သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Michigan ျပည္နယ္အစုိးရကုိ အၾကမ္းဖက္ျဖဳတ္ခ်ဖုိ႔ ႀကံစည္မႈ FBI ႀကိဳတင္တားဆီး


Michigan အုပ္ခ်ဳပ္ေရးမွဴး Whitmer

(Zawgyi/Unicode)

အေမရိကန္ျပည္ေထာင္စု အေနာက္အလယ္ပိုင္းေဒသက Michigan ျပည္နယ္အစိုးရနဲ႔ အုပ္ခ်ဳပ္ေရးမွဴး Gretchen Whitmer ကို ႏိုဝင္ဘာ ၃ ရက္ သမၼတေရြးေကာက္ပြဲမတိုင္ခင္ ျဖဳတ္ခ်ဖို႔ ႀကံစည္မႈတခုကို တားဆီးႏိုင္ခဲ့တယ္လို႔ FBI ျပည္ေထာင္စု စံုစမ္းေရး ဗ်ဴရိုက ေျပာပါတယ္။

ဒီကိစၥနဲ႔ ပတ္သက္ၿပီး အဖမ္းဆီးခံရသူ ၆ ဦးရွိေနၿပီး သူတုိ႔ ဟာ လေပါင္းမ်ားစြာ ဒီကိစၥအတြက္ ႀကိဳတင္ႀကံစည္ခဲ့တဲ့အျပင္စစ္ေရး ကၽြမ္းက်င္သူေတြနဲ႔ပါ ေလ့က်င့္ခဲ့သလို ၾသဂုတ္လနဲ႔ စက္တင္ဘာလထဲမွာ အစမ္းေလ့က်င့္မႈေတြ လုပ္ခဲ့တယ္လို႔ ျပည္ေထာင္စု တရားရံုး ရာဇဝတ္မႈခင္းဆိုင္ရာ တိုင္ၾကားခ်က္မွာ ေဖၚျပထားပါတယ္။

ႀကံစည္သူေတြထဲမွာ Michigan က Adam Fox, Ty Garbin, Kaleb Franks, Daniel Harris, Brandon Caserta တို႔နဲ႔ Delaware ျပည္နယ္က Barry Croft တို႔ပါဝင္ေၾကာင္း FBI ကေျပာပါတယ္။ ဒါ့အျပင္ ဒီအထဲက ၄ ေယာက္က ေဖာက္ခြဲေရးပစၥည္းေတြ ၊ ေဖာက္ခြဲေရး ဝတ္စံုေတြ အတြက္ ေငြေပးခဲ့တယ္ လို႔လည္း ေျပာပါတယ္။ အုပ္ခ်ဳပ္ေရးမႈး Whitmer အတြက္ ေစာင့္ၾကည့္ ထိန္းညွိမႈေတြ မရွိတာေၾကာင့္ သူမမွာ အာဏာဟာ အထိန္းအကြပ္မရွိ ျဖစ္ေန ေၾကာင္း အဖမ္္းခံရသူေတြက ေျပာၾကားခဲ့တယ္လို႔လည္း FBI ကေျပာပါတယ္။

အခုလို ႀကံစည္သူေတြကို ဖမ္းမိဖို႔ သတင္းေပးအခ်က္အလက္ေတြနဲ႔ အစိုးရေထာက္လွမ္းေရး အဖြဲ႔ကမွန္း မသိေအာင္ အေယာင္ေဆာင္ၿပီး ေဖၚထုတ္ခဲ့တာျဖစ္ေၾကာင္း ၾကာသပေတးေန႔ ညေန သတင္းစာရွင္းလင္းပြဲမွာ အာဏာပိုင္ေတြက ေျပာပါတယ္။

အုပ္ခ်ဳပ္ေရးမွဴး Whitmer ဟာ COVID-19 နဲ႔ ပတ္သက္ၿပီး တားဆီးပိတ္ပင္မႈေတြ ျပင္းျပင္းထန္ထန္ လုပ္သူလို႔ Michigan ျပည္သူေတြက သတ္မွတ္ၾကသလို ဒီကပ္ေရာဂါ ကာလအတြင္းမွာ သူမဟာ ေဒသခံေတြၾကား အျမင္ကြဲျပားေအာင္ လုပ္သူအျဖစ္ ရႈျမင္ၾကပါတယ္။ သူမရဲ့ ျပည္နယ္တြင္း တားျမစ္ပိတ္ပင္မႈ အမိန္႔ေတြဟာ ဖြဲ႔စည္းပံု အေျခခံဥပေဒကို ခ်ိဳးေဖာက္ရာ ေရာက္ေနတယ္လို႔ ဒီလ အေစာပိုင္းမွာပဲ Michigan တရားရံုးခ်ဳပ္က ေျပာၾကားခဲ့တာပါ။

ျပည္နယ္အစိုးရအမ်ားအျပားဟာ အေမရိကန္ျပည္ေထာင္စုရဲ့ ဖြဲ႔စည္းပံု အေျခခံဥပေဒကို ခ်ိဳးေဖါက္ေနတဲ့ အတြက္ အၾကမ္းဖက္အေရးယူဖို႔ လုပ္ေဆာင္ၾကတာ ျဖစ္ေၾကာင္း ဒီအမႈမွာ ပါဝင္တယ္လိို႔ သံသယရွိသူ ၂ ဦး ေျပာေၾကာင္းလည္း FBI ကေျပာပါတယ္။

ဒီအဖြဲ႔ဟာ ျပည္နယ္လႊတ္ေတာ္အေဆာက္အဦးကို ပထမဝင္ေရာက္ စီီးနင္းဖို႔ စီစဥ္ထားတာ ျဖစ္ေပမယ့္ ေနာက္ပိုင္းမွာ အုပ္ခ်ဳပ္ေရးမႈး Whitmer ရဲ့ ဒုတိယေနအိမ္ကို ပစ္မွတ္ထားဖုိ႔ ဆံုးျဖတ္ခဲ့တာ ျဖစ္ပါတယ္။ ဖမ္းမိထားသူ တဦးကေတာ့ သူဟာ အုပ္ခ်ဳပ္ေရးမႈးကို ႏိုင္ငံေတာ္ သစၥာေဖါက္မႈနဲ႔ စြဲခ်က္တင္ခ်င္ ေနတာ ျဖစ္ေၾကာင္း ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

Michigan ပြည်နယ်အစိုးရကို အကြမ်းဖက်ဖြုတ်ချဖို့ကြံစည်မှု FBI ကြိုတင်တားဆီး
(Unicode)

အမေရိကန်ပြည်ထောင်စု အနောက်အလယ်ပိုင်းဒေသက Michigan ပြည်နယ်အစိုးရနဲ့ အုပ်ချုပ်ရေးမှူး Gretchen Whitmer ကို နိုဝင်ဘာ ၃ ရက် သမ္မတရွေးကောက်ပွဲမတိုင်ခင် ဖြုတ်ချဖို့ ကြံစည်မှုတခုကို တားဆီးနိုင်ခဲ့တယ်လို့ FBI ပြည်ထောင်စု စုံစမ်းရေး ဗျူရိုက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး အဖမ်းဆီးခံရသူ ၆ ဦးရှိနေပြီး သူတို့ ဟာ လပေါင်းများစွာ ဒီကိစ္စအတွက် ကြိုတင်ကြံစည်ခဲ့တဲ့အပြင်စစ်ရေး ကျွမ်းကျင်သူတွေနဲ့ပါ လေ့ကျင့်ခဲ့သလို သြဂုတ်လနဲ့ စက်တင်ဘာလထဲမှာ အစမ်းလေ့ကျင့်မှုတွေ လုပ်ခဲ့တယ်လို့ ပြည်ထောင်စု တရားရုံး ရာဇဝတ်မှုခင်းဆိုင်ရာ တိုင်ကြားချက်မှာ ဖေါ်ပြထားပါတယ်။

ကြံစည်သူတွေထဲမှာ Michigan က Adam Fox, Ty Garbin, Kaleb Franks, Daniel Harris, Brandon Caserta တို့နဲ့ Delaware ပြည်နယ်က Barry Croft တို့ပါဝင်ကြောင်း FBI ကပြောပါတယ်။ ဒါ့အပြင် ဒီအထဲက ၄ ယောက်က ဖောက်ခွဲရေးပစ္စည်းတွေ ၊ ဖောက်ခွဲရေး ဝတ်စုံတွေ အတွက် ငွေပေးခဲ့တယ် လို့လည်း ပြောပါတယ်။ အုပ်ချုပ်ရေးမှုး Whitmer အတွက် စောင့်ကြည့် ထိန်းညှိမှုတွေ မရှိတာကြောင့် သူမမှာ အာဏာဟာ အထိန်းအကွပ်မရှိ ဖြစ်နေ ကြောင်း အဖမ်းခံရသူတွေက ပြောကြားခဲ့တယ်လို့လည်း FBI ကပြောပါတယ်။

အခုလို ကြံစည်သူတွေကို ဖမ်းမိဖို့ သတင်းပေးအချက်အလက်တွေနဲ့ အစိုးရထောက်လှမ်းရေး အဖွဲ့ကမှန်း မသိအောင် အယောင်ဆောင်ပြီး ဖေါ်ထုတ်ခဲ့တာဖြစ်ကြောင်း ကြာသပတေးနေ့ ညနေ သတင်းစာရှင်းလင်းပွဲမှာ အာဏာပိုင်တွေက ပြောပါတယ်။

အုပ်ချုပ်ရေးမှူး Whitmer ဟာ COVID-19 နဲ့ ပတ်သက်ပြီး တားဆီးပိတ်ပင်မှုတွေ ပြင်းပြင်းထန်ထန် လုပ်သူလို့ Michigan ပြည်သူတွေက သတ်မှတ်ကြသလို ဒီကပ်ရောဂါ ကာလအတွင်းမှာ သူမဟာ ဒေသခံတွေကြား အမြင်ကွဲပြားအောင် လုပ်သူအဖြစ် ရှုမြင်ကြပါတယ်။ သူမရဲ့ ပြည်နယ်တွင်း တားမြစ်ပိတ်ပင်မှု အမိန့်တွေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖောက်ရာ ရောက်နေတယ်လို့ ဒီလ အစောပိုင်းမှာပဲ Michigan တရားရုံးချုပ်က ပြောကြားခဲ့တာပါ။

ပြည်နယ်အစိုးရအများအပြားဟာ အမေရိကန်ပြည်ထောင်စုရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖေါက်နေတဲ့ အတွက် အကြမ်းဖက်အရေးယူဖို့ လုပ်ဆောင်ကြတာ ဖြစ်ကြောင်း ဒီအမှုမှာ ပါဝင်တယ်လို့ သံသယရှိသူ ၂ ဦး ပြောကြောင်းလည်း FBI ကပြောပါတယ်။

ဒီအဖွဲ့ဟာ ပြည်နယ်လွှတ်တော်အဆောက်အဦးကို ပထမဝင်ရောက် စီးနင်းဖို့ စီစဉ်ထားတာ ဖြစ်ပေမယ့် နောက်ပိုင်းမှာ အုပ်ချုပ်ရေးမှုး Whitmer ရဲ့ ဒုတိယနေအိမ်ကို ပစ်မှတ်ထားဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဖမ်းမိထားသူ တဦးကတော့ သူဟာ အုပ်ချုပ်ရေးမှုးကို နိုင်ငံတော် သစ္စာဖေါက်မှုနဲ့ စွဲချက်တင်ချင် နေတာ ဖြစ်ကြောင်း ပြောပါတယ်။

XS
SM
MD
LG