သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ရေးမြို့နယ်မှာ PDF အဖွဲ့ဝင်တချို့ ထိခိုက်သေဆုံး


မွန်ပြည်နယ် ရေးမြို့နယ် ဝါပသဲကျေးရွာအနီး မေလ၇ရက်နေ့က စစ်ကောင်စီ လေကြောင်းကနေတိုက်ခိုက်မှုကြောင့် ပျက်စီးသွားတဲ့ တဲအိမ်တလုံး
မွန်ပြည်နယ် ရေးမြို့နယ် ဝါပသဲကျေးရွာအနီး မေလ၇ရက်နေ့က စစ်ကောင်စီ လေကြောင်းကနေတိုက်ခိုက်မှုကြောင့် ပျက်စီးသွားတဲ့ တဲအိမ်တလုံး

ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အခြေစိုက်လှုပ်ရှားရာ မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ မကြာသေးခင်က စစ်ကောင်စီတပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့ ထိခိုက်သေဆုံးကြောင်း တာဝန်ရှိသူ တယောက်က ဒီကနေ့ပဲ အတည်ပြုခဲ့ပါတယ်။ ဒူးပလာယာခရိုင်၊ ဝမ်းရေးမြို့နယ် လို့လည်း ခေါ်ကြတဲ့ ဒေသမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်လို့လည်း ပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံးထိမ်းချုပ်ရာ မွန်ပြည်နယ် ရေးမြို့နယ်ထဲမှာစစ်ကောင်စီတပ်တွေက မေလ၇ရက်နေ့ညကကော မေလ ၈ရက်နေ့မနက်ကပါ ၂ရက်ဆက်တိုက်လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မူတွေလုပ်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မူတွေအတွင်း ဝါပသဲကျေးရွာအနီးကို မေလ၇ရက်နေ့က လေကြောင်းကနေတိုက်ခိုက်ရာမှာ အနီးနာမှာစခန်းချထားတဲ့ ကျားဖြူစစ်ကြောင်းတပ်ခွဲ(၁)က အမျိုးသမီးတဦးအပါအဝင် ရဲဘော် ၃ ဦးကျဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကခေါင်းဆောင်တဦးကပြောပြပါတယ်။

"ကျားဖြူတပ်ရင်းခွဲ (၁)ကပေါ့ နောက်တန်းစခန်းမှာနေရင်း တိုက်ပွဲမဖြစ်ပဲနဲ့ လေယာဉ်နဲ့ပစ်ရင်းနဲ့ ရဲဘော် ၃ယောက်ကျတယ် ၄ ယောက်ဒဏ်ရာရတယ် သံဖြူဇရပ်နဲ့ရေးကြားထဲကပေါ့ ကရင်က သတ်မှတ်ထားတာကတော့ဝမ်းရေးမြို့နယ်ထဲမှာပါ။ စခန်းချထားတာပေါ့ အဲဒီနေရာမှာမီးမွှေးတော့ မီးခိုးတွေတက်တဲ့နေရာကို ပစ်သွားတာပါ"

သူတို့တွေဟာကရင်းအမျိုးသားလွတ်မြောက်ရေးတပ်နဲ့ ပူးပေါင်းထားတဲ့ကျားဖြူစစ်ကြောင်းကဖြစ်ပြီး ကိုထွန်းလင်းအောင် ကိုဇွဲမာန်လင်း မခင်သန္တာဆွေတို့ဖြစ်ကြတယ်လို့ ကျားဖြူစစ်ကြောင်းကသတင်းထုတ်ပြန်ပါတယ်။ အဲဒီနေ့က ဗုံးကြဲတိုက်ခိုက်မူတွေကြောင့် ဝါပသဲကျေးရွာအပြင် အနီးကျေးရွာ ၅ ရွာလောက်က ပြည်သူ ၈၀၀လောက်လည်းစစ်ဘေးရှောင်ပြီးထွက်ပြေးနေရပါတယ်။ အဲဒီဒေသက ကျေးရွာတွေကတော့အခုချိန်ထိနေရပ်မပြန်ရဲကြသေးဘူးလို့လည်းဆိုပါတယ်။ ဒီရက်ပိုင်းမှာပဲ ကော့ကရိတ်မြို့နယ်ထဲမှာစစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မူတွေကြောင့်အရပ်သား တဦးသေဆုံးခဲ့ပြီး ၉ ဦးကတော့ ပြင်းထန်တဲ့ဒဏ်ရာတွေလည်းရရှိခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG