သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး ကုလအထူးကိုယ်စားလှယ် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ဆုံ


ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် နိုလင်းဟေဇာ (photo: UN)
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် နိုလင်းဟေဇာ (photo: UN)

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး S Jaishankar ဟာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် နိုလင်းဟေဇာနဲ့ အင်္ဂါနေ့ကတွေ့ဆုံပြီး မြန်မာနိုင်ငံအခြေအနေကို ဆွေးနွေးခဲ့ကြပါတယ်။ ဒေါက်တာနိုလင်းဟေဇာနဲ့တွေ့ရတဲ့အတွက် ဝမ်းသာကြောင်း၊ သူမရဲ့ အမြင်ကို အသိအမှတ်ပြုကြိုဆိုသလို အားထုတ်မှုတွေကိုလည်း ထောက်ခံတယ်လို့ နိုင်ငံခြားရေးဝန်ကြီး Jaishankar က တွစ်တာလူမှုစာမျက်နှာပေါ်မှာ ရေးထားကြောင်း တယ်လီဂရပ်ဖ် အိန္ဒိယသတင်းက ဆိုပါတယ်။

၂၀၂၁ ခုနှစ် အာဏာသိမ်းလိုက်ကတည်းက ဒီမိုကရေစီစနစ်ကို ပြန်လည်ကူးပြောင်းဖို့ ကန့်ကွက်ပွဲတွေ၊ လက်နက်ကိုင်တိုက်ခိုက်မှုတွေနဲ့ မြန်မာနိုင်ငံက ကြုံတွေ့နေရတာဖြစ်ပါတယ်။ မြန်မာစစ်တပ်က ရွာတွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့သလို လေကြောင်းကလည်း တိုက်ခိုက်ခဲ့တာပါ။ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာမှာ လေကြောင်းကတိုက်ခိုက်ခဲ့တဲ့အတွက် လူ ၁၀၀ ကျော် သေဆုံးခဲ့ပြီးတဲ့နောက် မြန်မာပဋိပက္ခမှာ ပါဝင်နေတဲ့ဘက်အားလုံးကို အကြမ်းဖက်တိုက်ခိုက်တာတွေရပ်ကြဖို့ အိန္ဒိယက အရင်လထဲမှာ တောင်းဆိုခဲ့ပါသေးတယ်။

မြန်မာနဲ့အိန္ဒိယနယ်နိမိတ်က ကီလိုမီတာ ၁,၆၄၀ ရှည်လျားပြီး နာဂမြေနဲ့ မဏိပူရပြည်နယ်တွေအပါအဝင် အိန္ဒိယအရှေ့မြောက်ပိုင်း ပြည်နယ်တွေနဲ့ နယ်ချင်းဆက်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG