သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စင်္ကာပူထိပ်သီးအစည်းအဝေး ကုန်ကျစရိတ် ဒေါ်လာ ၁၂ သန်းရှိ


အမေရိကန်နဲ့ မြောက်ကိုရီးယား သမိုင်းဝင် ထိပ်သီးဆွေးနွေး ပွဲ
အမေရိကန်နဲ့ မြောက်ကိုရီးယား သမိုင်းဝင် ထိပ်သီးဆွေးနွေး ပွဲ

စင်္ကာပူနိုင်ငံမှာ ဇွန်လ ၁၂ ရက်နေ့က ကျင်းပတဲ့ အမေရိကန်နဲ့ မြောက်ကိုရီးယား သမိုင်းဝင် ထိပ်သီးဆွေးနွေး ပွဲအတွက် ကုန်ကျငွေဟာ အမေရိကန် ဒေါ်လာ ၁၂ သန်းရှိတယ်လို့ စင်္ကာပူအစိုးရက တနင်္ဂနွေနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ အရင်က သတင်းတွေမှာတော့ ဒေါ်လာ ၁၅ သန်းနီးပါး ရှိမယ်လို့ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ကုန်ကျစရိတ်အများစုဟာ အမေရိကန်သမ္မတ Donald Trump နဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un တို့အတွက် လုံခြုံရေးပိုင်းမှာ သုံးခဲ့တာဖြစ်ကြောင်း စင်္ကာပူဝန်ကြီးချုပ် Lee Hsien Loong ကပြောပါတယ်။

ဒီထိပ်သီးဆွေးနွေးပွဲဟာ စင်္ကာပူနိုင်ငံအတွက် သိပ်ကိုစိတ်ဝင်စားဖို့ကောင်းတာမို့ ဒီကုန်ကျစရိတ်ကို လိုလိုလားလားပဲ ပေးတာဖြစ်ကြောင်း စင်္ကာပူဝန်ကြီးချုပ်ကပြောပါတယ်။

သေးငယ်တဲ့ ကျွန်းနိုင်ငံလေး တနိုင်ငံအနေနဲ့ ရဲဝန်ထမ်း ထောင်နဲ့ချီချထားပြီး ဒီထိပ်သီးဆွေးနွေးပွဲအတွက် အထူးလုံခြုံရေး ပေးခဲ့ရတာပါ။ ဒီလို လုံခြုံရေးအတွက်သာမက မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ကို St. Regis အဆင့်မြင့်ဟော်တယ်မှာ တည်းခိုဖို့ လုပ်ပေးတာ အပါအဝင် များပြားလှတဲ့ မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့အတွက်ပါ စရိတ် စိုက်ထုတ်ပေးခဲ့ရတာဖြစ်ပါတယ်။

ဇွန်လ ၁၂ ရက် ထိပ်သီးဆွေးနွေးပွဲအတွက် အမေရိကန်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင်တို့ စင်္ကာပူမှာ ၃ ရက်ကြာ နေခဲ့ကြတာပါ။

မြောက်ကိုရီးယားနဲ့ အမေရိကန်ခေါင်းဆောင်တို့ရဲ့ ပထမဆုံးအကြိမ်တွေ့ဆုံတဲ့ ဒီဆွေးနွေးပွဲကနေ ခိုင်မာတဲ့ သဘောတူညီချက်တခုမှ မထုတ်ပြန်ခဲ့ပေမဲ့လည်း Trump နဲ့ Kim တို့ကြား လက်မှတ်ရေးထိုးနိုင်ခဲ့တဲ့ မှတ်တမ်းတခု ရှိခဲ့ပါတယ်။

အဲဒါကတော့ ကိုရီးယားကျွန်းဆွယ်ဒေသမှာ နျူကလီးယားလက်နက် လုံးဝကင်းစင်ရေးအတွက် Kim က မပြောင်းမလဲ ခိုင်ခိုင်မာမာ ကတိပေးခဲ့သလို Trump ကလည်း မြောက်ကိုရီးယားကို လုံခြုံရေးအာမခံပေးမှာ ဖြစ်ကြောင်း ကတိပေးခဲ့ပါတယ်။

ဒီမှတ်တမ်းထဲမှာ ကိုရီးယားကျွန်းဆွယ်ဒေသ ရေရှည် ငြိမ်းချမ်းရေးအတွက် နှစ်နိုင်ငံ ပူးတွဲလုပ်ဆောင်ဖို့နဲ့ အမေရိကန်နဲ့ မြောက်ကိုရီးယားတို့ကြား ဆက်ဆံရေးထူထောင်ဖို့ ပါဝင်သလို မြောက်ကိုရီးယားမှာ ကျန်နေတဲ့ အမေရိကန် စစ်အကျဉ်းသားတွေနဲ့ ကျဆုံးစစ်သည်တွေရဲ့ အကြွင်းအကျန်တွေ ပြန်ရရေး ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG