သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

႐ုရွားေရးြေကာက္ပဲြ သမၼတပူတင္ ေထာက္ခံတဲ့ပါတီ အေရးသာ


႐ုရွားေရြးေကာက္ပြဲ ေမာ္စကုိၿမိဳ႕က မဲ႐ုံတခုမွာ မဲလာေပးသူတဦး။ (စက္တင္ဘာ ၁၇၊ ၂၀၂၁)

(Zawgyi / Unicode)

႐ုရွားႏိုင္ငံမွာ ၃ ရက္ၾကာ က်င္းပေနတဲ့ ေရြးေကာက္ပဲြဟာ ပုံမွန္မဟုတ္တာေတြ၊ မဲမသမာမႈေတြ ရွိေနတယ္ဆိုတဲ့ စြပ္စဲြခ်က္ ထြက္ေပၚေနေပမယ့္လည္း ကနဦး မဲရလဒ္ေတြအရ ႐ုရွားအစိုးရက ေထာက္ခံပ့ံပိုးမႈ ေပးထားတဲ့ အာဏာရ United Russia ပါတီက ေအာက္လႊတ္ေတာ္မွာ အႏိုင္ရဖို႔ မ်ားေနပါတယ္။

တနဂၤေႏြေန႔ မဲ႐ုံပိတ္ၿပီးခ်ိန္မွာ မဲအားလုံးရဲ႕ ၁၀ ရာခုိင္ႏႈန္းသာ ေရတြက္ရေသးေပမယ့္ သမၼတပူတင္ အျပည့္အဝ ေထာက္ခံမႈေပးထားတဲ့ United Russia ပါတီက ၃၈.၆ ရာခုိင္ႏႈန္း ရရွိထားၿပီး သူ႔ေနာက္မွာ ႐ုရွားကြန္ျမဴနစ္ပါတီက ၂၅.၂ ရာခုိင္ႏႈန္း၊ Nationalist Liberal Democratic ပါတီက ၉.၆ ရာခုိင္ႏႈန္း မဲအသီးသီး ရရွိထားတယ္လို႔ ဗဟိုေရြးေကာက္ပဲြ ေကာ္မရွင္က ေျပာပါတယ္။

အစြန္းေရာက္သူလို႔ သမၼတပူတင္ အစိုးရက ေဝဖန္ေလ့ရွိတဲ့ ေထာင္ခ်ခံထားရသူ အတိုက္အခံေခါင္းေဆာင္ Alexey Navalny နဲ႔ ဆက္စပ္ေနတဲ့ အဖြဲ႔အစည္းစာရင္းကို အာဏာပိုင္ေတြက ထုတ္ျပန္ေၾကညာခဲ့ၿပီးေနာက္ပိုင္း ဒီေရြးေကာက္ပဲြမွာ အတိုက္အခံ ကိုယ္စားလွယ္ေလာင္း ပါဝင္ယွဥ္ၿပဳိင္မႈ မရွိသေလာက္ ျဖစ္ခဲ့ပါတယ္။

ဒူးမားလို႔ေခၚတဲ့ ႐ုရွားေအာက္လႊတ္ေတာ္မွာ ကိုယ္စားလွယ္ေနရာ ၄၅၀ ရွိတဲ့အနက္ လက္ရွိအေျခအေနအထိ United Russia ပါတီက ၃၃၄ ေနရာ အမ်ားစု ရထားခဲ့တာပါ။ ဒီအေျခအေနကို ဆက္လက္ထိန္းသိမ္းထားႏုိင္ခဲ့ရင္ ဥပေဒျပဳေရးမွာေရာ ဖြဲ႔စည္းပုံ ျပင္ဆင္ေရးမွာပါ အသာစီးရမွာ ျဖစ္ပါတယ္။

ဒါေပမယ့္ လူထုစစ္တမ္းေတြအရ ဒီပါတီ တည္ေထာင္လာခဲ့တာ အႏွစ္ ၂၀ သက္တမ္းရွိၿပီ ျဖစ္ေပမယ့္ United Russia ပါတီကို လူၾကဳိက္အလြန္နည္းတယ္လို႔ ဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

ရုရှားရေးွကောက်ပွဲ သမ္မတပူတင် ထောက်ခံတဲ့ပါတီ အရေးသာ

ရုရှားနိုင်ငံမှာ ၃ ရက်ကြာ ကျင်းပနေတဲ့ ရွေးကောက်ပွဲဟာ ပုံမှန်မဟုတ်တာတွေ၊ မဲမသမာမှုတွေ ရှိနေတယ်ဆိုတဲ့ စွပ်စွဲချက် ထွက်ပေါ်နေပေမယ့်လည်း ကနဦး မဲရလဒ်တွေအရ ရုရှားအစိုးရက ထောက်ခံပံ့ပိုးမှု ပေးထားတဲ့ အာဏာရ United Russia ပါတီက အောက်လွှတ်တော်မှာ အနိုင်ရဖို့ များနေပါတယ်။

တနင်္ဂနွေနေ့ မဲရုံပိတ်ပြီးချိန်မှာ မဲအားလုံးရဲ့ ၁၀ ရာခိုင်နှုန်းသာ ရေတွက်ရသေးပေမယ့် သမ္မတပူတင် အပြည့်အဝ ထောက်ခံမှုပေးထားတဲ့ United Russia ပါတီက ၃၈.၆ ရာခိုင်နှုန်း ရရှိထားပြီး သူ့နောက်မှာ ရုရှားကွန်မြူနစ်ပါတီက ၂၅.၂ ရာခိုင်နှုန်း၊ Nationalist Liberal Democratic ပါတီက ၉.၆ ရာခိုင်နှုန်း မဲအသီးသီး ရရှိထားတယ်လို့ ဗဟိုရွေးကောက်ပွဲ ကော်မရှင်က ပြောပါတယ်။

အစွန်းရောက်သူလို့ သမ္မတပူတင် အစိုးရက ဝေဖန်လေ့ရှိတဲ့ ထောင်ချခံထားရသူ အတိုက်အခံခေါင်းဆောင် Alexey Navalny နဲ့ ဆက်စပ်နေတဲ့ အဖွဲ့အစည်းစာရင်းကို အာဏာပိုင်တွေက ထုတ်ပြန်ကြေညာခဲ့ပြီးနောက်ပိုင်း ဒီရွေးကောက်ပွဲမှာ အတိုက်အခံ ကိုယ်စားလှယ်လောင်း ပါဝင်ယှဉ်ပြိုင်မှု မရှိသလောက် ဖြစ်ခဲ့ပါတယ်။

ဒူးမားလို့ခေါ်တဲ့ ရုရှားအောက်လွှတ်တော်မှာ ကိုယ်စားလှယ်နေရာ ၄၅၀ ရှိတဲ့အနက် လက်ရှိအခြေအနေအထိ United Russia ပါတီက ၃၃၄ နေရာ အများစု ရထားခဲ့တာပါ။ ဒီအခြေအနေကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ရင် ဥပဒေပြုရေးမှာရော ဖွဲ့စည်းပုံ ပြင်ဆင်ရေးမှာပါ အသာစီးရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် လူထုစစ်တမ်းတွေအရ ဒီပါတီ တည်ထောင်လာခဲ့တာ အနှစ် ၂၀ သက်တမ်းရှိပြီ ဖြစ်ပေမယ့် United Russia ပါတီကို လူကြိုက်အလွန်နည်းတယ်လို့ ဆိုပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG