သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်သမ္မတကို အာဏာရှင်အဖြစ် သမ္မတဘိုင်ဒင် ရည်ညွှန်းသုံးနှုန်း

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်(ဝဲ)နဲ့ တရုတ်သမ္မတရှီကျင့်ဖျင် (ယာ)
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်(ဝဲ)နဲ့ တရုတ်သမ္မတရှီကျင့်ဖျင် (ယာ)

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က တရုတ်သမ္မတ Xi Jinping (ရှီကျင့်ဖျင်) ကို အာဏာရှင်အဖြစ် ခေါ်ဝေါ်သုံးစွဲလိုက်တဲ့အတွက် တရုတ်နိုင်ငံက ပြင်းပြင်းထန်ထန် တုန့်ပြန်လိုက်ပါတယ်။ မနေ့က ကယ်လီဖိုးနီးယားမြောက်ပိုင်းမှာ ဒီမိုကရက်တစ်ပါတီ အလှူရှင်တွေကိုဧည့်ခံတဲ့ ပွဲတခုမှာ မိန့်ခွန်းပြောစဉ် သတင်းထောက်တွေရဲ့ရှေ့မှာ သမ္မတဘိုင်ဒင် ပြောကြားခဲ့တဲ့အပေါ် တရုတ်အစိုးရက ဒီကနေ့ပဲ တုန့်ပြန်လိုက်တာပါ။

ဘေဂျင်းမြို့တော်က သတင်းစာရှင်းလင်းပွဲအတွင်းတွေ့ရတဲ့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ အမျိုးသမီး Mao Ning (ဇွန် ၂၁၊ ၂၀၂၃)
ဘေဂျင်းမြို့တော်က သတင်းစာရှင်းလင်းပွဲအတွင်းတွေ့ရတဲ့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ အမျိုးသမီး Mao Ning (ဇွန် ၂၁၊ ၂၀၂၃)

"အမေရိကန်ဘက်ကသဘောထားမှတ်ချက်တွေဟာအလွန်တရာ အဓိပ္ပာယ်မဲ့ပြီး တာဝန်မဲ့ပါတယ်၊ သူတို့က အခြေခံအချက်အလက်တွေ၊ သံတမန်ရေးရာ သဘောတူညီချက်နဲ့ တရုတ်နိုင်ငံရဲ့ နိုင်ငံရေးဂုဏ်သိက္ခာကို ပြင်းပြင်းထန်ထန် ချိုးဖောက်နေပါတယ်" လို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရ အမျိုးသမီး Mao Ning က ဘေဂျင်းမြို့တော်က သတင်းစာ ရှင်းလင်းပွဲမှာပြောခဲ့ပါတယ်။ အမေရိကန်သမ္မတရဲ့ မှတ်ချက်ကို ကန့်ကွက်ပါတယ် လို့လည်း ပြောပါတယ်။

သမ္မတဘိုင်ဒင်ကတော့ ဖေဖော်ဝါရီလထဲ အမေရိကန် လေပိုင်နက်မှာ ကား ၂ စင်းစာလောက်ရှိတဲ့ ထောက်လှမ်းရေး ပစ္စည်းတွေ ပါလာတဲ့ တရုတ်ထောက်လှမ်းရေး မိုးပျံပူပေါင်းကို အမေရိကန် စစ်လေယာဉ်တွေက ပစ်ချလိုက်တဲ့အတွက် ရှီက ဒေါသထွက်ခဲ့ကြောင်းနဲ့ မိုးပျံပူပေါင်းနဲ့ ပတ်သက်လို့ တရုတ်သမ္မတ မသိတာဟာ အာဏာရှင်တွေ ကြုံရလေ့ရှိတဲ့ ရှက်စရာကိစ္စအဖြစ် ရန်ပုံငွေပွဲမှာ ပြောလိုက်တာပါ။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က တရုတ်နဲ့ အမေရိကန် နှစ်နိုင်ငံကြားပဋိပက္ခတွေကို ရှောင်ရှားဖို့အတွက် ဆက်သွယ်ရေး ပြန်လည်ထူထောင်ဖို့ ရည်ရွယ်ပြီး ဘေဂျင်းကို အလည်အပတ်ရောက်ရှိပြီးနောက် ရက်ပိုင်းအကြာမှာပဲ သမ္မတဘိုင်ဒင်က အခုလို ပြောလိုက်တာလည်း ဖြစ်ပါတယ်။ ဝန်ကြီး Blinken ရဲ့ ဘေဂျင်းခရီးစဉ်မှာ တိုးတက်မှုတွေရှိခဲ့ပေမဲ့ နှစ်နိုင်ငံဆက်ဆံရေး ပုံမှန် အနေအထားရဖို့ကတော့ အချိန်ယူရဦးမယ်လို့လည်း သမ္မတဘိုင်ဒင်က ပြောခဲ့ပါသေးတယ်။

တရုတ်သမ္မတကို အာဏာရှင်အဖြစ် သမ္မတဘိုင်ဒင် ရည်ညွှန်းသုံးနှုန်း
please wait

No media source currently available

0:00 0:01:37 0:00
တိုက်ရိုက် လင့်ခ်
This item is part of
XS
SM
MD
LG