီြဒီယို ေတြ ထုတ္လႊင့္ေပးတာေတြ အပါအဝင္ ဆက္သြယ္ေရးဆိုင္ရာ အခ်က္လက္မ်ိဳးစံုကို လုပ္ေပးႏိုင္မွာ ျဖစ္ေၾကာင္း လည္း Nokia က ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


................

(Unicode)

Finland အခြေစိုက် Nokia ကုမ္ပဏီကို လကမ္ဘာပေါ်မှာ ပထမဆုံး cellular network ဆက်သွယ်ရေး ကွန်ယက် တည်ဆောက်ဖို့ အမေရိကန်အာကာသစူးစမ်း လေ့လာရေးအဖွဲ့ NASA နာဆာက ရွေးချယ်ခဲ့တယ်လို့ Nokia က တနင်္လာနေ့မှာ ပြောပါတယ်။

နာဆာရဲ့ Artemis အစီအစဉ် အရ လကမ္ဘာပေါ်ကို ၂၀၂၄ မှာ လူသားတွေ ပြန်သွားနိုင်ရေးနဲ့ လပေါ်မှာ ရေရှည် အခြေချ နေထိုင်ဖို့ တည်ဆောက်ရေးတွေ လုပ်ဆောင်ရာမှာ ဒီဆက်သွယ်ရေး ကွန်ယက် ထူထောင်ဖို့လည်း ပါဝင်ပါတယ်။

လူသားတွေ လပေါ်ပြန်မသွားခင် အာကာသထဲမှာ ပထမဆုံး ကြိုးမဲ့ broadband ဆက်သွယ်ရေးစနစ် တပ်ဆင်နိုင်ဖို့ ၂၀၂၂ မှာ လမျက်နှာပြင်ပေါ်မှာ တည်ဆောက်မှာ ဖြစ်ကြောင်း Nokia က ပြောပါတယ်။

Nokia ဟာ အမေရိကန်နိုင်ငံ Texas အခြေစိုက် အာကာသယာဉ်တည်ဆောက်တဲ့ Intuitive Machines ပုဂ္ဂလိက ကုမ္ပဏီ နဲ့ လက်တွဲလုပ်ဆောင်မှာ ဖြစ်ပြီး သူတို့ရဲ့ လဆင်းယာဉ်နဲ့ ဆက်သွယ်ရေးကွန်ယက် အတွက် တပ်ဆင်မယ့် ပစ္စည်းကရိယာတွေကို ပို့မှာ ဖြစ်ကြောင်း ပြောပါတယ်။

လပေါ်ရောက်သွားတဲ့ ပစ္စည်းတွေက ဒီကွန်ယက်အဖြစ် အလိုအလျှောက် တပ်ဆင်ကြမှာ ဖြစ်သလို LTE (Long-Term Evolution) လို့ခေါ်တဲ့ လပေါ်က ပထမဆုံး ဆက်သွယ်ရေးစနစ်ကို ထူထောင်ပေးမှာ ဖြစ်ကြောင်းလည်း Nokia ကပြောပါတယ်။

ဒီဆက်သွယ်ရေး ကွန်ယက်ကနေ အသံနဲ့ အမိန့်ပေးထိန်းချုပ်တာ၊ လပေါ်သွားယာဉ်တွေကို အဝေးက ထိန်းချုပ်တာ၊ လမ်းညွှန်တာနဲ့ HD ဗွီဒီယို တွေ ထုတ်လွှင့်ပေးတာတွေ အပါအဝင် ဆက်သွယ်ရေးဆိုင်ရာ အချက်လက်မျိုးစုံကို လုပ်ပေးနိုင်မှာ ဖြစ်ကြောင်း လည်း Nokia က ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG