သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကိုင်း ကျွန်းလှဒေသခံများ ပြည်သူစစ်သင်တန်းတက်ဖို့ ဖိအားပေးခံရ


စစ်ကိုင်းတိုင်း ကျွန်းလှမြို့
စစ်ကိုင်းတိုင်း ကျွန်းလှမြို့

{{Zawgyi/Unicode}}

ဧပြီ ၁၀၊ ၂၀၂၃

ကျွန်းလှမြို့နယ်၊ ကျောက်အိုင်ကျေးရွာအုပ်စုက ကျေးရွာ ၃ ရွာကို မြန်မာစစ်တပ်ကို ထောက်ခံအားပေးတဲ့ ပျူစောထီးတပ်ဖွဲ့တွေက အတင်းအကျပ် ပြည်သူ့စစ်သင်တန်းတက်ဖို့ ဖိအားပေး ခြိမ်းခြောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြည်သူ့စစ်သင်တန်းမတက်ရင် ကျေးရွာတွေကို မီးရှို့ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့တယ်လို့လည်း ကျွန်းလှဒေသခံတွေက ပြောပြပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး မမြသဇင်အောင်က တင်ပြပေးထားပါတယ်။

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ ကျောက်အိုင်ကျေးရွာအုပ်စုက ကျောက်အိုင်ရွာ၊ တပေါင်ရွာနဲ့ ငှက်ပျောတောရွာတို့ကို ဒီစနေနေ့လောက်က ပျူစောထီးအင်အား ၁၀၀ ဝန်းကျင်လောက်က လက်နက်အင်အား အပြည့်အစုံနဲ့ဝင်လာပြီး ပြည်သူ့စစ်သင်တန်းတက်ဖို့ပြောခဲ့သလို တရွာကို လူအရေအတွက် ဘယ်လောက်တက်ရမယ်ဆိုတာမျိုးလည်း သတ်မှတ်ပေးသွားတယ်လို့ အနီးဝန်းကျင်ကျေးရွာ ဒေသခံတဦးက အခုလို ပြောပါတယ်။

“တမြန်မနေ့ကပေါ့၊ ကျောက်အိုင်ရယ်၊ တပေါင်ရယ်၊ ငှက်ပျောတောရယ်၊ ကျောက်အိုင်အုပ်စုပေါ့ဗျာ၊ အဲ့အုပ်စု ၃ ရွာရှိတဲ့ဟာကိုမှ ရောက်လာပြီးတော့ ပျူအင်အား ၁၀၀ နီးပါးလောက်နဲ့ လက်နက်တွေ အပြည့်အစုံနဲ့ဝင်လာပြီးတော့ ရွာမှာရှိတဲ့လူကြီးတွေကို အတင်းအကျပ် ဖိအားပေးတာပေါ့ဗျာ။ ကျောက်အိုင်ကရွာကြီးဖြစ်တဲ့အတွက် သူတို့က အင်အား ၅၀ လောက်တောင်းတယ်ပေါ့ဗျာ။ အမှန်အတိုင်းပြောရရင် အဲ့ရွာလေးတွေက သူတို့လည်း ဘာမှမလုပ်တဲ့ရွာလေးတွေပေါ့၊ သူတို့ဟာသူတို့ အေးဆေးနေနေတဲ့ ရွာလေးပေါ့ဗျာ။ အဲ့ဒါကို သူတို့ကအတင်း ဖိအားပေးပြီးတော့မှ တပေါင်ကို အင်အားအစိတ်ပေါ့၊ ၂၅ ယောက်တောင်းတယ်ပေါ့။ ကျောက်အိုင်ကိုတော့ အင်အား ၅၀ တောင်းတယ်ပေါ့။ ငှက်ပျောတောရွာကိုတော့ သူတို့က လူအင်အား ၃၀ တောင်းထားတယ်လို့တော့ ပြောတယ်ဗျ။”

ပြည်သူ့စစ်သင်တန်းမတက်ရင် အဲ့ဒီရွာတွေကို မီးရှို့မယ်လို့ ခြိမ်းခြောက်ခဲ့ပြီး တပတ်အတွင်း အကြောင်းပြန်ကြဖို့ ပျူစောထီး အဖွဲ့တွေက ပြောခဲ့တယ်လို့ ဒေသခံတွေနဲ့ နီးစပ်သူတဦးက ပြောပါတယ်။ လွန်ခဲ့တဲ့ ၂ လလောက်တုန်းက ကျောက်အိုင်ကျေးရွာရဲ့ရွာလယ်မှာ ငှက်ပျောတောရွာသားတဦးနဲ့ အင်တိုင်းရွာသားတဦးကို့ကို ပစ်သတ်ပြထားဖူးတာကြောင့် ဒေသခံတွေက ကြောက်ရွံ့နေကြတယ်လို့ အနီးဝန်းကျင်ကျေးရွာက ဒေသခံတဦးက ပြောပါတယ်။

“တပတ်ပြီးသွားရင် အကြောင်းပြန်ပါဆိုပြီးတော့ ပြောသွားတယ်တဲ့ဗျ။ သင်္ကြန်ပြီးသွားရင် ပြန်လာမယ်ဆိုပြီး ပြောသွားတယ်တဲ့ဗျ။ အဲ့လိုမျိုး လူအင်အား တောင်းတာကိုမလုပ်ပေးရင် ရွာကို မီးရှို့မယ်ဘာညာ ဆိုပြီးတော့လည်း ခြိမ်းခြောက်သွားတယ်တဲ့ဗျ။ အရင်ကလည်း ခြိမ်းခြောက်မှုတွေ ရှိတယ်ဗျ။ ကျနော်တခါကြားမိတာက ကျောက်အိုင်ရွာမှာပဲ လူ ၂ ယောက်ကို ပစ်သတ်ခံထားရတယ်ဗျ၊ ရွာလယ်မှာပဲ။ ဖမ်းခေါ်လာပြီးတော့ ရွာလယ်ထဲမှာပဲ ပစ်သတ်သွားတယ်ဆိုတာတော့ ကြားဖူးတယ်ဗျ။ ရွာထဲမှာပဲ အဲ့လိုမျိုးတွေလုပ်ခံထားရတာဆိုတော့ သူတို့လည်း အခု တော်တော် ကြောက်နေကြတယ်လို့ ထင်ပါတယ်။”

ကျွန်းလှမြို့အဝင်အထွက်တွေကို မတ်လကုန်ပိုင်းလောက်မှာ ပြန်ဖွင့်ပေးခဲ့ပေမယ့် မြို့အဝင်အထွက်တွေမှာ အစစ်အဆေးတွေ ရှိနေပြီး သွားလာရေးမလွယ်ကူသေးသလို ကုန်ရောင်း၊ ကုန်ဝယ်တွေကအစ အဆင်မပြေနိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ကျွန်းလှ၊ ကန့်ဘလူနဲ့ ကောလင်းမြို့နယ်ထဲက ကျေးရွာတချို့ လျှပ်စစ်မီးဖြတ်တောက်ခံထားရတာလည်း အခုဆိုရင် တလဝန်းကျင်ရှိလာပြီ ဖြစ်တာကြောင့် ဒေသခံတွေအတွက် အခက်အခဲတွေ ဖြစ်နေကြရတယ်လို့ ဆိုပါတယ်။ ကျွန်းလှမြို့နယ်ထဲကို ချပ်သင်းဘက်ကနေ စစ်ကောင်စီစစ်ကြောင်းတွေ ဝင်နေတာလည်း ရှိတယ်လို့ ဒေသခံတဦးက ခုလိုပြောပါတယ်။

“ဘာအကြောင်းကြောင့် မီးဖြတ်တယ်ဆိုတာကို ဘာမှလည်း မပြောဘူး။ ဘာမှလည်း မပြောတော့ ဘာမှလည်း မသိဘူး။ ဒီကရှိတဲ့ ဒေသခံတွေကလည်း ဘာကြောင့်မီးဖြတ်တာလဲ ဘယ်သူကမှလည်းမပြောတော့ မသိကြရဘူး။ စစ်ကြောင်းရှိတယ်လို့ပဲ ပြောရမှာပေါ့။ အဲ့ဒါက ၃၆၁ ပေါ့။ အဲ့ဒါက အခု ကျွန်းလှကို ပြန်ဝင်နေတယ်။ ပြီးခဲ့တဲ့ အပတ်ကမှ ချပ်သင်းကို သွားပြီးတော့မှ အခု ကျွန်းလှကို ပြန်ဝင်နေတယ်ဗျ။”

ကျွန်းလှမြို့နယ်အတွင်းက ကျေးရွာတချို့ကိုလည်း မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေး စစ်ကြောင်းတွေဝင်သလို ကျေးရွာက နေအိမ်တွေကို မီးရှို့တာတွေလည်းရှိတာကြောင့် ဒေသခံတွေ စစ်ဘေးရှောင်နေကြရတာတွေလည်း ရှိပါတယ်။

စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးထိုးစစ်နဲ့ တိုက်ပွဲတွေကြောင့် စစ်ကိုင်းအတွင်းမှာ အိုးအိမ် စွန့်ခွာထွက်ပြေးနေကြရတဲ့ စစ်ရှောင်အရေအတွက်တွေက တနေ့ထက်တနေ့ ပိုပြီး တိုးလာနေပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေဟာ ဒီဒေသကျေးရွာတွကိုအခြေစိုက်ပြီး အကြမ်းဖက်လုပ်ငန်းတွေ လုပ်နေတယ်ဆိုပြီးတော့လည်း မြန်မာစစ်တပ်က စွပ်စွဲပါတယ်။

တိုက်ရိုက် လင့်ခ်

===========

{{Unicode}}












XS
SM
MD
LG