သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရိုဟင္ဂ်ာဒုကၡသည္ေတြအတြက္ ေဒၚလာသန္း ၆၀၀ ႏိုင္ငံတကာအလွဴရွင္ေတြ ကတိျပဳ


၂၀၁၇ စက္တင္ဘာ ၁၉ ရက္ေန႔က ကုတုပေလာင္ စခန္းရွိ ရိုဟင္ဂ်ာ ဒုကၡသည္မ်ား

(Zawgyi/Unicode)

ရိုဟင္ဂ်ာ ဒုကၡသည္ေတြအတြက္ လိုအပ္ေနတဲ့ ရန္ပုံေငြေတြ ျဖည္ဆည္းေပးနိုင္ဖို႔ အေမရိကန္ ေဒၚလာ သန္း ၆၀၀ နီးပါး လႉဒါန္းမွာ ျဖစ္ေၾကာင္း နိုင္ငံတကာက အလႉရွင္နိုင္ငံေတြက ကတိျပဳလိုက္ၾကပါတယ္။ ဒီ ကတိျပဳခ်က္ေၾကာင့္ ရိုဟင္ဂ်ာ ဒုကၡသည္ေတြကို အကူအညီေပးေရး ေငြၾကးလိုအပ္ခ်က္ ကြာဟေနတာကို ျဖည့္ဆည္းေပးနိုင္လိုက္ၿပီ ျဖစ္ပါတယ္။

အေမရိကန္ ျပည္ေထာင္စု၊ ၿဗိတိန္နဲ႔ ဥေရာပ သမဂၢအဖြဲ႕ EU တို႔က ဒုကၡသည္မ်ားဆိုင္ရာ ကုလသမဂၢ မဟာမင္းႀကီး ႐ုံး (UNHCR) နဲ႔ ပူးေပါင္း ၿပီး ၂၀၂၀ ခုႏွစ္အတြက္ လ်ားထားတဲ့ ေဒၚလာ ၁ ဘီလီယံ ျပည့္မီေရးအတြက္ အလႉရွင္ အစည္းေဝးကို ၾကာသပေတးေန႔က က်င္းပ ခဲ့တာ ျဖစ္ပါတယ္။

အလႉရွင္ အစည္းအေဝးကို ဦးေဆာင္ က်င္းပခဲ့တဲ့ အေမရိကန္နိုင္ငံက လႉဒါန္းေငြ အမ်ားဆုံး ျဖစ္တဲ့ ေဒၚလာ သန္း ၂၀၀ လႉဒါန္းဖို႔ ကတိျပဳသလို ဥေရာပသမဂၢအဖြဲ႕ကလည္း ေဒၚလာ ၁၁၃ သန္းနီးပါး လႉဒါန္းမွာ ျဖစ္ပါတယ္။ နိုင္ငံတစ္ခ်ိဳ႕ကလည္း ပါဝင္ လႉဒါန္း ဖို႔ ကတိျပဳခဲ့ပါတယ္။

အေမရိကန္ ေဒၚလာ ၅၉၇ သန္း လႉဒါန္းမႈနဲ႔အတူ လူသားခ်င္း စာနာမႈ အကူအညီေပးေရး ခိုင္မာတဲ့ ကတိကဝတ္ကို နိုင္ငံတကာ အသိုက္အဝိုင္းက ထုတ္ေဖာ္ ျပသလိုက္တာ ျဖစ္ေၾကာင္း၊ ဒီ ျပႆနာ အေျဖရွာဖို႔အတြက္လည္း မ်က္ေၿခ မျပတ္သင့္ ေၾကာင္း၊ ဒုကၡသည္ေတြ ေနရပ္ျပန္ကို ျပန္ရမွာ ျဖစ္ေၾကာင္း UNHCR မဟာမင္းႀကီး Filippo Grandi က ေျပာပါတယ္။

ဘဂၤလားေဒ့ရွ္နိုင္ငံျခားေရးဝန္ႀကီးဌာနက အဆင့္ျမင့္ အရာရွိ Shahriar Alam ကေတာ့ ဘဂၤလားေဒ့ရွ္နိုင္ငံအေနနဲ႔ ဒုကၡသည္ အမ်ားအျပား လက္ခံထားရတာကို စိတ္ကုန္လာၿပီ ျဖစ္ေၾကာင္း၊ ဒုကၡသည္ေတြ ျမန္မာနိုင္ငံကို အျမန္ဆုံး ျပန္ၾကဖို႔ လိုအပ္ေၾကာင္းနဲ႔ ဒုကၡသည္ ၁ သိန္းကို Bhasan Char ကၽြန္းကို ေရႊ႕ေျပာင္းေပးသြားမွာ ျဖစ္ေၾကာင္း ေျပာပါတယ္။

၂၀၁၇ခုႏွစ္က ျမန္မာစစ္တပ္က ရိုဟင္ဂ်ာ လက္နက္ကိုင္ တပ္ဖြဲ႕ ARSA ရဲ့ တိုက္ခိုက္မႈေတြကို လက္တုန္႔ျပန္ ႏွိမ္နင္းခ်ိန္မွာ ရိုဟင္ဂ်ာ ဒုကၡသည္ ၇၃၀, ၀၀၀ ေက်ာ္ ရခိုင္ျပည္နယ္ ေျမာက္ပိုင္းကေန ဘဂၤလားေဒ့ရွ္နိုင္ငံဘက္ကို ထြက္ေျပးခဲ့ၾကတာပါ။ အဲဒီ ႏွိမ္နင္းမႈမွာ လူမ်ိဳးတုန္း သတ္ျဖတ္မႈ က်ဴးလြန္လိုတဲ့ ရည္ရြယ္ရင္း ရွိတယ္လို႔ ကုလသမဂၢက ေျပာထားပါတယ္။ ျမန္မာနိုင္ငံကေတာ့ ရိုဟင္ဂ်ာ အသုံးအႏႈန္းကိုလည္း လက္ခံျခင္း မရွိသလို စြပ္စြဲခ်က္ ေတြ ကိုလည္း ျငင္းပယ္ထားပါတယ္။

ရိုဟင္ဂ်ာ ဒုကၡသည္ ၁ သန္းနီးပါး အခုအခ်ိန္အထိ ဘဂၤလားေဒ့ရွ္ကဒုကၡသည္စခန္းေတြမွာစုျပဳံေနေနၾကရတာျဖစ္ပါတယ္။ ေလာေလာဆယ္ အေျခအေနက ဒုကၡသည္ေတြ ေနရပ္ကို ေဘးကင္းလုံျခဳံၿပီး မိမိဆႏၵအေလ်ာက္ ဂုဏ္သိကၡာရွိရွိ ျပန္နိုင္ေရးဖို႔ သင့္ေလ်ာ္တဲ့ အေျခအေန မရွိေသးဘူးလို႔ UNHCR က ေျပာပါတယ္။ ရိုဟင္ဂ်ာေတြကို ခြဲျခား ဆက္ဆံမႈေတြ အပါအဝင္ အစုလိုက္ အျပဳံလိုက္ ထြက္ေျပးရျခင္း ရဲ့ ပင္မ အေၾကာင္းအရင္း ကို ျမန္မာ အစိုးရက ေျဖရွင္းေပးျခင္း မရွိေသးဘူးလို႔ ဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ဒေါ်လာသန်း ၆၀၀ နိုင်ငံတကာအလှူရှင်တွေ ကတိပြု
(Unicode)

ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် လိုအပ်နေတဲ့ ရန်ပုံငွေတွေ ဖြည်ဆည်းပေးနိုင်ဖို့ အမေရိကန် ဒေါ်လာ သန်း ၆၀၀ နီးပါး လှူဒါန်းမှာ ဖြစ်ကြောင်း နိုင်ငံတကာက အလှူရှင်နိုင်ငံတွေက ကတိပြုလိုက်ကြပါတယ်။ ဒီ ကတိပြုချက်ကြောင့် ရိုဟင်ဂျာ ဒုက္ခသည်တွေကို အကူအညီပေးရေး ငွေကြးလိုအပ်ချက် ကွာဟနေတာကို ဖြည့်ဆည်းပေးနိုင်လိုက်ပြီ ဖြစ်ပါတယ်။

အမေရိကန် ပြည်ထောင်စု၊ ဗြိတိန်နဲ့ ဥရောပ သမဂ္ဂအဖွဲ့ EU တို့က ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး ရုံး (UNHCR) နဲ့ ပူးပေါင်း ပြီး ၂၀၂၀ ခုနှစ်အတွက် လျားထားတဲ့ ဒေါ်လာ ၁ ဘီလီယံ ပြည့်မီရေးအတွက် အလှူရှင် အစည်းဝေးကို ကြာသပတေးနေ့က ကျင်းပ ခဲ့တာ ဖြစ်ပါတယ်။

အလှူရှင် အစည်းအဝေးကို ဦးဆောင် ကျင်းပခဲ့တဲ့ အမေရိကန်နိုင်ငံက လှူဒါန်းငွေ အများဆုံး ဖြစ်တဲ့ ဒေါ်လာ သန်း ၂၀၀ လှူဒါန်းဖို့ ကတိပြုသလို ဥရောပသမဂ္ဂအဖွဲ့ကလည်း ဒေါ်လာ ၁၁၃ သန်းနီးပါး လှူဒါန်းမှာ ဖြစ်ပါတယ်။ နိုင်ငံတစ်ချို့ကလည်း ပါဝင် လှူဒါန်း ဖို့ ကတိပြုခဲ့ပါတယ်။

အမေရိကန် ဒေါ်လာ ၅၉၇ သန်း လှူဒါန်းမှုနဲ့အတူ လူသားချင်း စာနာမှု အကူအညီပေးရေး ခိုင်မာတဲ့ ကတိကဝတ်ကို နိုင်ငံတကာ အသိုက်အဝိုင်းက ထုတ်ဖော် ပြသလိုက်တာ ဖြစ်ကြောင်း၊ ဒီ ပြဿနာ အဖြေရှာဖို့အတွက်လည်း မျက်ခြေ မပြတ်သင့် ကြောင်း၊ ဒုက္ခသည်တွေ နေရပ်ပြန်ကို ပြန်ရမှာ ဖြစ်ကြောင်း UNHCR မဟာမင်းကြီး Filippo Grandi က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနက အဆင့်မြင့် အရာရှိ Shahriar Alam ကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ ဒုက္ခသည် အများအပြား လက်ခံထားရတာကို စိတ်ကုန်လာပြီ ဖြစ်ကြောင်း၊ ဒုက္ခသည်တွေ မြန်မာနိုင်ငံကို အမြန်ဆုံး ပြန်ကြဖို့ လိုအပ်ကြောင်းနဲ့ ဒုက္ခသည် ၁ သိန်းကို Bhasan Char ကျွန်းကို ရွှေ့ပြောင်းပေးသွားမှာ ဖြစ်ကြောင်း ပြောပါတယ်။

၂၀၁၇ခုနှစ်က မြန်မာစစ်တပ်က ရိုဟင်ဂျာ လက်နက်ကိုင် တပ်ဖွဲ့ ARSA ရဲ့ တိုက်ခိုက်မှုတွေကို လက်တုန့်ပြန် နှိမ်နင်းချိန်မှာ ရိုဟင်ဂျာ ဒုက္ခသည် ၇၃၀, ၀၀၀ ကျော် ရခိုင်ပြည်နယ် မြောက်ပိုင်းကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ကြတာပါ။ အဲဒီ နှိမ်နင်းမှုမှာ လူမျိုးတုန်း သတ်ဖြတ်မှု ကျူးလွန်လိုတဲ့ ရည်ရွယ်ရင်း ရှိတယ်လို့ ကုလသမဂ္ဂက ပြောထားပါတယ်။ မြန်မာနိုင်ငံကတော့ ရိုဟင်ဂျာ အသုံးအနှုန်းကိုလည်း လက်ခံခြင်း မရှိသလို စွပ်စွဲချက် တွေ ကိုလည်း ငြင်းပယ်ထားပါတယ်။

ရိုဟင်ဂျာ ဒုက္ခသည် ၁ သန်းနီးပါး အခုအချိန်အထိ ဘင်္ဂလားဒေ့ရှ်ကဒုက္ခသည်စခန်းတွေမှာစုပြုံနေနေကြရတာဖြစ်ပါတယ်။ လောလောဆယ် အခြေအနေက ဒုက္ခသည်တွေ နေရပ်ကို ဘေးကင်းလုံခြုံပြီး မိမိဆန္ဒအလျောက် ဂုဏ်သိက္ခာရှိရှိ ပြန်နိုင်ရေးဖို့ သင့်လျော်တဲ့ အခြေအနေ မရှိသေးဘူးလို့ UNHCR က ပြောပါတယ်။ ရိုဟင်ဂျာတွေကို ခွဲခြား ဆက်ဆံမှုတွေ အပါအဝင် အစုလိုက် အပြုံလိုက် ထွက်ပြေးရခြင်း ရဲ့ ပင်မ အကြောင်းအရင်း ကို မြန်မာ အစိုးရက ဖြေရှင်းပေးခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG