သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

၂၀၂၂ ခုႏွစ္ ပင္လယ္ျပင္မွာ ႐ိုဟင္ဂ်ာေတြေသဆုံးမႈအမ်ားဆုံးအျဖစ္ ကုလမွတ္တမ္းတင္


YE Asia Photos 2020

[[Zawgyi/Unicode]]

၂၀၂၂ ခုႏွစ္ဟာ ႐ိုဟင္ဂ်ာေတြ ပင္လယ္ျပင္မွာေသဆုံးမႈအမ်ားဆုံးျဖစ္သလို အသက္အႏၲရာယ္ႀကီးတဲ့ ပင္လယ္ျပင္ကိုေက်ာ္ျဖတ္ၿပီး ထြက္ေျပးဖို႔ႀကိဳးစားမႈလည္း အမ်ားဆုံးျဖစ္ေၾကာင္း ကုလသမဂၢက အဂၤါေန႔မွာေျပာပါတယ္။ ကမာၻ႔ႏိုင္ငံေတြအေနနဲ႔ ဒီဒုကၡသည္ေတြကို ထိထိေရာက္ေရာက္ အကူညီေတြေပးၾကဖို႔လည္း ကုလသမဂၢဒုကၡသည္မ်ား ဆိုင္ရာ မဟာမင္းႀကီး႐ုံး UNHCR က ပန္ၾကားလိုက္ပါတယ္။ အျပည့္အစုံကို ေဒၚခင္မ်ိဳးသက္က တင္ျပေပးထားပါတယ္။

႐ိုဟင္ဂ်ာဒုကၡသည္ေတြဟာ ၂၀၂၁ ခုႏွစ္ကနဲ႔ယွဥ္ရင္ ၂၀၂၂ ခုႏွစ္ထဲမွာ ဘဂၤလားပင္လယ္ေအာ္နဲ႔ မုတၱမပင္လယ္ေတြကို သက္စြန႔္ဆံဖ်ားေက်ာ္ျဖတ္ထြက္ေျပးဖို႔ ႀကိဳးစားမႈေတြ အေတာ့္ကိုမ်ားလာတယ္လို႔ ကုလသမဂၢဒုကၡသည္မ်ားဆိုင္ရာ မဟာမင္းႀကီး႐ုံး UNHCR ေျပာခြင့္ရ Shabia Mantoo က ဂ်နီဗာကုလသမဂၢ႐ုံးခ်ဳပ္မွာ သတင္းေထာက္ေတြကို ေျပာပါတယ္။

“UNHCR က ေနာက္ဆုံးရထားတဲ့ စာရင္းေတြအရဆိုရင္ ၂၀၂၂ မွာ ဘဂၤလားပင္လယ္ေအာ္နဲ႔မုတၱမပင္လယ္ျပင္ထဲမွာ အသက္အႏၲရာယ္ၾကားက ေလွ ၃၉ စင္းနဲ႔ ျဖတ္ေျပးဖို႔ႀကိဳးစားတဲ့ ႐ိုဟင္ဂ်ာ ၃,၅၀၀ ေက်ာ္ရွိေနပါတယ္။ ဒါဟာ ၂၀၂၁ ကနဲ႔စာရင္ ရာခိုင္ႏႈန္း ၃၆၀ တိုးလာတာပါ။ ဒီခရီးကို အသက္မေသဘဲ ျဖတ္သြားႏိုင္သူကေတာ့ ၇၀၀ ေလာက္ ရွိပါတယ္။”

ေလွနဲ႔ထြက္ေျပးတဲ့ ႐ိုဟင္ဂ်ာအမ်ားစုဟာ ဘဂၤလားေဒ့ရွ္နဲ႔ ျမန္မာႏိုင္ငံကျဖစ္တယ္လို႔လည္း ေျပာပါတယ္။

ျမန္မာႏိုင္ငံမွာ ၂၀၂၁ ကတည္းက အာဏာသိမ္းထားတဲ့စစ္တပ္က ေျခမႈန္းမႈေတြဆက္လုပ္ေနသလို ႐ိုဟင္ဂ်ာေတြထြက္ေျပးရာ ပင္လယ္ကမ္း႐ိုးတန္း ေဒသတေက်ာက ႏိုင္ငံေတြကလည္း ပင္လယ္ျပင္ထဲ ေရာက္ေနသူေတြကိုကယ္တင္ဖို႔၊ လူေမွာင္ခိုရန္က ကာကြယ္ဖို႔၊ ေသေသခ်ာခ်ာလုပ္မေပးၾကတာေၾကာင့္ ကုလသမဂၢက သတိေပးလာတာ ျဖစ္ပါတယ္။

ေဒသတြင္း ပင္လယ္ေရေၾကာင္းဆိုင္ရာ အာဏာပိုင္ေတြအေနနဲ႔ ပင္လယ္ျပင္ထဲ သီတင္းပတ္ေပါင္းမ်ားစြာ ေမ်ာေနတဲ့ ႐ိုဟင္ဂ်ာေလွေတြကို ပစ္ထားတာ၊ ကမ္းကပ္လာသူေတြကို ျပန္ႏွင္ထုတ္ထာေတြမလုပ္ၾကဖို႔ UNHCR က ေတာင္းဆိုေၾကာင္းလည္း Shabia Mantoo က ေျပာပါတယ္။ တကယ္လို႔ ေဒသတြင္း ႏိုင္ငံေတြ အေနနဲ႔ သံႏၷိဌာန္ခ်ၿပီး ပူးေပါင္းေဆာင္႐ြက္မႈမလုပ္ရင္ ပင္လယ္ျပင္တြင္း ေသဆုံးမႈေတြ ပိုတိုးလာဖို႔ရွိတယ္လို႔လည္း သတိေပးပါတယ္။

UNHCR ရဲ႕ စစ္တမ္းေတြအရ ၂၀၂၂ ခုႏွစ္မွာ ပင္လယ္ျပင္တြင္း ေလွနဲ႔ထြက္ေျပးရင္း အသက္ဆုံးရတဲ့႐ိုဟင္ဂ်ာက အနည္းဆုံး ၃၄၈ ေယာက္ ရွိေနတဲ့အတြက္ ဒါဟာ ၂၀၁၄ ကေနဆိုရင္ အသက္ေသဆုံးရမႈ အမ်ားဆုံးႏွစ္တႏွစ္ ျဖစ္ေနတာပါ။

၂၀၂၂ မွာ ျမန္မာ၊ မေလးရွား၊ အင္ဒိုနီးရွားနဲ႔ ဘဂၤလားေဒ့ရွ္ႏိုင္ငံေတြမွာ ေလွစီးေျပး ႐ိုဟင္ဂ်ာေတြထဲက ကမ္းကပ္ႏိုင္သူ ၃,၀၄၀ ရွိၿပီး အဲဒီထဲမွာ အမ်ိဳးသမီးနဲ႔ကေလးငယ္ဦးေရက ၄၅ % ပါေနတာေတြ႕ရတယ္ လို႔လည္း ေျပာပါတယ္။ မႏွစ္က ႏွစ္ကုန္ခါနီးမွာ အင္ဒိုနီးရွားႏိုင္ငံ Aceh ျပည္နယ္မွာ ႐ိုဟင္ဂ်ာ ၄၅၀ ကို သယ္ေဆာင္လာတဲ့ ေလွ ၄ စင္း ကမ္းကပ္ခဲ့သလို သီရိလကၤာကိုေရာက္သြားတဲ့ ေလွတစင္းမွာေတာ့ ႐ိုဟင္ဂ်ာ အေယာက္ ၁၀၀ ေက်ာ္ ပါေနတာပါ။ ၿပီးခဲ့တဲ့လတုန္းကေတာ့ လူ ၁၈၀ ေက်ာ္ေလာက္ပါတဲ့ေလွတစင္း နစ္ျမႇဳပ္မယ့္ေဘးနဲ႔ ႀကဳံခဲ့ရသလို ဒီဇင္ဘာလဆန္းက ပင္လယ္ထဲထြက္လာသူေတြ လကုန္တဲ့အထိကမ္း မကပ္ႏိုင္ၾကေသးတာလည္း ေတြ႕ရတယ္လို႔ ေျပာပါတယ္။

၂၀၁၇ ကတည္းက ျမန္မာႏိုင္ငံကေန ထြက္လာၾကတဲ့႐ိုဟင္ဂ်ာေတြဟာ အခုခ်ိန္ထိ ေနရပ္ရင္း မျပန္ႏိုင္ၾကေသးတဲ့အတြက္ စိုးရိမ္မႈေတြ တိုးလာေနတယ္လို႔လည္း ေျပာပါတယ္။

“ ႐ိုဟင္ဂ်ာေတြဟာ သူတို႔ရဲ႕ ေနာင္ေရးအတြက္ေရာ၊ သူတို႔ရဲ႕လုံၿခဳံမႈနဲ႔အကာအကြယ္ရဖို႔အတြက္ စိုးရိမ္မႈေတြ တိုးလာေနတာပါ။ တခ်ိဳ႕ကလည္း သူတို႔မိသားစုေတြနဲ႔ ျပန္ဆုံခ်င္ၾကပါတယ္။ တခ်ိဳ႕ကေတာ့ သူတို႔ရဲ႕ အားနည္းတဲ့အေျခေနကို အခြင့္ေကာင္းယူၿပီး လူကုန္ကူးသူေတြရဲ႕ အျမတ္ထုတ္တာခံေနရပါတယ္။

ေရွ႕လထဲက်င္းပဖို႔ရွိတဲ့ ဘာလီေဆြးေႏြးပြဲမွာ ေဒသတြင္းဝန္ႀကီးေတြအေနနဲ႔ ႐ိုဟင္ဂ်ာေတြအေပၚ အျမတ္ထုတ္ေနတဲ့ လူကုန္ကူးသူေတြအေရးနဲ႔ နယ္ေျမေက်ာ္ျဖတ္ျဖစ္ပြါးေနတဲ့ ရာဇဝတ္မႈခင္းေတြအေရးကိုပါ ထည့္သြင္းေဆြးေႏြးဖို႔ရွိတာေၾကာင့္ ႐ိုဟင္ဂ်ာေတြအေရးနဲ႔ပတ္သက္ၿပီး ႏိုင္ငံေတြၾကား ပူးေပါင္းေဆာင္႐ြက္ ၾကဖို႔လည္း UNHCR က တိုက္တြန္းလိုက္ပါတယ္။

“ဒီေဆြးေႏြးပြဲမွာ ႐ိုဟင္ဂ်ာအေရးနဲ႔ပတ္သက္ၿပီး သူတို႔ဟာ ဒုကၡသည္ေတြျဖစ္တဲ့အေၾကာင္း၊ ဒီဒုကၡသည္ေတြဟာ ႏိုင္ငံတကာရဲ႕ အကာကြယ္ေပးမႈလိုေနတဲ့အေၾကာင္းေတြ ေဆြးေႏြးဖို႔ လုပ္ရမွာပါ။ သူတို႔ကို ေနရပ္ရင္း ျပန္မပို႔သင့္ပါဘူး။ သူတို႔ကို အကာကြယ္ေရာ အကူညီေရာ ေပးသင့္ပါတယ္။ ဒါေၾကာင့္ ကမာၻ႔ႏိုင္ငံေတြအေနနဲ႔ ႏိုင္ငံတကာ လိုက္နာရမယ့္က်င့္ဝတ္အတိုင္း သူတို႔ကို ကမ္းေပၚတက္ခြင့္ေပးဖို႔၊ ပင္လယ္ျပင္ထဲကေန ကယ္ဆယ္ဖို႔လုပ္ရမယ့္အျပင္ သူတို႔ကို အသက္အႏၲရာယ္ရွိမယ့္အေျခေနထဲ ျပန္မပို႔ဘဲ အကာကြယ္ေပးဖို႔ လုပ္ရမွာပါ။”

လက္ရွိမွာ ႐ိုဟင္ဂ်ာ အမ်ားစုကို ဘဂၤလားေဒ့ရွ္ကလက္ခံထားၿပီး ခုထက္ပို ေထာက္ပံ့ေပးဖို႔ လိုေနတယ္လို႔လည္း ေျပာၾကားခဲ့ပါတယ္။

“ ႐ိုဟင္ဂ်ာအမ်ားစုကို ဘဂၤလားေဒ့ရွ္ႏိုင္ငံက လက္ခံထားပါတယ္။ ဘဂၤလားေဒ့ရွ္ျပည္သူေတြ ေဒသခံေတြန႔ အစိုးရကပါ သူတို႔ကိုလက္ခံထားၿပီး အကာကြယ္ေရာ၊ အကူညီေတြပါ ေပးေနပါတယ္။ ဒါေပမယ့္ သူတို႔ကို ေနရာခ်ဖို႔လုပ္ေနတဲ့ကာလအတြင္းမွာ ခုထက္ပို အေထာက္အကူေပးဖို႔လိုပါတယ္။ ”

ဘဂၤလားေဒ့ရွ္အစိုးရလို ႐ိုဟင္ဂ်ာေတြကို ကူညီေစာင့္ေရွာက္မႈေပးၾကဖို႔လည္း UNHCR ေျပာခြင့္ရ Shabia Mantoo က ပန္ၾကားခဲ့ပါတယ္။

ျမန္မာႏိုင္ငံမွာ အေျခေနေတြက ခုထိ မတည္ၿငိမ္ဘဲရွိေနတာေၾကာင့္ ဘဂၤလားေဒ့ရွ္နဲ႔ ျမန္မာၾကား ႐ိုဟင္ဂ်ာေတြ ေနရပ္ျပန္ေရး ေဆာင္႐ြက္မႈေတြဟာ ေရွ႕မတိုးႏိုင္ဘဲျဖစ္ေနဆဲပါ။ ႐ိုဟင္ဂ်ာဆိုတဲ့အသုံးအႏႈံးကို လက္မခံတဲ့ ျမန္မာစစ္ေကာင္စီကေတာ့ သူတို႔ကို စိစစ္ၿပီး ျပန္လက္ခံမွာျဖစ္ေၾကာင္း ေျပာၾကားထားတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

============

[[Unicode]]

၂၀၂၂ ခုနှစ် ရိုဟင်ဂျာတွေ ပင်လယ်ပြင်မှာ သေဆုံးမှုအများဆုံးအဖြစ် ကုလမှတ်တမ်းတင်

၂၀၂၂ ခုနှစ်ဟာ ရိုဟင်ဂျာတွေ ပင်လယ်ပြင်မှာသေဆုံးမှုအများဆုံးဖြစ်သလို အသက်အန္တရာယ်ကြီးတဲ့ ပင်လယ်ပြင်ကိုကျော်ဖြတ်ပြီး ထွက်ပြေးဖို့ကြိုးစားမှုလည်း အများဆုံးဖြစ်ကြောင်း ကုလသမဂ္ဂက အင်္ဂါနေ့မှာပြောပါတယ်။ ကမ္ဘာ့နိုင်ငံတွေအနေနဲ့ ဒီဒုက္ခသည်တွေကို ထိထိရောက်ရောက် အကူညီတွေပေးကြဖို့လည်း ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ပန်ကြားလိုက်ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေဟာ ၂၀၂၁ ခုနှစ်ကနဲ့ယှဉ်ရင် ၂၀၂၂ ခုနှစ်ထဲမှာ ဘင်္ဂလားပင်လယ်အော်နဲ့ မုတ္တမပင်လယ်တွေကို သက်စွန့်ဆံဖျားကျော်ဖြတ်ထွက်ပြေးဖို့ ကြိုးစားမှုတွေ အတော့်ကိုများလာတယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ပြောခွင့်ရ Shabia Mantoo က ဂျနီဗာကုလသမဂ္ဂရုံးချုပ်မှာ သတင်းထောက်တွေကို ပြောပါတယ်။

“UNHCR က နောက်ဆုံးရထားတဲ့ စာရင်းတွေအရဆိုရင် ၂၀၂၂ မှာ ဘင်္ဂလားပင်လယ်အော်နဲ့မုတ္တမပင်လယ်ပြင်ထဲမှာ အသက်အန္တရာယ်ကြားက လှေ ၃၉ စင်းနဲ့ ဖြတ်ပြေးဖို့ကြိုးစားတဲ့ ရိုဟင်ဂျာ ၃,၅၀၀ ကျော်ရှိနေပါတယ်။ ဒါဟာ ၂၀၂၁ ကနဲ့စာရင် ရာခိုင်နှုန်း ၃၆၀ တိုးလာတာပါ။ ဒီခရီးကို အသက်မသေဘဲ ဖြတ်သွားနိုင်သူကတော့ ၇၀၀ လောက် ရှိပါတယ်။”

လှေနဲ့ထွက်ပြေးတဲ့ ရိုဟင်ဂျာအများစုဟာ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံကဖြစ်တယ်လို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ကတည်းက အာဏာသိမ်းထားတဲ့စစ်တပ်က ခြေမှုန်းမှုတွေဆက်လုပ်နေသလို ရိုဟင်ဂျာတွေထွက်ပြေးရာ ပင်လယ်ကမ်းရိုးတန်း ဒေသတကျောက နိုင်ငံတွေကလည်း ပင်လယ်ပြင်ထဲ ရောက်နေသူတွေကိုကယ်တင်ဖို့၊ လူမှောင်ခိုရန်က ကာကွယ်ဖို့၊ သေသေချာချာလုပ်မပေးကြတာကြောင့် ကုလသမဂ္ဂက သတိပေးလာတာ ဖြစ်ပါတယ်။

ဒေသတွင်း ပင်လယ်ရေကြောင်းဆိုင်ရာ အာဏာပိုင်တွေအနေနဲ့ ပင်လယ်ပြင်ထဲ သီတင်းပတ်ပေါင်းများစွာ မျောနေတဲ့ ရိုဟင်ဂျာလှေတွေကို ပစ်ထားတာ၊ ကမ်းကပ်လာသူတွေကို ပြန်နှင်ထုတ်ထာတွေမလုပ်ကြဖို့ UNHCR က တောင်းဆိုကြောင်းလည်း Shabia Mantoo က ပြောပါတယ်။ တကယ်လို့ ဒေသတွင်း နိုင်ငံတွေ အနေနဲ့ သံန္နိဌာန်ချပြီး ပူးပေါင်းဆောင်ရွက်မှုမလုပ်ရင် ပင်လယ်ပြင်တွင်း သေဆုံးမှုတွေ ပိုတိုးလာဖို့ရှိတယ်လို့လည်း သတိပေးပါတယ်။

UNHCR ရဲ့ စစ်တမ်းတွေအရ ၂၀၂၂ ခုနှစ်မှာ ပင်လယ်ပြင်တွင်း လှေနဲ့ထွက်ပြေးရင်း အသက်ဆုံးရတဲ့ရိုဟင်ဂျာက အနည်းဆုံး ၃၄၈ ယောက် ရှိနေတဲ့အတွက် ဒါဟာ ၂၀၁၄ ကနေဆိုရင် အသက်သေဆုံးရမှု အများဆုံးနှစ်တနှစ် ဖြစ်နေတာပါ။

၂၀၂၂ မှာ မြန်မာ၊ မလေးရှား၊ အင်ဒိုနီးရှားနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေမှာ လှေစီးပြေး ရိုဟင်ဂျာတွေထဲက ကမ်းကပ်နိုင်သူ ၃,၀၄၀ ရှိပြီး အဲဒီထဲမှာ အမျိုးသမီးနဲ့ကလေးငယ်ဦးရေက ၄၅ % ပါနေတာတွေ့ရတယ် လို့လည်း ပြောပါတယ်။ မနှစ်က နှစ်ကုန်ခါနီးမှာ အင်ဒိုနီးရှားနိုင်ငံ Aceh ပြည်နယ်မှာ ရိုဟင်ဂျာ ၄၅၀ ကို သယ်ဆောင်လာတဲ့ လှေ ၄ စင်း ကမ်းကပ်ခဲ့သလို သီရိလင်္ကာကိုရောက်သွားတဲ့ လှေတစင်းမှာတော့ ရိုဟင်ဂျာ အယောက် ၁၀၀ ကျော် ပါနေတာပါ။ ပြီးခဲ့တဲ့လတုန်းကတော့ လူ ၁၈၀ ကျော်လောက်ပါတဲ့လှေတစင်း နစ်မြှုပ်မယ့်ဘေးနဲ့ ကြုံခဲ့ရသလို ဒီဇင်ဘာလဆန်းက ပင်လယ်ထဲထွက်လာသူတွေ လကုန်တဲ့အထိကမ်း မကပ်နိုင်ကြသေးတာလည်း တွေ့ရတယ်လို့ ပြောပါတယ်။

၂၀၁၇ ကတည်းက မြန်မာနိုင်ငံကနေ ထွက်လာကြတဲ့ရိုဟင်ဂျာတွေဟာ အခုချိန်ထိ နေရပ်ရင်း မပြန်နိုင်ကြသေးတဲ့အတွက် စိုးရိမ်မှုတွေ တိုးလာနေတယ်လို့လည်း ပြောပါတယ်။

“ ရိုဟင်ဂျာတွေဟာ သူတို့ရဲ့ နောင်ရေးအတွက်ရော၊ သူတို့ရဲ့လုံခြုံမှုနဲ့အကာအကွယ်ရဖို့အတွက် စိုးရိမ်မှုတွေ တိုးလာနေတာပါ။ တချို့ကလည်း သူတို့မိသားစုတွေနဲ့ ပြန်ဆုံချင်ကြပါတယ်။ တချို့ကတော့ သူတို့ရဲ့ အားနည်းတဲ့အခြေနေကို အခွင့်ကောင်းယူပြီး လူကုန်ကူးသူတွေရဲ့ အမြတ်ထုတ်တာခံနေရပါတယ်။

ရှေ့လထဲကျင်းပဖို့ရှိတဲ့ ဘာလီဆွေးနွေးပွဲမှာ ဒေသတွင်းဝန်ကြီးတွေအနေနဲ့ ရိုဟင်ဂျာတွေအပေါ် အမြတ်ထုတ်နေတဲ့ လူကုန်ကူးသူတွေအရေးနဲ့ နယ်မြေကျော်ဖြတ်ဖြစ်ပွါးနေတဲ့ ရာဇဝတ်မှုခင်းတွေအရေးကိုပါ ထည့်သွင်းဆွေးနွေးဖို့ရှိတာကြောင့် ရိုဟင်ဂျာတွေအရေးနဲ့ပတ်သက်ပြီး နိုင်ငံတွေကြား ပူးပေါင်းဆောင်ရွက် ကြဖို့လည်း UNHCR က တိုက်တွန်းလိုက်ပါတယ်။

“ဒီဆွေးနွေးပွဲမှာ ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး သူတို့ဟာ ဒုက္ခသည်တွေဖြစ်တဲ့အကြောင်း၊ ဒီဒုက္ခသည်တွေဟာ နိုင်ငံတကာရဲ့ အကာကွယ်ပေးမှုလိုနေတဲ့အကြောင်းတွေ ဆွေးနွေးဖို့ လုပ်ရမှာပါ။ သူတို့ကို နေရပ်ရင်း ပြန်မပို့သင့်ပါဘူး။ သူတို့ကို အကာကွယ်ရော အကူညီရော ပေးသင့်ပါတယ်။ ဒါကြောင့် ကမ္ဘာ့နိုင်ငံတွေအနေနဲ့ နိုင်ငံတကာ လိုက်နာရမယ့်ကျင့်ဝတ်အတိုင်း သူတို့ကို ကမ်းပေါ်တက်ခွင့်ပေးဖို့၊ ပင်လယ်ပြင်ထဲကနေ ကယ်ဆယ်ဖို့လုပ်ရမယ့်အပြင် သူတို့ကို အသက်အန္တရာယ်ရှိမယ့်အခြေနေထဲ ပြန်မပို့ဘဲ အကာကွယ်ပေးဖို့ လုပ်ရမှာပါ။”

လက်ရှိမှာ ရိုဟင်ဂျာ အများစုကို ဘင်္ဂလားဒေ့ရှ်ကလက်ခံထားပြီး ခုထက်ပို ထောက်ပံ့ပေးဖို့ လိုနေတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

“ ရိုဟင်ဂျာအများစုကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက လက်ခံထားပါတယ်။ ဘင်္ဂလားဒေ့ရှ်ပြည်သူတွေ ဒေသခံတွေန့ အစိုးရကပါ သူတို့ကိုလက်ခံထားပြီး အကာကွယ်ရော၊ အကူညီတွေပါ ပေးနေပါတယ်။ ဒါပေမယ့် သူတို့ကို နေရာချဖို့လုပ်နေတဲ့ကာလအတွင်းမှာ ခုထက်ပို အထောက်အကူပေးဖို့လိုပါတယ်။ ”

ဘင်္ဂလားဒေ့ရှ်အစိုးရလို ရိုဟင်ဂျာတွေကို ကူညီစောင့်ရှောက်မှုပေးကြဖို့လည်း UNHCR ပြောခွင့်ရ Shabia Mantoo က ပန်ကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အခြေနေတွေက ခုထိ မတည်ငြိမ်ဘဲရှိနေတာကြောင့် ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာကြား ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး ဆောင်ရွက်မှုတွေဟာ ရှေ့မတိုးနိုင်ဘဲဖြစ်နေဆဲပါ။ ရိုဟင်ဂျာဆိုတဲ့အသုံးအနှုံးကို လက်မခံတဲ့ မြန်မာစစ်ကောင်စီကတော့ သူတို့ကို စိစစ်ပြီး ပြန်လက်ခံမှာဖြစ်ကြောင်း ပြောကြားထားတာ ဖြစ်ပါတယ်။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG