သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းမြောက် အပစ်ရပ်ကြေညာလည်း ဒုက္ခသည်တွေ မပြန်နိုင်သေး


ရှမ်းမြောက် နမ္မတူမြို့နယ်တွင်း တိုင်းရင်းသားတပ်တွေအကြားတိုက်ပွဲပြင်းထန် (ယခင်မှတ်တမ်းဓာတ်ပုံ)
ရှမ်းမြောက် နမ္မတူမြို့နယ်တွင်း တိုင်းရင်းသားတပ်တွေအကြားတိုက်ပွဲပြင်းထန် (ယခင်မှတ်တမ်းဓာတ်ပုံ)

စစ်ကောင်စီနဲ့ ညီနောင်သုံးဖွဲ့ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် က စာရွက်ပေါ်မှာပဲရှိသေးတယ်လို့ မြေပြင်မှာအလုပ်လုပ်နေတဲ့ ခရစ်ယာန်ဘုရားကျောင်း လူမှုဝန်ထမ်းအကျိုးဆောင်တဦးက ပြောပါတယ်။

တိုက်ပွဲတွေနဲ့ လမ်းပိတ်နေတာတွေကြောင့် ရှမ်းမြောက်က ဝေးလံခေါင်ဖျားဒေသတွေကို လူသားချင်းစာနာထောက်ထားရေး အကူအညီ မပို့နိုင်သေးဘူး လို့လည်း လူမှုဝန်ထမ်း အကျိုးဆောင်တွေက ပြောတာကို ကက်သိုလစ် အာရှ သတင်းဌာန လို့ အဓိပ္ပါယ်ရတဲ့ ယူစီအေ သတင်းက ဖော်ပြထားတာပါ။

အပစ်အခတ်ရပ်စဲလိုက်တယ်ဆိုပေမဲ့ ခရစ်ယာန်တွေအပါအဝင် ထောင်ချီတဲ့ စစ်ရှောင် ပြည်တွင်းဒုက္ခသည်တွေဟာ သူတို့နေရပ်ကို မပြန်နိုင်ကြသေးပါဘူး။ ဒုက္ခသည် ၇၀၀ ဟာ လားရှိုးက ကက်သိုလစ်ဘုရားကျောင်းမှာ ခိုလှုံနေကြရပြီး အခြား ဒုက္ခသည်တွေက ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေကြရတယ်လို့ ယူစီအေ သတင်းကဆိုပါတယ်။

ဒုက္ခသည်တွေက သူတို့လုံခြုံရေးကို စိုးရိမ်ရတဲ့အတွက် မပြန်နိုင်ကြသေးတာ ဖြစ်တယ်လို့ ဘုရားကျောင်း လူမှုအကျိုးဆောင်သူတွေက ဆိုကြပါတယ်။ ကုလသမဂ္ဂအဖွဲ့အစည်းတွေ၊ ပုဂ္ဂလိကအလှူရှင်တွေနဲ့အတူ ဒီ လူမှု အကျိုးဆောင်တွေက ဒုက္ခသည်တွေအတွက် လူသားချင်းစာနာထောက်ထားရေး အကူအညီ ပေးနေကြတာပါ။ သူတို့ရဲ့နေရပ်မှာ အိမ်ပြန်နေနိုင်လောက်တဲ့ အခြေအနေ မရှိသေးဘူးလို့လည်း လူမှုအကျိုးဆောင်တွေက ပြောကြပါတယ်။

ရှမ်းမြောက် အပစ်ရပ်ကြေညာလည်း ဒုက္ခသည်တွေ မပြန်နိုင်သေး
please wait

No media source currently available

0:00 0:00:58 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG