သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဒၚေအာင္ဆန္းစုၾကည္ ေရွ႕ေနေတြ ေျပာဆိုခြင့္ ကန္႔သတ္မႈအေပၚ ဥပေဒပညာရွင္ အျမင္


ေဒၚေအာင္ဆန္းစုၾကည္အေပၚ စြဲဆုိထားတဲ့ အမႈေတြကုိ လုိက္ပါေဆာင္ရြက္ေပးေနတဲ့ ေရွ႕ေနအဖြဲ႔ဝင္ ဦးခင္ေမာင္ေဇာ္နဲ႔ ေဒၚမင္းမင္းစုိး။ (ေမ ၂၄၊ ၂၀၂၁)

(Zawgyi / Unicode)

ႏုိင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၊ သမၼတ ဦးဝင္းျမင့္တို႔ရဲ႕ တရားခြင္ စစ္ေမးခ်က္ေတြကို အမ်ားျပည္သူသိရွိေအာင္ ထုတ္ျပန္ျခင္းမျပဳဖို႔ အမႈလိုက္ေရွ႕ေနေတြကို ပုဒ္မ ၁၄၄ နဲ႔ တားျမစ္လိုက္တာက ျမန္မာႏိုင္ငံရဲ႕ တရားစီရင္ေရးစနစ္ ယိုယြင္းပ်က္စီးေနၿပီဆိုတာ ႏိုင္ငံတကာကို အသိေပးလိုက္သလို ျပည္သူေတြရဲ႕ ေစာင့္ၾကည့္ေလ့လာခြင့္ကိုလည္း ဆုံး႐ႈံးသြားေစတယ္လို႔ လူ႔အခြင့္အေရး ေရွ႕ေနတခ်ဳိ႕က သုံးသပ္ပါတယ္။ အျပည့္အစုံကုိ ကိုဉာဏ္ဝင္းေအာင္ တင္ျပေပးထားပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္တို႔အတြက္ အမႈလိုက္ပါေဆာင္ရြက္ေနတဲ့ အက်ဳိးေဆာင္ေရွ႕ေနေတြ တဦးၿပီးတဦး တရားခြင္နဲ႔ပတ္သက္တဲ့ အေၾကာင္းေတြ ေျပာဆိုခြင့္ ပိတ္ပင္ခံေနရတဲ့အထဲ အခုေနာက္ဆုံး ျဖစ္ရပ္တခုက တရားလႊတ္ေတာ္ေရွ႕ေနႀကီး ဦးၾကည္ဝင္းကို ေအာက္တိုဘာ ၂၃ စေနေန႔က ရာဇဝတ္က်င့္ထုံး ဥပေဒပုဒ္မ ၁၄၄ နဲ႔ ေျပာဆိုခြင့္ တားျမစ္လိုက္တာပါ။

သမၼတ ဦးဝင္းျမင့္၊ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေနျပည္ေတာ္ေကာင္စီ ဥကၠ႒တာဝန္ ယူခဲ့ဖူးတဲ့ ေဒါက္တာမ်ဳိးေအာင္တို႔ရဲ႕ အမႈလိုက္ေရွ႕ေနေတြကို ပုဒ္မ ၁၄၄ အရ တရားခြင္ စစ္ေမးခ်က္ေတြ ျပန္လည္ေျပာဆိုျခင္း မျပဳဖို႔ တားျမစ္လိုက္တာဟာ တရားသူႀကီးရဲ႕ နဂိုသတ္မွတ္ခ်က္ျဖစ္တဲ့ အမ်ားျပည္သူ ၾကားနာသိရွိခြင့္ရွိတဲ့ တရားခြင္ (Open Court) ဆိုတဲ့ အခ်က္ကို ဆန္႔က်င္ဖီလာရာ ေရာက္ေနေၾကာင္း လူ႔အခြင့္အေရး ေရွ႕ေန ဦးမင္းလြင္ဦးက ေထာက္ျပပါတယ္။

“တရားသူႀကီး ကုိယ္တုိင္က ဒါ Open Court ျဖစ္တယ္လို႔ ေျပာထားၿပီးသားျဖစ္တယ္။ တရားခြင္မွာ စစ္ေဆးတဲ့ စစ္ေဆးခ်က္ေတြကုိ မိမိရဲ႕ထင္ျမင္ခ်က္ မပါဘဲနဲ႔ လြတ္လပ္စြာ ေျပာဆုိႏုိင္တဲ့ အေျခအေနမ်ဳိး ျဖစ္ပါတယ္။ အဲ့ေတာ့ လူပုဂၢိဳလ္တဦးအေပၚမွာ ပုဒ္မ ၁၄၄ ထုတ္ၿပီး ကန္႔သတ္တယ္ ဆုိတာကေတာ့ ေတာ္ေတာ္ ရွားရွားပါးပါး ႀကံဳရတဲ့ အေျခအေနမ်ဳိး ျဖစ္တယ္လို႔ပဲ က်ေနာ္ကေတာ့ ေျပာခ်င္ပါတယ္။”

ဖမ္းဆီးခံေနရတဲ့ ေဒၚေအာင္ဆန္းစုၾကည္၊ ဦးဝင္းျမင့္တို႔အတြက္ အက်ဳိးေဆာင္ေပးေနတဲ့ ေရွ႕ေနေတြကို ရာဇဝတ္က်င့္ထုံး ဥပေဒပုဒ္မ ၁၄၄ နဲ႔ ေျပာဆိုခြင့္ေတြ ပိတ္ပင္လိုက္တာက ျမန္မာႏိုင္ငံရဲ႕ လက္ရွိ တရားစီရင္ေရး အေျခအေနကို ႏိုင္ငံတကာကို ပိုမိုသိရွိသြားေစတယ္လို႔ ေရွ႕ေန ဦးမင္းလြင္ဦးက သုံးသပ္ပါတယ္။

“အခုလုိမ်ိဳး ပိတ္ပင္လုိက္တဲ့အတြက္ က်ေနာ္တုိ႔ ျမန္မာႏုိင္ငံရဲ႕ လြတ္လပ္စြာ တရားစီရင္ေရး ဆုိတာက လုံးဝ ပုံပ်က္သြားတဲ့ အေျခအေနမ်ဳိး ျဖစ္တယ္လို႔ က်ေနာ္ ပထမဆုံး ေျပာခ်င္တယ္။ အမႈအေျခအေန မေျပာနဲ႔၊ ဒီအမႈမွာ လုိက္ပါေဆာင္ရြက္တဲ့ ေရွ႕ေနရဲ႕ အခြင့္အေရးကုိေတာင္မွ ပိတ္ပင္လုိက္တယ္ ဆုိကတည္းကုိက ျမန္မာႏုိင္ငံရဲ႕ တရားစီရင္ေရးစနစ္က လုံးဝ ယုိယြင္း ပ်က္စီးေနၿပီ ဆုိတာကုိ ႏုိင္ငံတကာက သိသြားႏုိင္တဲ့ အေျခအေနမ်ဳိး ျဖစ္တယ္။”

စစ္ေကာင္စီရဲ႕ ေျပာခြင့္ရပုဂၢိဳလ္ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကေတာ့ ေဒၚေအာင္ဆန္းစုၾကည္တို႔ရဲ႕ အမႈကို မွ်မွ်တတ ကိုင္တြယ္စစ္ေဆးေနၿပီး တရားစီရင္မႈကလည္း သီးသန္႔ လြတ္လပ္စြာ လုပ္ပိုင္ခြင့္ရွိေၾကာင္း ဒီလထဲမွာ ေျပာဆိုထားပါတယ္။

ဒါေပမယ့္ ေဒၚေအာင္ဆန္းစုၾကည္တို႔ရဲ႕ တရားခြင္အေျခအေနကို ေနာက္ထပ္ သိရွိခြင့္ မရေတာ့တာက အမႈကို ဘယ္လိုကိုင္တြယ္ ဆုံးျဖတ္သြားမလဲ ဆိုတဲ့ ေစာင့္ၾကည့္ေလ့လာခြင့္ ဆုံး႐ႈံးသြားေစတယ္လို႔ လူ႔အခြင့္အေရးေရွ႕ေန ဦးမင္းလြင္ဦးက ျမင္ပါတယ္။

“ဆရာ ဦးခင္ေမာင္ေဇာ္တို႔၊ ေဒၚစန္းမာလာတုိ႔ ေဒၚမင္းမင္းစုိးတို႔ ေျပာတဲ့ဟာက တရားခြင္မွာ ဒီေန႔ ဘယ္သူေတြကို စစ္တယ္၊ စစ္တဲ့အခါ ဘယ္လုိေတြ သက္ေသထြက္ခ်က္ေပးတယ္၊ စသျဖင့္ ျပည္သူေတြသိေအာင္ ျပန္လည္ သတင္းထုတ္ျပန္ေပးေနတာ ျဖစ္ပါတယ္။ အခုလုိမ်ဳိး ပိတ္ပင္လုိက္တဲ့အတြက္ အမႈမွန္ ေပၚေပါက္ေရးအတြက္ တရားခြင္ဟာ ဘယ္ေလာက္အထိ မွန္မွန္ကန္ကန္ စစ္ေဆး စီရင္ ဆုံးျဖတ္တယ္ ဆုိတာေတြကုိ ျပည္သူေတြအေနနဲ႔ ေစာင့္ၾကည့္ေလ့လာခြင့္ ဆုံး႐ႈံးတယ္လုိ႔ က်ေနာ္ကေတာ့ ေျပာခ်င္ပါတယ္။”

ပုဒ္မ ၁၄၄ အရ ေရွ႕ေန ဦးခင္ေမာင္ေဇာ္၊ ဦးၾကည္ဝင္း၊ ေဒၚမင္းမင္းစိုး၊ ေဒၚစန္းမာလာတို႔ကို တရားခြင္အေျခအေန ေျပာဆိုခြင့္ ပိတ္ပင္လိုက္တာ ျဖစ္ပါတယ္။ ဒီပုဒ္မအရ ျပည္တြင္းျပည္ပ မီဒီယာအဖြဲ႔အစည္းေတြ၊ အျပည္ျပည္ဆိုင္ရာ အဖြဲ႔အစည္းနဲ႔ လူပုဂၢိဳလ္ေတြ၊ INGO ေတြ၊ ႏိုင္ငံျခားအစိုးရ တာဝန္ရွိသူေတြ အပါအဝင္ ျပင္ပအဖြဲ႔အစည္း၊ လူပုဂၢိဳလ္ ဘယ္သူ႔ကိုမွ တိုက္႐ိုက္ေသာ္လည္းေကာင္း၊ သြယ္ဝိုက္၍ေသာ္လည္းေကာင္း တျခားတနည္းနည္းနဲ႔ ဆက္သြယ္ေဆာင္ရြက္ျခင္း မျပဳဖို႔ တားျမစ္လိုက္တာ ျဖစ္ပါတယ္။

ဒီတားျမစ္ခ်က္ကို ေဖာက္ဖ်က္ က်ဴးလြန္ရင္ အမိန႔္ဖီဆန္မႈ ရာဇသတ္ႀကီးပုဒ္မ ၁၈၈ နဲ႔ အေရးယူႏုိင္ပါတယ္။ ပုဒ္မ ၁၈၈ ကို က်ဴးလြန္ေၾကာင္း ေတြ႔ရွိရင္ အျမင့္ဆံုး ေထာင္ဒဏ္ ၆ လအထိျဖစ္ေစ၊ က်ပ္တသိန္း ေငြဒဏ္ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္လုံးျဖစ္ေစ ခ်မွတ္ခံရႏိုင္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

ဒေါ်အောင်ဆန်းစုကြည် ရှေ့နေတွေ ပြောဆိုခွင့် ကန့်သတ်မှုအပေါ် ဥပဒေပညာရှင် အမြင်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်တို့ရဲ့ တရားခွင် စစ်မေးချက်တွေကို အများပြည်သူသိရှိအောင် ထုတ်ပြန်ခြင်းမပြုဖို့ အမှုလိုက်ရှေ့နေတွေကို ပုဒ်မ ၁၄၄ နဲ့ တားမြစ်လိုက်တာက မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးစနစ် ယိုယွင်းပျက်စီးနေပြီဆိုတာ နိုင်ငံတကာကို အသိပေးလိုက်သလို ပြည်သူတွေရဲ့ စောင့်ကြည့်လေ့လာခွင့်ကိုလည်း ဆုံးရှုံးသွားစေတယ်လို့ လူ့အခွင့်အရေး ရှေ့နေတချို့က သုံးသပ်ပါတယ်။ အပြည့်အစုံကို ကိုဉာဏ်ဝင်းအောင် တင်ပြပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်တို့အတွက် အမှုလိုက်ပါဆောင်ရွက်နေတဲ့ အကျိုးဆောင်ရှေ့နေတွေ တဦးပြီးတဦး တရားခွင်နဲ့ပတ်သက်တဲ့ အကြောင်းတွေ ပြောဆိုခွင့် ပိတ်ပင်ခံနေရတဲ့အထဲ အခုနောက်ဆုံး ဖြစ်ရပ်တခုက တရားလွှတ်တော်ရှေ့နေကြီး ဦးကြည်ဝင်းကို အောက်တိုဘာ ၂၃ စနေနေ့က ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ နဲ့ ပြောဆိုခွင့် တားမြစ်လိုက်တာပါ။

သမ္မတ ဦးဝင်းမြင့်၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌတာဝန် ယူခဲ့ဖူးတဲ့ ဒေါက်တာမျိုးအောင်တို့ရဲ့ အမှုလိုက်ရှေ့နေတွေကို ပုဒ်မ ၁၄၄ အရ တရားခွင် စစ်မေးချက်တွေ ပြန်လည်ပြောဆိုခြင်း မပြုဖို့ တားမြစ်လိုက်တာဟာ တရားသူကြီးရဲ့ နဂိုသတ်မှတ်ချက်ဖြစ်တဲ့ အများပြည်သူ ကြားနာသိရှိခွင့်ရှိတဲ့ တရားခွင် (Open Court) ဆိုတဲ့ အချက်ကို ဆန့်ကျင်ဖီလာရာ ရောက်နေကြောင်း လူ့အခွင့်အရေး ရှေ့နေ ဦးမင်းလွင်ဦးက ထောက်ပြပါတယ်။

“တရားသူကြီး ကိုယ်တိုင်က ဒါ Open Court ဖြစ်တယ်လို့ ပြောထားပြီးသားဖြစ်တယ်။ တရားခွင်မှာ စစ်ဆေးတဲ့ စစ်ဆေးချက်တွေကို မိမိရဲ့ထင်မြင်ချက် မပါဘဲနဲ့ လွတ်လပ်စွာ ပြောဆိုနိုင်တဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။ အဲ့တော့ လူပုဂ္ဂိုလ်တဦးအပေါ်မှာ ပုဒ်မ ၁၄၄ ထုတ်ပြီး ကန့်သတ်တယ် ဆိုတာကတော့ တော်တော် ရှားရှားပါးပါး ကြုံရတဲ့ အခြေအနေမျိုး ဖြစ်တယ်လို့ပဲ ကျနော်ကတော့ ပြောချင်ပါတယ်။”

ဖမ်းဆီးခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်တို့အတွက် အကျိုးဆောင်ပေးနေတဲ့ ရှေ့နေတွေကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ နဲ့ ပြောဆိုခွင့်တွေ ပိတ်ပင်လိုက်တာက မြန်မာနိုင်ငံရဲ့ လက်ရှိ တရားစီရင်ရေး အခြေအနေကို နိုင်ငံတကာကို ပိုမိုသိရှိသွားစေတယ်လို့ ရှေ့နေ ဦးမင်းလွင်ဦးက သုံးသပ်ပါတယ်။

“အခုလိုမျိုး ပိတ်ပင်လိုက်တဲ့အတွက် ကျနော်တို့ မြန်မာနိုင်ငံရဲ့ လွတ်လပ်စွာ တရားစီရင်ရေး ဆိုတာက လုံးဝ ပုံပျက်သွားတဲ့ အခြေအနေမျိုး ဖြစ်တယ်လို့ ကျနော် ပထမဆုံး ပြောချင်တယ်။ အမှုအခြေအနေ မပြောနဲ့၊ ဒီအမှုမှာ လိုက်ပါဆောင်ရွက်တဲ့ ရှေ့နေရဲ့ အခွင့်အရေးကိုတောင်မှ ပိတ်ပင်လိုက်တယ် ဆိုကတည်းကိုက မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးစနစ်က လုံးဝ ယိုယွင်း ပျက်စီးနေပြီ ဆိုတာကို နိုင်ငံတကာက သိသွားနိုင်တဲ့ အခြေအနေမျိုး ဖြစ်တယ်။”

စစ်ကောင်စီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ အမှုကို မျှမျှတတ ကိုင်တွယ်စစ်ဆေးနေပြီး တရားစီရင်မှုကလည်း သီးသန့် လွတ်လပ်စွာ လုပ်ပိုင်ခွင့်ရှိကြောင်း ဒီလထဲမှာ ပြောဆိုထားပါတယ်။

ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ တရားခွင်အခြေအနေကို နောက်ထပ် သိရှိခွင့် မရတော့တာက အမှုကို ဘယ်လိုကိုင်တွယ် ဆုံးဖြတ်သွားမလဲ ဆိုတဲ့ စောင့်ကြည့်လေ့လာခွင့် ဆုံးရှုံးသွားစေတယ်လို့ လူ့အခွင့်အရေးရှေ့နေ ဦးမင်းလွင်ဦးက မြင်ပါတယ်။

“ဆရာ ဦးခင်မောင်ဇော်တို့၊ ဒေါ်စန်းမာလာတို့ ဒေါ်မင်းမင်းစိုးတို့ ပြောတဲ့ဟာက တရားခွင်မှာ ဒီနေ့ ဘယ်သူတွေကို စစ်တယ်၊ စစ်တဲ့အခါ ဘယ်လိုတွေ သက်သေထွက်ချက်ပေးတယ်၊ စသဖြင့် ပြည်သူတွေသိအောင် ပြန်လည် သတင်းထုတ်ပြန်ပေးနေတာ ဖြစ်ပါတယ်။ အခုလိုမျိုး ပိတ်ပင်လိုက်တဲ့အတွက် အမှုမှန် ပေါ်ပေါက်ရေးအတွက် တရားခွင်ဟာ ဘယ်လောက်အထိ မှန်မှန်ကန်ကန် စစ်ဆေး စီရင် ဆုံးဖြတ်တယ် ဆိုတာတွေကို ပြည်သူတွေအနေနဲ့ စောင့်ကြည့်လေ့လာခွင့် ဆုံးရှုံးတယ်လို့ ကျနော်ကတော့ ပြောချင်ပါတယ်။”

ပုဒ်မ ၁၄၄ အရ ရှေ့နေ ဦးခင်မောင်ဇော်၊ ဦးကြည်ဝင်း၊ ဒေါ်မင်းမင်းစိုး၊ ဒေါ်စန်းမာလာတို့ကို တရားခွင်အခြေအနေ ပြောဆိုခွင့် ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။ ဒီပုဒ်မအရ ပြည်တွင်းပြည်ပ မီဒီယာအဖွဲ့အစည်းတွေ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တွေ၊ INGO တွေ၊ နိုင်ငံခြားအစိုးရ တာဝန်ရှိသူတွေ အပါအဝင် ပြင်ပအဖွဲ့အစည်း၊ လူပုဂ္ဂိုလ် ဘယ်သူ့ကိုမှ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း တခြားတနည်းနည်းနဲ့ ဆက်သွယ်ဆောင်ရွက်ခြင်း မပြုဖို့ တားမြစ်လိုက်တာ ဖြစ်ပါတယ်။

ဒီတားမြစ်ချက်ကို ဖောက်ဖျက် ကျူးလွန်ရင် အမိန့်ဖီဆန်မှု ရာဇသတ်ကြီးပုဒ်မ ၁၈၈ နဲ့ အရေးယူနိုင်ပါတယ်။ ပုဒ်မ ၁၈၈ ကို ကျူးလွန်ကြောင်း တွေ့ရှိရင် အမြင့်ဆုံး ထောင်ဒဏ် ၆ လအထိဖြစ်စေ၊ ကျပ်တသိန်း ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရနိုင်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG