သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အမႈိက္ကေန ဖက္ရွင္


ဒဂုံၿမိဳ႕သစ္ အေရွ႕ပုိင္းၿမိဳ႕နယ္ရွိ ေဈးတခုတြင္ ေတြ႔ရသည့္ ပလတ္စတစ္ စြန္႔ပစ္အမႈိက္မ်ား။

(Zawgyi / Unicode)

ပလတ္စတစ္ စြန္႔ပစ္အမိႈက္ေတြ အမႈိက္ပံုေတြနဲ႔ ေရထဲမွာ ပံုလာတာက အေရွ႕ေတာင္အာရွမွာ ေတြ႔ႀကံဳေနရတဲ့ျပႆနာ ျဖစ္လာပါတယ္။ ဒီလို အမိႈက္ေတြကို အသံုးအေဆာင္ေတြအျဖစ္ ျပန္ၿပီး ဘယ္လိုအသံုးခ်ႏိုင္ပါမလဲ။ ႐ို္က္တာ သတင္းတပုဒ္ကို အေျခခံၿပီး မျမသဇင္ေအာင္က တင္ျပေပးထားပါတယ္။

ပလတ္စတစ္ စြန္႔ပစ္အမိႈက္ေတြကို အနုပညာေျမာက္တဲ့ အေတြးအေခၚနဲ႔ ျပန္အသံုးခ်ဖို႔ ႀကိဳးစားေနသူက ျမန္မာအမ်ိဳးသမီး ေဒၚ၀င္ဒီနန္ပြီ ျဖစ္ပါတယ္။ သူက ရန္ကုန္ၿမိဳ႕ျပင္က အမိႈက္ပံုႀကီးထဲ သူကိုယ္တိုင္ ပလတ္စတစ္ အမိႈက္ေတြကို ေရြးထုတ္ၿပီး စြန္႔ပစ္အမိႈက္ေတြကေန အသံုးအေဆာင္ ပစၥည္းေတြအျဖစ္ ျပန္လည္ျပဳလုပ္ ေရာင္းခ်ေနတာပါ။ ကၽြတ္ကၽြတ္အိတ္အိမ္လို႔ အမည္ေပးထားတဲ့ ဆိုင္တဆိုင္ကိုလည္း ဒလၿမိဳ႕မွာ ဖြင့္လွစ္ထားပါတယ္။

“႐ုပ္ဆုိးဆုိးနဲ႔ သူက အမႈိက္ပုံမွာ ရွိေနမယ့္အစား လွပတဲ့ပစၥည္း၊ အသုံးဝင္တဲ့ပစၥည္းတခု ေျပာင္းႏုိင္တဲ့ နည္းပညာသာ ရွိခဲ့ရင္ ကိုယ္က ပတ္ဝန္းက်င္ ထိန္းရာမွာလည္း ေရာက္သြားမယ္၊ ၿပီးေတာ့ ကိုယ့္အေနနဲ႔လည္း အသက္ေမြးဝမ္းေက်ာင္း လုပ္ငန္းတခုလုိ ျဖစ္လာမယ္ဆုိတဲ့ ရည္ရြယ္ခ်က္နဲ႔ လုပ္ခဲ့တာပါ။”

သူက အမိႈက္ပံုထဲက ပလတ္စတစ္ဘူးေတြ၊ အိတ္ေတြနဲ႔ ထီးအေဟာင္းေတြကို ေကာက္ၿပီး ေဆးေၾကာ၊ မီးပူတိုက္ၿပီး ျပန္လည္သန္႔စင္ပါတယ္။ ဒီလို ျပန္လည္ သန္႔စင္လိုက္တဲ့ ပလတ္စတစ္ ပစၥည္းေတြကို သူက ပိုက္ဆံအိတ္၊ ခါးပတ္ စတဲ့ အသံုးအေဆာင္ေတြအျဖစ္ ျပန္လည္ထုတ္လုပ္ ေရာင္းခ်တာပါ။ အမိႈက္ကေန လွပတဲ့ အသံုးအေဆာင္ေတြျဖစ္ေအာင္ လုပ္ရတာ မလြယ္ကူသလို စိန္ေခၚမႈတခုလည္း ျဖစ္ပါတယ္လို႔ ေဒၚ၀င္ဒီနန္ပြီက ေျပာပါတယ္။

“ရန္ကုန္မွာ တရက္တရက္ကုိ အမႈိက္ေပါင္းက တန္ခ်ိန္နဲ႔ဆုိ ၂၅၀၀ ေလာက္က ေန႔တုိင္းထြက္တာ။ ဒါေပမယ့္ ဒီ ကၽြတ္ကၽြတ္တခုတည္းအေနနဲ႔ Recycle ျပန္လုပ္တဲ့အခါမွာ ၂ တန္ေတာင္မွ အႏုိင္ႏုိင္ျဖစ္လိမ့္မယ္။ နည္းနည္းေလးပဲ ကိုယ္က လုပ္ႏုိင္တဲ့အခါမွာ ဒီအမႈိက္ပုံကေတာ့ ဘယ္လိုမွ ေလ်ာ့က်ႏုိင္စရာအေၾကာင္း မရွိဘူး။”

အမႈိက္ကေန လွပတဲ့ အသုံးအေဆာင္ေတြျဖစ္ေအာင္ လုပ္ရတာက မလြယ္သလုိ စိန္ေခၚမႈတခုလည္း ျဖစ္တယ္လို႔ ေဒၚဝင္ဒီနန္ပြီက ေျပာပါတယ္။

“လူေတြက ေတြ႔တဲ့အခါမွာ ဒီဟာက အမႈိက္ႀကီးပဲ ဆုိတာမ်ဳိး မဟုတ္ေအာင္ လူေတြ စိတ္ဝင္စားေအာင္ အမႈိက္မဟုတ္မွန္းေပါ့ေနာ္၊ အမႈိက္ကေန လွပတဲ့ပစၥည္း ဘယ္လိုေျပာင္းမလဲ ဆုိတာလည္း တကယ့္ ရင္ဆုိင္မႈႀကီးပါပဲ။”

ေဒၚ၀င္ဒီနန္ပြီရဲ႕ဆိုင္ကို လာေရာက္တဲ့ ဂ်ာမန္ ကမၻာလွည့္ခရီးသြား ေက်ာင္းသူ SANNA ကေတာ့ ဒီလို ပလတ္စတစ္ စြန္႔ပစ္အမိႈက္ေတြနဲ႔ အသံုးအေဆာင္ပစၥည္းေတြ ျပဳလုပ္ေရာင္းခ်တာ သိပ္ကိုေကာင္းတဲ့ အေတြးအေခၚ ျဖစ္တယ္လို႔ ေျပာပါတယ္။

“ဒီလို အမိႈက္ကေန သံုးလို႔ရတဲ့ ပစၥည္းေတြ ျပန္လုပ္ေရာင္းတာက သိပ္ကိုေကာင္းတဲ့ အစီအစဥ္ပါပဲ။ ပစ္လိုက္တဲ့ အမိ္ႈက္ေတြကေန အသံုး၀င္တဲ့ ပစၥည္းေတြ ျပန္လုပ္တာ ဒီမွာၾကည့္ေလ၊ ဥပမာ ဒီဆင္႐ုပ္ေလး က်မ သိပ္သေဘာက်တာပဲ။ ဒါေလးက သိပ္ကိုေကာင္းတဲ့ အမွတ္တရ လက္ေဆာင္ပစၥည္းပဲေလ။”

ေဒၚ၀င္ဒီနန္ပြီက သူ႔ရဲ႕ဆိုင္ကိုလည္း ပလတ္စတစ္ဘူးခြံေတြနဲ႔ အလွဆင္ တည္ေဆာက္ထားပါတယ္။ စြန္႔ပစ္အမိႈက္ေတြကေန လွပတဲ့ပစၥည္းေတြသာမက အိမ္တလံုးအထိ ေဆာက္ႏိုင္တာကို အသိပညာေပးခ်င္တာလို႔လည္း သူက ေျပာပါတယ္။

“ကၽြတ္ကၽြတ္အိတ္လုပ္ငန္းက ပလတ္စတစ္ တခုတည္း မဟုတ္ဘူး။ ထုတ္လုပ္တဲ့ပစၥည္း၊ လွပတဲ့ပစၥည္းတခုတည္း မဟုတ္ဘဲနဲ႔ လူေတြကို ဘာပညာေပးခ်င္လဲဆုိေတာ့ ကိုယ့္ပတ္ဝန္းက်င္မွာ ျမင္ေနရတဲ့ အမႈိက္ အမ်ားဆုံးနဲ႔ ဒီလို အိမ္တလုံးေတာင္ ေဆာက္လုိ႔ရတယ္။ ဒီမွာဆုိရင္ ပလတ္စတစ္ ဘူးေတြပါ။ ေန႔စဥ္ ကုိယ္သုံးေနတဲ့ ေသာက္ေနတဲ့ ပလတ္စတစ္ဘူးေတြနဲ႔ အိမ္တလုံးေတာင္ ေဆာက္လို႔ရတယ္ဆိုတဲ့ ပညာ ေပးခ်င္တာပါ။”

လူဦးေရ ၅ သန္းေလာက္ေနထိုင္တဲ့ ရန္ကုန္ၿမိဳ႕မွာ ေန႔စဥ္ စြန္႔ပစ္တဲ့ အမိႈက္တန္ခ်ိန္ ၂၅၀၀ ေလာက္ရွိတယ္လို႔ ရန္ကုန္စည္ပင္သာယာေရးေကာ္မတီ စာရင္းအရ သိရပါတယ္။

ေဒၚ၀င္ဒီနန္ပြီက အခုလို စြန္႔ပစ္ပစၥည္း ျပန္လည္အသံုးခ်တဲ့ လုပ္ငန္းကို သူက ၂၀၁၄ ခုႏွစ္က စခဲ့တာျဖစ္ၿပီး ကၽြတ္ကၽြတ္အိတ္အိမ္ကို ၂၀၁၆ မွာ ဖြင့္လွစ္ခဲ့တာပါ။ သူ႔အေနနဲ႔ အခုလိုလုပ္တာက တခ်ိန္မွာ ေနာက္မ်ိဳးဆက္ေတြအတြက္ ပိုမိုသန္႔ရွင္းတဲ့ ပတ္၀န္းက်င္ကို ဖန္တီးေပးခ်င္လို႔ ျဖစ္တယ္လို႔ ေျပာပါတယ္။ တေန႔ကို အမိႈက္နည္းနည္းပဲ ျပန္အသံုးခ်ႏုိင္တာျဖစ္လို႔ ေန႔စဥ္ အမိႈ္က္ျပႆနာကို ေျဖရွင္းဖို႔က လူေတြ အမိႈက္ကို စနစ္တက် စြန္႔ပစ္ေစခ်င္တယ္လို႔လည္း ေဒၚ၀င္ဒီနန္ပြီက ေျပာပါတယ္။

#voawomen

------------------------

(Unicode)

အမှိုက်ကနေ ဖက်ရှင်

ပလတ်စတစ် စွန့်ပစ်အမှိုက်တွေ အမှိုက်ပုံတွေနဲ့ ရေထဲမှာ ပုံလာတာက အရှေ့တောင်အာရှမှာ တွေ့ကြုံနေရတဲ့ပြဿနာ ဖြစ်လာပါတယ်။ ဒီလို အမှိုက်တွေကို အသုံးအဆောင်တွေအဖြစ် ပြန်ပြီး ဘယ်လိုအသုံးချနိုင်ပါမလဲ။ ရိုက်တာ သတင်းတပုဒ်ကို အခြေခံပြီး မမြသဇင်အောင်က တင်ပြပေးထားပါတယ်။

ပလတ်စတစ် စွန့်ပစ်အမှိုက်တွေကို အနုပညာမြောက်တဲ့ အတွေးအခေါ်နဲ့ ပြန်အသုံးချဖို့ ကြိုးစားနေသူက မြန်မာအမျိုးသမီး ဒေါ်ဝင်ဒီနန်ပွီ ဖြစ်ပါတယ်။ သူက ရန်ကုန်မြို့ပြင်က အမှိုက်ပုံကြီးထဲ သူကိုယ်တိုင် ပလတ်စတစ် အမှိုက်တွေကို ရွေးထုတ်ပြီး စွန့်ပစ်အမှိုက်တွေကနေ အသုံးအဆောင် ပစ္စည်းတွေအဖြစ် ပြန်လည်ပြုလုပ် ရောင်းချနေတာပါ။ ကျွတ်ကျွတ်အိတ်အိမ်လို့ အမည်ပေးထားတဲ့ ဆိုင်တဆိုင်ကိုလည်း ဒလမြို့မှာ ဖွင့်လှစ်ထားပါတယ်။

“ရုပ်ဆိုးဆိုးနဲ့ သူက အမှိုက်ပုံမှာ ရှိနေမယ့်အစား လှပတဲ့ပစ္စည်း၊ အသုံးဝင်တဲ့ပစ္စည်းတခု ပြောင်းနိုင်တဲ့ နည်းပညာသာ ရှိခဲ့ရင် ကိုယ်က ပတ်ဝန်းကျင် ထိန်းရာမှာလည်း ရောက်သွားမယ်၊ ပြီးတော့ ကိုယ့်အနေနဲ့လည်း အသက်မွေးဝမ်းကျောင်း လုပ်ငန်းတခုလို ဖြစ်လာမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ခဲ့တာပါ။”

သူက အမှိုက်ပုံထဲက ပလတ်စတစ်ဘူးတွေ၊ အိတ်တွေနဲ့ ထီးအဟောင်းတွေကို ကောက်ပြီး ဆေးကြော၊ မီးပူတိုက်ပြီး ပြန်လည်သန့်စင်ပါတယ်။ ဒီလို ပြန်လည် သန့်စင်လိုက်တဲ့ ပလတ်စတစ် ပစ္စည်းတွေကို သူက ပိုက်ဆံအိတ်၊ ခါးပတ် စတဲ့ အသုံးအဆောင်တွေအဖြစ် ပြန်လည်ထုတ်လုပ် ရောင်းချတာပါ။ အမှိုက်ကနေ လှပတဲ့ အသုံးအဆောင်တွေဖြစ်အောင် လုပ်ရတာ မလွယ်ကူသလို စိန်ခေါ်မှုတခုလည်း ဖြစ်ပါတယ်လို့ ဒေါ်ဝင်ဒီနန်ပွီက ပြောပါတယ်။

“ရန်ကုန်မှာ တရက်တရက်ကို အမှိုက်ပေါင်းက တန်ချိန်နဲ့ဆို ၂၅၀၀ လောက်က နေ့တိုင်းထွက်တာ။ ဒါပေမယ့် ဒီ ကျွတ်ကျွတ်တခုတည်းအနေနဲ့ Recycle ပြန်လုပ်တဲ့အခါမှာ ၂ တန်တောင်မှ အနိုင်နိုင်ဖြစ်လိမ့်မယ်။ နည်းနည်းလေးပဲ ကိုယ်က လုပ်နိုင်တဲ့အခါမှာ ဒီအမှိုက်ပုံကတော့ ဘယ်လိုမှ လျော့ကျနိုင်စရာအကြောင်း မရှိဘူး။”

အမှိုက်ကနေ လှပတဲ့ အသုံးအဆောင်တွေဖြစ်အောင် လုပ်ရတာက မလွယ်သလို စိန်ခေါ်မှုတခုလည်း ဖြစ်တယ်လို့ ဒေါ်ဝင်ဒီနန်ပွီက ပြောပါတယ်။

“လူတွေက တွေ့တဲ့အခါမှာ ဒီဟာက အမှိုက်ကြီးပဲ ဆိုတာမျိုး မဟုတ်အောင် လူတွေ စိတ်ဝင်စားအောင် အမှိုက်မဟုတ်မှန်းပေါ့နော်၊ အမှိုက်ကနေ လှပတဲ့ပစ္စည်း ဘယ်လိုပြောင်းမလဲ ဆိုတာလည်း တကယ့် ရင်ဆိုင်မှုကြီးပါပဲ။”

ဒေါ်ဝင်ဒီနန်ပွီရဲ့ဆိုင်ကို လာရောက်တဲ့ ဂျာမန် ကမ္ဘာလှည့်ခရီးသွား ကျောင်းသူ SANNA ကတော့ ဒီလို ပလတ်စတစ် စွန့်ပစ်အမှိုက်တွေနဲ့ အသုံးအဆောင်ပစ္စည်းတွေ ပြုလုပ်ရောင်းချတာ သိပ်ကိုကောင်းတဲ့ အတွေးအခေါ် ဖြစ်တယ်လို့ ပြောပါတယ်။

“ဒီလို အမှိုက်ကနေ သုံးလို့ရတဲ့ ပစ္စည်းတွေ ပြန်လုပ်ရောင်းတာက သိပ်ကိုကောင်းတဲ့ အစီအစဉ်ပါပဲ။ ပစ်လိုက်တဲ့ အမိှုက်တွေကနေ အသုံးဝင်တဲ့ ပစ္စည်းတွေ ပြန်လုပ်တာ ဒီမှာကြည့်လေ၊ ဥပမာ ဒီဆင်ရုပ်လေး ကျမ သိပ်သဘောကျတာပဲ။ ဒါလေးက သိပ်ကိုကောင်းတဲ့ အမှတ်တရ လက်ဆောင်ပစ္စည်းပဲလေ။”

ဒေါ်ဝင်ဒီနန်ပွီက သူ့ရဲ့ဆိုင်ကိုလည်း ပလတ်စတစ်ဘူးခွံတွေနဲ့ အလှဆင် တည်ဆောက်ထားပါတယ်။ စွန့်ပစ်အမှိုက်တွေကနေ လှပတဲ့ပစ္စည်းတွေသာမက အိမ်တလုံးအထိ ဆောက်နိုင်တာကို အသိပညာပေးချင်တာလို့လည်း သူက ပြောပါတယ်။

“ကျွတ်ကျွတ်အိတ်လုပ်ငန်းက ပလတ်စတစ် တခုတည်း မဟုတ်ဘူး။ ထုတ်လုပ်တဲ့ပစ္စည်း၊ လှပတဲ့ပစ္စည်းတခုတည်း မဟုတ်ဘဲနဲ့ လူတွေကို ဘာပညာပေးချင်လဲဆိုတော့ ကိုယ့်ပတ်ဝန်းကျင်မှာ မြင်နေရတဲ့ အမှိုက် အများဆုံးနဲ့ ဒီလို အိမ်တလုံးတောင် ဆောက်လို့ရတယ်။ ဒီမှာဆိုရင် ပလတ်စတစ် ဘူးတွေပါ။ နေ့စဉ် ကိုယ်သုံးနေတဲ့ သောက်နေတဲ့ ပလတ်စတစ်ဘူးတွေနဲ့ အိမ်တလုံးတောင် ဆောက်လို့ရတယ်ဆိုတဲ့ ပညာ ပေးချင်တာပါ။”

လူဦးရေ ၅ သန်းလောက်နေထိုင်တဲ့ ရန်ကုန်မြို့မှာ နေ့စဉ် စွန့်ပစ်တဲ့ အမှိုက်တန်ချိန် ၂၅၀၀ လောက်ရှိတယ်လို့ ရန်ကုန်စည်ပင်သာယာရေးကော်မတီ စာရင်းအရ သိရပါတယ်။

ဒေါ်ဝင်ဒီနန်ပွီက အခုလို စွန့်ပစ်ပစ္စည်း ပြန်လည်အသုံးချတဲ့ လုပ်ငန်းကို သူက ၂၀၁၄ ခုနှစ်က စခဲ့တာဖြစ်ပြီး ကျွတ်ကျွတ်အိတ်အိမ်ကို ၂၀၁၆ မှာ ဖွင့်လှစ်ခဲ့တာပါ။ သူ့အနေနဲ့ အခုလိုလုပ်တာက တချိန်မှာ နောက်မျိုးဆက်တွေအတွက် ပိုမိုသန့်ရှင်းတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးချင်လို့ ဖြစ်တယ်လို့ ပြောပါတယ်။ တနေ့ကို အမှိုက်နည်းနည်းပဲ ပြန်အသုံးချနိုင်တာဖြစ်လို့ နေ့စဉ် အမှိုက်ပြဿနာကို ဖြေရှင်းဖို့က လူတွေ အမှိုက်ကို စနစ်တကျ စွန့်ပစ်စေချင်တယ်လို့လည်း ဒေါ်ဝင်ဒီနန်ပွီက ပြောပါတယ်။

အမႈိက္ကေန ဖက္ရွင္
please wait

No media source currently available

0:00 0:03:54 0:00
တိုက္႐ိုက္ လင့္ခ္


၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG