သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေပါက္ေတာ မြတ္ဆလင္ဒုကၡသည္စခန္း မီးေလာင္


ေပါက္ေတာ မြတ္ဆလင္ဒုကၡသည္စခန္း မီးေလာင္ (ဓါတ္ပုံ ရခိုင္ျပ္နယ္ မီးသတ္အဖြဲ႕)

(Zawgyi/Unicode)

ရခိုင္ျပည္နယ္ ၊ ေပါက္ေတာၿမိဳ႕နယ္၊ ပုဏၰားႀကီးေက်း႐ြာအုပ္စု၊ ငွက္ေခ်ာင္းအမွတ္(၂) မြတ္ဆလင္ဒုကၡသည္စခန္းမွာ မေန႔ ညဥ့္နက္ပိုင္းက မီးေလာင္မႈျဖစ္ပြားခဲ့တာေၾကာင့္ ကေလးငယ္ ၂ ဦး ေသဆုံးတာအပါအဝင္ ပ်က္စီးဆုံးရႈံးမႈေတြ ရွိခဲ့တယ္လို႔ ၿမိဳ႕နယ္မီးသတ္ အဖြဲ႕တာဝန္ရွိသူေတြက ေျပာပါတယ္။

မီးေဘးသင့္လူဦးေရ (၂၅၀) ေက်ာ္အတြက္ ေဒသခံ အာဏာပိုင္ေတြကေန အေရးေပၚ ကူညီခဲ့သလို ကယ္ဆယ္ေရးလုပ္ငန္းအတြက္ အထက္ဌာနဆိုင္ရာကို တင္ျပထားဆဲလို႔ ၿမိဳ ႔နယ္တာဝန္ရွိသူေတြက ဆိုပါတယ္။ ဒီအေျခအေနကို ဗြီအိုေအျမန္မာပိုင္းသတင္းေထာက္ႏိုင္ကြန္းအိန္ကေန သတင္းေပးပို႔ထားပါတယ္။

ေပါက္ေတာၿမိဳ႕နယ္၊ ငွက္ေခ်ာင္းအမွတ္ (၂) မြတ္ဆလင္ဒုကၡသည္စခန္းအတြင္း မေန႔က မီးေလာင္မႈျဖစ္စဥ္မွာ ကေလးငယ္ ေတြေသဆုံးမႈျဖစ္ပြားခဲ့သလို ပ်က္စီးဆုံးရႈံးမႈ အေျခအေနကိုေတာ့ ေပါက္ေတာၿမိဳ႕နယ္ မီးသတ္ဦးစီးမႉး ဦးမ်ိဳးမင္းထြန္းက ဗြီအိုေအကို အခုလိုေျပာပါတယ္။

“မီးေလာင္တာေတာ့မွန္ပါတယ္။ IDP စခန္း ေပါ့ေနာ္အဲတာ။ ဘဂၤါလီလူေနစခန္း သူက။ သူတို႔ေနတဲ့ တန္းလ်ားေပါ့။ (၈)ခန္း တြဲ ဟိုဖက္(၄)ခန္း ဒီဖက္(၄)ခန္း။ အဲဒီအခန္း(၂)လုံးမီးေလာင္တယ္။ ေနာက္ၿပီးေတာ့(၁၅)ေပပတ္လည္ ေလာက္ရွိတဲ့ လုံးခ်င္းေလးေတြ(၁၃)လုံး မီးထဲပါသြားတာေပါ့။ ထိခိုက္ဒဏ္ရာရရွိမူကေတာ့ မိန္းကေလးႏွစ္ဦးေပါ့။ တဦးကေတာ တႏွစ္ နဲ႔(၇)လအ႐ြယ္ေပါ့။ ေနာက္တေယာက္ ကေတာ့ (၄)ႏွစ္သမီးေလးေပါ့။ မီးထဲပါသြားတာေပါ့။ သူတို႔မိဘေတြကလဲ မဆြဲ လိုက္ႏိုင္ဘူးနဲ႔တူပါတယ္။ အဲမီးထဲမွာ လုံးၿပီးေတာ့။ အိပ္ေနတဲ့အခ်ိန္မွာ ျဖစ္ၾကတာကိုး။ ဆုံးရႈံးမႈတန္ဖိုးက(၇၄)သိန္း ေက်ာ္ ေက်ာ္ေလာက္ေပါ့။ ခန႔္မွန္းတာေပါ့။”

လက္ရွိ မီးေဘးသင့္သူေတြဟာ နီးစပ္ရာ ေဆြမ်ိဳးမ်ားေနအိမ္ေတြမွာ ယာယီေနထိုင္ေနရ တယ္လို႔ ဦးမ်ိဳးမင္းထြန္း ကဆိုပါတယ္။

“အားလုံးအိမ္ေထာင္စု စုစုေပါင္း(၃၃)စုဗ်။ လူဦးေရက(၂၅၃)ေယာက္ရွိတယ္ဗ်။ အခုလက္ရွိမွာေတာ့သူတို႔ နီးစပ္တဲ့ ေနရာေတြေပါ့။ သူတို႔ေဆြမ်ိဳးရွိတယ္ေပါ့အဲဒီ႐ြာထဲမွာ။ အဲဒီမွာဘဲသူတို႔စုၿပီးေတာ့ေနၾကတာေပါ့။”

မီးေလာင္မႈမွာ မေန႔က မနက္(၁၂) ရီေက်ာ္ေက်ာ္အခ်ိန္ IDP စခန္း အေဆာင္အမွတ္ (၂၉)၊ အခန္း နံပါတ္ (၉) အခန္း အတြင္း မီးႂကြင္းမီးက်န္ကေနတဆင့္ စတင္ ေလာင္ကြၽမ္းမႈ ျဖစ္ပြားတာျဖစ္ၿပီး အေဆာင္ရွင္ကိုေတာ့ သက္ဆိုင္ရာ ရဲစခန္းကေန အမႈဖြင့္ အေရးယူထားတယ္လို႔ ဦးမ်ိဳးမင္းထြန္းက ဆိုပါတယ္။

ငွက္ေခ်ာင္းအမွတ္ (၂) ဒုကၡသည္စခန္းမီးေလာင္ၿပီး မီးေဘးသင့္သူေတြအတြက္ ကယ္ဆယ္ေရးလုပ္ငန္း လုပ္ေဆာင္ ေနတဲ့အေျခအေနကိုေတာ့ ေပါက္ေတာၿမိဳ႕နယ္ ဒုအုပ္ခ်ဳပ္ေရးမႉး ဦးထြန္းထြန္းၿငိမ္းက အခုလိုေျပာပါတယ္။

“သူတို႔ေဆြမ်ိဳးမ်ားေနအိမ္နဲ႔ နီးစပ္ရာ စာသင္ေက်ာင္းေတြမွာ ေနရာခ်ထားေပးတယ္ဗ်။ ကယ္ဆယ္ေရး လုပ္ငန္းကေတာ့ ကြၽန္ေတာ္တို႔ အမ်ိဳးသား သဘာဝေဘးကိုတင္ထားတယ္ခင္ဗ်။ ေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈ ဦးစီးဌာနကို ကြၽန္ေတာ္ တို႔ ကယ္ဆယ္ေရးပစၥည္းရရွိေရးေတာ့ ကြၽန္ေတာ္တို႔ တင္ျပ ေတာင္းခံ ထားတယ္။ အကူညီေတာ့ ကြၽန္ေတာ္တို႔ ကယ္ ဆယ္ေရးကေပါ့ေနာ္ ဆန္ရိကၡာေပးတာရွိတယ္။ မေန႔ကလဲ ဟိုဟာသြားတယ္ဗ်။ WFP ကေန အိမ္သုံးပစၥည္းေတြ သြားၿပီးေတာ့ေထာက္ပံ့တယ္ဗ်။”

ေပါက္ေတာၿမိဳ႕နယ္က ငွက္ေခ်ာင္းအမွတ္ (၂) ဒုကၡသည္စခန္းမွာ အိမ္ေထာင္စု (၇၅၆) စု၊ လူဦးေရ (၃၀၀၀) ေက်ာ္ ရွိေနၿပီး ၂၀၁၂ခုႏွစ္မွာ ရခိုင္ျပည္နယ္အတြင္း ျဖစ္ပြားတဲ့ လူမ်ိဳးဘာသာေရး ျပႆနာေၾကာင့္ ေဒသအတြင္း မြတ္ဆလင္ ေျပာင္းေ႐ႊ႕ အေျခခ် ေနထိုင္ေနတာျဖစ္ပါတယ္။ သူတို႔ေနထိုင္ဖို႔ တန္းလ်ားေတြကို အစိုးရကေန ေဆာက္လုပ္ေပးထားတယ္လို႔လဲ ေပါက္ေတာၿမိဳ႕နယ္ ဒုအုပ္ခ်ဳပ္ေရးမႉး ဦးထြန္းထြန္းၿငိမ္းက ေျပာပါတယ္။

ေပါက္ေတာ မူဆလင္ဒုကၡသည္စခန္း မီးေလာင္
please wait

No media source currently available

0:00 0:02:44 0:00
တိုက္႐ိုက္ လင့္ခ္


..................

ပေါက်တော မွတ်ဆလင်ဒုက္ခသည်စခန်း မီးလောင်

(Unicode)

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်၊ ပုဏ္ဏားကြီးကျေးရွာအုပ်စု၊ ငှက်ချောင်းအမှတ်(၂) မွတ်ဆလင် ဒုက္ခသည်စခန်းမှာ မနေ့ ညဉ့်နက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့တာကြောင့် ကလေးငယ် ၂ ဦး သေဆုံးတာအပါအဝင် ပျက်စီးဆုံးရှုံးမှုတွေရှိခဲ့တယ်လို့ မြို့နယ်မီးသတ် အဖွဲ့တာဝန်ရှိသူတွေက ပြောပါတယ်။ မီးဘေးသင့်လူဦးရေ (၂၅၀) ကျော်အတွက် ဒေသခံ အာဏာပိုင်တွေကနေ အရေးပေါ် ကူညီခဲ့သလို ကယ်ဆယ်ရေးလုပ်ငန်းအတွက် အထက်ဌာနဆိုင်ရာကို တင်ပြထားဆဲလို့ မြို့နယ်တာဝန်ရှိသူတွေက ဆိုပါတယ်။ ဒီအခြေအနေကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက်နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

ပေါက်တောမြို့နယ်၊ ငှက်ချောင်းအမှတ် (၂) မွတ်ဆလင်ဒုက္ခသည်စခန်းအတွင်း မနေ့က မီးလောင်မှုဖြစ်စဉ်မှာ ကလေးငယ် တွေသေဆုံးမှုဖြစ်ပွါးခဲ့သလို ပျက်စီးဆုံးရှုံးမှုအခြေအနေကိုတော့ ပေါက်တောမြို့နယ် မီးသတ်ဦးစီးမှူး ဦးမျိုးမင်းထွန်းက ဗွီအိုအေကို အခုလိုပြောပါတယ်။

“မီးလောင်တာတော့မှန်ပါတယ်။ IDPစခမ်းပေါ့နော်အဲတာ။ ဘင်္ဂလီလူနေစခမ်းသူက။ သူတို့နေတဲ့တန်းလျားပေါ့။ (၈)ခန်း တွဲ ဟိုဖက်(၄)ခန်း ဒီဖက်(၄)ခန်း။ အဲဒီအခန်း(၂)လုံးမီးလောင်တယ်။ နောက်ပြီးတော့(၁၅)ပေပတ်လည်လောက်ရှိတဲ့ လုံးချင်းလေးတွေ(၁၃)လုံး မီးထဲပါသွားတာပေါ့။ ထိခိုက်ဒဏ်ရာရရှိမှူကတော့ မိန်းကလေးနှစ်ဦးပေါ့။ တဦးကတော တနှစ် နဲ့(၇)လအရွယ်ပေါ့။ နောက်တယောက်ကတော့ (၄)နှစ်သမီးလေးပေါ့။ မီးထဲပါသွားတာပေါ့။ သူတို့မိဘတွေကလဲ မဆွဲ လိုက်နိုင်ဘူးနဲ့တူပါတယ်။ အဲမီးထဲမှာလုံးပြီးတော့။ အိပ်နေတဲ့အချိန်မှာဖြစ်ကြတာကိုး။ ဆုံးရှုံးမှုတန်ဖိုးက(၇၄)သိန်း ကျော် ကျော်လောက်ပေါ့။ ခန့်မှန်းတာပေါ့။”

လက်ရှိမီးဘေးသင့်သူတွေဟာ နီးစပ်ရာ ဆွေမျိုးများနေအိမ်တွေမှာ ယာယီနေထိုင်နေရတယ်လို့ ဦးမျိုးမင်းထွန်း ကဆိုပါတယ်။

“အားလုံးအိမ်ထောင်စု စုစုပေါင်း(၃၃)စုဗျ။ လူဦးရေက(၂၅၃)ယောက်ရှိတယ်ဗျ။ အခုလက်ရှိမှာတော့သူတို့ နီးစပ်တဲ့ နေရာတွေပေါ့။ သူတို့ဆွေမျိုးရှိတယ်ပေါ့အဲဒီရွာထဲမှာ။ အဲဒီမှာဘဲသူတို့စုပြီးတော့နေကြတာပေါ့။”

မီးလောင်မှုမှာ မနေ့က မနက်(၁၂) ရီကျော်ကျော်အချိန် IDP စခန်း အဆောင်အမှတ် (၂၉)၊ အခန်း နံပါတ် (၉) အခန်း အတွင်း မီးကြွင်းမီးကျန်ကနေတဆင့် စတင် လောင်ကျွမ်းမှု ဖြစ်ပွားတာဖြစ်ပြီး အဆောင်ရှင်ကိုတော့ သက်ဆိုင်ရာ ရဲစခန်းကနေ အမှုဖွင့် အရေးယူထားတယ်လို့ ဦးမျိုးမင်းထွန်းက ဆိုပါတယ်။

ငှက်ချောင်းအမှတ် (၂) ဒုက္ခသည်စခန်းမီးလောင်ပြီး မီးဘေးသင့်သူတွေအတွက် ကယ်ဆယ်ရေးလုပ်ငန်း လုပ်ဆောင် နေတဲ့အခြေအနေကိုတော့ ပေါက်တောမြို့နယ် ဒုအုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းငြိမ်းက အခုလိုပြောပါတယ်။

“သူတို့ဆွေမျိုးများနေအိမ်နဲ့ နီးစပ်ရာစာသင်ကျောင်းတွေမှာနေရာချထားပေးတယ်ဗျ။ ကယ်ဆယ်ရေးလုပ်ငန်းကတော့ ကျွန်တော်တို့ အမျိုးသားသဘာဝဘေးကိုတင်ထားတယ်ခင်ဗျ။ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနကို ကျွန်တော် တို့ ကယ်ဆယ်ရေးပစ္စည်းရရှိရေးတော့ ကျွန်တော်တို့တင်ပြတောင်းခံထားတယ်။ အကူညီတော့ကျွန်တော်တို့ ကယ် ဆယ်ရေးကပေါ့နော် ဆန်ရိက္ခာပေးတာရှိတယ်။ မနေ့ကလဲ ဟိုဟာသွားတယ်ဗျ။ WFP ကနေ အိမ်သုံးပစ္စည်းတွေ သွားပြီးတော့ထောက်ပံ့တယ်ဗျ။”

ပေါက်တောမြို့နယ်က ငှက်ချောင်းအမှတ် (၂) ဒုက္ခသည်စခန်းမှာ အိမ်ထောင်စု (၇၅၆) စု၊ လူဦးရေ (၃၀၀၀) ကျော် ရှိနေပြီး ၂၀၁၂ခုနှစ်မှာ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွါးတဲ့ လူမျိုးဘာသာရေး ပြဿနာကြောင့် ဒေသအတွင်း မွတ်ဆလင် ပြောင်းရွှေ့ အခြေချ နေထိုင်နေတာဖြစ်ပါတယ်။ သူတို့နေထိုင်ဖို့ တန်းလျားတွေကို အစိုးရကနေ ဆောက်လုပ်ပေးထားတယ်လို့လဲ ပေါက်တောမြို့နယ် ဒုအုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းငြိမ်းက ပြောပါတယ်။

XS
SM
MD
LG