သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရွမ္းလက္နက္ကိုင္အဖြဲ႔ႏွစ္ခုရဲ႕ ပဋိပကၡ အတိမ္အနက္


SSPP/SSA တပ္ဖြဲ႔ဝင္မ်ား။

(Zawgyi / Unicode)

ရွမ္းျပည္နယ္အတြင္းမွာ ရွမ္းလက္နက္ကိုင္ တပ္ႏွစ္တပ္အၾကား ျဖစ္ပြားတဲ့ တိုက္ပြဲေတြဟာ ရွမ္းျပည္နယ္ေျမာက္ပိုင္း ေက်ာက္မဲ၊ သီေပါ စတဲ့ေဒသေတြသာမက ေတာင္ပိုင္းေဒသ ရပ္ေစာက္၊ ပင္လုံဘက္ထိပါ က်ယ္ျပန႔္လာေနပါတယ္။ ဒီတိုက္ပြဲေတြမွာ အျခား တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔ေတြ ပါဝင္ပတ္သက္တာရွိသလို ျပည္ပရဲ႕ ပါဝင္ပတ္သက္မႈလည္း ရွိတယ္လို႔ ေဝဖန္သူေတြ ရွိပါတယ္။ ဒီပဋိပကၡေတြရဲ႕ အက်ိဳးဆက္ဟာ ဘယ္ေလာက္ထိ သက္ေရာက္မႈ ရွိႏိုင္ပါသလဲ။ ရန္ကုန္ကေပးပို႔လာတဲ့သတင္း ကိုသားၫြန႔္ဦး ေျပာျပမွာပါ။

ရွမ္းျပည္တိုးတက္ေရးပါတီ SSPP/SSA ေျမာက္ပိုင္းနဲ႔ ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ RCSS/SSA ေတာင္ပိုင္းတပ္ေတြဟာ ၂၀၁၅ ခုႏွစ္ေလာက္ကစတင္ၿပီး တိုက္ပြဲေတြ ျဖစ္ခဲ့တာပါ။

ဒီႏွစ္အတြင္းမွာေတာ့ ရွမ္းျပည္နယ္ေျမာက္ပိုင္း ေက်ာက္မဲ၊ သီေပါဘက္ေတြမွာ တိုက္ပြဲေတြ ျဖစ္ခဲ့ရာက ရပ္ေစာက္နဲ႔ ပင္လုံေဒသဘက္ေတြ အထိပါ တိုက္ပြဲနယ္က က်ယ္ျပန႔္လာခဲ့တာပါ။

ရွမ္းျပည္တပ္မေတာ္ SSA ေတာင္ပိုင္းနဲ႔ ေျမာက္ပိုင္းဟာ တခ်ိန္က ႏွစ္ဖြဲ႔ပူးေပါင္းဖို႔ ေဆြးေႏြးတာေတြ ရွိခဲ့ဖူးၿပီး လက္ရွိ တိုက္ပြဲေတြျဖစ္ေနတဲ့အေပၚမွာ PPST ေခၚ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ဦးေဆာင္အဖြဲ႔ရဲ႕ အႀကံေပး ဦးခြန္ဆိုင္းက အခုလို ေျပာပါတယ္။

“ႏိုင္ငံေရးျပႆနာကို ႏိုင္ငံေရးနည္းနဲ႔ မေျဖရွင္းဘဲနဲ႔ စစ္ေရးနည္းနဲ႔ ေျဖရွင္းဖို႔လုပ္ခဲ့တဲ့ အေၾကာင္းေၾကာင့္ ျဖစ္လာတာပဲ။ ဘယ္သူက ဘာအျပစ္ရွိတယ္၊ ဘယ္သူက ဘယ္လိုဆိုတာေတြ မေျပာခ်င္ေသးဘူး။ အားနည္းတာက အားလုံး အားနည္းတာပဲ။ ဒီအားနည္းတာက အပ္နဲ႔ထြင္းရမယ့္ကိစၥကို တခါတည္း ေဆာက္နဲ႔ လာထြင္းၾကတာေပါ့ဗ်ာ။”

PPST ဟာ NCA အပစ္ရပ္စာခ်ဳပ္ လက္မွတ္ထိုးထားတဲ့ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႔ ၁၀ ဖြဲ႔ စုဖြဲ႔ထားတာ ျဖစ္ပါတယ္။

ပအိုဝ္းအမ်ိဳးသားလြတ္ေျမာက္ေရးအဖြဲ႔ခ်ဳပ္ PNLO ရဲ႕ နာယက ဗိုလ္မွဴးႀကီးခြန္ဥကၠာက ရွမ္းတပ္ဖြဲ႔ ၂ ဖြဲ႔အၾကား ေျဖရွင္းမရတဲ့ အခ်က္အေပၚ အခုလိုေျပာပါတယ္။

“အထူးသျဖင့္ေတာ့ အေျခခံအခ်က္ကေတာ့ နယ္ေျမပါပဲ။ ညႇိလို႔မရတာ။ ရွမ္းေျမာက္က ေျပာတာက ေတာင္ဘက္မွာ ျပန္ေနပါ။ ျပန္ေနၿပီးရင္ က်ေနာ္တို႔ ေဆြးေႏြးပါ့မယ္။ ရွမ္းေတာင္ကေျပာတာက ေရာက္တဲ့အရပ္ကိုပဲ ေနရာယူထားၿပီးေတာ့ လက္ရွိ အရွိအတိုင္းေပါ့ ေဆြးေႏြးရေအာင္ဆိုေတာ့၊ ေဆြးေႏြးခ်င္တာေတာ့ ႏွစ္ဖြဲ႔စလုံးပဲ။ ဒါေပမယ့္ စည္းကမ္းသတ္မွတ္ခ်က္က မတူတဲ့အခါက်ေတာ့ ပဋိပကၡက ဆက္ျဖစ္လာတယ္။ ေျမာက္ဘက္မွာက်ေတာ့ တပ္ေပါင္းစုရွိတယ္။ အင္အားရွိတဲ့ အခါက်ေတာ့ ေျမာက္ဘက္ကေနၿပီးေတာ့ တျဖည္းျဖည္း အလုံးအရင္းသုံးၿပီး တြန္းထုတ္လာေတာ့ ဟိုပုံးၿမိဳ႕နယ္ထဲအထိ ေရာက္လာတဲ့သေဘာ ရွိတာေပ့ါေလ။”

RCSS ရွမ္းေတာင္တပ္ဖြဲ႔ဟာ ၿပီးခဲ့တဲ့ကာလေတြက ရွမ္းျပည္နယ္ေျမာက္ပိုင္းေဒသမွာ TNLA ေခၚ တအန္း (ပေလာင္) လက္နက္ကိုင္အဖြဲ႔နဲ႔ တိုက္ခိုက္တာေတြ ရွိခဲ့တာပါ။ လက္ရွိျဖစ္ပြားတဲ့ တိုက္ပြဲေတြမွာ SSPP နဲ႔ TNLA ပူးေပါင္းၿပီး RCSS ကို တိုက္ခိုက္တယ္ဆိုတဲ့ သတင္းေတြ ထြက္ေပၚေနတာပါ။

SSPP နဲ႔ TNLA ဟာ တ႐ုတ္-ျမန္မာ နယ္စပ္အေျခစိုက္ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႔ ၇ ဖြဲ႔နဲ႔ ဖြဲ႔စည္းထားတဲ့ မဟာမိတ္အဖြဲ႔မွာလည္း ပါဝင္ေနတာ ျဖစ္ပါတယ္။

ဒီတပ္ေပါင္းစုအဖြဲ႔ဝင္ေတြဟာ တ႐ုတ္ႏိုင္ငံနဲ႔ နီးကပ္တဲ့ ဆက္ဆံေရး ရွိေနတာေၾကာင့္ ရွမ္းျပည္နယ္အတြင္း ပဋိပကၡေတြမွာ တ႐ုတ္ရဲ႕ ပါဝင္ပတ္သက္မႈ ရွိႏိုင္ေၾကာင္း သုံးသပ္တာေတြလည္း ရွိေနပါတယ္။

ဒီလိုအခ်က္ေတြေၾကာင့္ ႏိုင္ငံေရးေလ့လာသုံးသပ္သူ စိုင္းထြန္းေအာင္လြင္က လက္ရွိ ရွမ္းျပည္နယ္အတြင္း ျဖစ္ပြားေနတဲ့ တိုက္ပြဲေတြအေပၚ အခုလို သုံးသပ္ပါတယ္။

“ပထမတခုကေတာ့ တ႐ုတ္ရဲ႕ စီမံကိန္း လုံၿခဳံေရးေပါ့ေနာ္။ Private Security ေခၚတာေပါ့။ အဲဒီဟာ နယ္ေျမခ်ဲ႕တာရယ္၊ ေနာက္တခုကေတာ့ အဖြဲ႔တိုင္းလိုလိုက ဒီကာလမွာ ေနာက္တခုက်န္ေအာင္ လုပ္ၾကတယ္။ အဲေတာ့ နယ္ေျမက်န္မလားေပ့ါေလ။ NUG ထဲ ပါျခင္းမပါျခင္း။ စကစထဲ ပါျခင္း မပါျခင္းနဲ႔ မဆိုင္ဘူး။ ေရာက္ရာေနရာကေန စကားေျပာမယ္ဆိုတဲ့ ရည္မွန္းခ်က္မ်ိဳး ရွိပုံေပၚတယ္။ နယ္ေျမစိုးမိုးေရး၊ နယ္ေျမထိန္းခ်ဳပ္ေရးကို လုပ္ၾကတဲ့ သေဘာလို႔ေတာ့ ျမင္ရတာေပ့ါ။”

လက္ရွိ ျမန္မာျပည္ရဲ႕ ႏိုင္ငံေရး အေျပာင္းအလဲမွာ အေနာက္ႏိုင္ငံေတြရဲ႕ ပါဝင္ပတ္သက္လာမႈကို တ႐ုတ္က သတိထား ေစာင့္ၾကည့္ေနတယ္လို႔လည္း ႏိုင္ငံေရးေလ့လာသူေတြက သုံးသပ္ထားတာပါ။

ဒီလိုအေျခအေနမွာ ရွမ္းျပည္နယ္က ပဋိပကၡေတြအေပၚ တ႐ုတ္ႏုိင္ငံရဲ႕ ပါဝင္မႈ ရွိေနတယ္ဆိုရင္ ျဖစ္ေပၚလာမယ့္ အလားအလာကို ဦးခြန္ဆိုင္းက အခုလို ေျပာပါတယ္။

“အခု က်ေနာ္တို႔ျဖစ္ေနတဲ့ ကိစၥက အခု ယူကရိန္းမွာျဖစ္ေနတဲ့ဟာနဲ႔ ႏႈိင္းလို႔ေတာင္ ရတယ္လို႔ ေျပာလို႔ရတာေပါ့။ သို႔ေသာ္လည္း သူက တည့္တိုးႀကီး တူတာမဟုတ္ဘဲနဲ႔ သြယ္ဝုိက္ၿပီးမွ တူတဲ့သေဘာမ်ိဳး ရွိတာေပါ့ဗ်ာ။ ဟိုဘက္မွာေတာ့ ဒီ အေနာက္အုပ္စုတို႔ ဘာတို႔က ပါဝင္ေနေပမယ့္ က်ေနာ္တို႔ဘက္မွာေတာ့ အေနာက္အုပ္စုက ပါဝင္တာကို က်ေနာ္တို႔က လက္ဆုပ္လက္ကိုင္ ဘာမွ ေျပာလို႔မရဘူးေပါ့။”

ဒီလို ပဋိပကၡေတြ ျမင့္တက္လာတာကို မေျဖရွင္းႏိုင္ရင္ ျပည္ေထာင္စု တည္တံ့ခိုင္ၿမဲေရးကိုပါ ထိခိုက္ဖြယ္ရွိေၾကာင္းလည္း သုံးသပ္ထားပါတယ္။

ရွမ္းျပည္နယ္အတြင္း တိုင္းရင္းသား လက္နက္ကိုင္ခ်င္း တိုက္ပြဲေၾကာင့္ ေထာင္နဲ႔ခ်ီတဲ့ ျပည္သူေတြ ေနရပ္စြန႔္ခြာ တိမ္းေရွာင္ေနရသလို ျမန္မာႏိုင္ငံ အႏွံ႔မွာလည္း စစ္ေကာင္စီတပ္ေတြနဲ႔ တိုင္းရင္းသား လက္နက္ကိုင္တပ္ေတြ၊ ျပည္သူ႔ကာကြယ္ေရးတပ္ေတြ အၾကားမွာ တိုက္ပြဲေတြ ျပင္းထန္ေနၿပီး အရပ္သားေတြ ထိခိုက္ေသဆုံးတာ၊ ေက်းရြာေတြ မီးေလာင္တာ၊ အိုးအိမ္စြန႔္ခြာ ထြက္ေျပးေနရတာေတြ ျမင့္တက္ေနပါတယ္။

ဒီလို တိုင္းျပည္အႏွံ႔ တိုက္ခိုက္မႈေတြ ျမင့္တက္လာေနမႈ အေပၚမွာေတာ့ PPST ေခၚ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ဦးေဆာင္အဖြဲ႔က NCA စာခ်ဳပ္ပါအတိုင္း အရပ္သား ျပည္သူေတြကို အကာအကြယ္ေပးေရးဆိုတဲ့ ျပ႒ာန္းခ်က္ကို လိုက္နာၾကဖို႔ လက္နက္ကိုင္ ပဋိပကၡမွာ ပါဝင္သူအားလုံးကို တိုက္တြန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------

(Unicode)

ရှမ်းလက်နက်ကိုင်အဖွဲ့နှစ်ခုရဲ့ ပဋိပက္ခ အတိမ်အနက်

ရှမ်းပြည်နယ်အတွင်းမှာ ရှမ်းလက်နက်ကိုင် တပ်နှစ်တပ်အကြား ဖြစ်ပွားတဲ့ တိုက်ပွဲတွေဟာ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ စတဲ့ဒေသတွေသာမက တောင်ပိုင်းဒေသ ရပ်စောက်၊ ပင်လုံဘက်ထိပါ ကျယ်ပြန့်လာနေပါတယ်။ ဒီတိုက်ပွဲတွေမှာ အခြား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ပါဝင်ပတ်သက်တာရှိသလို ပြည်ပရဲ့ ပါဝင်ပတ်သက်မှုလည်း ရှိတယ်လို့ ဝေဖန်သူတွေ ရှိပါတယ်။ ဒီပဋိပက္ခတွေရဲ့ အကျိုးဆက်ဟာ ဘယ်လောက်ထိ သက်ရောက်မှု ရှိနိုင်ပါသလဲ။ ရန်ကုန်ကပေးပို့လာတဲ့သတင်း ကိုသားညွန့်ဦး ပြောပြမှာပါ။

ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မြောက်ပိုင်းနဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တောင်ပိုင်းတပ်တွေဟာ ၂၀၁၅ ခုနှစ်လောက်ကစတင်ပြီး တိုက်ပွဲတွေ ဖြစ်ခဲ့တာပါ။
ဒီနှစ်အတွင်းမှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ၊ သီပေါဘက်တွေမှာ တိုက်ပွဲတွေ ဖြစ်ခဲ့ရာက ရပ်စောက်နဲ့ ပင်လုံဒေသဘက်တွေ အထိပါ တိုက်ပွဲနယ်က ကျယ်ပြန့်လာခဲ့တာပါ။

ရှမ်းပြည်တပ်မတော် SSA တောင်ပိုင်းနဲ့ မြောက်ပိုင်းဟာ တချိန်က နှစ်ဖွဲ့ပူးပေါင်းဖို့ ဆွေးနွေးတာတွေ ရှိခဲ့ဖူးပြီး လက်ရှိ တိုက်ပွဲတွေဖြစ်နေတဲ့အပေါ်မှာ PPST ခေါ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ရဲ့ အကြံပေး ဦးခွန်ဆိုင်းက အခုလို ပြောပါတယ်။

“နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းဘဲနဲ့ စစ်ရေးနည်းနဲ့ ဖြေရှင်းဖို့လုပ်ခဲ့တဲ့ အကြောင်းကြောင့် ဖြစ်လာတာပဲ။ ဘယ်သူက ဘာအပြစ်ရှိတယ်၊ ဘယ်သူက ဘယ်လိုဆိုတာတွေ မပြောချင်သေးဘူး။ အားနည်းတာက အားလုံး အားနည်းတာပဲ။ ဒီအားနည်းတာက အပ်နဲ့ထွင်းရမယ့်ကိစ္စကို တခါတည်း ဆောက်နဲ့ လာထွင်းကြတာပေါ့ဗျာ။”

PPST ဟာ NCA အပစ်ရပ်စာချုပ် လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ စုဖွဲ့ထားတာ ဖြစ်ပါတယ်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ရဲ့ နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက ရှမ်းတပ်ဖွဲ့ ၂ ဖွဲ့အကြား ဖြေရှင်းမရတဲ့ အချက်အပေါ် အခုလိုပြောပါတယ်။

“အထူးသဖြင့်တော့ အခြေခံအချက်ကတော့ နယ်မြေပါပဲ။ ညှိလို့မရတာ။ ရှမ်းမြောက်က ပြောတာက တောင်ဘက်မှာ ပြန်နေပါ။ ပြန်နေပြီးရင် ကျနော်တို့ ဆွေးနွေးပါ့မယ်။ ရှမ်းတောင်ကပြောတာက ရောက်တဲ့အရပ်ကိုပဲ နေရာယူထားပြီးတော့ လက်ရှိ အရှိအတိုင်းပေါ့ ဆွေးနွေးရအောင်ဆိုတော့၊ ဆွေးနွေးချင်တာတော့ နှစ်ဖွဲ့စလုံးပဲ။ ဒါပေမယ့် စည်းကမ်းသတ်မှတ်ချက်က မတူတဲ့အခါကျတော့ ပဋိပက္ခက ဆက်ဖြစ်လာတယ်။ မြောက်ဘက်မှာကျတော့ တပ်ပေါင်းစုရှိတယ်။ အင်အားရှိတဲ့ အခါကျတော့ မြောက်ဘက်ကနေပြီးတော့ တဖြည်းဖြည်း အလုံးအရင်းသုံးပြီး တွန်းထုတ်လာတော့ ဟိုပုံးမြို့နယ်ထဲအထိ ရောက်လာတဲ့သဘော ရှိတာပေ့ါလေ။”

RCSS ရှမ်းတောင်တပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ကာလတွေက ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ TNLA ခေါ် တအန်း (ပလောင်) လက်နက်ကိုင်အဖွဲ့နဲ့ တိုက်ခိုက်တာတွေ ရှိခဲ့တာပါ။ လက်ရှိဖြစ်ပွားတဲ့ တိုက်ပွဲတွေမှာ SSPP နဲ့ TNLA ပူးပေါင်းပြီး RCSS ကို တိုက်ခိုက်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာပါ။

SSPP နဲ့ TNLA ဟာ တရုတ်-မြန်မာ နယ်စပ်အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ မဟာမိတ်အဖွဲ့မှာလည်း ပါဝင်နေတာ ဖြစ်ပါတယ်။

ဒီတပ်ပေါင်းစုအဖွဲ့ဝင်တွေဟာ တရုတ်နိုင်ငံနဲ့ နီးကပ်တဲ့ ဆက်ဆံရေး ရှိနေတာကြောင့် ရှမ်းပြည်နယ်အတွင်း ပဋိပက္ခတွေမှာ တရုတ်ရဲ့ ပါဝင်ပတ်သက်မှု ရှိနိုင်ကြောင်း သုံးသပ်တာတွေလည်း ရှိနေပါတယ်။

ဒီလိုအချက်တွေကြောင့် နိုင်ငံရေးလေ့လာသုံးသပ်သူ စိုင်းထွန်းအောင်လွင်က လက်ရှိ ရှမ်းပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအပေါ် အခုလို သုံးသပ်ပါတယ်။

“ပထမတခုကတော့ တရုတ်ရဲ့ စီမံကိန်း လုံခြုံရေးပေါ့နော်။ Private Security ခေါ်တာပေါ့။ အဲဒီဟာ နယ်မြေချဲ့တာရယ်၊ နောက်တခုကတော့ အဖွဲ့တိုင်းလိုလိုက ဒီကာလမှာ နောက်တခုကျန်အောင် လုပ်ကြတယ်။ အဲတော့ နယ်မြေကျန်မလားပေ့ါလေ။ NUG ထဲ ပါခြင်းမပါခြင်း။ စကစထဲ ပါခြင်း မပါခြင်းနဲ့ မဆိုင်ဘူး။ ရောက်ရာနေရာကနေ စကားပြောမယ်ဆိုတဲ့ ရည်မှန်းချက်မျိုး ရှိပုံပေါ်တယ်။ နယ်မြေစိုးမိုးရေး၊ နယ်မြေထိန်းချုပ်ရေးကို လုပ်ကြတဲ့ သဘောလို့တော့ မြင်ရတာပေ့ါ။”

လက်ရှိ မြန်မာပြည်ရဲ့ နိုင်ငံရေး အပြောင်းအလဲမှာ အနောက်နိုင်ငံတွေရဲ့ ပါဝင်ပတ်သက်လာမှုကို တရုတ်က သတိထား စောင့်ကြည့်နေတယ်လို့လည်း နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ထားတာပါ။

ဒီလိုအခြေအနေမှာ ရှမ်းပြည်နယ်က ပဋိပက္ခတွေအပေါ် တရုတ်နိုင်ငံရဲ့ ပါဝင်မှု ရှိနေတယ်ဆိုရင် ဖြစ်ပေါ်လာမယ့် အလားအလာကို ဦးခွန်ဆိုင်းက အခုလို ပြောပါတယ်။

“အခု ကျနော်တို့ဖြစ်နေတဲ့ ကိစ္စက အခု ယူကရိန်းမှာဖြစ်နေတဲ့ဟာနဲ့ နှိုင်းလို့တောင် ရတယ်လို့ ပြောလို့ရတာပေါ့။ သို့သော်လည်း သူက တည့်တိုးကြီး တူတာမဟုတ်ဘဲနဲ့ သွယ်ဝိုက်ပြီးမှ တူတဲ့သဘောမျိုး ရှိတာပေါ့ဗျာ။ ဟိုဘက်မှာတော့ ဒီ အနောက်အုပ်စုတို့ ဘာတို့က ပါဝင်နေပေမယ့် ကျနော်တို့ဘက်မှာတော့ အနောက်အုပ်စုက ပါဝင်တာကို ကျနော်တို့က လက်ဆုပ်လက်ကိုင် ဘာမှ ပြောလို့မရဘူးပေါ့။”

ဒီလို ပဋိပက္ခတွေ မြင့်တက်လာတာကို မဖြေရှင်းနိုင်ရင် ပြည်ထောင်စု တည်တံ့ခိုင်မြဲရေးကိုပါ ထိခိုက်ဖွယ်ရှိကြောင်းလည်း သုံးသပ်ထားပါတယ်။

ရှမ်းပြည်နယ်အတွင်း တိုင်းရင်းသား လက်နက်ကိုင်ချင်း တိုက်ပွဲကြောင့် ထောင်နဲ့ချီတဲ့ ပြည်သူတွေ နေရပ်စွန့်ခွာ တိမ်းရှောင်နေရသလို မြန်မာနိုင်ငံ အနှံ့မှာလည်း စစ်ကောင်စီတပ်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်တွေ အကြားမှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး အရပ်သားတွေ ထိခိုက်သေဆုံးတာ၊ ကျေးရွာတွေ မီးလောင်တာ၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတာတွေ မြင့်တက်နေပါတယ်။

ဒီလို တိုင်းပြည်အနှံ့ တိုက်ခိုက်မှုတွေ မြင့်တက်လာနေမှု အပေါ်မှာတော့ PPST ခေါ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့က NCA စာချုပ်ပါအတိုင်း အရပ်သား ပြည်သူတွေကို အကာအကွယ်ပေးရေးဆိုတဲ့ ပြဋ္ဌာန်းချက်ကို လိုက်နာကြဖို့ လက်နက်ကိုင် ပဋိပက္ခမှာ ပါဝင်သူအားလုံးကို တိုက်တွန်းထားပါတယ်။

XS
SM
MD
LG