သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ရဟတ္ယာဥ္ PDF ပူးေပါင္းတပ္ေတြ ပစ္ခ် 


စစ္ကိုင္းတိုင္း၊ ဟုမၼလင္းၿမိဳ႕နယ္၊ ေ႐ႊျပည္ေအးၿမိဳ႕သစ္ကို ေဝဟင္မွျမင္ေတြ႔ရစဥ္ (ေဖေဖာ္ဝါရီ ၃၊ ၂၀၂၃)

စစ္ေကာင္စီတပ္ေတြနဲ႔ ျပည္သူ႔ကာကြယ္ေရး PDF ပူးေပါင္းတပ္ေတြ တိုက္ပြဲျဖစ္ေနတဲ့ စစ္ကိုင္းတိုင္း၊ ဟုမၼလင္းၿမိဳ႕နယ္၊ ေ႐ႊျပည္ေအးၿမိဳ႕သစ္အနားမွာ စစ္တပ္ ရဟတ္ယာဥ္တစ္စီးကို ပစ္ခ်ႏိုင္ခဲ့တယ္လို႔ NUG အမ်ဳိးသားညီၫြတ္ေရး အစိုးရ ကာကြယ္ေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ပါတယ္။ စစ္ကူလာခ်တဲ့ စစ္ရဟတ္ယာဥ္ ၄ စင္းထဲက ၁ စင္းကို ပစ္ခ်ခဲ့တာလို႔ ဟုမၼလင္းေဒသခံတေယာက္က ေျပာပါတယ္။

"ညေနပိုင္းေလာက္ေပါ့ သူတို႔ရဟတ္ယာဥ္နဲ႔ စစ္ကူသြားတာ၊ ရဟတ္ယာဥ္ဆိုတာ Mi17 ေပါ့။ ဟုမၼလင္းမွာ ေလတပ္ရွိတယ္ဆိုေတာ့ အဲဒီမွာ ရဟတ္ယာဥ္ေတြေတာ္ေတာ္မ်ားမ်ားရွိတယ္။ ရွိေတာ့ အဲဒီေရႊျပည္ေအးကိုသြားပို႔တာ။ ပို႔တဲ့အခ်ိန္မွာ ၄ စင္းလားမသိဘူးသြားတာ၊ သြားတာကို ကၽြန္ေတာ္တို႔ ေဒသခံကာကြယ္ေရးဘက္က ၁စင္း ပစ္ခ်ႏိုင္ခဲ့တာေပါ့။ ကၽြန္ေတာ္တို႔သိတာ လက္နက္ႀကီးနဲ႔ပစ္ခ်လိုက္တယ္လို႔ေတာ့ သိထားတယ္။ ဒါေပမယ့္ဘာလက္နက္အသံုးျပဳလဲဆိုတာေတာ့ မသိရဘူး။ ဒီေနာက္ၿမီးကေန မီးခိုးတန္းၿပီး ေတာက္ေလွ်ာက္မီးေလာင္ၿပီးေတာ့ ပ်က္က်သြားတဲ့ သေဘာမ်ိဳးေပါ့။ တခါထဲ ေျမျပင္ကိုထိုးက်သြားတဲ့သေဘာမ်ိဳး ေျပာလာတာေတာ့ရွိတယ္။ ေနာက္အၿမီးကေန မီးေလာင္ကၽြမ္းတယ္၊ မွန္လိုက္တယ္ မွန္လိုက္ေတာ့ ေျမျပင္ကိုထိုးက်သြားတယ္ေပါ့။"

ျပည္သူ႔ကာကြယ္ေရးတပ္မေတာ္ (PDF) ခႏၲီးခ႐ိုင္တပ္ရင္း (၁)- ဟုမၼလင္း၊ HPDF-124 ၊ HPDF၊ HPDF မိုးႀကိဳး၊ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕မ်ား (ပကဖ) နဲ႔ မဟာမိတ္တပ္ေပါင္းစုေတြက ရဟတ္ယာဥ္ပ်က္က်ေအာင္ တိုက္ခိုက္ခဲ့တယ္လို႔ NUG ကာကြယ္ေရးဌာန ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ အဲဒီတိုက္ပြဲအတြင္း ျပည္သူ႔ကာကြယ္ေရးရဲေဘာ္ ၂ ဦး က်ဆံုးခဲ့တယ္လို႔လည္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ေ႐ႊျပည္ေအးၿမိဳ႕သစ္အနားမွာ အခုရက္ပိုင္းအတြင္း စစ္တပ္နဲ႔ PDF ပူးေပါင္းတပ္ေတြ တိုက္ပြဲေတြျဖစ္ေနတာပါ။ ေဖေဖာ္ဝါရီလ ၁ ရက္က ေရႊျပည္ေအးၿမိဳ႕ထဲ ျမန္မာစစ္တပ္ တပ္စြဲထားတဲ့ ေနရာေတြကို ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ေတြက တိုက္ခိုက္သိမ္းပိုက္ခဲ့ပါတယ္။ အဲဒီေနာက္မွာ စစ္တပ္ဘက္က ေလေၾကာင္းတိုက္ခိုက္မႈေတြ လုပ္ခဲ့တာ အခုခ်ိန္ထိ စစ္ေရးတင္းမာေနပါတယ္။

ဒီေန႔ ေဖေဖာ္ဝါရီ ၃ ရက္ ညေနပိုင္းမွာ ခ်င္းတြင္းျမစ္ေၾကာတေလွ်ာက္ ေရေၾကာင္း အစုန္အဆန္ အားလုံးသြားလာမႈကို စစ္တပ္က ပိတ္ထားၿပီး ဟုမၼလင္းမွာရွိတဲ့ တပ္ေတြကို စက္ေလွေတြကို စစ္ကူလႊတ္ဖို႔အသင့္ျပင္ေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

စစ္ရဟတ္ယာဥ္ PDF ပူးေပါင္းတပ္ေတြ ပစ္ခ်
please wait

No media source currently available

0:00 0:01:17 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode]

စစ်ရဟတ်ယာဉ် PDF ပူးပေါင်းတပ်တွေ ပစ်ချ

စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်နေတဲ့ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့သစ်အနားမှာ စစ်တပ် ရဟတ်ယာဉ်တစ်စီးကို ပစ်ချနိုင်ခဲ့တယ်လို့ NUG အမျိုးသားညီညွတ်ရေး အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ စစ်ကူလာချတဲ့ စစ်ရဟတ်ယာဉ် ၄ စင်းထဲက ၁ စင်းကို ပစ်ချခဲ့တာလို့ ဟုမ္မလင်းဒေသခံတယောက်က ပြောပါတယ်။

"ညနေပိုင်းလောက်ပေါ့ သူတို့ရဟတ်ယာဉ်နဲ့ စစ်ကူသွားတာ၊ ရဟတ်ယာဉ်ဆိုတာ Mi17 ပေါ့။ ဟုမ္မလင်းမှာ လေတပ်ရှိတယ်ဆိုတော့ အဲဒီမှာ ရဟတ်ယာဉ်တွေတော်တော်များများရှိတယ်။ ရှိတော့ အဲဒီရွှေပြည်အေးကိုသွားပို့တာ။ ပို့တဲ့အချိန်မှာ ၄ စင်းလားမသိဘူးသွားတာ၊ သွားတာကို ကျွန်တော်တို့ ဒေသခံကာကွယ်ရေးဘက်က ၁စင်း ပစ်ချနိုင်ခဲ့တာပေါ့။ ကျွန်တော်တို့သိတာ လက်နက်ကြီးနဲ့ပစ်ချလိုက်တယ်လို့တော့ သိထားတယ်။ ဒါပေမယ့်ဘာလက်နက်အသုံးပြုလဲဆိုတာတော့ မသိရဘူး။ ဒီနောက်မြီးကနေ မီးခိုးတန်းပြီး တောက်လျှောက်မီးလောင်ပြီးတော့ ပျက်ကျသွားတဲ့ သဘောမျိုးပေါ့။ တခါထဲ မြေပြင်ကိုထိုးကျသွားတဲ့သဘောမျိုး ပြောလာတာတော့ရှိတယ်။ နောက်အမြီးကနေ မီးလောင်ကျွမ်းတယ်၊ မှန်လိုက်တယ် မှန်လိုက်တော့ မြေပြင်ကိုထိုးကျသွားတယ်ပေါ့။"

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ခန္တီးခရိုင်တပ်ရင်း (၁)- ဟုမ္မလင်း၊ HPDF-124 ၊ HPDF၊ HPDF မိုးကြိုး၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ (ပကဖ) နဲ့ မဟာမိတ်တပ်ပေါင်းစုတွေက ရဟတ်ယာဉ်ပျက်ကျအောင် တိုက်ခိုက်ခဲ့တယ်လို့ NUG ကာကွယ်ရေးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အဲဒီတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးရဲဘော် ၂ ဦး ကျဆုံးခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရွှေပြည်အေးမြို့သစ်အနားမှာ အခုရက်ပိုင်းအတွင်း စစ်တပ်နဲ့ PDF ပူးပေါင်းတပ်တွေ တိုက်ပွဲတွေဖြစ်နေတာပါ။ ဖေဖော်ဝါရီလ ၁ ရက်က ရွှေပြည်အေးမြို့ထဲ မြန်မာစစ်တပ် တပ်စွဲထားတဲ့ နေရာတွေကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ အဲဒီနောက်မှာ စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့တာ အခုချိန်ထိ စစ်ရေးတင်းမာနေပါတယ်။

ဒီနေ့ ဖေဖော်ဝါရီ ၃ ရက် ညနေပိုင်းမှာ ချင်းတွင်းမြစ်ကြောတလျှောက် ရေကြောင်း အစုန်အဆန် အားလုံးသွားလာမှုကို စစ်တပ်က ပိတ်ထားပြီး ဟုမ္မလင်းမှာရှိတဲ့ တပ်တွေကို စက်လှေတွေကို စစ်ကူလွှတ်ဖို့အသင့်ပြင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

XS
SM
MD
LG