သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဗုဒၶဂယာဘုရားဖူးေတြအတြက္ ႏိုင္ငံကူးလက္မွတ္ထုတ္ေပး 


အိႏၵိယႏိုင္ငံအေရွ႕ပိုင္း ဗုဒၶဂယာ၊ မဟာေဗာဓိေစတီပုထုိး 

[[Zawgyi/Unicode]]

ျမန္မာႏိုင္ငံမွာ ႏိုင္ငံကူးလက္မွတ္ေလွ်ာက္ထားတဲ့ လုပ္ငန္းစဥ္ေတြပုံမွန္ျပန္ မလည္ပတ္ႏိုင္ေသးေပမဲ့ ဗုဒၶဂယာဘုရားဖူးသြားမယ့္သူေတြကိုေတာ့ တလအတြင္း ႏိုင္ငံကူးလက္မွတ္လုပ္ေပးတာေတြ ရွိလာပါတယ္။ ပညာေရး၊ က်န္းမာေရးနဲ႔ တျခားကိစၥေတြအတြက္ ႏိုင္ငံကူးလက္မွတ္ေလွ်ာက္ထားမႈေတြကေတာ့ အခုခ်ိန္ထိမရေသးဘူးလို႔ ေစာင့္ဆိုင္းေနၾကသူေတြက ေျပာပါတယ္။ ဒီအေၾကာင္း ရန္ကုန္က သတင္းေပးပို႔ခ်က္ကို ကိုရဲမြန္က တင္ျပေပးထားပါတယ္။

ျမန္မာႏိုင္ငံကူးလက္မွတ္ ေလွ်ာက္ထားမႈလုပ္ငန္းစဥ္ဟာ ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာလကတည္းက အေျပာင္းအလဲေတြရွိခဲ့ၿပီး အခုခ်ိန္ထိ ေလွ်ာက္ထားမႈ လုပ္ငန္းစဥ္ ပုံမွန္ျပန္မျဖစ္ေသးပါဘူး။ ႏိုင္ငံကူးစာအုပ္အသစ္လုပ္တာ၊ သက္တမ္းတိုးတာ၊ ႏိုင္ငံျခားမွာ အလုပ္လုပ္ခြင့္စာအုပ္ပုံစံေျပာင္းတာ အပါအဝင္ စာအုပ္ေလွ်ာက္ဖို႔ အြန္လိုင္းကေနရက္ခ်ိန္းယူတာကအစ အားလုံးကို ပိတ္ပင္ထားတာပါ။ ဒါေပမဲ့လည္း ႏိုင္ငံကူးလက္မွတ္ေလွ်ာက္ထားလိုသူေတြအတြက္ ရႏိုင္မယ့္တခုတည္းေသာနည္းလမ္းက ဗုဒၶဂယာဘုရားဖူးခရီးစဥ္မွာလိုက္ပါမယ္ဆိုတဲ့ အာမခံခ်က္နဲ႔ ခရီးသြားေအဂ်င္စီကေနတဆင့္ ခ်ိတ္ဆက္ၿပီး တလအတြင္းရရွိေအာင္ ေဆာင္႐ြက္ႏိုင္တာျဖစ္ပါတယ္။

ဗုဒၶဂယာခရီးစဥ္လိုက္ၿပီး ပတ္စ္ပို႔ဝန္ေဆာင္မႈ တလအတြင္းေပးေနတဲ့ ဘုရားဖူးေအဂ်င္စီေတြရဲ႕ ေၾကညာခ်က္ေတြလည္း လူမႈကြန္ယက္စာမ်က္ႏွာေတြမွာ အေတာ္မ်ားမ်ား ေနရာယူလာပါတယ္။ ႏိုင္ငံကူးလက္မွတ္ပတ္စ္ပို႔စာအုပ္အတြက္ ကုန္က်စရိတ္က ၈ ေသာင္းက်ပ္ ဝန္းက်င္မွာရွိတယ္လို႔ ဗုဒၶဂယာဘုရားဖူး ေအဂ်င္စီတခုကလည္း ေျပာပါတယ္။

"Passport လုပ္တာကေတာ့ ဒီခရီးစဥ္နဲ႔ လိုက္ပါမယ္ဆိုတဲ့ Grantee အရ Passport ကေတာ့ အာမခံနဲ႔လုပ္ေပးပါတယ္။ Passport ေၾကးက ၈ ေသာင္းပဲ သြင္းရတယ္။ အဲဒါကက်ေတာ့ ၈ ေသာင္းဝန္းက်င္ကုန္တယ္။ ၾကာခ်ိန္ကေတာ့ တလႀကိဳၿပီး စာရင္းသြင္းရင္ရပါတယ္။ ဘာသာျခားကေတာ့ ေလာေလာဆယ္ သူတို႔က မေၾကညာေသးဘူးေပါ့ေနာ္။ ေလာေလာဆယ္ကေတာ့ ဗုဒၶဘာသာျဖစ္ရမယ္။ တခ်ိဳ႕ဆိုလည္း ခရစ္ယာန္ - ဗုဒၶဆို ဗုဒၶဘာသာပါေနတယ္၊ အဲလိုေတာ့ ရတယ္ေပါ့ေနာ္။"

ပတ္စ္ပို႔အတြက္ကုန္က်စရိတ္က ၈ ေသာင္းဝန္းက်င္ဆိုေပမယ့္ ဗုဒၶဂယာခရီးစဥ္ ကုန္က်စရိတ္ကေတာ့ အနည္းဆုံး က်ပ္ ၁၀ သိန္းအထက္က စရွိပါတယ္။ ႏိုင္ငံကူးလက္မွတ္ ပတ္စ္ပို႔စာအုပ္ မျဖစ္မေနလိုအပ္ေနသူေတြအေနနဲ႔ ဘုရားဖူးခရီးစဥ္ကို ေ႐ြးခ်ယ္တာရွိေပမယ့္ ကုန္က်စရိတ္မတတ္ႏိုင္သူေတြကေတာ့ ႏိုင္ငံကူးလက္မွတ္ ထုတ္ေပးတဲ့႐ုံးေတြ ပုံမွန္ျပန္လည္ပတ္မယ့္အခ်ိန္ကိုသာ ေစာင့္ဆိုင္းေနၾကတယ္လို႔ ေျပာပါတယ္။

ႏိုင္ငံကူးလက္မွတ္ ထုတ္ေပးေရးဌာနက ႏိုင္ငံကူးလက္မွတ္ပတ္စ္ပို႔စာအုပ္ေတြ ထုတ္ေပးတာကို ရပ္နားထားေပမဲ့ ျပည္ပအလုပ္အကိုင္ရွာေဖြေရး ေအဂ်င္စီေတြဘက္က အလုပ္ကမ္းလွမ္းစာနဲ႔ပူးတြဲၿပီး ေလွ်ာက္ထားလာရင္ေတာ့ ႏိုင္ငံကူးလက္မွတ္ထုတ္ေပးမယ္လို႔ အလုပ္သမားေရးဌာနက ေျပာထားပါတယ္။ အလုပ္အကိုင္ရွာေဖြေရး ေအဂ်င္စီေတြဘက္က ျပည္ပႏိုင္ငံေတြရဲ႕အလုပ္ကမ္းလွမ္းစာနဲ႔ ပူးတြဲေလွ်ာက္ထားမယ္ဆို ထုတ္ေပးေနတယ္လို႔ ျမန္မာအလုပ္သမားေရးဌာနရဲ႕ အၿမဲတမ္းအတြင္းဝန္ဦးၫြန႔္ဝင္းက ၿပီးခဲ့တဲ့ ဇန္နဝါရီလကုန္ပိုင္းကတည္းက VOA က ဆက္သြယ္ေမးျမန္းတဲ့အခ်ိန္မွာ ေျဖၾကားထားပါတယ္။

"ျပည္ထဲေရးက blacklist မပါတဲ့ ေအဂ်င္စီေတြဆိုရင္ သူ႔လုပ္ထုံးလုပ္နည္းအတိုင္း ဆက္လုပ္ေပးမယ္။ အခု ၁၃၃ ခု ေအဂ်င္စီကို blacklist သူတို႔ ေၾကညာထားတယ္။ အဲဒီ ေအဂ်င္စီေတြက က်ေနာ္တို႔ဆီကတဆင့္ ပတ္စ္ပို႔ ေလွ်ာက္မယ္ဆိုရင္ အဲဒါကို ေလာေလာဆယ္ pending လုပ္ထားတယ္၊ ဆိုင္းငံ့ထားတယ္။ က်န္တဲ့ clear ျဖစ္တဲ့ကုမၸဏီေတြ က်ေနာ္တို႔ ပုံမွန္လမ္းေၾကာင္းအတိုင္း ဆက္လုပ္ေပးေနတယ္။"

ႏွစ္ႏိုင္ငံသေဘာတူညီမႈ MOU စနစ္နဲ႔ ျပည္ပမွာသြားေရာက္လုပ္ကိုင္မယ့္ အလုပ္သမားေတြအေနနဲ႔ ပတ္စ္ပို႔လုပ္ေဆာင္ဖို႔ အလိမ္ခံရတာေတြလည္းရွိေနလို႔ ဒါေတြကို သတိရွိဖို႔ကိုလည္း ပတ္စ္ပို႔လုပ္ဖို႔ ေစာင့္ဆိုင္းေနသူအခ်င္းခ်င္း သတိေပးထားၾကပါတယ္။

ႏိုင္ငံကူးလက္မွတ္စာအုပ္ထုတ္ဖို႔ အဆင့္တခုသာ က်န္ေတာ့သူေတြအေနနဲ႔ ကိုယ္တိုင္ကိုယ္က် ေနျပည္ေတာ္႐ုံးကိုလိပ္မူၿပီး စာတင္တာေတြလည္း ရွိလာပါတယ္။ ဒါေပမဲ့လည္း ႏိုင္ငံကူးလက္မွတ္ ပတ္စ္ပို႔စာအုပ္ရဖို႔အတြက္ ၾကားခံေဆာင္႐ြက္ႏိုင္မယ့္ ဘယ္လိုအဖြဲ႕အစည္းမွ အခုခ်ိန္ထိမရွိေသးဘဲ ျမန္မာႏိုင္ငံက ပတ္စ္ပို႔႐ုံးခြဲတိုင္း လုပ္ငန္းေဆာင္႐ြက္တာေတြကို ပိတ္ပင္ထားဆဲျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

ဗုဒ္ဓဂယာဘုရားဖူးတွေအတွက် နိုင်ငံကူးလက်မှတ်ထုတ်ပေး

မြန်မာနိုင်ငံမှာ နိုင်ငံကူးလက်မှတ်လျှောက်ထားတဲ့ လုပ်ငန်းစဉ်တွေပုံမှန်ပြန် မလည်ပတ်နိုင်သေးပေမဲ့ ဗုဒ္ဓဂယာဘုရားဖူးသွားမယ့်သူတွေကိုတော့ တလအတွင်း နိုင်ငံကူးလက်မှတ်လုပ်ပေးတာတွေ ရှိလာပါတယ်။ ပညာရေး၊ ကျန်းမာရေးနဲ့ တခြားကိစ္စတွေအတွက် နိုင်ငံကူးလက်မှတ်လျှောက်ထားမှုတွေကတော့ အခုချိန်ထိမရသေးဘူးလို့ စောင့်ဆိုင်းနေကြသူတွေက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ချက်ကို ကိုရဲမွန်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံကူးလက်မှတ် လျှောက်ထားမှုလုပ်ငန်းစဉ်ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကတည်းက အပြောင်းအလဲတွေရှိခဲ့ပြီး အခုချိန်ထိ လျှောက်ထားမှု လုပ်ငန်းစဉ် ပုံမှန်ပြန်မဖြစ်သေးပါဘူး။ နိုင်ငံကူးစာအုပ်အသစ်လုပ်တာ၊ သက်တမ်းတိုးတာ၊ နိုင်ငံခြားမှာ အလုပ်လုပ်ခွင့်စာအုပ်ပုံစံပြောင်းတာ အပါအဝင် စာအုပ်လျှောက်ဖို့ အွန်လိုင်းကနေရက်ချိန်းယူတာကအစ အားလုံးကို ပိတ်ပင်ထားတာပါ။ ဒါပေမဲ့လည်း နိုင်ငံကူးလက်မှတ်လျှောက်ထားလိုသူတွေအတွက် ရနိုင်မယ့်တခုတည်းသောနည်းလမ်းက ဗုဒ္ဓဂယာဘုရားဖူးခရီးစဉ်မှာလိုက်ပါမယ်ဆိုတဲ့ အာမခံချက်နဲ့ ခရီးသွားအေဂျင်စီကနေတဆင့် ချိတ်ဆက်ပြီး တလအတွင်းရရှိအောင် ဆောင်ရွက်နိုင်တာဖြစ်ပါတယ်။

ဗုဒ္ဓဂယာခရီးစဉ်လိုက်ပြီး ပတ်စ်ပို့ဝန်ဆောင်မှု တလအတွင်းပေးနေတဲ့ ဘုရားဖူးအေဂျင်စီတွေရဲ့ ကြေညာချက်တွေလည်း လူမှုကွန်ယက်စာမျက်နှာတွေမှာ အတော်များများ နေရာယူလာပါတယ်။ နိုင်ငံကူးလက်မှတ်ပတ်စ်ပို့စာအုပ်အတွက် ကုန်ကျစရိတ်က ၈ သောင်းကျပ် ဝန်းကျင်မှာရှိတယ်လို့ ဗုဒ္ဓဂယာဘုရားဖူး အေဂျင်စီတခုကလည်း ပြောပါတယ်။

"Passport လုပ်တာကတော့ ဒီခရီးစဉ်နဲ့ လိုက်ပါမယ်ဆိုတဲ့ Grantee အရ Passport ကတော့ အာမခံနဲ့လုပ်ပေးပါတယ်။ Passport ကြေးက ၈ သောင်းပဲ သွင်းရတယ်။ အဲဒါကကျတော့ ၈ သောင်းဝန်းကျင်ကုန်တယ်။ ကြာချိန်ကတော့ တလကြိုပြီး စာရင်းသွင်းရင်ရပါတယ်။ ဘာသာခြားကတော့ လောလောဆယ် သူတို့က မကြေညာသေးဘူးပေါ့နော်။ လောလောဆယ်ကတော့ ဗုဒ္ဓဘာသာဖြစ်ရမယ်။ တချို့ဆိုလည်း ခရစ်ယာန် - ဗုဒ္ဓဆို ဗုဒ္ဓဘာသာပါနေတယ်၊ အဲလိုတော့ ရတယ်ပေါ့နော်။"

ပတ်စ်ပို့အတွက်ကုန်ကျစရိတ်က ၈ သောင်းဝန်းကျင်ဆိုပေမယ့် ဗုဒ္ဓဂယာခရီးစဉ် ကုန်ကျစရိတ်ကတော့ အနည်းဆုံး ကျပ် ၁၀ သိန်းအထက်က စရှိပါတယ်။ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့စာအုပ် မဖြစ်မနေလိုအပ်နေသူတွေအနေနဲ့ ဘုရားဖူးခရီးစဉ်ကို ရွေးချယ်တာရှိပေမယ့် ကုန်ကျစရိတ်မတတ်နိုင်သူတွေကတော့ နိုင်ငံကူးလက်မှတ် ထုတ်ပေးတဲ့ရုံးတွေ ပုံမှန်ပြန်လည်ပတ်မယ့်အချိန်ကိုသာ စောင့်ဆိုင်းနေကြတယ်လို့ ပြောပါတယ်။

နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးဌာနက နိုင်ငံကူးလက်မှတ်ပတ်စ်ပို့စာအုပ်တွေ ထုတ်ပေးတာကို ရပ်နားထားပေမဲ့ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေဘက်က အလုပ်ကမ်းလှမ်းစာနဲ့ပူးတွဲပြီး လျှောက်ထားလာရင်တော့ နိုင်ငံကူးလက်မှတ်ထုတ်ပေးမယ်လို့ အလုပ်သမားရေးဌာနက ပြောထားပါတယ်။ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေဘက်က ပြည်ပနိုင်ငံတွေရဲ့အလုပ်ကမ်းလှမ်းစာနဲ့ ပူးတွဲလျှောက်ထားမယ်ဆို ထုတ်ပေးနေတယ်လို့ မြန်မာအလုပ်သမားရေးဌာနရဲ့ အမြဲတမ်းအတွင်းဝန်ဦးညွန့်ဝင်းက ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်ပိုင်းကတည်းက VOA က ဆက်သွယ်မေးမြန်းတဲ့အချိန်မှာ ဖြေကြားထားပါတယ်။

"ပြည်ထဲရေးက blacklist မပါတဲ့ အေဂျင်စီတွေဆိုရင် သူ့လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လုပ်ပေးမယ်။ အခု ၁၃၃ ခု အေဂျင်စီကို blacklist သူတို့ ကြေညာထားတယ်။ အဲဒီ အေဂျင်စီတွေက ကျနော်တို့ဆီကတဆင့် ပတ်စ်ပို့ လျှောက်မယ်ဆိုရင် အဲဒါကို လောလောဆယ် pending လုပ်ထားတယ်၊ ဆိုင်းငံ့ထားတယ်။ ကျန်တဲ့ clear ဖြစ်တဲ့ကုမ္ပဏီတွေ ကျနော်တို့ ပုံမှန်လမ်းကြောင်းအတိုင်း ဆက်လုပ်ပေးနေတယ်။"

နှစ်နိုင်ငံသဘောတူညီမှု MOU စနစ်နဲ့ ပြည်ပမှာသွားရောက်လုပ်ကိုင်မယ့် အလုပ်သမားတွေအနေနဲ့ ပတ်စ်ပို့လုပ်ဆောင်ဖို့ အလိမ်ခံရတာတွေလည်းရှိနေလို့ ဒါတွေကို သတိရှိဖို့ကိုလည်း ပတ်စ်ပို့လုပ်ဖို့ စောင့်ဆိုင်းနေသူအချင်းချင်း သတိပေးထားကြပါတယ်။

နိုင်ငံကူးလက်မှတ်စာအုပ်ထုတ်ဖို့ အဆင့်တခုသာ ကျန်တော့သူတွေအနေနဲ့ ကိုယ်တိုင်ကိုယ်ကျ နေပြည်တော်ရုံးကိုလိပ်မူပြီး စာတင်တာတွေလည်း ရှိလာပါတယ်။ ဒါပေမဲ့လည်း နိုင်ငံကူးလက်မှတ် ပတ်စ်ပို့စာအုပ်ရဖို့အတွက် ကြားခံဆောင်ရွက်နိုင်မယ့် ဘယ်လိုအဖွဲ့အစည်းမှ အခုချိန်ထိမရှိသေးဘဲ မြန်မာနိုင်ငံက ပတ်စ်ပို့ရုံးခွဲတိုင်း လုပ်ငန်းဆောင်ရွက်တာတွေကို ပိတ်ပင်ထားဆဲဖြစ်ပါတယ်။

XS
SM
MD
LG