သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

PPP ဒေါ်သက်သက်ခိုင် ကို စစ်အုပ်ချုပ်ရေးအဖွဲ့ လူကယ်ပြန်ဝန်ကြီးခန့်အပ်


 ပြည်သူ့ရှေ့ဆောင်ပါတီ PPP ဥက္ကဌ ဒေါက်တာ ဒေါ်သက်သက်ခိုင်
 ပြည်သူ့ရှေ့ဆောင်ပါတီ PPP ဥက္ကဌ ဒေါက်တာ ဒေါ်သက်သက်ခိုင်

(Zawgyi/Unicode)

ပြည်သူ့ရှေ့ဆောင်ပါတီ PPP ဥက္ကဌ ဒေါက်တာ ဒေါ်သက်သက်ခိုင်ကို လူကယ်ပြန်ဝန်ကြီး ( လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဝန်ကြီး) အဖြစ် ခန့်အပ်လိုက်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဖေဖေါ်ဝါရီ (၄)ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာဟာ မလိုလားအပ်တဲ့ အခြေအနေဖြစ်ကြောင်း၊ အာဏာသိမ်းတာကို ဘယ်နိုင်ငံသားကမှ သဘောတူမှာ မဟုတ်ကြောင်း ၊ NLD အစိုးရဟာ ပြီးခဲ့တဲ့ ၅ နှစ်တာ ကာလအတွင်း အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးကို မတည်ဆောက်နိုင်ခဲ့ဘူးလို့ သူမြင်ကြောင်း ၊ စစ်တပ်နဲ့ ပြည်သူတွေကြားမှာ စိတ်ဝမ်းကွဲပြီး အမုန်းတရားတွေ ကြီးမား နေကြောင်း PPP ပါတီဥက္ကဌ ဒေါက်တာ သက်သက်ခိုင်က VOA နဲ့ သီးသန့်မေးမြန်းစဉ်မှာ ဖြေကြားခဲ့ပါတယ်။

၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ရွေးကောက်ပွဲကော်မရှင်ရဲ့ ဆောင်ရွက်ချက်တွေမှာ မမျှတတဲ့ လုပ်ရပ်တွေ ရှိနေတယ်လို့ ယူဆတဲ့ကိစ္စကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တိုင်ပင်ဆွေးနွေးဖို့ နေပြည်တော်မှာ ပြီးခဲ့တဲ့ သြဂုတ်လက တွေ့ဆုံခဲ့ကြတဲ့ (၃၄)ပါတီထဲမှာ ပြည်ခိုင်ဖြိုးပါတီနဲ့အတူ ဒေါက်တာ သက်သက်ခိုင်တို့ရဲ့ PPP ပါတီလည်း တက်ရောက်ခဲ့ပါတယ်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ NLD ပါတီရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရန်ကုန်တိုင်း ဒဂုံမြို့နယ်ကနေ ရွေးချယ်ခံခဲ့ရတဲ့ ဒေါက်တာ သက်သက်ခိုင်ဟာ ပါတီက ပေးအပ်ထားတဲ့ တာဝန်တွေကနေ ရပ်ဆိုင်းခံရပြီးနောက် ၂၀၁၉ မှာ ပါတီက နုတ်ထွက်ခဲ့ပါတယ်။ သူ ဥက္ကဌအဖြစ် ဦးဆောင်တဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ People Pioneer Party (PPP) ကိုတော့ ရွေးကောက်ပွဲကော်မရှင်က ၂၀၁၉ အောက်တိုဘာလထဲမှာ နိုင်ငံရေးပါတီအဖြစ် အသိအမှတ်ပြုခဲ့တာပါ။

တိုက်ရိုက် လင့်ခ်


...........

(Unicode)





XS
SM
MD
LG