သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာ့အေရး အာဆီယံအထူးကိုယ္စားလွယ္ အင္ဒိုနီးရွားႏိုင္ငံျခားေရးဝန္ႀကီးရဲ႕ အခန္းက႑ 


အင္ဒိုနီးရွားႏုိင္ငံျခားေရးဝန္ႀကီး  Retno Marsudi. (Kemenlu RI)

[[Zawgyi/Unicode]]

၂၀၂၃ မွာ အေရွ႕ေတာင္အာရွႏိုင္ငံမ်ားအသင္း ASEAN ရဲ႕အလွည့္က် ဥကၠ႒ျဖစ္လာတဲ့ အင္ဒိုနီးရွား ႏိုင္ငံျခားေရးဝန္ႀကီး Retno Marsudi က ျမန္မာႏိုင္ငံဆိုင္ရာအထူးကိုယ္စားလွယ္အဖြဲ႕ကို ဖြဲ႕စည္းမွာျဖစ္ေၾကာင္းနဲ႔ ဒီအဖြဲ႕ကို သူကိုယ္တိုင္ဦးေဆာင္မွာျဖစ္ေၾကာင္း ဇန္နဝါရီ ၁၁ ရက္ ဗုဒၶဟူးေန႔မွာ ေၾကညာပါတယ္။ ဂ်ကာတာက Fathiyah Wardah သတင္းေပးပို႔ထားတာကို ေဒၚခင္မ်ိဳးသက္က တင္ျပေပးထားပါတယ္။

အင္ဒိုနီးရွား ႏိုင္ငံျခားေရးဝန္ႀကီး Retno Marsudi ရဲ႕ ဂ်ကာတာမွာ ဗုဒၶဟူးေန႔က ေျပာၾကားတဲ့ ႏွစ္ပတ္လည္မိန႔္ခြန္းမွာ ျမန္မာ့အေရးကို အထူးျပဳေျပာၾကားသြားပါတယ္။

ျမန္မာႏိုင္ငံဆိုင္ရာအထူးကိုယ္စားလွယ္အျဖစ္ တာဝန္ယူရမယ့္သူ႔အေနနဲ႔ မၾကာခင္ လုပ္ေဆာင္မယ့္ကိစၥရပ္ေတြထဲမွာ တခုက ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္အဖြဲ႕ ဖြဲ႕ဖို႔ျဖစ္ေၾကာင္း ဝန္ႀကီး Retno ကေျပာပါတယ္။ ျမန္မာႏိုင္ငံကို အထူးကိုယ္စားလွယ္ေစလႊတ္ေရးဟာ ၂၀၂၁ ဧၿပီလမွာ အာဆီယံေခါင္းေဆာင္ေတြခ်မွတ္ခဲ့တဲ့ ျမန္မာႏိုင္ငံဆိုင္ရာ ဘုံသေဘာတူညီခ်က္ ၅ ရပ္ထဲက တခုျဖစ္ပါတယ္။

က်န္ ၄ ခ်က္ကေတာ့ အျပဳသေဘာေဆာင္ေဆြးေႏြးမႈေတြလုပ္ဖို႔၊ အၾကမ္းဖက္မႈ ရပ္စဲဖို႔၊ သက္ဆိုင္ရာအဖြဲ႕ေတြၾကား ညႇိႏႈိင္းေဆြးေႏြးမႈေတြလုပ္ဖို႔နဲ႔ လူသားစာနာမႈအကူညီေတြေပးဖို႔ေတြ ျဖစ္ပါတယ္။ ဒီဘုံသေဘာတူညီခ်က္ ၅ ရပ္နဲ႔ ကေမာၻဒီးယားႏိုင္ငံ Phnom Penh က အာဆီယံထိပ္သီးအစည္းေဝး ဆုံးျဖတ္ခ်က္ေတြအတိုင္း အင္ဒိုနီးရွားကလုပ္ေဆာင္မွာျဖစ္သလို ျမန္မာႏိုင္ငံက အဖြဲ႕အစည္းအားလုံးနဲ႔လည္း ပူးေပါင္းေဆာင္႐ြက္မွာ ျဖစ္ေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီး Retno ကေျပာပါတယ္။

"အထူးကိုယ္စားလွယ္႐ုံးကိုထူေထာင္မွာျဖစ္ၿပီး ဒါကို ႏိုင္ငံျခားေရးဝန္ႀကီးက ဦးေဆာင္မွာ ျဖစ္ပါတယ္။ အင္ဒိုနီးရွားအစိုးရဟာ တရားဥပေဒစိုးမိုးေရး၊ ေကာင္းမြန္တဲ့အုပ္ခ်ဳပ္မႈ၊ ဒီမိုကေရစီမူေတြနဲ႔ အုပ္ခ်ဳပ္မႈေကာင္းေတြအပါအဝင္ အာဆီယံ ပဋိညာဥ္စာတမ္းရဲ႕ အေျခခံမူေတြနဲ႔စံတန္ဖိုးေတြေပၚ အၿမဲတမ္း အေျခခံ ေဆာင္႐ြက္မွာ ျဖစ္သလို ဖြဲ႕စည္းပုံအေျခခံဥပေဒအရလည္း ေဆာင္႐ြက္မွာျဖစ္ပါတယ္။”

ဒါ့အျပင္ ကုလသမဂၢအတြင္းေရးမႈးခ်ဳပ္ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္နဲ႔ ပူးေပါင္းေဆာင္႐ြက္မွာ ျဖစ္ေၾကာင္းလည္း ေျပာပါတယ္။ သက္ဆိုင္ရာအဖြဲ႕အစည္းအားလုံးအေနနဲ႔လည္း အာဆီယံအတြင္းေရးမႉးခ်ဳပ္နဲ႔ AHA Center သဘာဝေဘးဆိုင္ရာ စီမံခန႔္ခြဲတဲ့ လူသားစာနာမႈ အေထာက္အကူျပဳ ဗဟိုဌာနေတြကို သူတို႔လုပ္ေဆာင္ေနတဲ့ လူသားစာနာမႈ အကူအညီေပးေရးလုပ္ငန္းေတြ ဆက္လက္ေဆာင္႐ြက္ႏိုင္ဖို႔အတြက္ လာေရာက္ခြင့္ေပးဖို႔ အင္ဒိုနီးရွားက ပန္ၾကားလိုက္ပါတယ္။

အလွည့္က်ဥကၠ႒အျဖစ္တာဝန္ယူူတဲ့ အင္ဒိုနီးရွားအေနနဲ႔ အာဆီယံအသိုက္အဝန္း တိုးတက္ဖြံ႕ၿဖိဳးေရးကလည္း အဓိကဦးတည္ခ်က္အျဖစ္ ဆက္ရွိေနမွာျဖစ္ေၾကာင္းလည္း ဝန္ႀကီး Retno ကေျပာပါတယ္။

အင္ဒိုနီးရွားသုေတသနနဲ႔ ဆန္းသစ္တီထြင္ေရးဌာန BRIN က အာဆီယံသုေတသနမႉး Pandu Prayoga ကေတာ့ ျမန္မာဆိုင္ရာ အထူးကိုယ္စားလွယ္အဖြဲ႕ ဖြဲ႕စည္းဖို႔ အဖြဲ႕ အစည္းအသီးသီးရဲ႕ေတာင္းဆိုခ်က္ကို တုံ႔ျပန္တဲ့ဝန္ႀကီး Ratno ရဲ႕လုပ္ေဆာင္ခ်က္ကို ႀကိဳဆိုလိုက္ပါတယ္။ ဒါေပမယ့္ ဒီအဖြဲ႕ကို ဝန္ႀကီးကိုယ္တိုင္ဦးေဆာင္တာကေတာ့ အႏၲရာယ္ရွိတယ္လို႔ သူက ျမင္ပါတယ္။

"တကယ္လို႔ ျမန္မာ့အေရးကိုမေျဖရွင္းႏိုင္ဘူးဆိုရင္ေတာ့ သူ႔ရဲ႕ဂုဏ္သိကၡာထိခိုက္ႏိုင္ေျခရွိပါတယ္။"

ဝန္ႀကီး Retno အေနနဲ႔ ဒီအဖြဲ႕ကို ဝါရင့္သံတမန္ေတြ၊ ႏိုင္ငံျခားေရးဝန္ႀကီးေဟာင္းေတြနဲ႔ ဖြဲ႕စည္းသင့္တယ္လို႔လည္း Pandu က အႀကံေပးပါတယ္။ ပထမဆုံးလုပ္ရမွာကေတာ့ ဒီ အထူးကိုယ္စားလွယ္အဖြဲ႕အတြက္ အဖြဲ႕ဝင္တဦးခ်င္းစီရဲ႕ကြၽမ္းက်င္မႈေပၚမူတည္ၿပီး တာဝန္ခြဲေဝရာမွာ တစုတစည္းတည္း ပူးေပါင္းေဆာင္႐ြက္ဖို႔ ျဖစ္ေၾကာင္းလည္း ေျပာပါတယ္။

ျမန္မာဆိုင္ရာ အာဆီယံအထူးကိုယ္စားလွယ္အဖြဲ႕ကို အရည္အခ်င္းရွိၿပီး ကြၽမ္းက်င္သူေတြနဲ႔ ဝန္ႀကီး Retno က ဖြဲ႕စည္းႏိုင္မယ္လို႔ သူယုံၾကည္ေၾကာင္းလည္း ေျပာပါတယ္။ ဒါ့အျပင္ သက္ဆိုင္ရာအဖြဲ႕အစည္းအားလုံးအေနနဲ႔လည္း ျမန္မာ့ႏိုင္ငံေရးျပႆနာကို ကူညီ ေျဖရွင္းေရးမွာ အခြင့္အလမ္းတရပ္အေနနဲ႔ ပါဝင္ဖို႔လိုအပ္ေၾကာင္းလည္း ေျပာပါတယ္။

အင္ဒိုနီးရွားႏိုင္ငံ ဘန္ေဒါင္းၿမိဳ႕ Padjadjaran တကၠသိုလ္ ႏိုင္ငံတကာဆက္ဆံေရးဌာနက Arfin Sudirman ကေတာ့ အင္ဒိုနီးရွားႏိုင္ငံရဲ႕ ႏိုင္ငံျခားေရးမူဝါဒဟာ ပဋိပကၡ ဆန႔္က်င္ေရးကိုက်င့္သုံးတာ အေတာ္ၾကာေနၿပီျဖစ္ေပမယ့္ အာဆီယံ အႀကီးတန္းအဖြဲ႕ဝင္တဦးျဖစ္တဲ့ အင္ဒိုနီးရွားအေနနဲ႔ တျခားအာဆီယံႏိုင္ငံေတြရဲ႕ ပဋိပကၡ ေျဖရွင္းေရးဆိုင္ရာမွာ အကူညီေပးတဲ့အေတြ႕အႀကဳံရွိပါတယ္လို႔ေျပာပါတယ္။

အင္ဒိုနီးရွားအတြက္ေတာ့ ႐ိုဟင္ဂ်ာျပႆနာဟာလည္း စိတ္ပူရမယ့္ ျပႆနာျဖစ္ေၾကာင္း ေျပာပါတယ္။ ၿပီးခဲ့တဲ့ ၃ လအတြင္းမွာ အင္ဒိုနီးရွားႏိုင္ငံကို ေနာက္ထပ္ ေရာက္လာတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္က ၆၄၄ ေယာက္ ရွိေနတာပါ။ ဒါေၾကာင့္ အခုဆို အင္ဒိုနီးရွားမွာ ႐ိုဟင္ဂ်ာဒုကၡသည္အျဖစ္ မွတ္ပုံတင္ထားသူစုစုေပါင္းက ၁,၅၀၀ ရွိေနၿပီျဖစ္ပါတယ္။ ျမန္မာႏိုင္ငံရဲ႕ လက္ရွိ အေနအထားအရ ဒီ႐ိုဟင္ဂ်ာျပႆနာ ေျဖရွင္းေရးဟာ ပိုၿပီး ခက္ခဲလာေနတယ္လို႔လည္း Arfin က ေျပာပါတယ္။ ျမန္မာႏိုင္ငံမွာ ျဖစ္ပြါးေနတဲ့ ျပႆနာရဲ႕အရင္းျမစ္ကို မေျဖရွင္းႏိုင္သမွ် ဒီ႐ိုဟင္ဂ်ာျပႆနာကိုလည္း ေျဖရွင္းႏိုင္မွာမဟုတ္ဘူးလို႔လည္း ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

=========================

[[Unicode]]

မြန်မာ့အရေး အာဆီယံအထူးကိုယ်စားလှယ် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးရဲ့ အခန်းကဏ္ဍ

၂၀၂၃ မှာ အရှေ့တောင်အာရှနိုင်ငံများအသင်း ASEAN ရဲ့အလှည့်ကျ ဥက္ကဋ္ဌဖြစ်လာတဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi က မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်အဖွဲ့ကို ဖွဲ့စည်းမှာဖြစ်ကြောင်းနဲ့ ဒီအဖွဲ့ကို သူကိုယ်တိုင်ဦးဆောင်မှာဖြစ်ကြောင်း ဇန်နဝါရီ ၁၁ ရက် ဗုဒ္ဓဟူးနေ့မှာ ကြေညာပါတယ်။ ဂျကာတာက Fathiyah Wardah သတင်းပေးပို့ထားတာကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi ရဲ့ ဂျကာတာမှာ ဗုဒ္ဓဟူးနေ့က ပြောကြားတဲ့ နှစ်ပတ်လည်မိန့်ခွန်းမှာ မြန်မာ့အရေးကို အထူးပြုပြောကြားသွားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်အဖြစ် တာဝန်ယူရမယ့်သူ့အနေနဲ့ မကြာခင် လုပ်ဆောင်မယ့်ကိစ္စရပ်တွေထဲမှာ တခုက မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖွဲ့ ဖွဲ့ဖို့ဖြစ်ကြောင်း ဝန်ကြီး Retno ကပြောပါတယ်။ မြန်မာနိုင်ငံကို အထူးကိုယ်စားလှယ်စေလွှတ်ရေးဟာ ၂၀၂၁ ဧပြီလမှာ အာဆီယံခေါင်းဆောင်တွေချမှတ်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ ဘုံသဘောတူညီချက် ၅ ရပ်ထဲက တခုဖြစ်ပါတယ်။

ကျန် ၄ ချက်ကတော့ အပြုသဘောဆောင်ဆွေးနွေးမှုတွေလုပ်ဖို့၊ အကြမ်းဖက်မှု ရပ်စဲဖို့၊ သက်ဆိုင်ရာအဖွဲ့တွေကြား ညှိနှိုင်းဆွေးနွေးမှုတွေလုပ်ဖို့နဲ့ လူသားစာနာမှုအကူညီတွေပေးဖို့တွေ ဖြစ်ပါတယ်။ ဒီဘုံသဘောတူညီချက် ၅ ရပ်နဲ့ ကမ္ဘောဒီးယားနိုင်ငံ Phnom Penh က အာဆီယံထိပ်သီးအစည်းဝေး ဆုံးဖြတ်ချက်တွေအတိုင်း အင်ဒိုနီးရှားကလုပ်ဆောင်မှာဖြစ်သလို မြန်မာနိုင်ငံက အဖွဲ့အစည်းအားလုံးနဲ့လည်း ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး Retno ကပြောပါတယ်။

"အထူးကိုယ်စားလှယ်ရုံးကိုထူထောင်မှာဖြစ်ပြီး ဒါကို နိုင်ငံခြားရေးဝန်ကြီးက ဦးဆောင်မှာ ဖြစ်ပါတယ်။ အင်ဒိုနီးရှားအစိုးရဟာ တရားဥပဒေစိုးမိုးရေး၊ ကောင်းမွန်တဲ့အုပ်ချုပ်မှု၊ ဒီမိုကရေစီမူတွေနဲ့ အုပ်ချုပ်မှုကောင်းတွေအပါအဝင် အာဆီယံ ပဋိညာဉ်စာတမ်းရဲ့ အခြေခံမူတွေနဲ့စံတန်ဖိုးတွေပေါ် အမြဲတမ်း အခြေခံ ဆောင်ရွက်မှာ ဖြစ်သလို ဖွဲ့စည်းပုံအခြေခံဥပဒေအရလည်း ဆောင်ရွက်မှာဖြစ်ပါတယ်။”

ဒါ့အပြင် ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နဲ့ ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။ သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးအနေနဲ့လည်း အာဆီယံအတွင်းရေးမှူးချုပ်နဲ့ AHA Center သဘာဝဘေးဆိုင်ရာ စီမံခန့်ခွဲတဲ့ လူသားစာနာမှု အထောက်အကူပြု ဗဟိုဌာနတွေကို သူတို့လုပ်ဆောင်နေတဲ့ လူသားစာနာမှု အကူအညီပေးရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နိုင်ဖို့အတွက် လာရောက်ခွင့်ပေးဖို့ အင်ဒိုနီးရှားက ပန်ကြားလိုက်ပါတယ်။

အလှည့်ကျဥက္ကဋ္ဌအဖြစ်တာဝန်ယူူတဲ့ အင်ဒိုနီးရှားအနေနဲ့ အာဆီယံအသိုက်အဝန်း တိုးတက်ဖွံ့ဖြိုးရေးကလည်း အဓိကဦးတည်ချက်အဖြစ် ဆက်ရှိနေမှာဖြစ်ကြောင်းလည်း ဝန်ကြီး Retno ကပြောပါတယ်။

အင်ဒိုနီးရှားသုတေသနနဲ့ ဆန်းသစ်တီထွင်ရေးဌာန BRIN က အာဆီယံသုတေသနမှူး Pandu Prayoga ကတော့ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ်အဖွဲ့ ဖွဲ့စည်းဖို့ အဖွဲ့ အစည်းအသီးသီးရဲ့တောင်းဆိုချက်ကို တုံ့ပြန်တဲ့ဝန်ကြီး Ratno ရဲ့လုပ်ဆောင်ချက်ကို ကြိုဆိုလိုက်ပါတယ်။ ဒါပေမယ့် ဒီအဖွဲ့ကို ဝန်ကြီးကိုယ်တိုင်ဦးဆောင်တာကတော့ အန္တရာယ်ရှိတယ်လို့ သူက မြင်ပါတယ်။

"တကယ်လို့ မြန်မာ့အရေးကိုမဖြေရှင်းနိုင်ဘူးဆိုရင်တော့ သူ့ရဲ့ဂုဏ်သိက္ခာထိခိုက်နိုင်ခြေရှိပါတယ်။"

ဝန်ကြီး Retno အနေနဲ့ ဒီအဖွဲ့ကို ဝါရင့်သံတမန်တွေ၊ နိုင်ငံခြားရေးဝန်ကြီးဟောင်းတွေနဲ့ ဖွဲ့စည်းသင့်တယ်လို့လည်း Pandu က အကြံပေးပါတယ်။ ပထမဆုံးလုပ်ရမှာကတော့ ဒီ အထူးကိုယ်စားလှယ်အဖွဲ့အတွက် အဖွဲ့ဝင်တဦးချင်းစီရဲ့ကျွမ်းကျင်မှုပေါ်မူတည်ပြီး တာဝန်ခွဲဝေရာမှာ တစုတစည်းတည်း ပူးပေါင်းဆောင်ရွက်ဖို့ ဖြစ်ကြောင်းလည်း ပြောပါတယ်။

မြန်မာဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်အဖွဲ့ကို အရည်အချင်းရှိပြီး ကျွမ်းကျင်သူတွေနဲ့ ဝန်ကြီး Retno က ဖွဲ့စည်းနိုင်မယ်လို့ သူယုံကြည်ကြောင်းလည်း ပြောပါတယ်။ ဒါ့အပြင် သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးအနေနဲ့လည်း မြန်မာ့နိုင်ငံရေးပြဿနာကို ကူညီ ဖြေရှင်းရေးမှာ အခွင့်အလမ်းတရပ်အနေနဲ့ ပါဝင်ဖို့လိုအပ်ကြောင်းလည်း ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဘန်ဒေါင်းမြို့ Padjadjaran တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးဌာနက Arfin Sudirman ကတော့ အင်ဒိုနီးရှားနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒဟာ ပဋိပက္ခ ဆန့်ကျင်ရေးကိုကျင့်သုံးတာ အတော်ကြာနေပြီဖြစ်ပေမယ့် အာဆီယံ အကြီးတန်းအဖွဲ့ဝင်တဦးဖြစ်တဲ့ အင်ဒိုနီးရှားအနေနဲ့ တခြားအာဆီယံနိုင်ငံတွေရဲ့ ပဋိပက္ခ ဖြေရှင်းရေးဆိုင်ရာမှာ အကူညီပေးတဲ့အတွေ့အကြုံရှိပါတယ်လို့ပြောပါတယ်။

အင်ဒိုနီးရှားအတွက်တော့ ရိုဟင်ဂျာပြဿနာဟာလည်း စိတ်ပူရမယ့် ပြဿနာဖြစ်ကြောင်း ပြောပါတယ်။ ပြီးခဲ့တဲ့ ၃ လအတွင်းမှာ အင်ဒိုနီးရှားနိုင်ငံကို နောက်ထပ် ရောက်လာတဲ့ ရိုဟင်ဂျာဒုက္ခသည်က ၆၄၄ ယောက် ရှိနေတာပါ။ ဒါကြောင့် အခုဆို အင်ဒိုနီးရှားမှာ ရိုဟင်ဂျာဒုက္ခသည်အဖြစ် မှတ်ပုံတင်ထားသူစုစုပေါင်းက ၁,၅၀၀ ရှိနေပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိ အနေအထားအရ ဒီရိုဟင်ဂျာပြဿနာ ဖြေရှင်းရေးဟာ ပိုပြီး ခက်ခဲလာနေတယ်လို့လည်း Arfin က ပြောပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ပွါးနေတဲ့ ပြဿနာရဲ့အရင်းမြစ်ကို မဖြေရှင်းနိုင်သမျှ ဒီရိုဟင်ဂျာပြဿနာကိုလည်း ဖြေရှင်းနိုင်မှာမဟုတ်ဘူးလို့လည်း ပြောပါတယ်။

XS
SM
MD
LG