သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှေ့တောင်အာရှစီးပွားရေးဖွံ့ဖြိုးမှုကျဆင်းမယ်လို့ OECD ခန့်မှန်း


OECD စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနဲ့ဖွံ့ဖြိုးရေးအဖွဲ့
OECD စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနဲ့ဖွံ့ဖြိုးရေးအဖွဲ့

{{Zawgyi/Unicode}}

ဧပြီ ၁၀၊ ၂၀၂၃ (ဗွီအိုအေ၊မြန်မာ)

အရှေ့တောင်အာရှဒေသ စီးပွားရေးဖွံ့ဖြိုးမှုဟာ ၂၀၂၂ ခုနှစ်က ၅.၆ ရာခိုင်နှုန်းရှိရာကနေ အခုနှစ်မှာ ၄.၆ ရာခိုင်နှုန်းအထိ ကျဆင်းသွားမယ်လို့ OECD စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနဲ့ဖွံ့ဖြိုးရေးအဖွဲ့ကြီးက ခန့်မှန်းချက်ထုတ်လိုက်ပါတယ်။

ကမ္ဘာ့စီးပွားရေးကျဆင်းမှုကြောင့် ဝယ်လိုအားကျဆင်းပြီး အရှေ့တောင်အာရှဒေသစီးပွားရေးပါ ကျဆင်းဖွယ်ရှိတယ်လို့ သုံးသပ်ပေမယ့် ထိုင်းနိုင်ငံစီးပွားရေးကတော့ မနှစ်က ၂.၆ ရာခိုင်နှုန်းဖွံ့ဖြိုးမှုကနေ အခု ၂၀၂၃ မှာ ၃.၈ ရာခိုင်နှုန်းအထိ တက်လာမယ်လို့ OECD ရဲ့ ၂၀၂၃ ဒေသတွင်း စီးပွားရေးစစ်တမ်းထဲ ခန့်မှန်းတွက်ချက်ထားပါတယ်။ မြန်မာနဲ့စင်ကာပူနိုင်ငံကတော့ ဒေသတွင်း ဖွံ့ဖြိုးမှုနှုန်းအနည်းဆုံးဖြစ်လာမယ်လို့ OECD က ခန့်မှန်းပါတယ်။

ငွေကြေးဖောင်းပွမှုတွေနဲ့ ကမ္ဘာ့စီးပွားရေးနှေးကွေးကျဆင်းမှုတွေဟာ အရှေ့တောင်အာရှဒေသ ဖွံ့ဖြိုးရေးထိခိုက်ရတဲ့ အဓိကအကြောင်းရင်းတွေဖြစ်တယ်လို့လည်း ဖော်ပြပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ ဒေသတွင်း ကုန်သွယ်ရေးအားကောင်းမှုတစုံတရာရှိခဲ့ပေမယ့် ကမ္ဘာ့စီးပွားရေးအခြေအနေကြောင့် အခုနှစ် ကုန်သွယ်ရေးကို ထိခိုက်ဖွယ်ရှိတယ်လို့ OECD အာရှဒေသဆိုင်ရာအကြီးအကဲက ပြောပါတယ်။

ဒေသတွင်း ထူးထူးခြားခြား စီးပွားရေးဖွံ့ဖြိုးမှုတိုးလာဖွယ်ရှိတယ်လို့ ခန့်မှန်းထားတဲ့ ထိုင်းနိုင်ငံကတော့ အိမ်နီးချင်းတရုတ်နိုင်ငံက နယ်စပ်ပေါက်တွေဖွင့်ပေးတာနဲ့ ပို့ကုန်တွေကြောင့် ဖြစ်တယ်လို့ Bank of Thailand ရဲ့ လက်ထောက်အုပ်ချုပ်ရေးမှူးက ဘန်ကောက်ပို့စ်သတင်းစာကို ပြောထားပါတယ်။ တရုတ်နိုင်ငံကတော့ ပြီးခဲ့တဲ့နှစ် ဖွံ့ဖြိုးမှု ၃ ရာခိုင်နှုန်းကနေ ၅.၃ ရာခိုင်နှုန်းအထိ တက်လာဖွယ်ရှိတယ်လို့ OECD ဒေသတွင်းစီးပွားရေးစစ်တမ်းထဲမှာ ခန့်မှန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

===========

{{Unicode}}







XS
SM
MD
LG