သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Alaska ျပည္နယ္အနီး ရုရွားေရတပ္ စစ္ေရးေလ့က်င့္


ရုရွားေရယာဥ္

Zawgyi/Unicode

ရုရွားစစ္တပ္က စစ္သေဘၤာနဲ႔ ေလယာဥ္ ဒါဇင္နဲ႔ခ်ီပါဝင္တဲ့ စစ္ေရးေလ့က်င့္မႈႀကီးကို အေမရိကန္ႏိုင္ငံ Alaska ျပည္နယ္နားမွာ ျပဳလုပ္ေနေၾကာင္း ရုရွားစစ္တပ္က ေသာၾကာေန႔မွာ ေျပာပါတယ္။ ဒါဟာ အရင္ ဆိုဗီယက္ရုရွားေခတ္က စၿပီး အႀကီးဆံုး စစ္ေရးေလ့က်င့္မႈ ျဖစ္ေၾကာင္းလည္း ေျပာပါတယ္။

အေမရိကတိုက္နဲ႔ ဥေရာပတိုက္ၾကားက Bering ပင္လယ္ျပင္ထဲမွာ စစ္သေဘၤာ အစင္း ၅၀ ေက်ာ္ နဲ႔ ေလယာဥ္ အစင္း ၄၀ ေလာက္ ပါဝင္တဲ့ စစ္ေရးေလ့က်င့္မႈ ျဖစ္ၿပီး ပဲ့ထိန္းတပ္ဒံုးက်ည္ ပစ္လႊတ္ ေလ့က်င့္မႈေတြပါ ပါဝင္မွာ ျဖစ္ေၾကာင္း ေရတပ္ဗိုလ္ခ်ဳပ္ႀကီး Nikolai Yevmenov ကေျပာပါတယ္။ ဒါဟာ ေလ့က်င့္မႈ အမ်ားအျပားပါဝင္တဲ့ တခါမွ မျပဳလုပ္ဖူးေသးတဲ့ ေလ့က်င့္မႈ ျဖစ္ေၾကာင္းလည္း ရုရွားကာကြယ္ေရးဌာနက ေၾကညာခ်က္ ထုတ္ျပန္ေျပာဆိုပါတယ္။

ဒီစစ္ေရးေလ့က်င့္မႈ ဘယ္အခ်ိန္ကစၿပီး ဘယ္အခ်ိန္မွာ ဆံုးမယ္ ဆိုတာကိုေတာ့ အခု အခ်ိန္ထိ သဲသဲ ကြဲကြဲမသိရ ေသးပါဘူး။

ဒီစစ္ေရးေလ့က်င့္မႈဟာ အာတိတ္ေဒသမွာ ရုရွားတပ္ေတြ တည္ရွိမႈ တိုးျမွင့္ဖို႔နဲ႔ အဲဒီေဒသတြင္း သယံဇာတေတြ ကာကြယ္ဖို႔ လုပ္ေဆာင္မႈ အစိတ္အပိုင္း တခု ျဖစ္ေၾကာင္းလည္း ဗိုလ္ခ်ဳပ္ႀကီး Yevmenov ကေျပာပါတယ္။

အာတိတ္ေဒသဟာ မတူးေဖၚရေသးတဲ့ ကမာၻ႔ ေရနံနဲ႔သဘာဝ ဓါတ္ေငြ႔ အားလံုးရဲ့ ေလးပံုတပံု ရွိမယ္လို႔ တြက္ထားတာ ျဖစ္ၿပီး ဒီေဒသမွာ ရုရွား စစ္တပ္တိုးျမွင္ ခ်ထားဖို႔ ရုရွားက ဦးစားေပး လုပ္ေဆာင္ေနတာ ျဖစ္ပါတယ္။

ရုရွားရဲ့ စစ္ေရးေလ့က်င့္မႈကို အေမရိကန္စစ္တပ္က Alaska နားမွာ ၾကာသပေတးေန႔က ေတြ႔ရွိခဲ့တာ ျဖစ္ၿပီး သူတို႔ရဲ့ ေလ့က်င့္မႈဟာ အေမရိကန္ေရပိုင္နက္မွာ မဟုတ္ပဲ ႏိုင္ငံတကာ ေရပိုင္နက္ ထဲမွာ ျဖစ္ေၾကာင္း အေမရိကန္ စစ္တပ္ ေျပာခြင့္ရက ေျပာပါတယ္။

Alaska ျပည္နယ္အနီး ရုရွားေရတပ္ စစ္ေရးေလ့က်င့္
please wait

No media source currently available

0:00 0:00:58 0:00
တိုက္႐ိုက္ လင့္ခ္


Unicode

ရုရှားစစ်တပ်က စစ်သင်္ဘောနဲ့ လေယာဉ် ဒါဇင်နဲ့ချီပါဝင်တဲ့ စစ်ရေးလေ့ကျင့်မှုကြီးကို အမေရိကန်နိုင်ငံ Alaska ပြည်နယ်နားမှာ ပြုလုပ်နေကြောင်း ရုရှားစစ်တပ်က သောကြာနေ့မှာ ပြောပါတယ်။ ဒါဟာ အရင် ဆိုဗီယက်ရုရှားခေတ်က စပြီး အကြီးဆုံး စစ်ရေးလေ့ကျင့်မှု ဖြစ်ကြောင်းလည်း ပြောပါတယ်။

အမေရိကတိုက်နဲ့ ဥရောပတိုက်ကြားက Bering ပင်လယ်ပြင်ထဲမှာ စစ်သင်္ဘော အစင်း ၅၀ ကျော် နဲ့ လေယာဉ် အစင်း ၄၀ လောက် ပါဝင်တဲ့ စစ်ရေးလေ့ကျင့်မှု ဖြစ်ပြီး ပဲ့ထိန်းတပ်ဒုံးကျည် ပစ်လွှတ် လေ့ကျင့်မှုတွေပါ ပါဝင်မှာ ဖြစ်ကြောင်း ရေတပ်ဗိုလ်ချုပ်ကြီး Nikolai Yevmenov ကပြောပါတယ်။ ဒါဟာ လေ့ကျင့်မှု အများအပြားပါဝင်တဲ့ တခါမှ မပြုလုပ်ဖူးသေးတဲ့ လေ့ကျင့်မှု ဖြစ်ကြောင်းလည်း ရုရှားကာကွယ်ရေးဌာနက ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။

ဒီစစ်ရေးလေ့ကျင့်မှု ဘယ်အချိန်ကစပြီး ဘယ်အချိန်မှာ ဆုံးမယ် ဆိုတာကိုတော့ အခု အချိန်ထိ သဲသဲ ကွဲကွဲမသိရ သေးပါဘူး။

ဒီစစ်ရေးလေ့ကျင့်မှုဟာ အာတိတ်ဒေသမှာ ရုရှားတပ်တွေ တည်ရှိမှု တိုးမြှင့်ဖို့နဲ့ အဲဒီဒေသတွင်း သယံဇာတတွေ ကာကွယ်ဖို့ လုပ်ဆောင်မှု အစိတ်အပိုင်း တခု ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်ကြီး Yevmenov ကပြောပါတယ်။

အာတိတ်ဒေသဟာ မတူးဖေါ်ရသေးတဲ့ ကမ္ဘာ့ ရေနံနဲ့သဘာဝ ဓါတ်ငွေ့ အားလုံးရဲ့ လေးပုံတပုံ ရှိမယ်လို့ တွက်ထားတာ ဖြစ်ပြီး ဒီဒေသမှာ ရုရှား စစ်တပ်တိုးမြှင် ချထားဖို့ ရုရှားက ဦးစားပေး လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ရုရှားရဲ့ စစ်ရေးလေ့ကျင့်မှုကို အမေရိကန်စစ်တပ်က Alaska နားမှာ ကြာသပတေးနေ့က တွေ့ရှိခဲ့တာ ဖြစ်ပြီး သူတို့ရဲ့ လေ့ကျင့်မှုဟာ အမေရိကန်ရေပိုင်နက်မှာ မဟုတ်ပဲ နိုင်ငံတကာ ရေပိုင်နက် ထဲမှာ ဖြစ်ကြောင်း အမေရိကန် စစ်တပ် ပြောခွင့်ရက ပြောပါတယ်။

XS
SM
MD
LG