သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကေလးစစ္သားစုေဆာင္းမႈစာရင္းက ျမန္မာကုိဖယ္ရွားတာေစာေနေၾကာင္း Save the Children အဖြဲ႔ေျပာ


ျမန္မာစစ္တပ္က အသက္မျပည့္ေသးတဲ့ ကေလးစစ္သားေတြကို မိဘထံျပန္လည္အပ္ႏွံတဲ့အခမ္းအနားတြင္ ေတြ႔ရစဥ္။

Zawgyi/Unicode

ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ Antonio Guterres ရဲ့ ကေလးသူငယ္မ်ားနဲ႔ လက္နက္ကိုင္ ပဋိပကၡမ်ားဆိုင္ရာ ၂၀၂၀ ခုႏွစ္ အစီရင္ခံ စာမွာ ျမန္မာစစ္တပ္ကို ကေလးစစ္သား စုေဆာင္းမႈေတြလုပ္တဲ့ လက္နက္ကိုင္တပ္ဖြဲ႕ စာရင္းထဲကေန ဖယ္ရွားလိုက္တာဟာ အခ်ိန္ မတန္ေသးသလို အႏၲရာယ္လည္းမ်ားတယ္လို႔ ကေလး သူငယ္ကာကြယ္ေစာင့္ေရွာက္ေရး Save the Children အဖြဲ႕က ေျပာပါတယ္။ ျမန္မာစစ္တပ္အေနနဲ႔ ကေလးစစ္သား စုေဆာင္းမႈေတြရွိေန သလားဆိုတာကို စနစ္တက် မွတ္သားေစာင့္ၾကည့္ေနတာမရွိသလို စုေဆာင္းရမိတဲ့ တပ္သားအသစ္ေတြကို စစ္ေဆးမႈေတြ ေသေသခ်ာခ်ာ ျပဳလုပ္ဖို႔နဲ႔ ျပစ္မႈက်ဳးလြန္သူေတြကို တစိုက္မတ္မတ္ အေရးယူ အျပစ္ေပးဖို႔လိုအပ္ေနေသးေၾကာင္း အေထာက္အထားေတြက ေဖာ္ျပေနတယ္လို႔ ဆိုပါတယ္။ ကုလ သမဂၢအဖြဲ႕က ၂၀၁၉ ခုႏွစ္အတြင္း ျမန္မာစစ္တပ္က ကေလးစစ္သား ၈ ဉီးစုေဆာင္ခဲ့ေၾကာင္း စစ္ေဆး အတည္ျပဳ ထားခဲ့ပါတယ္။

အခုလို ျမန္မာစစ္တပ္ကို စာရင္းထဲကေန ဖယ္ရွားဖို႔ဆုံးျဖတ္ခ်က္က ကေလးစစ္သားစုေဆာင္းမႈ တားဆီးနိုင္ေရး လုပ္ငန္းစဥ္ေတြကို အဟန္႔အတားျဖစ္ေစတယ္လို႔ လည္း Save the Children အဖြဲ႕ကေျပာပါတယ္။

ကုလ အတြင္းေရးမႉးခ်ဳပ္ကေတာ့ ျမန္မာစစ္တပ္က ကေလးစစ္သားစုေဆာင္းမႈ သိသိသာသာ ေလ်ာ့နည္းသြားသလို အေရးယူ အျပစ္ ေပးအေရးယူမႈေတြ ဆက္လက္ ျပဳလုပ္ေနၿပီး ကေလးစစ္သား စုေဆာင္းမႈနဲ႔ ပတ္သက္တဲ့ ျဖစ္ရပ္ေတြကို ေျခရာခံၿပီး အစီရင္ခံဖို႔ သေဘာတူညီတာေၾကာင့္ အခုလို စာရင္းထဲက ဖယ္ရွားလိုက္တာလို႔ ကေလးသူငယ္မ်ားနဲ႔ လက္နက္ကိုင္ ပဋိပကၡမ်ားဆိုင္ရာ ၂၀၂၀ ခုႏွစ္ အစီရင္ခံစာမွာ ထည့္သြင္းေဖာ္ျပထားပါတယ္ ခင္ဗ်ား။

တိုက္႐ိုက္ လင့္ခ္


[Unicode]


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres ရဲ့ ကလေးသူငယ်များနဲ့ လက်နက်ကိုင် ပဋိပက္ခများဆိုင်ရာ ၂၀၂၀ ခုနှစ် အစီရင်ခံ စာမှာ မြန်မာစစ်တပ်ကို ကလေးစစ်သား စုဆောင်းမှုတွေလုပ်တဲ့ လက်နက်ကိုင်တပ်ဖွဲ့ စာရင်းထဲကနေ ဖယ်ရှားလိုက်တာဟာ အချိန် မတန်သေးသလို အန္တရာယ်လည်းများတယ်လို့ ကလေး သူငယ်ကာကွယ်စောင့်ရှောက်ရေး Save the Children အဖွဲ့က ပြောပါတယ်။ မြန်မာစစ်တပ်အနေနဲ့ ကလေးစစ်သား စုဆောင်းမှုတွေရှိနေ သလားဆိုတာကို စနစ်တကျ မှတ်သားစောင့်ကြည့်နေတာမရှိသလို စုဆောင်းရမိတဲ့ တပ်သားအသစ်တွေကို စစ်ဆေးမှုတွေ သေသေချာချာ ပြုလုပ်ဖို့နဲ့ ပြစ်မှုကျုးလွန်သူတွေကို တစိုက်မတ်မတ် အရေးယူ အပြစ်ပေးဖို့လိုအပ်နေသေးကြောင်း အထောက်အထားတွေက ဖော်ပြနေတယ်လို့ ဆိုပါတယ်။ ကုလ သမဂ္ဂအဖွဲ့က ၂၀၁၉ ခုနှစ်အတွင်း မြန်မာစစ်တပ်က ကလေးစစ်သား ၈ ဉီးစုဆောင်ခဲ့ကြောင်း စစ်ဆေး အတည်ပြု ထားခဲ့ပါတယ်။

အခုလို မြန်မာစစ်တပ်ကို စာရင်းထဲကနေ ဖယ်ရှားဖို့ဆုံးဖြတ်ချက်က ကလေးစစ်သားစုဆောင်းမှု တားဆီးနိုင်ရေး လုပ်ငန်းစဉ်တွေကို အဟန့်အတားဖြစ်စေတယ်လို့ လည်း Save the Children အဖွဲ့ကပြောပါတယ်။

ကုလ အတွင်းရေးမှူးချုပ်ကတော့ မြန်မာစစ်တပ်က ကလေးစစ်သားစုဆောင်းမှု သိသိသာသာ လျော့နည်းသွားသလို အရေးယူ အပြစ် ပေးအရေးယူမှုတွေ ဆက်လက် ပြုလုပ်နေပြီး ကလေးစစ်သား စုဆောင်းမှုနဲ့ ပတ်သက်တဲ့ ဖြစ်ရပ်တွေကို ခြေရာခံပြီး အစီရင်ခံဖို့ သဘောတူညီတာကြောင့် အခုလို စာရင်းထဲက ဖယ်ရှားလိုက်တာလို့ ကလေးသူငယ်များနဲ့ လက်နက်ကိုင် ပဋိပက္ခများဆိုင်ရာ ၂၀၂၀ ခုနှစ် အစီရင်ခံစာမှာ ထည့်သွင်းဖော်ပြထားပါတယ် ခင်ဗျား။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG